ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ဒေသတွင်း စစ်ရေးသတင်းနှင့် လေကြောင်းအန္တရာယ် သတိပေးချက်

မကွေးတိုင်း၊ ဆောမြို့နယ် - ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်

လောင်းရှည်ဒေသရှိ ကပစ (၂၅) မှ ၁၂ရက်နေ့က ထွက်ခွာလာသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည် ယနေ့နံနက်ပိုင်းတွင် ဆောမြို့အတွင်းသို့ စတင်ဝင်ရောက်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကြောင်းလှုပ်ရှားမှု အခြေအနေ

အဆိုပါ အင်အား (၃၅၀) ဝန်းကျင်ရှိ စစ်ကြောင်းသည် လောင်းရှည်မြို့နှင့် သီးကုန်းကျေးရွာတို့တွင် တစ်ညစီ အိပ်စက်အခြေပြုခဲ့ပြီးနောက် ယနေ့နံနက်
10:45 AM ဝန်းကျင်ခန့်တွင် ဆောမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

၎င်းစစ်ကြောင်းအနေဖြင့် ဆောမြို့တွင်သာ မြို့စောင့်တပ်နှင့် ပူးပေါင်းအခြေစိုက်မည်လော သို့မဟုတ် ကျောက်ထုဘက်သို့ ဆက်လက်ထွက်ခွာပြီး အမတ (၃၆၈) တပ်ရင်းနှင့် သွားရောက်ပူးပေါင်းမည်လော ဆိုသည်ကို ဒေသခံများက ဆက်လက်စောင့်ကြည့်လျက်ရှိသည်။

ကျောက်ထုနှင့် ကံကြီးကျေးရွာ အခြေအနေ

ပြီးခဲ့သည့် ဧပြီလကတည်းက ကံကြီးကျေးရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ညပိုင်းက လက်နက်ငယ်များ ပစ်ဖောက်မှုများရှိခဲ့ပြီး ကျောက်ထုအခြေစိုက်တပ်နှင့် ကူးသန်းသွားလာမှုများ ရှိနေကြောင်း သိရပြီး ယောအလင်းတန်းအနေဖြင့် ဆက်လက်အတည်ပြုနေဆဲပါ။

လေကြောင်းအန္တရာယ် အထူးသတိပေးချက်

လက်ရှိတွင် ကျောက်ထုတပ်ဘက်မှ ဒရုန်း (Drone) အသုံးပြု၍ ကံကြီးကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ အညာ (၅) ရွာဘက်သို့ ကင်းထောက်ပျံသန်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။ ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြရန်နှင့် လုံခြုံရေးသတိဖြင့် နေထိုင်ကြပါခင်ဗျာ။

Aung Gyi
ယောအလင်းတန်း
#MRSN
𝐌𝐚𝐲-14,11:11AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
ရေစကြို⚠️

ရေစကြို သပြေပင်ရွာ ထွက်စခ စစ်ကြောင်းခင်မွန် ( ခွေးမြုပ်)ရွာဘက်သို့ ရောက်နေကြောင်း သတင်း ရရှိ။

#MRSN
#WES
May14,12:31PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
သတင်း🌂

မေ၁၄ရက်နေ့ မိုးတိမ်တောင်များဖြစ်ထွန်းမူအခြေနေ အပ်ဒိပ်

ဘဂ်လားပင်လယ်အနောက်တောင်ပိုင်းတွင် မေ ၁၄ ရက်နေ လေဖိအားနည်းပျက်သွားပြီနောက် ဘဂ်လားပင်လယ်တွင် အနောက်တောင်မုတ်သုံလေစီးကြောင်းပြောင်းကာ မြန်မာနိုင်ငံကုန်းတွင်းကို မုတ်သုံလေစတင်ဝင်ရိုက်ခတ်ခြင်းအရှိန်ကြောင့် မြန်မာမြေပြင်လေပြင်ဟာ ၁နာရီ ၆ မိုင် ၁၅ မိုင်ခန့် လေတိုက်၍ ရန်ကုန်တိုင်း ရှမ်းပြည်နယ် တနသ်ာရီတိုင်း နေပြည်တော် ဧရာဝတီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် ကယားပြည်နယ် ပဲခူးတိုင်း ရှမ်းပြည်နယ် ရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း ကချင်ပြည်နယ် စစ်ကိုင်းတိုင်း မနက်စောပိုင်းစ၍ ၂၄နာရီအတွင်း လေပြင်းတိုက် လျှပ်စီးလက် မိုးခြိမ်း မိုးကြိုးပစ် ကွက်ကျားမိုးကျဲကျဲမှနေရာကွက်မိုးကြီးမည်။

