ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
639 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
#စစ်ကြောင်းသတင်းအသိပေးထုတ်ပြန်ခြင်း
16.3.2026

မနေ့က မြိုင်မြို့ကနေ စက်မှု (2) ကို
ရောက်ရှိခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ
လက်ရှိအချိန်ထိ စက်မှု ထဲမှာပဲရှိနေပါသေးတယ်။

မနေ့ညက 10:00 ကျော်ခန့်က မြိုင်ထဲပြန်ဝင်တာက
မနေ့က မြိုင်ကနေထွက်တဲ့ကင်းပုန်း ၂၀ ခန့်
ပြန်ဝင်တာလို့ သိရပါတယ်။

စက်မှုထဲက စစ်ကြောင်းက
ဘယ်အချိန် ပြန်ထွက်မလဲ မသိရတာကြောင့်
စက်မှု (2) အနီးတဝိုက်က မိဘပြည်သူများ
သတိဝရိယနဲ့နေထိုင်ကြဖို့
အသိပေးအပ်ပါတယ်။

We Love Myaing .

Mar 16, 3:16PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
16.3.2026🚨 မကွေးတိုင်း-ဂန့်ဂေါ🚨
#ဂန့်ဂေါမြို့နယ်လေကြောင်းသတင်း
ဂန့်ဂေါမြို့ နယ်မြောက်ခြမ်း[ဒေသအခေါ် ကျောက်ဂူဘုရား]အနီး အတွင်း မိတ္ထီလာရှမ်းတဲလေတပ်တက် Jet Fighter (2)စီး/ တံတားဦးလေတပ်တက် Jet Fighter (4)စီး/ စုစုပေါင်း Jet Fighter (6)စီးဖြင့် (1:20 PM, 1:24 PM, 1:26 PM, 1:30 PM, 1:33 PM, 1:35 PM, 1:43 PM, 1:44 PM, 1:48 PM)ခန့်တို့တွင် လေကြောင်းတိုက်ခိုက်မှု (၉)ကြိမ်ပြုလုပ်သွားကြောင်း သတင်းရရှိထားပါသည် ။
🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰3:15PM
1
💥ဂန့်​ဂေါ Heavy Airstrike💥

၂၀၂၆ ​မတ်လ ၁၆ ရက် ​နေ့လည် ၁ နာရီ ၂၀မိနစ် မှ ၁နာရီ ၄၈မိနစ် အချိန်ထိ မ​ကွေးတိုင်း ​ဂန့်​ဂေါမြို့နယ်​ မြောက်ပိုင်းကို တံတားဦးလေတပ်စခန်းနှင့် ရှမ်းတဲ​လေတပ်စခန်းဌာနချုပ်တို့မှ FTC-2000G, Yak-130, A-5 Bomber အမျိုးအစား Fighter Jet (၆) စီးဖြင့် တပြိုင်တည်း ဆက်တိုက်အကြိမ်များစွာ လေ​ကြောင်းတိုက်ခိုက်ခဲ့သည်။

​နောက်ဆက်တွဲ ထိခိုက်မှုများကို တင်ပြ​ပေးပါမည်။ အားလုံး​ဘေးကင်း​အောင် သတိမပြတ် ​နေထိုင်ကြပါရန် နှိုး​ဆော်အပ်ပါသည်။

https://t.me/nasairscoutteam/68521
https://t.me/nasairscoutteam/68529
https://t.me/nasairscoutteam/68532
https://t.me/nasairscoutteam/68534
https://t.me/nasairscoutteam/68540
https://t.me/nasairscoutteam/68544

#Nationwide_Air_Scout
#RadioNAS (​တော်လှန်လမ်း)
#Airstrike #AS
#War_Crime
#WhatsHappeningInMyanmar
Please open Telegram to view this post
VIEW IN TELEGRAM
🔥1🫡1
​​​​ပေါက်မြို့နယ်

