ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
‌ပေါက် ⚠️⚠️

ပေါက်နယ် အတွင်းမှာရှိကြတဲ့ မိဘပြည်သူများခများ လေကြောင်းထပ်မံတိုက်ခိုက်နိုင်တာမို့ အထူးဂရုစိုက်ကြပါရန် တော်လှန်ရေး အဖွဲ့ကိုယ်စား သတိပေးအပ်ပါတယ်ဗျာ့။

#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
5
🔴 ပေါက် 🔴

ပေါက်နယ် တနေရာသို့ မကွေးလေတပ်တက် ၄စီးမြောက် ဂျက်ဖိုက်တာ ၁စီးဖြင့် (12:38), (12:39)AM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်း သိရပါသည်။

#WaiHin #AS2026
Feb 10, 1:05 PM
📫သတင်းပို့ရန်
@WaiHinScout_Bot
Deleted Account
Photo
ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံးပြီးနောက်  လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်

ဖေဖော်ဝါရီလ ၁၀ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၂၃ ဦးသေဆုံးပြီး  စစ်ကြောင်းတစ်ခုလုံး အထိနာ၍ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီမှစ၍ ညနေ ၅ နာရီ အချိန်အထိ ပေါက်မြို့နယ်တောင်ပိုင်း၊ သီး ချောက်ကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ ၂၀ ဦးခန့် ထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီး အထိနာသွားသော စစ်ကြောင်းက ယင်းနေ့  ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပျူစောထီး ကျေးရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်၏ ကပစ ၂၄ မှ လက်နက်ကြီးများဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပေါက် မြို့နယ်ပကဖမှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် စစ်တပ်က  တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သားများနှင့် ပျူစောထီးများကို ခေါ် ဆောင်ကာ အင်အား ၁၇၀ ခန့်ဖြင့် ကပစ ၂၄ သို့ ထွက်လာစဉ် ဆင်ဇာကျေးရွာတောတိုက်အကျော် ပေါက်ချောင်းအောက်စု ကျေးရွာဘက်အရောက် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၃ နာရီခန့်ဖြစ်ခဲ့ပြီး စစ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၉ နာရီအချိန် ပေါက်မြို့နယ် ကပစ ၂၄ အတွင်း ဝင်ရောက်သွားပြီး လူနာများကို ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊  စစ်သားများ တက်ရောက်နေသည့် ပြည်သူ့ဆေးရုံကို စစ်တပ်က ပိတ်ဆို့ထားပြီး ပြည်သူများကို ဝင်ခွင့်မပေးကြောင်း သိရှိရသည်။

"တိုက်ပွဲမှာ စစ်ခွေးတွေ တော်တော်အထိနာလို့ အခုချိန်ထိ ကျေးရွာတွေထဲကို လေယာဉ်နဲ့ ဆက်တိုက်ကို ဗုံးကျဲနေတယ်။ ဒီနေ့ နံနက်ပိုင်းကလည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ ကျဲသွားတယ်။ အခုလည်း လေယာဉ်တွေ ဝဲနေတုန်းပဲ စစ်ခွေးစစ်ကြောင်းမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်ခွေးတွေ ပေါက်မြို့နယ်ပြည်သူ့ဆေးရုံမှာ ကုသနေတယ်လို့ သိရတယ်။ မြေပြင်မှာ တိုက်ပွဲမရှိဘူး။ သူတို့ အထိနာလို့ ရွာတွေကို ဗုံးလိုက်ကျဲနေတာ" ဟု မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် - ပကဖ နှင့် မြိုင် ပကဖ တို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ယင်းစစ်တပ်စစ်ကြောင်းသည် တပ်မ ၉၉ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေး ရွာများမှ ပျူစောထီးများ ပူးပေါင်းကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-မြိုင်ပကဖ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော စစ်သားတချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM
#7starmyaing
3🫡1
ပေါက်နယ် တောင်ပိုင်း တနေရာအား ယနေမနက်။ ၁၀ ခန့်ကစ၍ စက်တပ်လေထီး ဂျက်ဖိုက်တာများဖြင့် ( ၁၀ ) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခံ၍ ပြည်သူထိခိုက်တာရှိ။

<<<<<<<<<<<<<<<< >>>>>>>>>>>>>>>>>>>
February 10 ၊ 2026 ။ SanayThar


🚀 ဆိတ်ဖြူမြို့နယ် ကပစ -၂၂ ပျံတက်တဲ့ Paramotor စက်တပ်လေထီး တစီးဖြင့် (9:58AM)အချိန်ကလေကြောင်းတိုက်ခိုက်ခံရပြီး

🛩️ မကွေးလေတပ် ကလခတက် MIG - 29 ဂျက်ဖိုက်တာဖြင့် ပေါက်နယ်တောင်ခြမ်းတနေရာအား (10:49 ,10:51,10:53, 10:54,10:55AM)
၄ ကြိမ်
🛩️ မကွေး ကလခတက် JF - 17 ဂျက်ဖိုက်တာဖြင့် (10:58,10:59AM) ၂ ကြိမ်