ဘဂ်လားပင်လယ်အော် အနောက်တောင်မုတ်သုံလေ ရေပြင်လေပြင်ဟာ ၁နာရီ ၆မိုင်မှ၂၅မိုင် ခန့် လေပြင်းတိုက်ခတ်ကာ မိုးကြီးမည်။
🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊

ကပ္ပလီပင်လယ်ပြင် ရေပြင်လေပြင်ဟာ ၁နာရီ ၈ မိုင် မှ ၂၆ မိုင်ခန့် လေတိုက်ပြီ မိုးခြိမ်း မိုးကြီးမည်။
🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊

#နေပြည်တော် မေ ၁၄ ရက်နေ့ နေပြည်တော် တပ်ကုန်း ပျဥ်းမနား လယ်ဝေး နေ့လယ်၁ နာရီ​နောက်ပိုင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် မိုးရွာမည်

#မကွေးတိုင်း မေ ၁၄ ရက်နေ့ မကွေး မင်ဘူး မင်းတုန်း ဆင်ပေါင်ဝဲ မြို့သစ် နတ်မောက် တောင်တွင်းကြီး အောင်လံ သရက် ကံမ တောင်တွင်းကြီး နတ်မောက် ရေနံချောင်း နေ့လယ်၁နာရီနောက်ပိုင်း မိုးရွာမည်

#ပဲခူးတိုင်း မေ ၁၄ ရက်နေ့ ပဲခူး အင်းတကော် ပြည် ရွေတောင် ပန်းတောင်း သဲကုန်း ဇီးကုန်း ပေါင်းတည် ပေါင်းတလည် ပေါက်ခေါင်း နတ်တလင်း အုတ်ဖို အုတ်တွင်း သာယာဝတီ မိုးညို မင်းလှ ကြို့ပင်ကောက် စစ်ကွင်း လက်ပံတန်း သုံးဆယ် သနပ္ပင် ညောင်လေးပင် ဝေါ ရွေကျင် ဒိုက်ဦး ညောင်ပင်သာ ဇေယျာဝတီ ကျောက်ကြီး ရေတာရှည် မုန်း တောင်ငူ ဖြူး ဆွာ ရေနီ ကျောက်တံခါး မနက် ၂ နာရီနောက်ပိုင်း လေတိုက် မိုးခြိမ်း လျှပ်စီးလက် ကွက်ကျားမိုးကျဲကျဲမှနေရာကွက်မိုးကြီးမည်

#ဧရာဝတီတိုင်း မေ ၁၄ ရက်နေ့ ပုသိမ် အဂ်ပူ လေးမျက်နှာ အဂ်ပူ ငသိုင်းချောင်း သာပေါင်း ဟသ်ာ မြန်အောင် ဓနုဖြူ ကျိုက်လတ် ဒေးဒရဲ ကြံခင်း ကွင်းကောက် ပြင်စလူ မအူပင် ရွေလောင်း ညောင်တုန်း ဓနုဖြူ ဇလွန် ဖျာပုံ ဘိုကလေး ပန်းတနော် မိန်းမလှကျွန်း မော်ကျွန်း အိမ်မဲ ဝါးခယ်မ မြောင်းမြ လပွတ္တာ ငပုတော ဟိုင်းကြီးကျွန်း ပြင်စလူ ကျောင်းကုန်း အသုတ် ရေကြည် ကျူံပျော် ထူးကြီး မနက်စော ၂ နာရီနောက်ပိုင်း ကွက်ကျားမိုးကျဲကျဲမှနေရာကွက်ကျားမိုးကြီးမည်