ဆိပ်ဖြူအခြေစိုက်ကပစ {၂၂}ခွေးခြံမှ ထွက်ခွာလာသော ရိက္ခာယာဥ်တန်း {၁၀၀}ကျော်ထဲမှ ရှေ့ပြေးကားများသည်၊ မနေ့ညက ပေါက်မြို့အရှေ့ဘက် ယာကြီးပြင်{ပျူ}ခွေးခြံထဲသို့ ၀င်ရောက်ထားပြီး၊ ကျန်ရိက္ခာကားများမှယနေ့{2:00PM} ကျော်ချိန်တွင် ပေါက်မြို့နယ် အရှေ့တောင်ပိုင်း တယ်ပင်ကန်ရွာမှတဆင့် ယာကြီးပြင် {ပျု}ရွာသို့ဦးတည်မောင်းနှင်နေကြောင်းသတင်းရရှိထားပါသည်။

#PKK News
🗓️𝐌𝐚𝐫-16-3:00P𝐌


​​​​ပေါက်မြို့နယ်

ပခုက္ကူတပ်မ {၁၀၁}မှထွက်ခွာလာသော ရိက္ခာယာဥ်တန်း{၁၀၀}ကျော်နှင့် စစ်ခွေးစစ်ကြောင်းသည်၊ ဆိပ်ဖြူအ​ခြေစိုက် ကပစ {၂၂}မှ တဆင့် ပေါက်မြို့နယ်အရှေ့ပိုင်း ယာကြီးပြင် {ပျု}ခွေးခြံထဲသို့၀င်ရောက်ထားကြောင်းသတင်းရရှိထားပါသည်။

#PKK News
🗓️𝐌𝐚𝐫-16-5:00P𝐌


​​​​မြိုင်မြို့နယ်

မြိုင်မြို့နယ်တောင်ပိုင်း (တကစ-၃) {ဒေသခေါ်လှည်းပွဲ စက်မူ-၂}ခွေးခြံထဲသို့ ရောက်ရှိနေသော စစ်ခွေးခွေး၀ဲစားများစစ်ကြောင်းသည်၊ လက်ရှိအချိန်ထိ မြိုင်စက်မှု{၂}ခွေးခြံထဲမှာပဲ ရှိနေသေးကြောင်း သတင်းရရှိထားပါသည်။

🚨မိဘပြည်သူများ စစ်ကြောင်း၊လေကြောင်း အထူးဂရုစိုက်ကြပါဗျ။

#PKK News
🗓️𝐌𝐚𝐫-16-5:30P𝐌

#MRSN
Mar 16, 5:51PM

#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
1
ဂန့်ဂေါနယ်မြောက်ပိုင်း ချောင်းကောက်တောတိုက်မှာ ဓားးပြ တို-က်မှုဖြစ်ပွား

မတ် ၁၆၊ ၂၀၂၆၊ ဂန့်ဂေါ

မကွေးတိုင်း၊ယောဒေသ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြစ်သာမြစ်အရှေ့ဖ​က်ကမ်း ချောင်းကောက်ကျေးရွာအပိုင် နယ်နိမိတ်အတွင်းက တောတိုက်တခုမှာ ဓားးပြ တို-က်မှုတခု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ယမန်နေ့ မတ်လ ၁၅ ရက်နေ့ည ၁၁ နာရီခန့်မှာ မြစ်သာမြစ်အရှေ့ဖက်ကမ်းရှိ ချောင်းကောက်ကျေးရွာနယ်နိမိတ်အတွင်း တောင်ယာခြံလုပ်ကိုင်ရင်းတောတိုက်ထဲမှာနေထိုင်တဲ့ မြင်သားရွာသား ဦးနိုင်မြင့်ရဲ့ လူနေတဲအိမ်ကို ​ေ သန-တ်ကိုင် လူ ၃ ဦးက ဓားးပြ တို-က်သွားတာဖြစ်တယ်လို့ သိရပါတယ်။ဓားးပြ ၃ ဦးဟာ တူမီး​ေ သနတ်နဲ့ ခါးချိုးး​ေ သနတ်ဟု ယူဆရတဲ့ လ-က်န-က်များကိုင်ဆောင်ထားပြီး မျက်နှာကို အဝတ်များစည်းးထားကြတယ်လို့ သိရပါတယ်။

