ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ဆိပ်ဖြူမြို့နယ်

ဆိပ်ဖြူမြို့နယ် ဆယ်မိုင်လမ်းဆုံမှ ထွက်ခွာလာသော စစ်ခွေးအင်အား{100}ခန့်ပါ စစ်ကြောင်းသည်၊ (4:30)PMခန့်တွင်ဆော-ဆိပ်ဖြူလမ်းပေါ်ရှိ မန်းကျည်းကုန်းရွာသို့ ရောက်ရှိပြီး၊ အနောက်အရပ်သို့ ဆက်လက်ထွက်ခွာလာရာ (4:56)PMတွင် ဆော-ဆိပ်ဖြူလမ်းပေါ်ရှိ ကံတွင်းဇရပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
🗓️𝐀𝐩𝐫-26-5:47𝐏𝐌



ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ် ပေါင်လောင်ရွာသို့ ရောက်ရှိနေသော နိုင်ငံတော်ပုန်ကန်သူ မင်းအောင်လှိုင်၏ ခိုင်းဘက်ဖြစ်သော စစ်ခွေးစစ်ကြောင်းသည်၊ ပေါင်လောင်ရွာဦးကျောင်းထဲတွင် တပ်ဖြန့်ထား၍ ရှိနေပါသေးကြောင်း သတင်းရရှိထားပါသည်။

🚨စစ်ကြောင်းအနီးတဝိုက်ရှိ မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်ကြောင်းအသိ၊ စစ်ကြောင်းသတိဖြင့် နေထိုင်ကြပါရန်... မေတ္တာဖြင့်အသိပေးနိုးဆော်အပ်ပါတယ်ခင်ဗျာ။

#PKK_News
🗓️𝐀𝐩𝐫-26-6:12𝐏𝐌

#MRSN
Apr 26, 6:15PM
#7starmyaing
📫သတင်းပေးပို့ရန်@myaing3starbot
8👍1🫡1
⚠️ပေါက်မြို့နယ်

ပေါက်မြို့ခွေးခြံမှစခများ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်နေကြောင်း သိရ။

#MRSN
Apr 26  , 7:40 PM
#7starmyaing
📫သတင်းပေးပို့ရန်@myaing3starbot
👍3
​​​​မြိုင်မြို့နယ်

မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူခွေးခြံမှ ဂျိုကြွနေသော ပျူခွေးများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
🗓️𝐀𝐩𝐫-26-8:16𝐏𝐌

#MRSN
Apr 26  , 8:32 PM
#7starmyaing
📫သတင်းပေးပို့ရန်@myaing3starbot
👍2
ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ် ပေါင်လောင်ရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ခွေးစစ်ကြောင်းသည်၊ ပေါင်လောင်ရွာဦးကျောင်းထဲတွင် တပ်ဖြန့်ထား၍ ပေါင်လောင်ရွာတွင် ယာယီညအိပ်ဝပ်ကျင်းချနေကြောင်း သတင်းရရှိထားပါသည်။

🚨စစ်ကြောင်းအနီးတဝိုက်ရှိ မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်ကြောင်းအသိ၊ စစ်ကြောင်းသတိဖြင့် နေထိုင်ကြပါရန်... မေတ္တာဖြင့်အသိပေးနိုးဆော်အပ်ပါတယ်ခင်ဗျာ။

#PKK_News
#MRSN
Apr 26  , 9:02 PM
#7starmyaing
📫သတင်းပေးပို့ရန်@myaing3starbot
3👍3
တိုက်ပွဲမကြာခဏဖြစ်နေသည့် မြိုင်မြို့နယ်ရှိ ကျေးရွာများ သောက်သုံးရေပြတ်လပ်သဖြင့် အကူညီလိုအပ်နေ

ဧပြီ ၂၆၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းမှာ နှစ်ဖက် တိုက်ပွဲတွေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေ‌ကြောင်းတိုက်ခိုက်မှုတွေကြုံ‌နေရတဲ့ကြားက ကျေးရွာတော်တော်များများ သောက်သုံးရေ ပြတ်လပ်ရှားမှုကိုပါ ကြုံတွေ့နေရတာကြောင့် အကူညီလိုအပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးပြီးဝင်ရောက်နေသလို ထိတွေ့တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်ခံရမှုတွေ မကြာခဏကြုံနေရတဲ့ မြိုင်မြို့နယ်အတွင်းက ကျေးရွာတော်​တော်များမှာ အခုလက်ရှိ သောက်သုံးရေလိုအပ်ချက်တွေလည်း မြင့်မားနေတယ်လို့ သိရပါတယ်။