#ရန်ကုန်တိုင်း မေ ၁၄ ရက်နေ့ တိုက်ကြီး မြောင်းတကာ ထန်းတပင် လှည်း​ကူး ဇရပ်ကွင်း ထောက်ကြန့် ဖူးကြီး သဲဖြူ ဖောင်ကြီး ဥက္ကံ မှော်ဘီး အဖျောက် သန်လျင် ကျောက်တန်း သုံးခွ ခရမ်း ကွမ်းခြံကုန်း လိူင်သာယာ တွံတေး ကော့မူး ရန်ကုန်မြို့တွင်း မနက် ၂ နာရီနောက်ပိုင်း ကွက်ကျားမိုးရွာမည်

#မန္တလေးတိုင်း မေ ၁၄ ရက်နေ့ မန္တလေး တကောင်း မတ္တရာ သပိတ်ကျဥ်း စဥ့်ကူး မိုးကုတ် ပြင်ဦးလွင် ၂၄နာရီအတွင်း မိုးရွာမည်

#ကရင်ပြည်နယ် မေ ၁၄ ရက်နေ့ ဘားအံ လိူင်းဘွဲ့ ရှမ်းရွာသစ် ကမမောင်း ဖာပွန် မြိုင်ကြီးငူ မြိုင်ကလေး ထီလုံ ဝေါလေ စုကလိ ကြိုက်ဒုံ ကျူံဒိုး ကော့ကရိတ် မြဝတီ ဖာပွန် သံတောင်ကြီး ဘောဂလိ လိပ်သို မနက်၁ နာရီနောက်ပိုင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် ကွက်ကျားမိုးကြီးမည်

#မွန်ပြည်နယ် မေ ၁၄ ရက်နေ့ မော်လမြိုင် တောင်စွန်း မုပ္ပလင် စစ်တောင်း ကျိုက်ထို ကျိုက်ထီးရိုး ဘီးလင်း ပေါင် မုတ္တမ ချောင်းဆုံ မော်လမြိုင် မုဒုံ ရေး လမိုင်း ကျိုက္ခမီ ကျိုက်မရော မနက်စောပိုင်းတချိန်နှင့် မနက်၁ နာရီနောက်ပိုင်းတချိန် လေတိုက် မိုးခြိမ်းလျှပ်စီးလက် ကွက်ကျားမိုးကြီးမည်

#စစ်ကိုင်းတိုင်း မေ ၁၄ ရက်နေ့ စစ်ကိုင်း ဝက်လတ် ရွေဘို တမူး မြို့သစ် ဝက်လက် ချောင်းဦး ဟုမ္မလင်း ပင်လည်ဘူး အင်းတော် မော်လူး ကသာ ထီးချိုင့် ကောလင်း ဗန်မောက် မနက် ၂ နာရီနောက်ပိုင်း နေရာကွက်ကျားမိုးကျဲကျဲရွာမည်

#ချင်းပြည်နယ် မေ ၁၄ ရက်နေ့ ဟာခါး ပလက်ဝ မင်းတပ် ၂၄နာရီအတွင်း နေရာကွက်ကျားမိုးကျဲကျဲရွာမည်

#ရခိုင်ပြည်နယ် မေ ၁၄ ရက်နေ့ မြောက်ဦး ကျောက်တော် ကျောက်ဖြူ မာန်အောင် အမ်း မအီ တောင်ကုတ် သံတွဲ မနက်၂ နာရီအတွင်း လေပြင်းတိုက် မိုးခြိမ်းလျှပ်စီးလက် မိုးကြိုးပစ် နေရာကွက်ကျားမိုးကျဲကျဲရွာမည်

#ရှမ်းပြည်နယ် မေ ၁၄ ရက်နေ့ မိုးမိတ် မဘိမ်း တာချီလိတ် တာလေ မိုင်းတုံ ကျိုင်းတုံ မိုင်းယောင်း တောင်ကြီး အင်းလေး ဖယ်ခုံ မိုးဗြဲ ရပ်စောက် မိုင်းဖြတ် မိုးနဲ မနက် ၂ နာရီနောက်ပိုင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် ကွက်ကျားမိုးကျံကျဲရွာမည်

