ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
638 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
June 1
4:35PM

ယနေ့နေ့လည် ၁၂း၃၀ မိနစ်ခန့်က တောင်သာ-ဝဲလောင်လမ်းပိုင်း ကိုင်းချောင်းတံတားအနီး လမ်းပိတ် စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီစစ်‌ကြောင်းမှ ဖမ်းဆီးခံ ပြည်သူ (၅)ဦးအား သ-တ်ဖျက်မီးရှို့သွားခဲ့ဟု သိရ၊

ပြည်သူများဂရုစိုက်ကြပါ

လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ
😢31
မြိုင်မြို့နယ်

မြိုင်မြို့နယ်တောင်ပိုင်း {တကစ-၃} ဒေသအခေါ် {စက်မှု-၂} ခွေးခြံမှတောင်အရပ်သို့ ဦးတည်ထွက်ခွာခဲ့သော အကြမ်းဖက် စစ်ခွေးစစ်ကြောင်းသည်၊ ယနေ့မနက်ပိုင်းတွင် မြိုင်မြို့နယ်တောင်ပိုင်း ကုန်းရွာအတွင်းသို့ ရောက်ရှိုပြီး မီးရှို့ကာ၊ လက်ရှိမှာ စက်မှူ(၂)ခွေးခြံထဲသို့ပြန်လည်၀င်ရောက်ထားကြောင်းသတင်းရရှိထားပါသည်။

#PKK_News
🗓️𝐉𝐮𝐧-1-6:00P𝐌
#7starmyaing
📨သတင်းများပေးပို့ရန်
@myaing3starbot
👍2
1.6.2026🚨 မြိုင်မြို့နယ်🚨မြိုင်မြို့နယ် ကုန်းရွာရှိ ပြည်သူပိုင်းနေအိမ်(၁၀လုံး)ထက်မနဲ့ မီးရိူ့သွားသော စခစစ်ကြောင်းမှာ မြိုင်မြို့၏ အနောက်တောင်ဘက် တကစ ၃ (ဒေသအခေါ် စက်မူ(၂)ခွေးခြံထဲသို့ပြန်လည်ဝင်ရောက်သွားကြောင်းသိရပါတယ်...

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰6:12PM
#7starmyaing
📩သတင်းများပေးပို့ရန်
@myaing3starbot
1
Forwarded from Wai Hin (ဝေဟင်) (𝙿𝚊𝚗𝚗 𝙽𝚞 𝚃𝚑𝚠𝚊𝚢)
မြိုင် ⚠️

မြိုင်နယ် အရှေ့မြောက်ခြမ်းတစ်နေရာတွင် ကင်းထောက်ဒရုန်း (Scout Drone) ၁စီး ပျံဝဲနေ။

#WaiHin
Jun 01, 07:43 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
1
#မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
1.6.2026

ယနေ့နေ့လည် 11:50 ဝန်းကျင်က
မြိုင်မြို့နယ်မြောက်ပိုင်း လက်ယက်မရွာအား
မုံရွာနမခမှ တက်လာတဲ့ အသေခံ ဒရုန်းနှစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ
ပြည်သူ 6 ဦး ဒဏ်ရာရာပြီး နေအိမ်များလည်း
ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့အရှေ့မြောက်ပိုင်း လင်းကတောစခန်းကို
အခြေပြုပြီး အနီးနားရွာတွေကို စစ်ကြောင်းထိုးကာ
ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ ဖျက်ဆီးနေတဲ့
စစ်ကောင်စီတပ်တွေဟာ မနေ့ကမနက်က
မရိုးကန်ရွာကို ဝင်ရောက်ခဲ့ပြီး
မနေ့ကမနက်ကနေ ယနေ့ညထိ မရိုးကန်ရွာမှာပဲ
ရှိနေတယ်လို့ သိရပါတယ်။

ယနေ့မနက်ပိုင်းက မြိုင်မြို့အနောက်တောင်ဘက်
စက်မှု (2) က ထွက်ပြီး ကုန်းရွာကို ဝင်ရောက်ခဲ့တဲ့
စစ်ကောင်စီတပ်တွေဟာ 7:00 ဝန်းကျင်မှာ
ကုန်းရွာမှ ပြည်သူနေအိမ်တချို့ကို
မီးရှို့ဖျက်ဆီးကာ လက်ရှိအချိန်ထိ
ကုန်းရွာနဲ့ စက်မှု (2) အနီးတဝိုက်မှာပဲ ရှိနေတယ်လို့
သိရပါတယ်။

