ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
Forwarded from Magway Scout Network
ရေစကြို⚠️

ယမန်နေ့မနေ့က သာစည်ရွာသို့​ဝင်ရောက်ထားသော စခ ပခ (၁၇၀)ပါ ပူးပေါင်းစစ်ကြောင်းသည် သာစည်ရွာမြောက်ဖျားမှအနောက်တောင်ဘက်သို့ တတ်လာရာ(ဒေသ အခေါ်)ရေရုံး အရှေ့ဘက်နွားသိုးဘုရားနားရောက်နေကြောင်းသိရ။


#MRSN
May 13,7:09AM
📬 သတင်းပေးပို့ရန် @MagwayScoutBot
👍2
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ရေစကြို ခလရ၂၅၆/၇/၈ ပူးပေါင်း စစ်ကြောင်းမှာ သာစည်ရွာနှင့် နှောပင်ရွာတွင် ညအိပ်ခဲ့ပြီး ယခု ဇီးတော(ပျူ)ရွာသို့ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#WES
7:45am,May 13
2👍1
ကျောက်ထု ⚠️

ကျောက်ထုနယ်တစ်နေရာတွင် မိတ္ထီလာလေတပ်တက် Y12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် ၁စီး ထပ်မံ ပျံဝဲနေ။

၈ကြိမ်မြောက် ဗုံးကြဲပီး။

#WaiHin
May 13, 08:31 AM
👍2
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ရေစကြို ခလရ၂၅၆/၂၅၇/၂၅၈ ပူးပေါင်းစစ်ကြောင်းတစ်ကြောင်း မြေဖြူ(မုံညှင်း)ရွာမြောက်ဘက် အုတ်ဖိုအနီးတွင်ရောက်ရှိနေကြောင်း သတင်းရရှိ။

#WES
8:48am,May 13
👍3
⚠️ ကျောက်ထု

ကျောက်ထု အမတ ၃၆၈မှ အနောက်အရပ်သို့ လက်နက်ကြီးထု။

#MRSN
May 13 ,9:13AM
#Threestarsmyaing
📮သတင်းပေးရန်
@3Starmyaingbot
1
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ရေစကြို ခလရ၂၅၆/၂၅၇/၂၅၈ ပူးပေါင်းစစ်ကြောင်း မြေဖြူ(မုံညှင်း)ရွာထဲသို့ ရောက်ရှိနေကြောင်း သတင်းရရှိ။

#WES
9:13am,May 13
1
အရေးပေါ် လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ် သတိပေးချက်

ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောက်ထုမြို့နယ်နှင့် ယောနယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရှိရပါသည်။ လက်ရှိအချိန်အထိ လက်နက်ကြီး အန္တရာယ် ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် ဒေသခံပြည်သူများအနေဖြင့် အထူးဂရုပြု နေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

အခြေအနေ အကျဉ်းချုပ်

ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်မှု

08:00 AM နာရီဝန်းကျင်မှစ၍ တံတားဦးဘက်မှ တက်လာသည့် ဂျက်ဖိုက်တာ (၂) စီးနှင့် မကွေးဘက်မှ တက်လာသည့် ဂျက်ဖိုက်တာ (၁) စီး၊ စုစုပေါင်း (၃) စီးသည် ကျောက်ထုမြို့နယ်အတွင်းရှိ နေရာအချို့ကို တစ်စီးလျှင် ဗုံး (၂) လုံးစီဖြင့် ဦးတည်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

Y-12 လေယာဉ်ဖြင့် တိုက်ခိုက်မှု

ရှမ်းတဲဘက်မှ တက်လာသည့် Y-12 လေယာဉ်တစ်စီးသည် မင်းတပ်ယောနယ်အစပ်နှင့် ကျောက်ထုမြို့နယ်ဝန်းကျင်နေရာများကို အတွဲလိုက်ဗုံးများဖြင့် (၈) ကြိမ်တိုင်တိုင် ပတ်၍ ကြဲချခဲ့ကြောင်း သိရှိရသည်။ တစ်ကြိမ်လျှင် (၂) လုံးတွဲမှ (၆) လုံးတွဲအထိ ပါဝင်ခဲ့ပြီး စုစုပေါင်း ဗုံးအလုံးရေ (၂၀) ထက်မနည်း အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။