#တနသ်ာရီတိုင်း မေ ၁၄ ရက်နေ့ ထားဝယ် မေတ္တာ ရေဖြူ သရက်ချောင်း မြိတ် ပလောက် ပုလော ကျွန်းစုမြို့ မနက် ၁၀ နာရီအတွင်း ကွက်ကျားမိုးကြီးမည်
1
#ကယားပြည်နယ် မေ ၁၄ ရက်နေ့ လွိုင်ကော် ဖရူဆို မယ့်စဲ မော်ချီး ရှားတော ဖားဆောင်း မနက်စော ၂ နာရီအတွင်း လေပြင်းတိုက် မိုးခြိမ်း လျှပ်စီးလက် ကွက်ကျားမိုးကျဲကျဲရွာမည်
#ကချင်ပြည်နယ် မေ ၁၄ ရက်နေ့ မြစ်ကြီးနား ဝိုင်းမော် ဗန်းမော် ဖားကန့် ဆွမ်ဘရာဘွမ် မချမ်းဘော မိုးညှင်း တာလောကြီး မံစီ မိုးမောက် ရွေကူး ကန်ပိုက်တီ ချီဗွေ ခေါင်လန်ဖူး  မနက် ၄ နာရီနောက်ပိုင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် မိုးရွာမည်

၁၄.၅.၂၀၂၆
#မြန်မာတောင်ပိုင်းမိုးလေဝသSMW
https://www.facebook.com/share/p/17uSxa4Ds7/

ဂရုစိုက်ကြပါ ။ 🙏🌻🕊️

#MRSN
May 14 , 1:00PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍1
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «သတင်း🌂 မေ၁၄ရက်နေ့ မိုးတိမ်တောင်များဖြစ်ထွန်းမူအခြေနေ အပ်ဒိပ် ဘဂ်လားပင်လယ်အနောက်တောင်ပိုင်းတွင် မေ ၁၄ ရက်နေ လေဖိအားနည်းပျက်သွားပြီနောက် ဘဂ်လားပင်လယ်တွင် အနောက်တောင်မုတ်သုံလေစီးကြောင်းပြောင်းကာ မြန်မာနိုင်ငံကုန်းတွင်းကို မုတ်သုံလေစတင်ဝင်ရိုက်ခတ်ခြင်းအရှိန်ကြောင့်…»
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ညောင်ပင်ရွာသို့ရောက်ရှိနေသော စခစစ်ကြောင်းမှာညောင်ပင်ရွာအားမီးရိူ့ပြီး ယခုအချိန်မှာ ပခုက္ကူမြို့နယ်အနောက်တောင်ခြမ်း( ထန်တောချောက်ရွာ)သို့ရောက်ရှိနေကြောင်းသိရ..

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
May 14 , 1:06PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍21
မြစ်ခြေ -မကွေးတိုင်း⚠️

မြစ်ခြေနယ် အောင်သာရွာမှ အနောက်တောင်အရပ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေပါသည်။

မိဘပြည်သူ တော်လှန်ရေး ညီအကိုမောင်နှမများ လက်နက်ကြီး သတိရှိကြပါရန် 3 Star Myaing အဖွဲ့မှ အသိပေးအပ်ပါသည်။

May-14, 2:02PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍2
ပုံတောင်ကိုရောက်နေတဲ့ တပ်မ ၉၉ စစ်ကြောင်း နတ်ထိပ်ကနေ တောင်အောက်ဆင်းလာနေ

မေ ၁၄၊ ၂၀၂၆၊ ပုံတောင်

ယနေ့မနက်ပိုင်းက ပေါက်မြို့နယ် ကျောက်တံခါးရွာကနေ ပုံတောင်ကိုတက်လာကြတဲ့ အင်အား ၄၀၀ ကျော်ပါ တပ်မ ၉၉ စစ်ကြောင်းဟာ ယခုအခါ ပုံတောင်နတ်ထိပ်ကနေ တောင်အောက်ဖက် ဆင်းလာနေကြပြီလို့သိရပါတယ်။

နတ်ထိပ်- တပြင်း-ကျောက်ထု ကားလမ်းမကြီးအတိုင်းဆင်းလာနေတာဖြစ်ပြီး တပြင်းရွာဖက်ကိုဦးတည်နေတယ်လို့ သိရပါတယ်။

