ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
639 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
Forwarded from EAR, Org.
⚠️ထီးလင်း

ထီးလင်းနယ်အရှေ့မြောက်ခြမ်းဖြတ်၍ တံတားဦးလေတပ်တက် Yak-130 Jet Fighter (1) စီး အနောက်အရပ်သို့ ပျံသန်း။

19:35, May 31
#EAR #SCIN
1
Forwarded from EAR, Org.
⚠️ထီးလင်း

ထီးလင်းနယ်အနောက်မြောက်ခြမ်းဖြတ်၍ တံတားဦးလေတပ်တက် Yak-130 Jet Fighter (1)စီး အနောက်အရပ်သို့ ပျံသန်း။

19:37, May 31
#EAR #SCIN
2
Forwarded from Wai Hin (ဝေဟင်) (Yᴏu ᴋnᴏw whᴏ)
ထီးလင်း ⚠️

ထီးလင်းနယ်တစ်နေရာတွင် တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁စီး ပျံဝဲနေ။

#WaiHin
May 31, 07:38 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
1
Forwarded from EAR, Org.
⚠️ထီးလင်း

ထီးလင်းနယ်အနောက်မြောက်ခြမ်းတွင် တံတားဦးလေတပ်တက် Yak-130 Jet Fighter (1)စီး ထပ်မံပျံဝဲ။

19:40, May 31
#EAR #SCIN
2🤬1
ပေါက်⚠️

Fighter Jet(1)စီး ပေါက်ဖြတ်၍ အရှေ့အရပ်သို့ ပျံသန်း။

#NAS
May 31, 7:45PM
📡သတင်းပို့ရန် @infonas
1
⚠️မြိုင်

မြိုင်နယ်မြောက်ခြမ်းဖြတ်၍ တံတားဦးလေတပ်တက် Yak-130 Jet Fighter (1)စီး အရှေ့အရပ်သို့ ပျံသန်း။

19:47, May 31
#EAR #SCIN
3
မြိုင်⚠️

Fighter Jet(1)စီး မြိုင်နယ်တောင်ခြမ်းဖြတ်၍ အရှေ့အရပ်သို့ ပျံသန်း။

#NAS
May 31, 7:47PM
📡သတင်းပို့ရန် @infonas
1
⚠️မြိုင်

မြိုင်နယ်အရှေ့တောင်ခြမ်းတွင် တံတားဦးလေတပ်တက် Yak-130 Jet Fighter (1)စီး ပျံဝဲ။

19:51, May 31
#EAR #SCIN
3👍1
Forwarded from EAR, Org.
မကွေး

မကွေးလေတပ်သို့ ငဖဲနယ်အနောက်တောင်ခြမ်းတွင် ခဲယမ်းရိက္ခာထုပ်များချပေးခဲ့သော Y-12 Military Transport Aircraft (1)စီး အနောကိမြောက်အရပ်မှ ဆင်းသက်။

20:40, May 31
#EAR #SCIN
1
ပခုက္ကူမြို့နယ်

ပခုက္ကူ စက်မူ့ဇုံစစ်ခွေးဂိတ်နှင့် မြို့သစ်စစ်ခွေးဂိတ်တို့မှ ဂျိုကြွနေသော စစ်ခွေးပျူခွေးများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
🗓️𝐌𝐚𝐲-31-9:04𝐏𝐌
#7starmyaing
📨သတင်းများပေးပို့ရန်
@myaing3starbot
1
ပခုက္ကူမြို့နယ်

ပခုက္ကူ မြို့သစ်စစ်ခွေးဂိတ်မှ ဂျိုကြွနေသော စစ်ခွေးပျူခွေးများသည်၊ လက်နက်ကြီးဖြင့် အရှေ့ရပ်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
🗓️𝐌𝐚𝐲-31-9:08𝐏𝐌
#7starmyaing
📨သတင်းများပေးပို့ရန်
@myaing3starbot
1
ဆောမြို့ပေါ်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့် တပ်စွဲထားပြီး ဒေသခံများအား ဖမ်းဆီးနှိပ်စက်ကာ နေအိမ်များကို ဖောက်ထွင်းနေ

မေ ၃၁၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ဆောမြို့ပေါ်သို့ ရောက်ရှိနေသည့် အင်အား ၂၀၀ ဝန်းကျင်ပါရှိသော စစ်ကောင်စီစစ်ကြောင်းသည် မြို့တွင်းရှိ လူမရှိသည့် နေအိမ်များနှင့် ရွက်သစ် လက်ဖက်ရည်ဆိုင်တို့တွင် တပ်စွဲထားပြီး၊ ပြည်သူပိုင်နေအိမ်နှင့် ဆိုင်ခန်းများကို ဖောက်ထွင်းကာ ပစ္စည်းများ ယူဆောင်လျက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆောမြို့အတွင်း ကျန်ရှိနေသည့် အမျိုးသားများနှင့် လူငယ်များကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင်၊ "ရှိတဲ့ယောက်ျားလေးတွေ အကုန်ထွက်လာခဲ့၊ လာစစ်လို့တွေ့ရင် မလွယ်ဘူး" ဟု အော်ဟစ်ကြိမ်းမောင်းကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ထို့ပြင် ဖမ်းဆီးရမိသည့် အမျိုးသားများကိုလည်း "မင်း ဘယ်အဖွဲ့ကလဲ" ဟု စွပ်စွဲမေးမြန်းကာ ရိုက်နှက်နှိပ်စက်မှုများ ကျူးလွန်နေကြောင်း မြို့ခံများက ပြောဆိုသည်။