ယနေ့ညနေ 6:00 ဝန်းကျင်က
မြိုင်မြို့အနောက်တောင်ဘက် စက်မှု (2) ထဲက
စစ်ကောင်စီတပ်တွေဟာ ဝက်ပုတ်ရွာဘက်ကို
ဒရုန်းများအသုံးပြုကာ
လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့
သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်တွေဟာ
နောက်ရက်တွေမှာ ဘယ်ကိုဆက်ပြီး
စစ်ကြောင်းထိုးမလဲ မသိရတာကြောင့်
မြိုင်မြို့နယ်အရှေ့မြောက်ပိုင်းနဲ့
မြိုင်မြို့နယ်အနောက်တောင်ပိုင်းမှ
မိဘပြည်သူများအားလုံး
သတိဝရိယနဲ့ နေထိုင်ကြဖို့ အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
ဓာတ်ပုံ / မြိုင် ပကဖ /
လက်ယက်မရွာ လေကြောင်းတိုက်ခိုက်ခံရမှု
1
ရှေ့ကဆောက်... နောက်ကဖြိုနေကြတဲ့ လောက်ကောင်များသို့ ပြတ်သားစွာ သတိပေးခြင်း
++++++++++++++++++++++++++

​မြိုင်မြို့နယ်အတွင်းမှာ မိမိတို့ရဲ့ အသက်၊ သွေး၊ ချွေးတွေကို ရင်းပြီး စစ်ကြောင်းတွေကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြတဲ့၊ ပျူရွာတွေကို တိုက်ခိုက်သိမ်းပိုက်နေကြတဲ့၊ နယ်ဝေးမှာပါ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ စစ်မှန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ သူတို့တွေဟာ ရန်သူ့ရဲ့ စခန်းတွေ၊ မြို့ထဲပိုင်းတွေကို အကြပ်ရိုက်သွားအောင် ရိက္ခာနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို အဖက်ဖက်ကနေ ပိတ်ဆို့ဖြတ်တောက်နေကြတာပါ။

​ဒါပေမဲ့... တစ်ဖက်မှာတော့ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုပဲ ကြည့်ပြီး ကိုယ့်သေတွင်းကိုယ်ပြန်တူးမယ့် ရန်သူ့ထောက်ပံ့ရေးလုပ်ငန်းတွေကို မှောင်ခိုလုပ်ပြီး စီးပွားရှာနေတဲ့ အကျင့်ပျက် လောက်ကောင်အချို့ ရှိနေပါတယ်။
​"မြို့ထဲမှာ စစ်ကောင်စီနဲ့ ပျူတွေ Wifi လိုင်းတွေ သုံးလို့ရနေပြီ" ဆိုတဲ့ ပူးတွဲပါပုံ ထဲက သက်သေတွေအရ ဒါဟာ တော်လှန်ရေးအမည်ခံ တာ၀န်ရှိသူအချို့နဲ့ နှစ်ဖက်ခွစီး စီးပွားရှာသူတွေရဲ့ ပူးပေါင်းကြံစည်မှုဆိုတာ အထင်အရှားပါပဲ။ စီးပွားရေးသမားက စီးပွားရေးပဲကြည့်တယ် ထားဦးတော့... တော်လှန်ရေးသမားဆိုသူတွေက ရန်သူ့ကို အသက်ဆက်ပေးမယ့် အရာတွေကို ဘာကြောင့် မှောင်ခိုသွင်းပြီး ပတ်သက်နေကြတာလဲ။

​ဒါဟာ မြိုင်နယ်မြေအတွင်းမှာ "လုံးဝ (လုံးဝ) မဖြစ်သင့်တဲ့၊ ခွင့်မလွှတ်နိုင်တဲ့ သစ္စာဖောက်မှု" ဖြစ်ပါတယ်။
​မိမိတို့ ဒေသခံမီဒီယာအနေနဲ့ ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။

​ရန်ငါပြတ်ပါစေ။ ကိုယ့်နယ်မြေ ကောင်းစေချင်ရင် ရန်သူ့ကို အလိုမဆွဲပါနဲ့။
​သက်သေရှိသူများ လုံခြုံစွာ သတင်းပေးနိုင်ပါတယ်။ ဒီလို အကျင့်ပျက်ခြစားမှုတွေကို သိရှိထားတဲ့ ဒေသခံပြည်သူများအနေနဲ့ မိမိတို့ မီဒီယာထံ လုံခြုံစိတ်ချစွာ လာရောက်သတင်းပေးတိုင်ကြားနိုင်ပါတယ်။