လက်နက်ကြီးပစ်ခတ်မှု

နံနက် ၉:၀၀ နာရီဝန်းကျင်မှစတင်၍ ကျောက်ထု အမတ (၃၆၈) တပ်အတွင်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း သိရှိရသည်။ ပစ်ခတ်နေသည့် လက်နက်ကြီးများတွင် နှစ်ဆင့်ကွဲအမျိုးအစားများ ပါဝင်နေပြီး လက်ရှိအချိန်အထိ အနည်းဆုံး (၃) ချက် ပစ်ခတ်ထားကြောင်းနှင့် ထပ်မံပစ်ခတ်နိုင်ခြေ မြင့်မားနေကြောင်း သိရှိရပါသည်။

ပြည်သူများ လိုက်နာရန် သတိပေးချက်များ

1. လုံခြုံသောနေရာများတွင်သာ ခိုလှုံနေထိုင်ပါ

လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနိုင်သောကြောင့် ဗုံးခိုကျင်းများ၊ မြေတူးခိုလှုံရာများနှင့် ခိုင်ခံ့သော အကာအကွယ်ရှိသည့်နေရာများတွင်သာ နေထိုင်ကြပါရန် အထူးတိုက်တွန်းအပ်ပါသည်။

2. လေကြောင်းအန္တရာယ်ကို အချိန်ပြည့် ဂရုစိုက်ပါ

လေယာဉ်သံကြားသည်နှင့် ချက်ချင်း ကွင်းပြင်များ၊ လမ်းမများနှင့် အမိုးဖွင့်နေရာများမှ ရှောင်ခွာပြီး လုံခြုံရာသို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြပါ။ ဒေသတွင်း သတိပေးချက်များကိုလည်း အမြဲနားစွင့်ထားကြပါရန် လိုအပ်ပါသည်။

3. မပေါက်ကွဲသေးသော ဗုံးနှင့် လက်နက်ခဲယမ်းများကို မကိုင်တွယ်ပါနှင့်

နှစ်ဆင့်ကွဲ လက်နက်များ အသုံးပြုထားခြင်းကြောင့် ပေါက်ကွဲပြီးနောက် မပေါက်ကွဲသေးသည့် ဗုံးအစအနများ ကျန်ရှိနေနိုင်ပါသည်။ တွေ့ရှိပါက အနီးမကပ်ဘဲ တာဝန်ရှိသူများအား အသိပေးကြပါရန် အထူးသတိပေးအပ်ပါသည်။

Aung Gyi
ယောအလင်းတန်း
#MRSN
May 13 ,9:30AM
#Threestarsmyaing
📮သတင်းပေးရန်
@3Starmyaingbot
3
Forwarded from Magway Scout Network
မြစ်ခြေမြို့နယ်⚠️

မြစ်ခြေ အောင်သာပျူရွာမှ အနောက်အရပ်သို့ထွက်ခွာလာသောစခ စစ်ကြောင်းသည်
အနောက်နံဂါတ်သို့ရောက်ရှိနေကြောင်းသိရ။

#MRSN
May 13 ,10:12AM
📬 သတင်းပေးပို့ရန်@MagwayScoutBot
1
ဆော - လောင်းရှည်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလှုပ်ရှားမှု တင်းမာနေ၊ ဒေသခံများအား အရေးပေါ် သတိပေး

မေလ ၁၂ ရက်နေ့တွင် လောင်းရှည်နယ်အတွင်းရှိ ကပစ (၂၅) မှ ထွက်ခွာလာသော စစ်ကောင်စီ စစ်ကြောင်းသည် အင်အား (၅၀၀) ဝန်းကျင်နှင့် မော်တော်ယာဉ် (၁၇) စီးပါဝင်ပြီး လောင်းရှည်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရပါသည်။

ယနေ့ လက်ရှိအခြေအနေအရ အဆိုပါ စစ်ကြောင်းအတွင်းမှ အင်အား (၃၅၀) ဝန်းကျင်ခန့်သည် ဆောမြို့ဘက်သို့ ဦးတည် စစ်ကြောင်းထိုးလာနေပြီး တောင်ဘို့ကြီးရွာကို ရောက်ရှိနေကြောင်း သိရပါသည်။ စစ်ကြောင်းအနေဖြင့် တောင်ဘို့ကြီးဘုန်းကြီးကျောင်းတွင် စခန်းချနားနေကြပြီး ကျေးရွာပတ်ပတ်လည်များ ကင်းများချထားကြတယ်လို့ သိရပါသည်။