ဆောမြို့တွင်း နေရာအနှံ့အပြားနှင့် ဆောတံတားပေါ်တွင် စစ်ကောင်စီတပ်သားများ ကင်းလှည့် စောင့်ကြည့်လျက်ရှိပြီး အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီတပ်သားတစ်ဦးက "နောက် ၄ ရက်အတွင်း ဆောမြို့ပေါ်မှာ ဘယ်ဆိုင်ကယ်သံမှ မကြားချင်ဘူး" ဟု အော်ဟစ်ပြောဆိုထားပြီး၊ လက်ရှိတွင် အမျိုးသားများသာမက အမျိုးသမီးများကိုပါမကျန် လိုက်လံဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကန်ပက်လက်မြို့ဘက်သို့ ဦးတည်တက်နေသည့် စစ်ကြောင်းအား စစ်ကူအင်အားဖြည့်တင်းမည်လား သို့မဟုတ် ဆောမြို့ပေါ်၌ပင် အထိုင်ချတပ်စွဲထားမည်လား ဆိုသည့်အခြေအနေနှင့် ပတ်သက်၍ ၎င်းတို့၏ ရှေ့ဆက်လှုပ်ရှားမည့် လမ်းကြောင်းကို ယောအလင်းတန်းမှ ဆက်လက်စောင့်ကြည့်လျက်ရှိသည်။

ဆောမြို့ပေါ်တွင် ကျန်ရှိနေသည့် ပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေးကို အထူးဂရုပြုကြရန် လိုအပ်သကဲ့သို့၊ အနီးအနားကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့်လည်း ဆောမြို့ပေါ်သို့ လာရောက်ခြင်းကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ကြရန် လိုအပ်နေပါသည်။ ထို့ပြင် စစ်ကောင်စီစစ်ကြောင်း၏ ရန်ပြုမှု၊ လက်နက်ကြီးအန္တရာယ်နှင့် လေကြောင်းရန်အန္တရာယ်များကိုလည်း ပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း/စာတည်း Aung Gyi
ယောအလင်းတန်း
#MRSN
May 31 ,9:26PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
⚠️မြိုင်

မြိုင်မြို့နယ် မရိုးကန်ကျေးရွာသို့ရောက်ရှိနေသော စခစစ်ကြောင်းမှာ ထွက်ခွာရန်ပြင်စင်နေကြောင်းသိပါတယ်...ပြည်သူများစစ်ကြောင်းသတိပြုနေကြပါရန်.

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
May 31 ,9:30.PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
မြိုင်မြို့နယ်

မြိုင်မြို့နယ် မရိုးကန်ကျေးရွာသို့ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းသည် ထွက်ခွာရန်ပြင်စင်နေကြောင်း သတင်းရရှိထားပါသည်။

ညသတင်းဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ကြောင်းသတိဖြင့် နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ဗျ။

#PKK_News
#MRSN
May 31 , 10:14PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
ညောင်ဦးမြို့နယ်

​အောက်ဘက်မှ ဆန်တက်လာသော စက်လှေ {၅}စီးသည်၊ ညောင်ဦး ဆုတောင်းပြည့်ဘုရားဆိပ်ကမ်းဘက်သို့ ကပ်သွားကြောင်း သတင်းရရှိပါသည်။

#PKK_News
#MRSN
May 31 ,  10:40 PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍3
#BreakingNews
1.6.2026

ယနေ့မနက်စောက မြိုင်မြို့အနောက်တောင်ဘက်
စက်မှု (2) ကနေ ထွက်တဲ့ စစ်ကောင်စီတပ်တွေဟာ
ကုန်းရွာကို ဝင်ရောက်ခဲ့ပြီး
7:00 ဝန်းကျင်မှာ ကုန်းရွာကို မီးရှို့နေတယ်လို့
သိရပါတယ်။

အခြေအနေအသေးစိတ် မသိရသေးပါ။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
👍3😢3
ဧရာဝတီ ရေပြင်

အောက်ဘက်မှဆန်တက်လာသောစခပါသံခွန်သင်္ဘော (၂)စီး သည်ပခုက္ကူမြို့နယ်လေးလံကျွန်းရွာဘေးဘက်ရှိသောင်ခုံတွင်ရပ်နားနေကြောင်း သိရ။