ဓားးပြတို-က် ခံရစဥ် ဦးနိုင်မြင့်နဲ့အတူ သူရဲ့ဇနီးအပါဝင် မိသားစုများရှိနေခဲ့ပြီး ရွှေဆွဲကြိုး ၃ ကုံး၊ရွှေနားကပ် ၂ ရံ၊ငွေသားပိုက်ဆံ ကျပ်ငွေ သိန်းနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို ဓားးပြများက လု"ယ-က်ယူဆောင်သွားကြတယ်လို့ သိရပါတယ်။

အဆိုပါ ဓားးပြ တို-က်ခံရမှုကို သက်ဆိုင်ရာနယ်မြေခံ အဖွဲ့များထံအကြောင်းကြားထားပြီး ကျုးးလွ-န်သူ တရားးခံများကို အမြန်ဖမ်းးဆီးးအရေးယူဆောင်နိုင်ရေးအတွက် ကြိုးစား​တေယ်လို့လည်း သိရပါတယ်။

ယခုရက်ပိုင်း၊လပိုင်းတွေမှာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနေရာများမှာ လု-ယ-က်မှု၊ခိုးးမှုများမကြာခဏ ဖြစ်ပွားနေပြီး ဓားးပြမှုကတော့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

အထက်ပါ ဓားးပြမှုဖြစ်ပွားခဲ့တဲ့ နေရာဟာ ယောဒူဘိုင်းလို့ခေါ်တဲ့ မြစ်သာမြစ် အနောက်ဖက်ကမ်း နေရာများမှာ လောင်းကစားမျိုးစုံနဲ့ မူးးယစ်ဆေးးဝါးများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်ရောင်းချ သုံးးစွဲနေကြတဲ ​နေရာနဲ့ ဆက်နွယ်နီးစပ်နေတယ်လို့ သိရပါတယ်။


ဂန့်ဂေါနယ်မြောက်ပိုင်း ကျောက်ဂူဒေသကို စစ်အုပ်စုက ဂျက်ဖိုက်တာ ၄ စီးဖြင့် အကြောင်းမဲ့ ဗုံးးကြဲ တို-က်ခို-က်

မတ် ၁၆၊ ၂၀၂၆၊ ဂန့်ဂေါ

မကွေးတိုင်း၊ ယောဒေသ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကျောက်ဂူဒေသကို စစ်အုပ်စုက ဂျက်ဖိုက်တာ ၄ စီးဖြင့် တို-က်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးးကြဲ-ချ တို-က်ခို-က်သွားတယ်လို့သိရပါတယ်။

ယနေ့မတ်လ ၁၆ ရက်နေ့ နေ့လည် ၁ နာရီ ၂၈ မိနစ်ခန့်ကနေ ၁ နာရီ ၄၅ မိနစ်အတွင်း တံတားဦးလေတပ်ကပျံသန်းလာကြတဲ့ ဂျက်ဖိုက်တာ ၄ စီး ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာကြပြီး ​လေကြောင်းတို-က်ခို-က်မှု (Air Strike) ၈ ကြိမ်၊ ဗုံးး ၈ ဘုံးကြဲ-ချ သွားတာဖြစ်တယ်လို့သိရပါတယ်။

လေကြောင်းတို-က်ခို-က်ခံရမှုကြောင့် အဆိုပါနေရာမှ လူနဲ့အဆောက်အဦးများ အများအပြား ထိ-ခို-က် ဒ-ဏ်ရာရ ပျ-က်စီးးသွားပြီး ​ေ သဆုံးးတာတွေလည်းရှိနေတယ်လို့ ကနဦးသိရပါတယ်။