နွေရာသီကာလ အပူချိန်မြင့်တက်လာတာနဲ့အမျှ သောက်သုံးရေပြတ်လပ်ရှားပါးမှု ဆိုးရွားလာသလို လောင်စာဆီစျေးကလည်း မြင့်တက်နေတာကြောင့် ရေဘောက်ဆာကားတစ်စီးကို ငွေကျပ် တစ်သိန်းရှစ်သောင်းကျပ်အထိပေးပြီး ရေရရှိဖို့ကြိုးစားနေရတယ်လို့လည်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

"မတ်လအလယ်လောက်ကတည်းက ရေကရှားသွားတာ။ ​ရေသယ်ရတာလည်း လောင်စာဆီစျေးတက်တော့ ဘောက်ဆာကားတစ်စီးကို ၁ သိန်း ၈ သောင်းအထိ စျေးကြီးပေးသယ်နေရတယ်" လို့ ကိုဘိုလိုသန့်ဇင်က မောင်းကိုပြောပါတယ်။

အဲဒီလို သောက်သုံးရေလိုအပ်ချက် မြင့်မားနေတဲ့ထဲက အိမ်ခြေ ၅၀၀ စာအတွက်လည်း ဧပြီလ ၂၅ ရက် မနေ့က သွားရောက်ပံ့ပိုးကူညီပေးခဲ့တယ်လို့လည်း  အညာမြေတပ်ပေါင်းစုဘက်က ဆိုပါတယ်။

"သူတို့တွေကလည်း တော်လှန်ရေးတစ်ခုလုံးမှာ ကျနော်တို့နဲ့အတူပါဝင်နေတာဆိုတော့ သူတို့ဒုက္ခဟာ ကျနော်တို့ဒုက္ခပါပဲ။ တက်နိုင်သလောက်ကူညီတာပါ။ အခုတော့တစ်ရွာပဲရှိသေးပေမယ့် ဆက်ကူညီသွားဖို့ရှိပါတယ်" လို့ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

မြိုင်မြိုနယ် အပါအဝင် ပခုက္ကူခရိုင်အတွင်းက ကျေးရွာတော်တော်များများဟာ နှစ်စဥ်တိုင်းလိုလို မိုးခေါင်ရေရှားမှုဒဏ်ကိုအကြီးကျယ်ခံနေရပြီး ရေတွင်း၊ ရေကန်တွေ ခမ်းခြောက်တက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်သုံးဆီစျေးဟာ တစ်လီတာ တစ်သောင်းနှစ်ထောင်ကနေ တစ်သောင်းငါးထောင်ကျပ်အထိ ပေါက်စျေးရှိနေတာကြောင့် ဒေသခံတွေအဖို့ ရေဝယ်ယူဖို့သွားလာဖို့နဲ့ ရေဘောက်ဆာကားခေါ်ယူဖို့အခက်အခဲ ရှိနေတာလည်းဖြစ်ပါတယ်။

ပုံစာ

အညာမြေတပ်ပေါင်းစုမှ ရေရှားပါးကျေးရွာများအားရေကူညီပေးနေစဥ်။


7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/
@myaing3starbot
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
6
⚠️ရေစကြို

ရေစကြိုမြို့နယ်
ပေါင်လောင်ရွာသို့ရောက်နေသော စခ စစ်ကြောင်းမှာ မြောက်ဘက်သို့ထွက်ခွာလာရာ
မောက္ကလန် ရွာသို့ရောက်ရှိနေသည်ဟု ကနဦးသိရ။
ပေါင်လောင်တွင်လည်း နောက်ချန် ခွေးအချို့ရှိနေသေးတယ်ဟု သိရ။

Update
မောက္ကလန် ရွာတွင်
စခ များမှာ မီးတင်ရှို့နေတယ်ဟု သိရ။

#MRSN
Apr 27 , 7:35AM
#7starmyaing
📫သတင်းပေးပို့ရန်@myaing3starbot
👍3
27.04.2026
09:35 am
ကျောက်ထုသတင်း

