ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
Deleted Account
Photo
ဂန့်ဂေါခရိုင် ယောဒေသအတွင်းရှိ ပျူစောထီးရွာများနှင့် စစ်တပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၄၂ ဦးသေဆုံးပြီး သေနတ် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ


ဇန်နဝါရီလ ၁၀ ရက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ယောဒေသအတွင်းရှိ ပျူစောထီးရွာများနှင့် စစ်တပ် စခန်းများကို တပြိုင်တည်း တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄၂ ဦးသေဆုံးပြီး သေနတ် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင်စစ်ဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ယောဒေသအတွင်းရှိ အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီးများ ပူးပေါင်း တပ်စွဲထားသော ဝင်ဝပျူစောထီးရွာ ၊ လယ်ကြီးအရှေ့ ပျူစောထီးရွာ ၊ လယ်ကြီး အနောက် ပျူစောထီး ရွာ၊ မြောက်ခင်ရမ်းရွာ၊ ရွှေမြစ်သာ ပျူစောထီး ရွာနှင့် တောကျောင်း ကာကင်းစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့များက ဝင်ဝပျူစောထီး ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၉ ရက်နေ့တို့တွင်လည်း မြောက်ခင်ရမ်း ပျူစောထီးရွာ နှင့် လယ်ကြီးအရှေ့ ပျူစောထီး ရွာ တို့ကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မြောက်ခင်ရမ်း ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းမှစ၍ ရွှေမြစ်သာ ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခန့်တွင် ပျူစောထီးစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်စစ်ဌာနမှ (Yawland Operation) စစ်ဆင်ရေးဟု အမည်ပေးထားပြီး ယောဒေသအတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ပျူစောထီးကျေးရွာများနှင့် စစ်တပ်စခန်းနေရာများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစစ်ဆင်ရေးကာလအတွင်းမှ လက်ရှိအချိန်အထိ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄၂ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ထံမှ G3 သေနတ် ၄ လက် ၊ ကာဘိုင် သေနတ် ၂ လက် ၊ ခါးချိုး သေနတ် ၂ လက် ၊ Jumber  ၁ လုံး ၊ ၆၀ မမ ဗုံးသီး ၅ လုံး ၊ လခြမ်းမိုင်း ၃  ခု၊ ချိန်း ၁ ခု ၊ G3 ကျည်  ၆၀ တောင့် ၊ 7.62 ကျည်  ၂၂၅ တောင့်၊ ကာဘိုင်ကျည် ၁၁၈၅ တောင့်၊ လက်ပစ်မိုင်း လုံး ၊ Icon စကားပြောစက် ၃ လုံး ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများအနေဖြင့် ဒေသပြည်သူများကို လုံခြုံသော နေရာသို့ ရွေ့ပြောင်းထားပြီး လိုအပ်သော ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ထားရှိကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ရှိ တပ်ရင်းများ ၊ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ ၊ KKG တပ်ရင်း(၅/၆) ၊ ဂန့်ဂေါခရိုင်/မြို့နယ် ပကဖ ၊ မြိုင်မြို့နယ် ပကဖ(ဗိုလ်လကျ်ာအဖွဲ့) ၊ ယောတပ်တော်(YA )၊YDF (ရဲဘော် ကောင်းကောင်း အဖွဲ့) ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း၊ (Yawland Operation) အနေဖြင့် ဆက်လက်တည်ရှိနေပြီး လိုအပ်သောပြင်ဆင်မှုများပြုလုပ်ကာ  စစ်ဆင်ရေးလုပ်ငန်းများ ဖော်ဆောင်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် အထူးသတိပြုစေလိုပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင်စစ်ဌာနက အသိပေးပြောဆိုထားသည်။

#KTM
5
မကွေး ⚠️

မကွေးလေတပ်မှ Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး မြောက် အရပ်သို့ပျံတက်။

#WaiHin
Jan 10, 7:55 PM
📫သတင်းပို့ရန် @WaiHinScout_Bot
3
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ရှင်မကန်ပျူရွာရောက် စစ်ခွေးစစ်ကြောင်းသည်၊ ရှင်မကန်ပျူရွာနှင့် ရှင်မကန်တောကျောင်း၌ ယာယီညအိပ်ဝပ်ကျင်းချနေကြောင်း သတင်းရရှိထားပါသည်။