စစ်ကောင်စီတပ်သည် လောင်းရှည်မြို့ကနေ ပြည်သူပိုင် မော်တော်ယာဉ် (၂) စီးကို ချောဆွဲအသုံးပြုကာ ရှေ့ဆုံးမှ မောင်းနှင်စေပြီး လမ်းရှင်းခြင်းနှင့် မိုင်းအန္တရာယ် စမ်းသပ်ရှင်းလင်းသည့် ပုံစံဖြင့် ဓားစာခံအနေဖြင့် အသုံးပြုနေကြောင်း သိရပါသည်။ စစ်ကောင်စီတပ်သားများမှာမူ လမ်းဘေးဝဲယာတစ်လျှောက် ခြေကျင်ဖြန့်ခွဲ၍ ရွေ့လျားလာနေကြောင်း ဒေသခံများက ပြောဆိုထားပါသည်။

ကပစ ၂၅ ကနေထွက်ပြီး လောင်းရှည်မြို့ကိုရောက်နေသော မော်တော်ယာဉ် (၁၇) စီးမှာ ကားပေါ်ပါ အင်အားများအား ချထားပြီးနောက် ကပစ (၂၅) ဘက်သို့ ပြန်လည် ဦးတည်ကာ ကားများကို ခေါင်းလှည့်ထားတယ်လို့ သိရပါသည်။ စုစုပေါင်း ပါဝင်လာသည့် အင်အား (၅၀၀) ဝန်းကျင်အနက် (၃၅၀) ခန့်ကို ဆောမြို့ဘက်သို့ စစ်ကြောင်းထိုးစေခဲ့ပြီး ကျန်ရှိသည့် အင်အား (၁၅၀) ခန့်မှာ လောင်းရှည်မြို့တွင် ဆက်လက်ကျန်ရှိနေကြောင်း သိရပါသည်။

လက်ရှိတွင် အဆိုပါ ကျန်အင်အားများသည် နောက်ချန်တပ်အဖြစ် ကျန်ရှိနေခြင်း သို့မဟုတ် လောင်းရှည်မြို့တွင် အစောင့်တပ်အဖြစ် နေရာယူထားခြင်း ဟုတ်မဟုတ်ကို ဒေသတွင်းမှ ဆက်လက်စောင့်ကြည့်နေဆဲ ဖြစ်ပါသည်။

ထို့ကြောင့် ဆော - လောင်းရှည် လမ်းပိုင်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ပြည်သူများအနေဖြင့် လွင်ကင်းရာနှင့် လုံခြုံရာနေရာများတွင်သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အဆိုပါ လမ်းပိုင်းပေါ်သို့ ဖြတ်သန်းသွားလာခြင်း မပြုကြရန်နှင့် စစ်ရေးအခြေအနေများကို အထူးဂရုပြု စောင့်ကြည့်ကြရန် အရေးပေါ် သတိပေးနှိုးဆော်ထားပါသည်။

Aung Gyi
ယောအလင်းတန်း
#MRSN
May 13 ,10:48AM
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
#ပေါက်မြို့နယ်_ဆောမြို့နယ်_လေကြောင်းတိုက်ခိုက်ခံရမှုများ
13.5.2026

ယနေ့မနက် 10:50 ဝန်းကျင်က
ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်
ပေါက်မြို့နယ် မြောက်ပိုင်း လက်ပံတိုရွာအနီးအား
မုံရွာနမခမှ ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့်
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့
သိရပါတယ်။

ယနေ့မနက် 10:25 ဝန်းကျင်ကလည်း
ပေါက်မြို့နယ်နဲ့ ဆောမြို့နယ် အစပ်
ပုံတောင်ဒေသအား တံတားဦးလေတပ်မှ
ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု
နှစ်ကြိမ် ပြုလုပ်သွားတယ်လို့ သိရပါတယ်။