မိဘပြည်သူများ ကြိုတင်သတိထားနေထိုင်သွားလာနိုင်ကြပါရန် အသိပေးအပ်ပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
May 14 ,2:55PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍21
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ထန်တောချောက်ရွာသို့ စခစစ်ကြောင်း
ရောက်ရှိနေပြီး ထန်းတောချောက်ရွာ မီးရှို့နေကြောင်း သိရ။

#MRSN
May 14  , 3:45PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍4
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ဖူလုံ ခလရ ၂၅၈ ထွက်စစ်ကြောင်း ခင်မွန် (ခွေးမြုပ်)ရောက်ရှိနေကြောင်း သတင်းရရှိ။

#WES
7:19pm,May14
👍2
⚠️မြေပြင်

မြစ်ခြေ-မကွေးတိုင်း

ပခုက္ကူတပ်မ ၁၀၁ ထွက် စခ စစ်ကြောင်းသည် ​မြစ်ခြေနယ် မိုးနတ်ကုန်းရွာကို မီးစတင်ရှို့နေကြောင်းသတင်းရရှိ။

#WES
7:20pm,May 14
1
⚠️ရေစကြိုနယ်

ရေစကြိုမြို့နယ် ဖူလုံခလရ ၂၅၈ မှထွက်လာသောမင်းအောင်လိူင်မယားပါသား ၊ ဂျိုကြွ၊ဇောင်းထ ၊အိမ်ယာမရှိ ၊ ခြေသလုံးအိမ်ပါ သင်္ချိုင်းရှာထွက်နေသော ပျူခွေးစစ်ခွေး စစ်ကြောင်းမှ ဒေသအခေါ် ခွေးမြုတ်ရွာ (ခင်မွန်ရွာ)တွင် လေးဘက်ထောက်ပြာပုံဝပ်နေကြောင်းသတင်းရရှိပါသည်။

May 14,7:33PM
#7starmyaing
📫သတင်းပေးပို့ရန် @myaing3starbot
3👍2💯1
ဆောမြို့နယ်

ပေါက်မြို့နယ် အခြေစိုက်ကပစ {၂၄}မှ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများ၊ ပျူစောထီးပူပေါင်း အင်အား{၅၀၀}၀န်းကျင်ခန့်ရှိသောစစ်ကြောင်းသည်၊ ဆောမြို့နယ် အရှေ့ခြမ်းတပြင်းကျေးရွာသို့ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#MRSN
#PKK_News
𝐌𝐚𝐲-14,7:30P𝐌
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့ရှိ အကြမ်းဖက်စစ်ခွေးများသည်အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူကားများမှတင်ယူလာတဲ့ ကုန်ပစ္စည်းများအားယမန်နေ့မှစ၍သယ်ယူခွင့်ပိတ်ပင်လိုက်ကြောင်းသိရပါသည်။

ခရီးသွားမိဘပြည်သူများအနေဖြင့် သေချာစုံစမ်းပြီးသွားလာကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

#MRSN
𝐌𝐚𝐲-14,7:58P𝐌
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4👍1
ဆောမြို့အတွင်း စစ်ရေးတင်းမာနေပြီး ပြည်သူများ အထူးသတိပြုရန်လိုအပ်

မေလ ၁၄ ရက်နေ့ ည ၉ နာရီ

မကွေးတိုင်း၊ ဆောမြို့တွင် ကပစ (၂၅) မှ ထွက်ခွာလာသည့် စစ်ကြောင်းတစ်ခုသည် မေလ ၁၄ ရက် ညနေ ၅ နာရီဝန်းကျင်ခန့်တွင် လမ်းတလျှောက် ကျေးရွာများမှ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာကြပြီး မြို့အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ ဖမ်းဆီးလာသည့် အပြစ်မဲ့ ပြည်သူများကို ဆောမြို့အရောက်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရပြီး အားလုံးလွှတ်မလွှတ်ကို ယောအလင်းတန်းမှ အတည်ပြုဆဲ ဖြစ်ပါသည်။

ဝင်ရောက်လာသည့် စစ်ကြောင်းမှ တပ်သားများသည် ဆောမြို့အတွင်းရှိ ပြည်သူများ၏ နေအိမ်များပေါ်တွင် နေရာယူ တပ်စွဲထားကြောင်း သိရပြီး မြို့တွင်းရှိ နေအိမ်အချို့ကို အတင်းဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ကာ အပြစ်မဲ့ပြည်သူများကို အတင်းအကြပ်ဖမ်းဆီးမှုများ ပြုလုပ်နေပါသည်။