#Yaypyin
 Jun 1,10:30AM
📫သတင်းပို့ရန် @Yaypyin0bot
👍1
#BreakingNews
1.6.2026

ယနေ့နေ့လည် 11:49 ဝန်းကျင်က
မြိုင်မြို့နယ်မြောက်ပိုင်း လက်ယက်မရွာအား
မုံရွာနမခမှ တက်လာတဲ့ အသေခံ ဒရုန်းနှစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့
ကနဦး သတင်း သိရပါတယ်။

အခြေအနေအသေးစိတ် မသိရသေးပါ။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#လေကြောင်းတိုက်ခိုက်မှု
😢1
ကျောက်ထုအခြေစိုက် စစ်ကောင်စီစစ်ကြောင်း ဆောမြို့သို့ ဝင်ရောက်ပြီးနောက် အရပ်သားများ ဖမ်းဆီးခံရကာ နေအိမ်များ ဖောက်ထွင်းခံရ၊ ယနေ့နံနက်ပိုင်းတွင် Y-8 လေယာဉ်ဖြင့် လေထီးအထုပ် ၁၅ ထုပ် လာရောက်ကြဲချ

ဇွန် ၁၊ ၂၀၂၆

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်ဖွဲ့ အမတ - ၃၆၈ မှ ကံကြီးလမ်းအတိုင်း ၂၈ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဆောမြို့ပေါ်သို့ ၃၁ ရက်နေ့မှာ စတင်ဝင်ရောက်ပြီးနောက် ဒေသခံများကို ဖမ်းဆီးခြင်းနှင့် နေအိမ်၊ ဆိုင်ခန်းများကို ဖောက်ထွင်းလုယက်ခြင်းများ ကျူးလွန်နေသည့်အပြင်၊ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာလေတပ်မှ Y-8 ထောက်ပို့လေယာဉ်ဖြင့် လေထီးအထုပ်များ လာရောက်ကြဲချသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၂၈ ရက်နေ့က ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ မှ ကံကြီးလမ်းအတိုင်း စစ်ကြောင်းထိုး ထွက်ခွာလာခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မေလ ၃၁ ရက်နေ့တွင် ဆောမြို့ပေါ်သို့ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဆောမြို့ပေါ်သို့ ရောက်ရှိလာသည့် အချိန်မှစတင်၍ မြို့ခံပြည်သူများကို ကျား၊ မ မရွေး ဖမ်းဆီးခြင်း၊ နေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများ ယူဆောင်၍ စခန်းချနေထိုင်ခြင်းအပြင်၊ လမ်းဘေးဈေးဆိုင်များကိုပါ ဖောက်ထွင်းပြီး ပစ္စည်းများကို ယူဆောင်နေကြကြောင်း သိရသည်။

လက်ရှိတွင် မြို့တွင်းစစ်ရေးတင်းမာမှု အခြေအနေများကြောင့် ဆောမြို့ခံလူထုအများစုမှာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။
ထိုသို့ ပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် အခြေအနေကို အခွင့်ကောင်းယူကာ အချို့သော သူခိုးများနှင့် လူတစ်စုသည် နေအိမ်များကို ဖောက်ထွင်းခိုးယူခြင်းနှင့် ဓားမြတိုက်လုယက်ခြင်း ဖြစ်စဉ်များကိုပါ ကျူးလွန်နေကြကြောင်း သိရသည်။ အဆိုပါ ခိုးယူလုယက်မှု နောက်ဆက်တွဲ ဖြစ်ရပ်များနှင့်ပတ်သက်၍ အသေးစိတ် အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီစစ်ကြောင်း ရောက်ရှိနေရာယူထားသည့် ဆောမြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်သို့ မိတ္ထီလာလေတပ်စခန်းမှ တက်လာသည့် Y-8 ထောက်ပို့လေယာဉ်တစ်စီးသည် ၁၁ နာရီဝန်းကျင်ခန့်တွင် ရောက်ရှိလာပြီး လေထီးဖြင့် အထုပ်များ လာရောက်ကြဲချ ထောက်ပို့ခဲ့သည်။

လေကြောင်းမှ ကြဲချခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံများ၏ ပြောပြချက်အရ သိရသည်မှာ ကြဲချခဲ့သည့် ပမာဏမှာ စုစုပေါင်း ၁၅ ထုပ် ရှိခဲ့ပြီး၊ တစ်ခါချလျှင် နှစ်ထုပ်တွဲ၊ သုံးထုပ်တွဲနှင့် လေးထုပ်တွဲများအထိ ပါဝင်ကြောင်း သိရသည်။

ပြည်သူများသို့ အရေးပေါ် နှိုးဆော်ချက်
လက်ရှိတွင် ဆောမြို့တွင်းနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် မြေပြင်စစ်ကြောင်း အန္တရာယ်၊ လက်နက်ကြီး အန္တရာယ်များနှင့် စစ်ကောင်စီ၏ လေကြောင်းရန် အန္တရာယ်များကို အထူးဂရုစိုက်ပြီး သတိကြီးစွာဖြင့် လုံခြုံဘေးကင်းအောင် နေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

သတင်း/စာတည်း - Aung Gyi
ယောအလင်းတန်း
#MRSN
Jun 1, 12:54PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2