ယနေ့မနက် 8:00 ကျော်ခန့်က
ဆောမြို့နယ် ကျောက်ထုဒေသတစ်နေရာကိုလည်း
မကွေးလေတပ်မှ ဂျက်ဖိုက်တာတစ်စီး
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာနှစ်စီး
မိတ္ထိလာလေတပ်မှ Y12 ဗုံးကြဲလေယဉ်တစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ဆယ်ကျော်
ပြုလုပ်သွားတယ်လို့ သိရပါတယ်။

အခြေအနေအသေးစိတ် မသိရသေးပါ။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#လေကြောင်းတိုက်ခိုက်မှု
#MRSN
May 13 ,12:14PM
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3👍2
သတင်း🌂

ဘဂ်လားပင်လယ်အနောက်တောင်ပိုင်းတွင် မေ ၁၄ ရက်နေ လေဖိအားနည်းပျက်သွားပြီနောက် ဘဂ်လားပင်လယ်တွင် အနောက်တောင်မုတ်သုံလေစီးကြောင်းပြောင်းကာ မြန်မာနိုင်ငံကုန်းတွင်းကို မုတ်သုံလေစတင်ဝင်ရိုက်ခတ်ခြင်းအရှိန်ကြောင့် မြန်မာမြေပြင်လေပြင်ဟာ ၁နာရီ ၆ မိုင် ၁၅ မိုင်ခန့် လေတိုက်၍ ရန်ကုန်တိုင်း ရှမ်းပြည်နယ် တနသ်ာရီတိုင်း နေပြည်တော် ဧရာဝတီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် ကယားပြည်နယ် ပဲခူးတိုင်း ရှမ်းပြည်နယ် ရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း ကချင်ပြည်နယ် စစ်ကိုင်းတိုင်း မနက်စောပိုင်းစ၍ ၂၄နာရီအတွင်း လေပြင်းတိုက် လျှပ်စီးလက် မိုးခြိမ်း မိုးကြိုးပစ် ကွက်ကျားမိုးကျဲကျဲမှနေရာကွက်မိုးကြီးမည်။

ဘဂ်လားပင်လယ်အော် အနောက်တောင်မုတ်သုံလေ ရေပြင်လေပြင်ဟာ ၁နာရီ ၆မိုင်မှ၂၅မိုင် ခန့် လေပြင်းတိုက်ခတ်ကာ မိုးကြီးမည်။
🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊

ကပ္ပလီပင်လယ်ပြင် ရေပြင်လေပြင်ဟာ ၁နာရီ ၈ မိုင် မှ ၂၆ မိုင်ခန့် လေတိုက်ပြီ မိုးခြိမ်း မိုးကြီးမည်။
🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊

#နေပြည်တော် မေ ၁၄ ရက်နေ့ နေပြည်တော် တပ်ကုန်း ပျဥ်းမနား လယ်ဝေး နေ့လယ်၁ နာရီ​နောက်ပိုင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် မိုးရွာမည်

#မကွေးတိုင်း မေ ၁၄ ရက်နေ့ မကွေး မင်ဘူး မင်းတုန်း ဆင်ပေါင်ဝဲ မြို့သစ် နတ်မောက် တောင်တွင်းကြီး အောင်လံ သရက် ကံမ တောင်တွင်းကြီး နတ်မောက် ရေနံချောင်း နေ့လယ်၁နာရီနောက်ပိုင်း မိုးရွာမည်

#ပဲခူးတိုင်း မေ ၁၄ ရက်နေ့ ပဲခူး အင်းတကော် ပြည် ရွေတောင် ပန်းတောင်း သဲကုန်း ဇီးကုန်း ပေါင်းတည် ပေါင်းတလည် ပေါက်ခေါင်း နတ်တလင်း အုတ်ဖို အုတ်တွင်း သာယာဝတီ မိုးညို မင်းလှ ကြို့ပင်ကောက် စစ်ကွင်း လက်ပံတန်း သုံးဆယ် သနပ္ပင် ညောင်လေးပင် ဝေါ ရွေကျင် ဒိုက်ဦး ညောင်ပင်သာ ဇေယျာဝတီ ကျောက်ကြီး ရေတာရှည် မုန်း တောင်ငူ ဖြူး ဆွာ ရေနီ ကျောက်တံခါး မနက် ၂ နာရီနောက်ပိုင်း လေတိုက် မိုးခြိမ်း လျှပ်စီးလက် ကွက်ကျားမိုးကျဲကျဲမှနေရာကွက်မိုးကြီးမည်