အသေးစိပ်အချက်အလက်ကို ယောအလင်းတန်းအနေဖြင့် ဆက်လက်စုံစမ်းအတည်ပြုဆဲ ဖြစ်ပါတယ်။


ထီးလင်းနယ်တောင်ပိုင်း တနေရာကို ဂိက်ဖိုက်တာဖြင့် ဗုံးးကြဲ

မတ် ၁၆၊ ၂၀၂၆၊ ထီးလင်း

မကွေးတိုင်း၊ယောဒေသ ထီးလင်းမြို့နယ် တောင်ပိုင်းတနေရာကို စစ်အုပ်စုက ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးးကြဲ သွားတယ်လို့သိရပါတယ်။

ယနေ့ညနေ ၃ နာရီ ၄၀ မိနစ်ခန့်မှာ ထီးလင်းနယ် တောင်ပိုင်းကို တံတားဦးလေတပ်ကပျံသန်းလာတဲ့ A- 5 Bomber Jet Fighter တစ်စီးနဲ့ ဗုံးးကြဲ သွားတာဖြစ်တယ်လို့သိရပါတယ်။

နောက်ဆက်တွဲသတင်းများကို ယောအလင်းတန်းက စုံစမ်းအတည်ပြုဆဲ ဖြစ်ပါတယ်။

ယောအလင်းတန်း
#MRSN
Mar 16, 5:54PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ဆိပ်ဖြူမြို့နယ်

ဆိပ်ဖြူမြို့နယ်ဂျုတ်ချောင်ကြီးရွာသို့(6:30)PMခန့်ကစခကားလေးစီး၊အအ၁၀၀ခန့်ရောက်ရှိနေကြောင်းသိရပါတယ်။

#pdn
Mar-16/6:40PM
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်ကမ္မမြို့ရဲစခန်းမှ(7:06)PMခန့်ကလက်နက်ငယ်များရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။

#pdn
Mar-16/7:07PM
1
အသိပေးထုတ်ပြန်ချက် တောင်သာမြို့နယ် သတင်းစုံချန်နယ်အား Tik Tok page တွေလဲ ဝင်ရောက်ကြည့်ရှု့နိုင်ပါပီး
Tik Tok လင့်
👇👇👇
tiktok.com/@ttnk182

သတင်းများအား ပိုမိုဖြန့်ဝေနိုင်ရန်ကြိုးစားသွားပါမည်။ပြည်သူသာ လျှင်အထိကဖြစ်ပါသည်။သတင်းများအားဖတ်ပါစိစစ်ပါ၊မျှဝေခြင်းဖြင့် တော်လှန်ပေးကြပါရန်။

https://t.me/TaungTharNews
4
ကမ္မမြို့နယ်

ကမ္မမြို့နယ်ရဲစခန်းမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐌𝐚𝐫-16-7:09𝐏𝐌


​​​​ပေါက်မြို့နယ်

ပခုက္ကူတပ်မ  {၁၀၁}မှထွက်ခွာလာသော  ရိက္ခာယာဥ်တန်း{၁၀၀}ကျော်နှင့် စစ်ခွေးစစ်ကြောင်းသည်၊ပေါက်မြို့အရှေ့​တောင်ပိုင်း တယ်ပင်ကန်ရွာမှတဆင့် ယာကြီးပြင် {ပျု}ခွေးခြံထဲသို့၀င်ရောက်ထားပြီးချက်ပြုတ်စားသောက်နေကြောင်းသတင်းရရှိထားပါသည်။

#PKK News
🗓️𝐌𝐚𝐫-16-7:15P𝐌


​​​​ပေါက်မြို့နယ်

ပခုက္ကူတပ်မ {၁၀၁}မှထွက်ခွာလာသော ရိက္ခာယာဥ်တန်း{၁၀၀}ကျော်ပါ ရှေ့ပြေးစစ်ခွေးစစ်ကြောင်းမှတချို့တ၀က်သည်၊ပေါက်မြို့အခြေစိုက် ကပစ{၂၄}ခွေးခြံထဲသို့ ၀င်ရောက်ထားပြီး၊ရိက္ခာယာဥ်တန်း{၁၀၀}ကျော်နှင့် နောက်ချန်စစ်ခွေးစစ်ကြောင်းသည်၊ ပေါက်မြို့အရှေ့ဘက် ယာကြီးပြင်{ပျူ}ခွေးခြံထဲမှာ ပဲရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐌𝐚𝐫-16-7:50P𝐌