ကံကြီးကျေးရွာမှာ (၂)ရက်မြောက်အဖြစ် ညအိပ်စခန်းချနေတဲ့ အမတ ၃၆၈ တပ်မှ စုပေါင်းစပ်ပေါင်း စခအင်အား (၂၀၀)ခန့်ဟာ လက်ရှိအချိန်ထိ ကံကြီးကျေးရွာတွင်းမှာရှိနေကြသေးတယ်လို့သိရပါတယ်။ စခတွေဟာ
ကံကြီးကျေးရွာထဲမှာ တပ်ဖြန့်နေရာယူထားကြတယ်လို့သိရပီး စခ (၂၀) ခန့်ဟာ ကံကြီးတံတားပေါ် မကြာခဏဆိုသလို ကင်းပတ်လျှောက်တာတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ စခတွေဟာ ကံကြီးကျေးရွာတွင်း လမ်းဆုံ၊လမ်းခွတွေမှာ ကင်းပုန်း၀တ်နေရာယူထားကြကာ ဖြတ်သန်းလာသူတွေကို တားဆီးစစ်ဆေးတာပြုလုပ်နေတယ်လို့သိရပါတယ်။ အနီးအနားကျေးရွာနေ မိဘပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိကြပါရန်နှင့် မိမိတို့လုံခြုံရေး၊ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

🚨🚨အထူးသတိပြုရန်🚨🚨

ယနေ့ 27.04.2026 ရက်နေ့ မွန်းလွဲ (၀၃:၀၀)နာရီအချိန်မှ စတင်ကာ
စစ်ရေး အခြေအနေအရ ဆော - ကျောက်ထု နှင့် ကံကြီး - မင်းတပ် ကားလမ်းပိုင်း တစ်ချို့သတ်မှတ်နေရာများကို ဖြတ်သန်းသွားလာခြင်းများ လုံး၀(လုံး၀)မပြုလုပ်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။


ယောဒေသ၊ဆောမြို့နယ်၊ကျောက်ထုနယ်ကကံကြီးရွာ

ဧပြီ ၂၇၊၂၀၂၆

ကံကြီးရွာကို ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ တပ်သားအင်အား ၂၀၀ ခန့်ဟာ ယခုဧပြီ ၂၅ ရက်နေ့ညနေပိုင်းကစ ရောက်ရှိနေခဲ့ပြီး ယခုချိန်ထိ ကျေးရွာတွင်းနေရာအနှံအပြားမှာ ဖြန့်ကျက်နေရာယူလျက်ရှိနေကြပါသေးတယ်။

ကံကြီးရွာဆိုတာ ယောနယ်၊ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကိုဆက်သွယ်ပေးထားတဲ့ အဓိကပင်မအသ-က်သွေးးကြော ဆက်သွယ်ရေးလမ်းဆုံ၊အချက်အခြာကျရာ နေရာဖြစ်ပြီး ပြည်သူ့တော်လှ-န်ရေးဖက်က ထိန်းးချု-ပ်ထားတဲ့ ဒေသလည်းဖြစ်ပါတယ်။

ကျောက်ထု အမတ ၃၆၈ စ-စ်တ-ပ်ဟာ အဆိုပါကံကြီးရွာမှာ ပြန်လည် နေရာယူ အထိုင်ချ ခြေကုပ်စခန်းတည်ဆောက်နိုင်ဖို့ကြိုစားနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေပါတယ်။

ယခင် ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့က ဂန့်ဂေါမြို့နယ် ရှောက်ပင် (အောင်မြင်)ရွာမှာလည်း အလားတူ ခလရ ၅၀ တပ်က ပြန်လည်ဝင်ရောက် ခြေကုပ်စခန်းတည်ဆောက်၊ ပြန်လည်အထိုင်ချ ပြည်သူ့တော်လှ-န်ရေးအဖွဲ့တွေရဲ့ စိုးမိုးနယ်ကို လု-ယူ ခဲ့ဖူးပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Apr 27 ,  10:13AM
#7starmyaing
📫သတင်းပေးပို့ရန်@myaing3starbot
👍1
ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ် ပေါင်လောင်ရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ခွေးစစ်ကြောင်းသည် မြေဖြူရွာဘက်သို့ခွဲပြီးရောက်ရှိနေကြောင်း သတင်းရရှိပါတယ်ဗျ။

🚨စစ်ကြောင်းအနီးတဝိုက်ရှိ မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်ကြောင်းအသိ၊ စစ်ကြောင်းသတိဖြင့် နေထိုင်ကြပါရန်... မေတ္တာဖြင့်အသိပေးနိုးဆော်အပ်ပါတယ်ခင်ဗျာ။


Apr 27  , 10:00 AM
#7starmyaing
📫သတင်းပေးပို့ရန်@myaing3starbot
6
ရေစကြို ⚠️

ရေစကြို နယ်ဖြတ်၍ တံတားဦးလေတပ် တက် ဂျက်ဖိုက်တာ ၁စီး အနာက်မြောက် အရပ်သို့ ပျံသန်း။

#WaiHin
#3starmyaing
Apr 27, 12:11 AM
📫သတင်းပို့ရန်
@3starmyaingbot
1
တံတားဦး ⚠️

တံတားဦးလေတပ် မှ ၂စီးမြောက် ဂျက်ဖိုက်တာ ၁စီး တောင်အရပ်သို့ ပျံတက်။

#WaiHin
#Threestarsmyaing
Apr 27, 12:14 PM
📫သတင်းပို့ရန်
@WaiHinbot
@3starmyaingbot
1
တောင်ကျချောင်းရေနဲ့မျောသွားတဲ့ ကားပေါ်က လူ ၁၉ ဦးကို အသက်ရှင်လျက်ကယ်နိုင်ခဲ့

