ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram

ကျွန်းချောင်းဓာတ်အားခွဲရုံ
‌ထရန်စဖော်မာ ထိခိုက်အပြစ်ဖြစ်၍ မြိုင်မြို့နယ် ၊ ကမ္မမြို့နယ် လျှပ်စစ်မီးပျက်တောက်နေကြောင်းသိရပါတယ်။

လျှပ်စစ်မီးပြတ်တောက်ချိန် ရက်ကြာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Feb , 5 8:00am
#MyitChay #kamma #myaing
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍2
Deleted Account
Photo
ဆောမြို့နယ်၊ မိအယ်ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းသူ ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်းရှိ မိအယ်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၁၃ နှစ်အောက် ကျောင်းသူ ၂ ဦးအပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်နှင့် ၄ နာရီ ၅၃ မိနစ်ခန့်တွင် ဆောမြို့နယ် ၊ ကျောက်ထုတိုက်နယ်အတွင်းရှိ မိအယ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၂ လံးကျဲချတိုက်ခိုက်ခဲ့ ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အောက် ကျောင်းသူ ၂ ဦး အပါအဝင် ပြည် သူ ၅ ဦး သေဆုံးပြီး နေအိမ် ၄ လုံးထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၁၀ နှစ်အောက် ၃ တန်း ကျောင်းသူ ၁ ဦး၊ အသက် ၁၃ နှစ်အရွယ် ၈ တန်းကျောင်းသူ ၁ ဦး၊ အသက် ၄၀ အရွယ်၊ အသက် ၅၃ နှစ်အရွယ်နှင့် အသက် ၇၀ အရွယ် အမျိုးသမီးတို့ သေဆုံးခဲ့ပြီး အသက် ၅၉ နှစ်နှင့် အသက် ၅၇ နှစ် အရွယ် အမျိုးသမီး ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျောက်ထုမြို့ရဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာမှာရှိတဲ့ မိအယ်ကျေးရွာထဲကို ကျဲချတာပါ။ ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲသွားတာဖြစ်ပါတယ်။ သေတဲ့ အထဲမှာ သားအမိ ၂ တွဲ ၄ ဦးနဲ့ ကျန်တဲ့ အမျိုးသမီး တစ်ဦးပဲ။ နေအိမ်ကလည်း မီးကျွမ်းသွားတယ်။ မကျဲခင် ၁ နာရီလောက်ကြိုပြီး ကျောက်ထုတပ် ကနေ ကင်းထောက် ဒရုန်းတွေနဲ့ ကင်းထောက်သေးတာ။ တိုက်ပွဲဖြစ်တာလည်းမရှိပဲနဲ့အကြောင်း မဲ့ဗုံးကျဲသွား တာပါ။” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့‌ ပြောကြားသည်။

ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်းရှိ ကျေးရွာများကို ကျောက်ထုအမြောက်တပ်ထဲမှ မကြာ ခဏ ဒရုန်းများဖြင့် ကင်းထောက်ပြီး လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်နေ သောကြောင့် မိဘပြည်သူများအနေဖြင့် လေယာဉ်သံကြားပါက စူးစမ်းခြင်းမပြုပဲ ပုန်းခိုကျင်းများ အ တွင်း ဝင်ရောက်ပုန်းခိုနေထိုင်ပေးကြပါရန် ယောအလင်းတန်းက တိုက်တွန်းထားသည်။

ဓာတ်ပုံ - စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မိအယ်ကျေးရွာမှ နေအိမ်များ။