#ဧရာဝတီတိုင်း မေ ၁၄ ရက်နေ့ ပုသိမ် အဂ်ပူ လေးမျက်နှာ အဂ်ပူ ငသိုင်းချောင်း သာပေါင်း ဟသ်ာ မြန်အောင် ဓနုဖြူ ကျိုက်လတ် ဒေးဒရဲ ကြံခင်း ကွင်းကောက် ပြင်စလူ မအူပင် ရွေလောင်း ညောင်တုန်း ဓနုဖြူ ဇလွန် ဖျာပုံ ဘိုကလေး ပန်းတနော် မိန်းမလှကျွန်း မော်ကျွန်း အိမ်မဲ ဝါးခယ်မ မြောင်းမြ လပွတ္တာ ငပုတော ဟိုင်းကြီးကျွန်း ပြင်စလူ ကျောင်းကုန်း အသုတ် ရေကြည် ကျူံပျော် ထူးကြီး မနက်စော ၂ နာရီနောက်ပိုင်း ကွက်ကျားမိုးကျဲကျဲမှနေရာကွက်ကျားမိုးကြီးမည်

#ရန်ကုန်တိုင်း မေ ၁၄ ရက်နေ့ တိုက်ကြီး မြောင်းတကာ ထန်းတပင် လှည်း​ကူး ဇရပ်ကွင်း ထောက်ကြန့် ဖူးကြီး သဲဖြူ ဖောင်ကြီး ဥက္ကံ မှော်ဘီး အဖျောက် သန်လျင် ကျောက်တန်း သုံးခွ ခရမ်း ကွမ်းခြံကုန်း လိူင်သာယာ တွံတေး ကော့မူး ရန်ကုန်မြို့တွင်း မနက် ၂ နာရီနောက်ပိုင်း ကွက်ကျားမိုးရွာမည်

#မန္တလေးတိုင်း မေ ၁၄ ရက်နေ့ မန္တလေး တကောင်း မတ္တရာ သပိတ်ကျဥ်း စဥ့်ကူး မိုးကုတ် ပြင်ဦးလွင် ၂၄နာရီအတွင်း မိုးရွာမည်

#ကရင်ပြည်နယ် မေ ၁၄ ရက်နေ့ ဘားအံ လိူင်းဘွဲ့ ရှမ်းရွာသစ် ကမမောင်း ဖာပွန် မြိုင်ကြီးငူ မြိုင်ကလေး ထီလုံ ဝေါလေ စုကလိ ကြိုက်ဒုံ ကျူံဒိုး ကော့ကရိတ် မြဝတီ ဖာပွန် သံတောင်ကြီး ဘောဂလိ လိပ်သို မနက်၁ နာရီနောက်ပိုင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် ကွက်ကျားမိုးကြီးမည်

#မွန်ပြည်နယ် မေ ၁၄ ရက်နေ့ မော်လမြိုင် တောင်စွန်း မုပ္ပလင် စစ်တောင်း ကျိုက်ထို ကျိုက်ထီးရိုး ဘီးလင်း ပေါင် မုတ္တမ ချောင်းဆုံ မော်လမြိုင် မုဒုံ ရေး လမိုင်း ကျိုက္ခမီ ကျိုက်မရော မနက်စောပိုင်းတချိန်နှင့် မနက်၁ နာရီနောက်ပိုင်းတချိန် လေတိုက် မိုးခြိမ်းလျှပ်စီးလက် ကွက်ကျားမိုးကြီးမည်

#စစ်ကိုင်းတိုင်း မေ ၁၄ ရက်နေ့ စစ်ကိုင်း ဝက်လတ် ရွေဘို တမူး မြို့သစ် ဝက်လက် ချောင်းဦး ဟုမ္မလင်း ပင်လည်ဘူး အင်းတော် မော်လူး ကသာ ထီးချိုင့် ကောလင်း ဗန်မောက် မနက် ၂ နာရီနောက်ပိုင်း နေရာကွက်ကျားမိုးကျဲကျဲရွာမည်

#ချင်းပြည်နယ် မေ ၁၄ ရက်နေ့ ဟာခါး ပလက်ဝ မင်းတပ် ၂၄နာရီအတွင်း နေရာကွက်ကျားမိုးကျဲကျဲရွာမည်