​​​​ပေါက်မြို့နယ်

ပေါက်မြို့ခွေးခြံမှ စစ်ခွေးခွေးဝဲစားများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ 

#PKK News
🗓️𝐌𝐚𝐫-16-8:33P𝐌

#MRSN
Mar 16, 9:54PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
2
ဂန့်ဂေါ ခလရ(၅၀)တပ်သို့ Mi-17 ဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခာဖြည့်တင်း၊ မကြာမီ စစ်ကြောင်းထိုးလာနိုင်ဟု သတင်းထွက်။

မတ် ၁၆၊ ၂၀၂၆ | ဂန့်ဂေါ

စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့အခြေစိုက် ခလရ(၅၀)တပ်ရင်းသို့ Mi-17 ရဟတ်ယာဉ်အသုံးပြု၍ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းပို့ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ထို့အပြင် မြို့ပတ်ဝန်းကျင်နေရာများကို UAV ဒရုန်းများဖြင့် ကင်းထောက်ပျံသန်းမှုများလည်း ပြုလုပ်နေကြောင်း သိရှိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ မတ်လ ၁၅ ရက်နေ့ နေ့ခင်း ၂ နာရီဝန်းကျင်တွင် Mi-17 ရဟတ်ယာဉ်တစ်စီးသည် ဂန့်ဂေါမြို့အရှေ့ဘက်ရှိ အမတ(၃၇၁)တပ်သို့ ဆင်းသက်ခဲ့ပြီး ခလရ(၅၀)တပ်အတွက် ရိက္ခာနှင့် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ရဟတ်ယာဉ်သည် မြေပြင်တွင် မိနစ်အနည်းငယ်သာ ဆင်းသက်ခဲ့ပြီးနောက် အရှေ့ဘက်သို့ ချက်ချင်းပြန်လည်ပျံတက်သွားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့ရှိ ခလရ(၅၀)တပ်ရင်းသို့ မြေပြင်လမ်းကြောင်းမှ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ရန် အခက်အခဲရှိနေသဖြင့် လေကြောင်းမှသာ ဖြည့်တင်းပို့ဆောင်နေရကြောင်း သိရသည်။ မတ်လ ၁၀ ရက်နေ့တွင်လည်း Mi-17 ရဟတ်ယာဉ်တစ်စီးသည် အမတ(၃၇၁)တပ်သို့ ဆင်းသက်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ လစာများ လာရောက်ပို့ဆောင်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထို့အပြင် လွန်ခဲ့သည့်လပိုင်းများအတွင်း ခလရ(၅၀)တပ်သို့ တပ်မ(၉၉)မှ စစ်ကြောင်းမှူးနှင့် အင်အား ၁၅ ဦးပါဝင်သည့်အဖွဲ့ကိုလည်း Mi-17 ဖြင့် လာရောက်ပို့ဆောင်ကာ အင်အားဖြည့်တင်းထားခဲ့ကြောင်း သိရသည်။

အခြားတစ်ဖက်တွင် မတ်လ ၁၁ ရက်နေ့မှစ၍ အမတ(၃၇၁)တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် UAV ဒရုန်းများ လွှတ်တင်၍ ဂန့်ဂေါမြို့ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်ဒေသများကို တစ်နေ့တာလုံး ပျံသန်းကင်းထောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခင်နှစ်ကုန်ပိုင်းတွင် ဒရုန်းသင်တန်းတက်ရောက်ရန် ခေါ်ဆောင်သွားခဲ့သည့် စစ်ကောင်စီတပ်သားအချို့သည် လက်ရှိတွင် ပြန်လည်ရောက်ရှိလာပြီး တပ်အတွင်း ဒရုန်းအသုံးပြုနည်းများ ပြန်လည်သင်ကြားနေကြောင်း တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။