#7starmyaing
🔥2
ဂန့်ဂေါမြို့ဝင်ဂိတ်မှာ ဆေးခန်းလာပြတဲ့ ပြည်သူ ၄ ဦးဖမ်းးဆီးးခံရ

ခလရ ၅၀ တပ်သားများ မဖေးချောက်မှာ မိုင်းးထော-င်နေ

ဖေဖော်ဝါရီ ၅၊ ၂၀၂၆၊ ဂန့်ဂေါ

ယနေ့မနကပိုင်းက ဂန့်ဂေါမြို့ မြို့ဝင်ဂိတ်တခုဖြစ်တဲ့ ဝီလပ်တံတားဂိတ်မှာ ဆေးခန်းပြရန်လာကြတဲ့ ဇယောရွာက အရပ်သားပြည်သူ ၄ ဦးကို ဂိတ်စောင့်စစ်အုပ်စုတပ်သားများက စစ်ဆေးးစရာရှိသည်ဟုဆိုကာ အကြောင်းမဲ့ ခလရ ၅၀ တပ်ကို ဖမ်းးဆီးးသွားကြောင်းသိရပါတယ်။

ဖမ်းဆီးးခံရတဲ့ ဇယောရွာကပြည်သူ ၄ ဦးဟာ ဂန့်ဂေါမြို့ကို ဆေးခန်းပြရန်လာရောက်ကြတာဖြသ်ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ညနေပိုင်းမှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကိုပြန်လွှတ်ပေးလိုက်ပြီး ကျန် ၂ ဦးကိုတော့ ခလရ ၅၀ တပ်ထဲမှာ ဖမ်းးဆီးးထိနိးးသိမ်းးထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ယခုလ ၃ ရက်နေ့က ခလရ ၅၀ တပ်ရဲ့မြောက်ဖက် ဒေသအခေါ် မဖေး ချောက်ဖက်ကိုထွက်သွားတဲ့ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းဟာ ယခုချိန်ထိ တပ်ထဲကိုပြန်လည်ဝင်ရောက်လာခြင်းမရှိသေးဘဲ မဖေးချောက်နဲ့ဘအနီးဝန်းကျင်နေရာတွေမှာ မိုင်းးများတပ်ဆင်၊ထော-င်ချောက်ဆင် မိုင်းးခင်းးနေကြတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ယောအလင်းတန်း
#MRSN
Feb5 , 10:06PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
2
🚨အပြင်သတင်း

တော်လှန်ညီကိုများနှင့် မိဘပြည်သူများခင်များ လက်ရှိ‌ နွေဦးအစ ရာသီအချိန်ကာလတွင်"လက်ပံတေဖူး ၊ခွေးတေရူး"ဆိုသည့် ရှေးစကားဆိုအတိုင်း လက်ပံများဖူးချိန်သို့ကျရောက်လာ၍ ခွေးတိရစ္ဆာန်များ ရူး၍ လူများနှင့်တိရစ္ဆာန်များကို ကိုက်နေသည်ကိုတွေ့ရှိရပါသည်။

ထိုသို့ဖြစ်ပွာမှုများကြောင့် ဆေးကုသမှု ခံယူရသူများကိုလည်း မျက်မြင်တွေ့‌ရှိခဲ့ရတာလူဦးရေ{၅}ယောက်အထက်သို့ရောက်ရှိခဲ့သည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ အထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါသည် ခင်များ။

*မှတ်ချက်-ခြောက်လှန့်ခြင်းမဟုတ်ပါ ။

အားလုံး၊အားလုံးးဂရုစိုက်ကြပါဗျ။

# ပုလဲမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့
ရေစကြို

ရေစကြိုမြို့နယ် ဆင်ချောင်း ရွာနှင့် ဆားတောင်ရွာသို့ညအိပ်ခဲ့သော စခအင်အား၂၀၀ ဝန်းကျင်ခန့်သည် ကံသစ်ကျေးရွာ ဘုန်းကြီးကျောင်း တောင်ကျောင်းနှင့်မြောက်ကျောင်းသို့ ရိက္ခာ အများပျားနှင့် ဝင်ရောက်နေကြောင်း သတင်းရရှိပါတယ်။


Feb 6. 7:3AM
#Threestarsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
#မုန်တိုင်း
👍41
⚠️ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်ငဖောင်ကန်-တဲကုန်းရွာမှထွက်ခွာလာသောစခစစ်ကြောင်းသည်ငဖောင်ကန်ရွာသို့ပြန်လည်ဝင်ရောက်သွားကြောင်းသိရပါတယ်။

#pdn
MRSN
Feb 6 , 7:35AM


⚠️ပခုက္ကူ

ပခုက္ကူ​မြို့နယ် ညောင်ဂျစ်ပင်ပျူရွာမှထွက်ခွာလာသော စခစစ်ကြောင်းပြည့်အိုင်ရွာရောက်ရှိတယ်လို့သိရ..

🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰@Daungmin
#MRSN
Feb 6 , 8:22AM
#Threestarsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍1
​​​​ကမ္မမြို့နယ်

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်ခွေးစစ်ကြောင်းသည်၊ ကမ္မမြို့ အမှတ်(၅)မြို့မရပ်ကွပ်မှ အနောက်ဘက်သို့ ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။ 

#PKK News
#MRSN
Feb 6 , 9:07AM
#Threestarsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
⚠️ပခုက္ကူ

ပခုက္ကူ​မြို့နယ် ညောင်ဂျစ်ပင်ပျူရွာမှထွက်ခွာလာသော ကံမ္မရဲစခန်းထဲသို့ဝင်ရောက်သွားကြောင်းသိရ..

🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰@Daungmin
#MRSN
Feb 6 , 9:11AM
#Threestarsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍2
⚠️ပခုက္ကူ

ပခုက္ကူ​မြို့နယ်ငဖောင်ကန်ရွာနှင့်တဲကုန်ရွာမှထွက်ခွာလာသော စခစစ်ကြောင်းမှာ ပခုက္ကူတပ်မ ၁၀၁ ခွေးခြံထဲသို့ဝင်ရောက်သွားကြောင်းသိရ..

🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰@Daungmin
#MRSN
Feb 6 , 9:23AM
#Threestarsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍2
ထီးလင်းနယ်အရှေ့တောင်ခြမ်းတနေရာကို စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့်အကြောင်းမဲ့ ဗုံးးကြဲ

ဖေဖော်ဝါရီ ၆၊ ၂၀၂၆၊ ထီးလင်း

မကွေးတိုင်း၊ယောဒေသ ထီးလင်းမြို့နယ် အရှေ့တောင်ခြမ်းတနေရာကို တို-က်ပွဲဲဖြစ် ပွားခြင်းမရှိဘဲ စစ်အုပ်စုက ဂျက်ဖိုက်တာတစ်စီးဖြင့် အကြောင်းမဲ့ ဗုံးးကြဲသွားတယ်လို့သိရပါတယ်။

တံတားဦးလေတပ်ကပျံတက်လာတဲ့ ဂျက်ဖိုက်တာတသ်စီးဖြင့် ယနေ့နေ့လည် ၁၂ နာရီခန့်မှာ ထီးလင်းမြို့နယ် ကျင်းကျေးရွာရဲ့ အရှေ့တောင်ဖက်နားတနေရာကို ဗုံးး ၂ လုံးးကြဲ-ချ အကြောင်းမဲ့ တို-က်ခို-က်သွားတာဖြစ်တယ်လို့သိရပါတယ်။

နောက်ဆက်တွဲသတင်းကို ဆက်လက်စုံစမ်း အတည်ပြုဆဲ ဖြစ်ပါတယ်။

Vd- အဟောင်း

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Feb 6 , 4:08PM
#Threestarsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
This media is not supported in your browser
VIEW IN TELEGRAM
6.2.2026🚨မြိုင်မြို့နယ်🚨
တံတားဦးလေတပ်မှ K-8W Fighter Jet(1)စီးဖြင့် မြိုင်နယ်အလယ်ကြောတစ်နေရာသို့
(4:42PM&4:43PM ) အချိန်ခန့်တွင် လေကြောင်းတိုက်ခိုက်မှု(2)ကြိမ်ပြုလုပ်သွားခဲ့တယ်လို့သိရ..လေကြောင်းသတိပြုနေကြပါရန်
🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰5:00PM
@Daungmin
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍21🔥1