#ရခိုင်ပြည်နယ် မေ ၁၄ ရက်နေ့ မြောက်ဦး ကျောက်တော် ကျောက်ဖြူ မာန်အောင် အမ်း မအီ တောင်ကုတ် သံတွဲ မနက်၂ နာရီအတွင်း လေပြင်းတိုက် မိုးခြိမ်းလျှပ်စီးလက် မိုးကြိုးပစ် နေရာကွက်ကျားမိုးကျဲကျဲရွာမည်

#ရှမ်းပြည်နယ် မေ ၁၄ ရက်နေ့ မိုးမိတ် မဘိမ်း တာချီလိတ် တာလေ မိုင်းတုံ ကျိုင်းတုံ မိုင်းယောင်း တောင်ကြီး အင်းလေး ဖယ်ခုံ မိုးဗြဲ ရပ်စောက် မိုင်းဖြတ် မိုးနဲ မနက် ၂ နာရီနောက်ပိုင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် ကွက်ကျားမိုးကျံကျဲရွာမည်

#တနသ်ာရီတိုင်း မေ ၁၄ ရက်နေ့ ထားဝယ် မေတ္တာ ရေဖြူ သရက်ချောင်း မြိတ် ပလောက် ပုလော ကျွန်းစုမြို့ မနက် ၁၀ နာရီအတွင်း ကွက်ကျားမိုးကြီးမည်

#ကယားပြည်နယ် မေ ၁၄ ရက်နေ့ လွိုင်ကော် ဖရူဆို မယ့်စဲ မော်ချီး ရှားတော ဖားဆောင်း မနက်စော ၂ နာရီအတွင်း လေပြင်းတိုက် မိုးခြိမ်း လျှပ်စီးလက် ကွက်ကျားမိုးကျဲကျဲရွာမည်
3
#ကချင်ပြည်နယ် မေ ၁၄ ရက်နေ့ မြစ်ကြီးနား ဝိုင်းမော် ဗန်းမော် ဖားကန့် ဆွမ်ဘရာဘွမ် မချမ်းဘော မိုးညှင်း တာလောကြီး မံစီ မိုးမောက် ရွေကူး ကန်ပိုက်တီ ချီဗွေ ခေါင်လန်ဖူး  မနက် ၄ နာရီနောက်ပိုင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် မိုးရွာမည်

၁၃.၅.၂၀၂၆
#မြန်မာတောင်ပိုင်းမိုးလေဝသSMW
https://www.facebook.com/share/1ELTy7Vzx6/

ဂရုစိုက်ကြပါ ။ 🙏🌈🕊️

#MRSN
May 13 , 1:17PM
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «သတင်း🌂 ဘဂ်လားပင်လယ်အနောက်တောင်ပိုင်းတွင် မေ ၁၄ ရက်နေ လေဖိအားနည်းပျက်သွားပြီနောက် ဘဂ်လားပင်လယ်တွင် အနောက်တောင်မုတ်သုံလေစီးကြောင်းပြောင်းကာ မြန်မာနိုင်ငံကုန်းတွင်းကို မုတ်သုံလေစတင်ဝင်ရိုက်ခတ်ခြင်းအရှိန်ကြောင့် မြန်မာမြေပြင်လေပြင်ဟာ ၁နာရီ ၆ မိုင် ၁၅ မိုင်ခန့်…»
Forwarded from Magway Scout Network
မြစ်ခြေမြို့နယ်⚠️

မြစ်ခြေ အောင်သာပျူရွာမှ ထွက်ခွာလာသောစခ စစ်ကြောင်းသည် ညောင်ပင်ရွာသို့ရောက်ရှိနေကြောင်းသိရ။

#MRSN
May 13 ,4:39PM
📬 သတင်းပေးပို့ရန်@MagwayScoutBot
👍31
လောင်းရှည်မြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်း သီးကုန်းကျေးရွာတွင် တပ်စွဲညအိပ်ပြီး ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်စားသောက်နေ

၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (မေလ ၁၃ ရက်) တွင် သီးကုန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါစစ်ကြောင်းသည် မေလ ၁၂ ရက်နေ့က ကပစ (၂၅) မှ အင်အား ၅၀၀ ဝန်းကျင်ဖြင့် စတင်ထွက်ခွာလာခြင်းဖြစ်ပြီး လောင်းရှည်မြို့တွင် တစ်ညတာ အခြေပြုခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် အင်အား ၃၅၀ ခန့်ဖြင့် သီးကုန်းကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