ဒေသတွင်းသတင်းများအရ ခလရ(၅၀)တပ်မှ စစ်ကောင်စီတပ်များသည် ဂန့်ဂေါမြို့နယ် အနောက်ဘက်ဒေသများ (မြစ်အနောက်ဘက်ခြမ်း) သို့ မကြာမီ နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးလာနိုင်ကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ ရဲဘော်တစ်ဦးကလည်း စစ်ကြောင်းထိုးလာပါက လေကြောင်းပစ်ကူများပါ ပါလာနိုင်ကြောင်း ပြောကြားထားပြီး ပြည်သူများအနေဖြင့် လုံခြုံရေးအတွက် အထူးသတိပြုနေထိုင်ကြရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

ထို့ပြင် ယနေ့ မတ်လ ၁၆ ရက်နေ့သည် စစ်ကောင်စီတပ်များက တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် အောင်မြင် (ရှောက်ပင်) ကျေးရွာကို စစ်ကြောင်းထိုးတိုက်ခိုက်ပြီး တပ်စွဲကာ ကာကင်းစခန်းအဖြစ် အသုံးပြုလာခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဂန့်ဂေါမြို့နယ်အတွင်း ခလရ(၅၀)တပ်၊ အမတ(၃၇၁)တပ်၊ အောင်မြင် (ရှောက်ပင်) ကာကင်းစခန်းနှင့် မြစ်သာဆည်ကာကင်းစခန်း အပါအဝင် မြို့နယ်မြောက်ပိုင်းရှိ ပျုစောထီးအင်အားကောင်းသည့် ကျေးရွာအချို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များကလည်း အဆိုပါနေရာများကို လက်နက်ကြီးနှင့် ဒရုန်းများဖြင့် မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်နေကြပြီး စစ်ကောင်စီဘက်မှလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ယောအလင်းတန်း
#MRSN
Mar 16, 9:54PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
2
⚠️မြိုင်

မြိုင်မြို့နယ် ကံနီပျူရွာမှ စခများ အရှေ့တောင်ဘက်သို့စတင်ထွက်ခွာနေကြောင်းသိရ..

🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰@Daungmin
#MRSN
Mar 16, 11:29PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
2
မြိုင်မြို့နယ်

မြိုင်မြို့နယ်တောင်ပိုင်း (တကစ-၃) {ဒေသခေါ်လှည်းပွဲ စက်မူ-၂}ခွေးခြံထဲသို့ ရောက်ရှိနေသော စစ်ခွေးခွေး၀ဲစားများစစ်ကြောင်းသည်၊ လက်ရှိအချိန်ထိ မြိုင်စက်မှု{၂}ခွေးခြံထဲမှာပဲ ရှိနေသေးကြောင်း သတင်းရရှိထားပါသည်။

🚨မိဘပြည်သူများ စစ်ကြောင်း၊လေကြောင်း အထူးဂရုစိုက်ကြပါဗျ။

#PKK News
🗓️𝐌𝐚𝐫-17-6:30A𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍2
မြိုင်မြို့နယ်

မြိုင်မြို့နယ်တောင်ပိုင်း (တကစ-၃) {ဒေသခေါ်လှည်းပွဲ စက်မူ-၂}ခွေးခြံထဲသို့ ရောက်ရှိနေသော စစ်ခွေးခွေး၀ဲစားများစစ်ကြောင်းသည်၊ အရှေ့တောင်အရပ်သို့ဦးတည်ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။

🚨မိဘပြည်သူများ စစ်ကြောင်း၊လေကြောင်း အထူးဂရုစိုက်ကြပါဗျ။

#PKK News
🗓️𝐌𝐚𝐫-17-7:18A𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍21
မြိုင်မြို့နယ်