ကျောက်ပန်းတောင်း၊ ဧပြီ ၂၇၊ ၂၀၂၆။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းပေါ် ဆည်ပေါက်ကျေးရွာအနီးချောင်းအတွင်း တောင်ကျချောင်းရေနဲ့ မျောသွားတဲ့ကားပေါ်က လူ ၁၉ ဦးကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

ဧပြီ ၂၆ ရက် ညနေ ၅ နာရီကျော်မှာ ဆည်ပေါက်ရွာအနီးတဝိုက် ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းရေကျော်နေချိန် ကျောက်ပန်းတောင်မြို့ကနေ ထန်းပေါက်ကုန်းကျေးရွာဘက်ကို မောင်းလာတဲ့ကား ၁ စီးက ချောင်းကိုဖြတ်ကူးရာက ရေစီးနောက်မျောသွားခဲ့တာလို့ ဆိုပါတယ်။

"စျေးဝယ်ပြီးအပြန် ကျောက်ပန်းတောင်းဘက်တော့ မိုးမရွာဘူး။ ဆည်ပေါက်ချောင်းနဲ့အထက်ဘက်ရွာတွေမှာ မိုးရွာသွားတာ။ ရေကျတဲ့အချိန်လေးကတော့ ခဏလေးပါ။ ခဏတာအတွင်းမှာဖြတ်ကူးရင်းနဲ့ အဲ့လိုဖြစ်သွားတာ။"

သတင်းအပြည့်အစုံ - https://myaelattathan.com/news/24112/
1
🌫️ရေစကြိုမြိုနယ်🌫️

တော်လှန်ပြည်သူအပေါင်းတို့နှင့်စစ်ရှောင်ပြည်သူအပေါင်းတို့ခင်ဗျား မိုးလေဝသနဲ့ရာသီဥတုအခြေအနေအရ အပင်အကိုင်းအကြီးများ မခိုင်ခန့်သောအဆောက်အအုံများနှင့် ဘေလွတ်ရာနေထိုင်ပြီး အမိုးအကာရှိသောနေရာ လုံခြုံသောနေရာတို့ကို ကြိုတင်စီမံ၍ နေထိုင်ကြပါရန် မေတ္တာရပ်ခံအသိပေးအပ်ပါတယ်ခင်ဗျား။

#Threestarsmyaing
Apr 27. 1:25pm
📮သတင်းပို့ရန်
@3Starmyaingbot
👍5
Forwarded from ပခုက္ကူခရိုင်{သတင်းများ} (🥷ဒေါင်းလေး⚔️🚩)
လေကြောင်းရန် သတိပေးချက်များ ထွက်ပေါ်လာသည့်အခါ တချို့က "ငါတို့နဲ့ ဝေးပါသေးတယ်"၊ "သူတို့က ဟိုဘက်ကို သွားတာပါ" ဟူသော ပေါ့ဆသည့်အတွေးများဖြင့် ပုံမှန်အတိုင်း နေထိုင်တတ်ကြပါသည်။ ဤသည်မှာ အလွန်အန္တရာယ်များသော အပြုအမူဖြစ်သည်။ လေယာဉ်၏ အရှိန်နှင့် နည်းပညာအရ သင်တွေးတောနေသည့် စက္ကန့်ပိုင်းအတွင်း သင့်ခေါင်းပေါ်သို့ ရောက်ရှိလာနိုင်ပါသည်။

🔴 လေကြောင်းရန်သတိပေးချက် ရသည်နှင့် ချက်ချင်းလုပ်ဆောင်ရန်။

၁။ 🚨 အချိန်မဆိုင်းဘဲ ခိုလှုံပါ။

သတိပေးချက်ကြားသည်နှင့် လုပ်လက်စအလုပ်များကို ချက်ချင်းရပ်ပါ။ "ခဏနေမှ" ဟု မတွေးပါနှင့်။ မိမိနှင့် အနီးဆုံးရှိသော ဘေးကင်းရာ (ကျင်း၊ ခိုင်ခံ့သော အဆောက်အအုံအောက်) သို့ အမြန်ဆုံး သွားရောက်ပါ။