ကျေးရွာအတွင်း အခြေအနေနှင့် တပ်ဖြန့်မှု

သတင်းပေးပို့ချက်များအရ သီးကုန်းကျေးရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိ နေအိမ်များပေါ်တွင် ဖြန့်ကျက်နေရာယူထားသည့်အပြင် သီးကုန်းဘုရားကုန်းနှင့် ရွာအဝင်အထွက် လမ်းကြောင်းများတွင်လည်း ကင်းပုန်းများချကာ လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ကြက်၊ ဘဲ တိရစ္ဆာန်များကို ဖမ်းဆီးကာ ချက်ပြုတ်စားသောက်လျက်ရှိပြီး ယနေ့ညတွင် အဆိုပါကျေးရွာ၌ပင် ညအိပ်စခန်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဒေသခံများသို့ သတိပေးချက်

စစ်ကောင်စီစစ်ကြောင်း၏ လှုပ်ရှားမှုများကြောင့် ဒေသခံမိဘပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် ဝေးရာတွင် ဘေးလွတ်အောင် နေထိုင်ကြပါရန်နှင့် အောက်ပါအချက်များကို အထူးဂရုပြုကြပါရန် တိုက်တွန်းနှိုးဆော်ထားပါသည်

စစ်ကြောင်းနှင့် ထိတွေ့မှုမရှိစေရန် ရှောင်ရှားကြရန်။

လက်နက်ကြီးကျရောက်နိုင်ခြေနှင့် လေကြောင်းအန္တရာယ်များကို အမြဲမပြတ် သတိပြုစောင့်ကြည့်ကြရန်။

ဘေးကင်းလုံခြုံသော နေရာများတွင် ခိုလှုံကြရန်။

လက်ရှိတွင် အဆိုပါစစ်ကြောင်းကြောင့် သီးကုန်းကျေးရွာနှင့် အနီးအနားရှိ ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သတင်းရရှိပါသည်။

Aung Gyi
ယောအလင်းတန်း
#MRSN
May 13 , 11:13PM
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
#နောက်ဆုံးရမြေပြင်ဝေဟင်သတင်းများ
13.5.2026

12 ရက်နေ့မနက်ပိုင်းက ဆောမြို့နယ်တောင်ပိုင်း
လောင်းရှည် ကပစ 25 ကနေ ထွက်လာတဲ့
အင်အားငါးရာကျော်ပါတဲ့
စစ်ကောင်စီတပ်တွေဟာ မနေ့ကညနေပိုင်းမှာ လောင်းရှည်မြို့ကို ရောက်ရှိခဲ့ပြီး
ယနေ့မနက်ပိုင်းမှာ လောင်းရှည်မြို့ကနေတစ်ဆင့်
ဆောမြို့ဘက်ဆီ ဦးတည်ထွက်ခွာလာရာ
ညနေပိုင်းမှာ ဆောမြို့တောင်ဘက် သီးကုန်းရွာကို
ရောက်ရှိခဲ့ပြီး ယနေ့ည သီးကုန်းရွာမှာ
ရှိနေတယ်လို့ သိရပါတယ်။

ပေါက် ကပစ 24 ကနေတစ်ဆင့်
မနေ့ကနေ့လည်ပိုင်းက ပေါက် ပုံတောင်ခြေရှိ
ကျောက်တံခါးရွာကို ဝင်ရောက်ခဲ့တဲ့
စစ်ကောင်စီတပ်တွေဟာ ယနေ့အချိန်ထိ
ပုံတောင်ခြေနဲ့ ပုံတောင် အနီးတဝိုက်မှာပဲ
ရှိနေတယ်လို့ သိရပါတယ်။

ယနေ့မနက်ပိုင်းက ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ် လက်ပံတိုရေနံမြေကို
မုံရွာနမခမှ ဂျိုင်ရိုကော်ပတာသုံးစီးဖြင့်
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ
မြိုင်မြို့နယ် ဝယ်တောင် (တ) ရွာမှ
အသက် (60) ခန့် အမျိုးသားတစ်ဦး
ထိခိုက် Thay ဆုံးခဲ့ရတယ်လို့ သိရပါတယ်။