မြိုင်မြို့နယ်တောင်ပိုင်း (တကစ-၃) {ဒေသခေါ်လှည်းပွဲ စက်မူ-၂}ခွေးခြံမှ အရှေ့တောင်အရပ်သို့ ထွက်ခွာလာသော စစ်ခွေးခွေး၀ဲစားများစစ်ကြောင်းသည်၊ ပေါက်ပင်ကိုင်းရွာ အနောက်မြောက်ဘက် (ဒေသအခေါာ်ကျောက်ဆူး)အနီးသို့ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

🚨မိဘပြည်သူများ စစ်ကြောင်း၊လေကြောင်း အထူးဂရုစိုက်ကြပါဗျ။

#PKK News
🗓️𝐌𝐚𝐫-17-7:37A𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍3
မြိုင်မြို့နယ်

မြိုင်မြို့နယ်တောင်ပိုင်းတကစ(၃) ခေါ် စက်မှု(၂)မှထွက်ခွာလာသောစခစစ်ကြောင်းသည်(7:46)AMခန့်တွင်ကံယာကောင်းရွာနှင့်သင်းပေါင်းကန်ရွာကြားမှတဆင့်တောင်အရပ်သို့ထွက်ခွာလာရာ(8:00)AMခန့်တွင်မင်းကန်(ဒေသအခေါ်-ဘင်းကန်)ရွာအနောက်ဘက်သို့ရောက်ရှိနေကြောင်းသိရပါတယ်။

#pdn
Mar-17/8:10AM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
#BreakingNews
17.3.2026

မြိုင်မြို့အနောက်တောင်ဘက် စက်မှု (2) ကနေ
ယနေ့မနက်စောက အရှေ့ဘက်ကို ထွက်လာတဲ့
စစ်ကောင်စီတပ်တွေဟာ ကံယာကောင်းရွာနဲ့
သရက်ကွရွာ ကြားကနေတစ်ဆင့်
တောင်ဘက်ကို ဦးတည်သွားပြီး
8:00 ဝန်းကျင်မှာ
မင်းကန်ရွာနဲ့ ပန်းတိုင်းတောရွာကြား
တောထဲမှာ ရောက်နေပြီလို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

We Love Myaing .
2
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကန်တော်ရွာစစ်ခွေးဂိတ်မှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ ရှင်မကန်ပျူရွာသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ 

🚨မိဘပြည်သူများ စစ်ကြောင်း၊လေကြောင်း အထူးဂရုစိုက်ကြပါဗျ။

#PKK News
🗓️𝐌𝐚𝐫-17-8:30A𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
1
မြိုင်မြို့နယ်

မြိုင်မြို့နယ်တောင်ပိုင်း (တကစ-၃) {ဒေသခေါ်လှည်းပွဲ စက်မူ-၂}ခွေးခြံမှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ မြိုင်မြို့၏ အရှေ့တောင်ဘက် ရေဆူချောင်း တောတိုက်အတွင်းသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

🚨မိဘပြည်သူများ စစ်ကြောင်း၊လေကြောင်း အထူးဂရုစိုက်ကြပါဗျ။

#PKK News
🗓️𝐌𝐚𝐫-17-8:45𝐀𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
1
ပေါက်မြို့နယ်

ပခုက္ကူတပ်မ  {၁၀၁}မှထွက်ခွာလာသော  ရိက္ခာယာဥ်တန်း{၁၀၀}ကျော်နှင့် စစ်ခွေးစစ်ကြောင်းသည်၊ပေါက်မြို့အရှေ့တောင်ပိုင်း တယ်ပင်ကန်ရွာမှတဆင့် မနေ့က ယာကြီးပြင် {ပျု}ခွေးခြံထဲသို့၀င်ရောက်ထားပြီး၊လက်ရှိအချိန်ထိ ယာကြီးပြင်{ပျူ}ခွေးခြံထဲမှရှိနေသေးကြောင်းသတင်းရရှိထားပါသည်။

#PKK News
🗓️𝐌𝐚𝐫-17-8:50A𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
⚠️မကွေး

မကွေးလေတပ်မှ CH-3 UAV Drone (1) စီး အနောက်မြောက်အရပ်သို့ ပျံတက်။

08:50, Mar 17
#EAR #SCIN