၂။ 🚫 လေယာဉ်ကို ထွက်မကြည့်ပါနှင့်။

အသံကြား၍ဖြစ်စေ၊ သတိပေးချက်ရ၍ဖြစ်စေ ကောင်းကင်သို့ မော့ကြည့်ခြင်း၊ ဖုန်းဖြင့် ဗီဒီယိုရိုက်ရန် ကြိုးစားခြင်းတို့ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။ ထိုစက္ကန့်ပိုင်းသည် သင့်အသက်ကို ကယ်တင်နိုင်သည့် အဖိုးတန်အချိန်ဖြစ်ပါသည်။

၃။ 🛡️ စနစ်တကျ ဝပ်နေပါ။

မြေကျင်း သို့မဟုတ် ဗုံးခိုကျင်းထဲတွင် ဝပ်ပါ။

ကျင်းမရှိပါက ခိုင်ခံ့သော တိုင်များ၊ နံရံထောင့်များတွင် ဝပ်ပါ။

ရင်ဘတ်ကို မြေကြီးနှင့် တိုက်ရိုက်မထိပါစေနှင့်။ လက်နှစ်ဖက်ကို ထောက်ထားပြီး ရင်ဘတ်ကို မြေကြီးမှ အနည်းငယ် ကြွထားပါ။ (၎င်းသည် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မြေဟိန်းသံနှင့် တုန်ခါမှုဒဏ်မှ ကာကွယ်ပေးပါသည်)။

နားကို လက်ဖြင့်ပိတ်ထားပြီး ပါးစပ်ကို အနည်းငယ် ဟထားပါ။ (နားစည်မပေါက်အောင် ကာကွယ်ရန်ဖြစ်သည်)။

၄။ 🔌 လျှပ်စစ်နှင့် မီးဘေး သတိပြုရန်။

အဆောက်အအုံအတွင်း ခိုလှုံရပါက မှန်ပြတင်းပေါက်များနှင့် ဝေးရာတွင် နေပါ။ လျှပ်စစ်မိန်းခလုတ်များကို ပိတ်ထားပါ။

📍 ဘာကြောင့် စနစ်တကျ ခိုလှုံဖို့ လိုအပ်တာလဲ⁉️

အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် ပစ်မှတ်တိကျမှုထက် အစုလိုက်အပြုံလိုက် ထိခိုက်စေရန် ရည်ရွယ်လေ့ရှိသည်။ ထို့ကြောင့် "ငါတို့က အရပ်သားတွေပဲ" ဟူသော အတွေးဖြင့် မနေပါနှင့်။

⚠️ အပိုင်းအစများ အန္တရာယ်။

ဗုံးပေါက်ကွဲသည့်နေရာနှင့် ဝေးသော်လည်း ဗုံးဆံနှင့် အဆောက်အအုံ အပိုင်းအစများသည် မီတာရာချီ အကွာအဝေးအထိ လွင့်စင်လာနိုင်ပါသည်။

တုံ့ပြန်ချိန် မရှိခြင်း။

ဂျက်ဖိုက်တာများသည် အသံထက်မြန်သည့်အတွက် အသံကြားရချိန်တွင် သင့်အနီးသို့ ရောက်နေပြီဖြစ်သည်။ သတိပေးချက်ကို ယုံကြည်ပြီး ကြိုတင်ပြင်ဆင်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။

📢 မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်။

မိမိတို့ဒေသအတွင်း လေကြောင်းရန် သတိပေးချက် စနစ်များ (မိမိနယ်မြေ အတွင်းမှ လေကြောင်းပြန်ကြားရေးများမှ သတင်းပေးချက်နှင့် အချက်ပေးခေါင်းလောင်းသံ) ကို အစဉ်မပြတ် နားစွင့်ပါ။ သတင်းရလျှင် မိမိအိမ်နီးနားချင်းများကိုပါ အသိပေးပြီး အတူတကွ ခိုလှုံပါ။

"သတိဖြင့် ယှဉ်ပြီး ဘေးကင်းရာမှာ ခိုလှုံကြပါ။"🙏🏻

#Admin Team
#PKK_News
📨သတင်းများပေးပို့ရန် @daunglayio

# ပခုက္ကူခရိုင်{သတင်းများ} သတင်းချန်နယ်ကြည့်ရှုရန် https://t.me/autagbii

သတင်းပေးပို့ရန်နှင့် သိလိုသည်များ စုံစမ်းမေးမြန်းရန်
http://t.me/daunglayio

သတင်းစကားဝိုင်း Chat Box- https://t.me/+DAUkXiP8yvllMTZl
5👍3