​နာမည်နဲ့တကွ ပြည်သူ့ရှေ့မှာ ဖော်ထုတ်ပါမည်။ ဒီလို ကိစ္စမျိုးတွေကို ရပ်တန်းကမရပ်ဘဲ ဆက်လက်ကျူးလွန်နေဦးမယ်ဆိုရင် လူကြီးလူကောင်းမျက်နှာ၊ ဘယ်သူ့မျက်နှာမှ ထောက်ထားမှာ မဟုတ်ဘဲ နာမည်နဲ့တကွ ဒေသခံပြည်သူတစ်ရပ်လုံး သိရှိအောင် အရှက်ခွဲ ဖော်ထုတ်သွားပါမယ်။

​ကျနော်တို့ဟာ တော်လှန်ရေးနဲ့ ပြည်သူ့မျက်နှာကလွဲလို့ ဘယ်သူ့မျက်နှာမှ မထောက်ပါဘူး။ တော်လှန်ရေးကို နောက်ကနေ ဓားနဲ့ထိုးပြီး စီးပွားရှာနေတဲ့သူတွေကို ပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းဆန့်ကျင် စောင့်ကြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

-မြိုင်မြို့နယ် စစ်ကြောင်းသတင်းများ
#မြိုင်မြို့နယ် #သတိပေးချက် #ရန်ငါပြတ်ရေး #ပြည်သူ့မျက်နှာပဲကြည့်မည်
👍52🫡1
⚠️မြိုင်

မြိုင်မြို့နယ် ပေါင်းတည်ကျေးရွာ မြောက်ဘက်သို့ရောက်ရှိနေသော စခစစ်ကြောင်းမှာ ချောက်တောင်းကျေးရွာအနောက်မြောက်ဘက်မှတဆင့် မရိုးကန်ကျေးရွာဘက်သို့ ဦးတည်ထွက်ခွာနေကြောင်းသတင်းရရှိထားပါတယ်...
🛰6:51AM


မြိုင်မြို့နယ် ပေါင်းတည်ကျေးရွာ မြောက်ဘက်သို့ရောက်ရှိနေသော စခစစ်ကြောင်းမှာ ချောက်တောင်းကျေးရွာအနောက်မြောက်ဘက်မှတဆင့် မရိုးကန်ကျေးရွာဘက်သို့ ဦးတည်ထွက်ခွာသွားသော စခစစ်ကြောင်းမှာ (ပေါင်းတည်ကျေးရွားထဲသို့)ပြန်လည်ဝင်ရောက်လာကြောင်းသိရပါတယ်..

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
Jun 2, 7:32AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
🙏4
မုံရွာ ⚠️

မုံရွာနယ် မြောက်ခြမ်းဖြတ်၍ အသေခံဒရုန်း (Suicide Drone) ၁စီး အရှေ့တောင်အရပ်သို့ ပျံသန်း။

#WaiHin
Jun 02, 12:59 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
1
Forwarded from EAR, Org.
မကွေး

မကွေးလေတပ်သို့ ပေါက်နယ်အရှေ့ခြမ်းတွင် (14:25 နှင့် 14:31)အချိန်တို့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော Jet Fighter (1)စီး အနောက်မြောက်အရပ်မှ ဆင်းသက်။

14:52, Jun 02
#EAR #SCIN
3
လစာထုတ်ပြန်လာတဲ့ တပ်ကြပ်ကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး

ဇွန်-၂၊ ၂၀၂၆။ ရှိန်း/People's Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

တပ်ကြပ်ရန်နိုင်ဟာ မေလ ၃၀ ရက်မှာ မနက်၈နာရီမှာ ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြား၊ ခရိုင်ချင်းဆက်လမ်းအတိုင်းလာစဉ် ငါးပြေမတပ်ဖွဲ့က ဖမ်းဆီးလိုက်တာလို့ ဖော်ပြပါတယ်။

အဲဒီဖမ်းဆီးမှုမတိုင်ခင် မေလ ၂၉ ရက်မှာ နေ့စားစက်မောင်း တပ်သားကျော်ဦးနဲ့ တပ်ကြပ်ရန်နိုင်တို့ဟာ ရွှေပန်းတောကျေးရွာကနေ လစာထုတ်ပြီးအပြန် ရန်ဖြစ်ခဲ့ကြရာ တပ်သားကျော်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တပ်ကြပ်ရန်နိုင်ကို ဆသလ(၂)ကိုယ်ပိုင်ကဒ်ပြား၊ဖုန်းနဲ့ ငွေသား၄၃၀,၀၀၀ကျပ်တို့နဲ့အတူ ဖမ်းဆီးထားတယ်လို့ ငါးပြေမပြောက်ကျားတပ်က ထုတ်ပြန်ထားပါတယ်။
2
(၂၀၂၆ မေလ ၂၆ရက်က တိုက်ခိုက်ခံရသည့် စစ်တပ်စစ်ကြောင်းအား တွေ့ရစဥ်။ ဓါတ်ပုံ-Screen Grab)
1
🥷"Dae" (အငယ်ကောင်)🚩⚔️
(၂၀၂၆ မေလ ၂၆ရက်က တိုက်ခိုက်ခံရသည့် စစ်တပ်စစ်ကြောင်းအား တွေ့ရစဥ်။ ဓါတ်ပုံ-Screen Grab)
မြိုင်မှာ စစ်တပ်အထိနာပြီးနောက် စစ်ကြောင်းထိုးမီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရ

ဇွန်-၂၊ ၂၀၂၆။ဟာနာဆန်/People's Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မနေ့က ဇွန်လ ၁ရက် မနက်ပိုင်းက မြိုင်မြို့နယ်၊စက်မှု (၂)ကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ကုန်းကျေးရွာ ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

"အိမ် ၂၀လောက် ကုန်တယ်ပြောတယ်"လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

အဲဒီစစ်ကြောင်းကြောင့် ဝက်ပုတ်အုပ်စုမှ ကျေးရွာ ၄ ရွာ၊ ဝါးရင်းချိုင်၊ ပေပင်တိုက်၊ ချောင်းဦးတို
၊အိုင်းမ၊ ကျောက်တိုင် စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆရာထွေးက ပြောပါတယ်။

စစ်ရှောင်အရေအတွက် များနေတာကြောင့် အမိုးအကာ၊ အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ နောက်ရက်တွေမှာလည်း စစ်ကြောင်းထိုးနိုင်တာကြောင့် မြိုင်မြို့နယ်အရှေ့မြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှ ပြည်သူများအားလုံး သတိပြုနေထိုင်ကြဖို့ We Love Myaing အဖွဲ့က သတိပေးထားပါတယ်။

ဇွန်လ ၁ရက်လည်း မြိုင်မြို့နယ်မြောက်ပိုင်း လက်ယက်မကျေးရွာကို စစ်တပ်က အသေခံ ဒရုန်း ၂စီးနဲ့
လေကြောင်းတိုက်ခိုက်လို့ ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ပါသေးတယ်။ ညနေပိုင်းမှာလည်း ဝက်ပုတ်ကျေးရွာ ဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုအခြေအနေ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်က လင်းကတောစခန်းကနေ ရွာတွေပတ်မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်လို့ စစ်တပ်အထိနာခဲ့ပြီးနောက် ယခုလို စစ်ကြောင်းထိုးနေတာဖြစ်ကြောင်း တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်တပ်ဟာ ရက် ၁၀၀စီမံချက်မှာ မြိုင်နယ်ကို ရိက္ခာဖြတ်တောက်ထားပြီး ပခုက္ကူမြို့အထွက်ကနေ ကုန်ပစ္စည်းသယ်ယူတာတွေကို တင်းတင်းကြပ်ကြပ် တားမြစ်နေပါတယ်။
5
ပေါက် ⚠️

ပေါက်နယ်တစ်နေရာတွင် မကွေးလေတပ်တက် ၂စီးမြောက် ဂျက်ဖိုက်တာ ၁စီး ပျံဝဲနေ။

#WaiHin
Jun 02, 05:08 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
👍3
ဆိပ်ဖြူ ⚠️

ဆိပ်ဖြူနယ်ဖြတ်၍ မကွေးလေတပ်တက် ၂စီးမြောက် ဂျက်ဖိုက်တာ ၁စီး မြောက်အရပ်သို့ ပျံသန်း။

#WaiHin
Jun 02, 05:11 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
ပေါက် ⚠️

ပေါက်နယ်တစ်နေရာတွင် မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၁စီး ပျံဝဲနေ။

#WaiHin
Jun 02, 05:11 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
ပေါက် ⚠️

ပေါက်နယ်ဖြတ်၍ မကွေးလေတပ်တက် ၂စီးမြောက် ဂျက်ဖိုက်တာ ၁စီး မြောက်အရပ်သို့ ပျံသန်း။

#WaiHin
Jun 02, 05:13 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
👍2
Forwarded from Nationwide Air Scout (✨️Hðrïzðñ✨️)
မ​ကွေး⚠️

မ​ကွေးလေတပ် ကလခမှ Y-12 Military Light Transport Aircraft (1)စီး အ​နောက်​မြောက်အရပ်သို့ ပျံတက်။

#NAS
Jun 2, 5:10PM
📡သတင်းပို့ရန် @infonas