#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း #ဆောမြို့နယ် #ပေါက်မြို့နယ်
#MRSN
May 14 , 12:21AM
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1👍1
Forwarded from Magway Scout Network
ရေစကြို⚠️


ရေစကြို ခလရ၂၅၆/၂၅၇/၂၅၈ ပူးပေါင်းစစ်ကြောင်း မြေဖြူ(မုံညှင်း)ရွာထဲမှ စခ တစ်ဖွဲ မြောက်တံခါးမှ မြောက်ဘက်သို့ထွကိနေပြီး တဖွဲ့မှာ မြေဖြူရွာ ဘုန်းကြီးကျောင်းတွင် ကျန်နေသေးကြောင်း သတင်းရရှိ။

#WES
5:54am,May14

ရေစကြို⚠️


ရေစကြို ခလရ၂၅၆/၂၅၇/၂၅၈ ပူးပေါင်းစစ်ကြောင်း တစ်ကြောင်းမြေဖြူ(မုံညှင်း)ရွာထဲမှ တောင်ဘက်သို့ထွက်နေကြောင်း သတင်း ရရှိ။

#MRSN
#WES
May14 ,7:04AM
📬 သတင်းပေးပို့ရန်@MagwayScoutBot
2
ရေစကြို -မကွေးတိုင်း⚠️

ရေစကြို ခလရ၂၅၆/၇/၈ ပူးပေါင်း စခ စစ်ကြောင်းသည် ရေစကြိုနယ် မုံညှင်းရွာမှ ထွက်လာသော စခ စစ်ကြောင်းသည် ရေစကြိုမြို့နယ် သပြေပင်ရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိပါသည်။

May-14, 8:54​am
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
မြစ်ခြေမြို့နယ်⚠️

ပခုက္ကူ တပ်မ ၁၀၁မှထွက်ခွာလာသော စခ ကားကြီး( ၂ )စီးသည် မြစ်ခြေမြို့နယ် အောင်သာပျူရွာသို့ရောက်ရှိနေကြောင်းသိရ။

#MRSN
May 14 ,8:50AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍31
ပေါက်နယ် ကျောက်တံခါးက စစ်ကြောင်း ယောနယ်ပုံတောင်ကို ပြန်တက်နေ

မေ ၁၄၊ ၂၀၂၆၊ ပုံတောင်

ယမန်နေ့ညနေက ပုံတောင်် ကနေ ပေါက်မြို့နယ် ကျောက်တံခါးကျေးရွာကို နောက်ကြောင်းပြန်ဆုတ်ပြီး ညအိပ်ခဲ့တဲ့ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းဟာ ယနေ့မနက် ၈ နာရီခန့်ကစလို့ ယောနယ် ပုံတောင်ဖက်ကို ပြန်တက်လာနေကြတယ်လို့ သိရပါတယ်။

ဂျန်ဘာတပ်ဆင်ထားတဲ့ ကားငယ် ၂ စီးနဲ့အတူ ကျောက်တံခါး- နတ်ထိပ်-တပြင်း လမ်းအတိုင်း တက်လာနေတယ်လို့သိရပါတယ်။အဆိုပါ စစ်ကြောင်းမှာ ပေါ်တာဆွဲခံရပြီး စစ်သားစုဆောင်းခြင်းခံခဲ့ကြရတဲ့ ပစ ခေါ် စစ်မှုထမ်းထမ်းတပ်သားသစ်များ များစွာပါဝင်ပြီး အင်အား ၄၀၀ ကျော်ပါရှိတယ်လို့သိရပါတယ်။

စစ်ကြောင်းဟာ မကွေးတိုင်း ယောဒေသ ဆောမြို့နယ် ကျောက်ထုမြို့ကို ဝင်ရောက်နိုင်ဖို့ ဦးတည်ရွေ့လျားလာနေတာဖြစ်တဲ့အတွက် ပုံတောင်နတ်ထိပ် - တပြင်း- ကျောက်ထုလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်းများကို ဆင်ခြင်ပေးကြရန်နဲ့ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းကိုပါ ကြိုတင်သတိထား နေထိုင်ပေးကြရန် လိုအပ်ပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
𝐌𝐚𝐲-14,10:53 AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3