ယောက်ကျားလေးလူငယ်များကို အဓိက ဖမ်းဆီးနေကြပြီး မိန်းကလေးအချို့လည်း ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။ လက်ရှိအချိန်ထိ ခန့်မှန်းခြေ အယောက် ၂၀ ထက်မနည်းဖမ်းဆီးခံနေကြရသည်ဟု သိရှိရပြီး အတိအကျသိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများသည် ဆောမြို့အတွင်းမှ အနီးပတ်ဝန်းကျင်ဒေသများသို့ ဒရုန်းများ လွှတ်တင်နေကြပြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။ ထို့အပြင် ဘောလုံးကွင်းအနီးတဝိုက်တွင်လည်း လက်နက်ငယ်ပစ်ဖောက်သံများ ကြားနေရကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဆောမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် မနေထိုင်ကြရန်၊ ဆောမြို့ဘက်သို့ လုံးဝ ( လုံးဝ )မလာကြတာ အန္တရာယ်ကင်းပြီး လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်များကို အထူးဂရုစိုက်ကြပါ။

Aung Gyi
ယောအလင်းတန်း
#MRSN
May 14  ,  9:59PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
Forwarded from Magway Scout Network
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ငဖောင်ကန်ရွာဘက်ကို ရောက်ရှိနေသောစစ်​ခွေးသည်၊ ခြေလျင်စစ်ကြောင်းရောက်ရှိနေပီး ငဖောင်ကန်တောင်ဘက်သို့ စစ်ကြောင်း(၁)ကြောင်းထားပီး ကျန်စစ်ကြောင်း(၁)ကြောင်းမှာအနောက်ဘက်သို့ (၁)ကြောင်း ခွဲ၍ စတင်ထွက်ခွာနေကြောင်းသတင်းရရှိထားပါသည်။

#MRSN
#Pkk new
𝐌𝐚𝐲-15,7:32A𝐌
📬 သတင်းပေးပို့ရန် @MagwayScoutBot
2
စစ်ရေးလှုပ်ရှားမှုများနဲ့ ယောနယ်တောင်ပိုင်း သတိထားစရာအချက်များ

၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်

ဆောမြို့ပေါ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းတွင် အပြစ်မဲ့ပြည်သူများ ဖမ်းဆီးခံရ၊
အကြည်ကတင်းနှင့် အညာကတင်းကျေးရွာများဘက်သို့ စစ်ကြောင်းရှေ့ပွိုင့် ရောက်ရှိနေ

မကွေးတိုင်းဒေသကြီး၊ ဆောမြို့ပေါ်သို့ မေလ ၁၄ ရက်နေ့တွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းသည် ညပိုင်းအချိန်တွင် မြို့ပေါ်ရှိ အရပ်သားပြည်သူအချို့အား ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ မေလ ၁၅ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံထားရသူအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသော်လည်း ကျန်ရှိနေသူများ ရှိ၊ မရှိနှင့် အရေအတွက် အတိအကျကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

စစ်ကြောင်းလှုပ်ရှားမှု အခြေအနေ

ယနေ့ နံနက် ၈ နာရီဝန်းကျင်အချိန်တွင် အဆိုပါစစ်ကြောင်း၏ ရှေ့ပွိုင့်များသည် အကြည်ကတင်းကျေးရွာနှင့် အညာကတင်းကျေးရွာများဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နယ်မြေကင်းလှည့်ခြင်းဖြစ်သည်လား၊ သို့မဟုတ် ကျောက်ထုမြို့ဘက်သို့ ဆက်လက်ဦးတည်ထွက်ခွာမည်လားဆိုသည်ကို ဒေသခံကာကွယ်ရေးအဖွဲ့များက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ပြည်သူများသို့ အထူးသတိပေးချက်

ဆော - ကျောက်ထု လမ်းပိုင်းအနီးရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် အောက်ပါအချက်များကို အထူးဂရုပြုကြပါရန် နှိုးဆော်အပ်ပါသည်