🛩️ မကွေးလေတပ် ကလခ
တက် MIG -29 ဂျင်ဖိုက်တာဖြင့် (11:23 & 11:24 AM) ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခံရ၍ ကျေးရွာနေပြည်သူများ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့သိရသော်လည်း အသေးစိတ်အခြေအနေများအား ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

#Pauk #SeikPhyu
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
😢3
ပေါက်နယ်မှာ စစ်အုပ်စုက တိုက်လေယာဉ်သုံးစီးနဲ့ ရွာပေါ် ဗုံးတွေကြဲလို့ ပြည်သူ ၁၀ ဦးခန့် သေဆုံး၊ ဒဏ်ရာရသူ များပြား၊

အီသာရမ်/MFP ၊ ဖေဖော်ဝါရီ-၁၀

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စု‌ ဂျက်ဖိုက်တာ တိုက်လေယာဉ် သုံးစီးနဲ့ဗုံးတွေ ကြဲချလို့ ပြည်သူ ၁၀ ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက် ဒီနေ့မနက် ၁၀ နာရီခန့်မှာ ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်သုံးစီးနဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုက ကျေးရွာထဲရှိ နေအိမ်တွေကို အဓိက ပစ်မှတ်ထားတာ ဗုံးပတ်ကြဲခဲ့တာဖြစ်ပြီး ဗုံးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖိုက်တာ သုံးစီးနဲ့ကို ကြဲသွားတာ၊ ကနဦးသိရတာ‌ကတော့ ၁၀ ဦး သေဆုံးလို့ ပြောရမယ်၊ ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်”

အပြည့်အစုံကို - https://www.facebook.com/share/p/1ZxiPHtYov/

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP
#7starmyaing
3😢3
Deleted Account
Photo
ပေါက်နယ်မှာ စစ်အုပ်စုက တိုက်လေယာဉ် လေးစီးနဲ့ ရွာပေါ် ဗုံးကြဲ၊ ပြည်သူ ၁၀ ဦးခန့် သေဆုံး၊ ဒဏ်ရာရသူ များပြား၊


အီသာရမ်/MFP ၊ ဖေဖော်ဝါရီ-၁၀

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စု‌က ဂျက်ဖိုက်တာ တိုက်လေယာဉ် လေးစီးနဲ့ ဗုံးကြဲလို့ အိုးအိမ်တွေ ပျက်စီးကာ ပြည်သူ ၁၀ ဦးခန့် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူတွေလည်း များတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက် ဒီနေ့ မနက် ၁၀ နာရီခန့်မှာ ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်လေးစီးနဲ့ ပေါင် ၅၀၀ ဗုံးတွေ အပါအဝင် ၁၀ကြိမ်ခန့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုက ကျေးရွာထဲရှိ နေအိမ်တွေကို အဓိက ပစ်မှတ်ထားတာ ဗုံးပတ်ကြဲခဲ့တာဖြစ်ပြီး ဗုံးတွေ ကျရောက် ပေါက်ကွဲတာကြောင့် ပြည်သူ ၁၀ ဦး ထက်မနည်း သေဆုံးတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

#Mandalay_Free_Press_MFP
#7starmyaing
😢132
⚠️ပခုက္ကူ

ပခုက္ကူ​မြို့နယ်(အလယ်)မကျီးကန်ရွာဘုန်းကြီးကျောင်းထဲတွင်စခအင်အား(၂၀၀)ခန့်နှင့် စခကားကြီး(၃)စီးမှယခုအချိန်ထိထွက်ခွာချင်းမရှိသေးသိအတွက် စစ်ကြောင်းသတိပြုနေကြပါရန်

🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰@Daungmin
#MRSN
Feb 10 , 7:07PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
Forwarded from ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 (Dae Dae 1263 (⁠◕⁠ᴗ⁠◕⁠✿⁠)。⁠◕⁠‿⁠◕⁠。👉👉)
‌ပေါက် ⚠️⚠️

ပေါက်နယ် အတွင်းမှာရှိကြတဲ့ မိဘပြည်သူများခများ လေကြောင်းထပ်မံတိုက်ခိုက်နိုင်တာမို့ အထူးဂရုစိုက်ကြပါရန် တော်လှန်ရေး အဖွဲ့ကိုယ်စား သတိပေးအပ်ပါတယ်ဗျာ့။

#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
3
ကမ္မမြို့နယ်

ကမ္မမြို့နယ် ရဲစခန်းထဲသို့ {6/2/2026}နေ့တွင် ရောက်ရှိနေသော အကြမ်းဖက် စစ်ခွေးစစ်ကြောင်းသည်၊ ကမ္မရဲစခန်း အနီးရှိအိမ်များ၌ (၅)ရက်မြောက် ညအိပ်ဝပ်ကျင်းချနေကြောင်း သတင်းရရှိထားပါသည်။  

ပြည်သူများအနေဖြင့် စစ်ကြောင်း/လေကြောင်း/လက်နက်ကြီးအန္တရယ် သတိပြူနေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ဗျ။

#PKK News
#MRSN
Feb 10 , 8:00PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
1👍1