စစ်ကြောင်းနှင့် နီးကပ်သွားလာခြင်း မပြုလုပ်ဘဲ လုံခြုံရာနေရာများသို့ ကြိုတင်တိမ်းရှောင်ထားကြပါရန်။

စစ်ရေးတင်းမာမှုများကြောင့် လေကြောင်းမှ တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်သည့်အတွက် လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြပါရန်။

လက်နက်ကြီးပစ်ခတ်မှုများ ဖြစ်ပွားလာနိုင်သည့်အတွက် ဗုံးခိုကျင်းများနှင့် လုံခြုံစိတ်ချရသည့် နေရာများတွင် အသင့်အနေအထားဖြင့် နေထိုင်ကြပါရန်။

ယောဒေသအတွင်းရှိ မိဘပြည်သူများအားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။

Aung Gyi
ယောအလင်းတန်း

#MRSN
#PKK_News
𝐌𝐚𝐲-15- 8:35 A𝐌
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ငဖောင်ကန်ရွာတောင်ဘက်သို့ရောက်ရှိနေသော စခစစ်ကြောင်းမှာ တောင်ဘက်သို့ထွက်ခွာနေကြောင်းသိရပါတယ်...။

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
𝐌𝐚𝐲-15- 9:51A 𝐌
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
ဂန့်ဂေါအမြောက်တပ် ၃၇၁ ကို စစ်ခေါက်ပို့ရဟတ်ယာဥ်တစ်စီး ၂ ရက်ဆက် ဆင်းသက်

ထွေအုပ်ရုံးက ဗိုလ်မှူးရဲရန်ပိုင် ရဟတ်ယာဥ်ဖြင့်ပြန်လည်လိုက်ပါသွား

မေ ၁၅၊ ၂၀၂၆၊ဂန့်ဂေါ

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့အခြေစိုက် ပြည့်ဝ အမြောက်တပ် ၃၇၁ ကို ယနေ့မနက် ၁၀ နာရီခန့်က Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ်တစ်စီးဆင်းသက်ခဲ့ကြောင်းသိရပါတယ်။

အလားတူ ယမန်နေ့မနက် ၁၁ နာရီခန့်ကလည်း ပြည့်ဝ အမြောက်တပ်ကို Mi 17 ရဟတ်ယာဥ်တစ်စီးဆင်းသက်ခဲ့သေးတယ်လို့ သိရပါတယ်။

၂ ရက်ဆက် တစ်ကြိမ်စီ ဆင်းသက်ခဲ့ပြီး ဂန့်ဂေါ ခလရ ၅၀ တပ်အတွက် စစ်သည်အင်အားနဲ့ လက်နက်ခဲယမ်းအချို့ ဖြည့်တင်းပေးထားခဲ့တယ်လို့သိရပါတယ်။

နောက်ပြီး ဂန့်ဂေါမြို့ထွေအုပ်ရုံးမှာနေတဲ့ 2IC ဗိုလ်မှူးရဲရန်ပိုင် ကို ပခုက္ကူမြို့ကို လိုအပ်ချက်အရ အဆိုပါရဟတ်ယာဥ်ဖြင့် ယနေ့မနက်ပိုင်းက ပြန်လည်ခေါ်ဆောင်သွားကြောင်း အတည်ပြုဆဲသတင်းအရ သိရပါတယ်။

လက်ရှိအနေအထားအရ ယောနယ်နေရာ အားလုံးမှာ ရွေးတုအစိုးရ စစ်အုပ်စုဖက်က စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူများအနေဖြင့် ကြိုတင်သတိထားနေထိုင်သွားလာပေးကြရန်လည်း လိုအပ်ပါတယ်။

@မင်းဒဿ

ယောအလင်းတန်း
#MRSN
𝐌𝐚𝐲-15- 11:15A𝐌
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ငဖောင်ကန်ရွာမှ ထွက်ခွာလာသော အင်အား(150)ခန့်ပါ စခစစ်ကြောင်း ဒေသအခေါ်(​​ ဗောဓိကုန်းဘုရား )သို့ရောက်ရှိနေကြောင်းသိရပါတယ်...။

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
𝐌𝐚𝐲-15- 11:16 A𝐌
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
6