အနီးနားရှိကျေးရွာများ သတိပြုနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

#PKK News
🗓️𝐉𝐚𝐧-10-9:38𝐏𝐌
#3starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
4
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် အင်ပင်ရွာ ခွေးဂိတ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။

အနီးနားရှိကျေးရွာများ သတိပြုနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

#PKK News
🗓️𝐉𝐚𝐧-10-10:18𝐏𝐌
#3starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍5
ဧရာဝတီ ရေပြင်

အောက်ဘက်မှ ဆန်တက်လာသော စခပါဖလပ်( ၁)စီး သံခွန် (၂)စီး စုစုပေါင်း(၃)စီးသည် ပခုက္ကူနယ် ချောက်ဦးသားရွာအနောက်ထိပ်သို့ရောက်ကာဆန်တက်နေကြောင်းသိရ။

#Yaypyin
Jan 11 , 7:44AM
📫သတင်းပို့ရန် @Yaypyin0bot
👍31
ရေစကြိုမြို့နယ် ⚠️

ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈ တပ်ရင်းများမှထွက်လာသော စစ်ခွေးစစ်ကြောင်းမှာ ရေစကြိုမြို့နယ် ပေညှင်းရွာ အနောက်ဘက် တောထဲးတွင်ရောက်ရှိနေကြောင်းသိရပါသည်။

#3starmyaing
Jan-11, 11:05AM
📬 သတင်းပေးပို့ရန် @myaing3starbot
4
ရေစကြိုမြို့နယ် ⚠️

ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈ တပ်ရင်းများမှထွက်လာသော စစ်ခွေးစစ်ကြောင်းမှာ ရေစကြိုမြို့နယ် ပညှင်းရွာ အနောက်ဘက် တောထဲ မှတစ်ဆင့် ကံသစ်ရွာ သို့ရောက်ရှိနေကြောင်း သိရပါသည်။


#3starmyaing
Jan-11, 11:32AM
📬 သတင်းပေးပို့ရန် @myaing3starbot
2
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် ကိုးပင်ရွာ သို့စစ်ခွေး များရောက်ရှိနေပြီး ချေရှုပ်နေကြောင်း သိရပါသည်။

#3starmyaing
Jan-11, 12:19PM
📬 သတင်းပေးပို့ရန် @myaing3starbot
1
ကမ္မမြို့နယ်

ကမ္မမြို့နယ် ရဲခွေးခြံမှ ဂျိုကြွနေသော ရဲခွေးများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-11-7:00𝐏𝐌
##3starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍21
11.01.2025
10:15 pm
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ တပ်ထဲမှာ လက်နက်ကြီး (၁၂၀ မမ) တွေရမ်းသန်းပစ်ခတ်နေတယ်လို့သိရပါတယ်။ လက်နက်ကြီးသံ (၄)ချက်ခန့်ရှိပီလို့သိရပါတယ်။‌ေကျာက်ထုအမြောက်တပ်ထဲမှ ရမ်းသန်းထုတဲ့ လက်နက်ကြီးတွေဟာ ဆင့်ကွဲလက်နက်ကြီးအမျိုးအစားတွေလို့သိရပါတယ်ခင်ဗျာ။ကျောက်ထုမြို့အနီးအနားကျေးရွာနေမိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ကြပါရန်နှင့် လက်နက်ကြီးဒဏ်ခံနိုင်မယ့်နေရာတွေမှာသာရွေးချယ်နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------------------ Aung Gyi -------------------------------

ယောအလင်းတန်း

#3starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
2
12.1.2026🚨ပခုက္ကူမြို့နယ်🚨
ပခုက္ကူမြို့နယ် အင်ပင်ရွာစခဂိတ်သို့ စခကားကြီး(၂)စီး အင်အားအပြည့်ဖြင့်ရောက်ရှိနေကြောင်းသိရ..
(စစ်ကြောင်းသတိပြုနေကြပါရန်)
🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰5:31AM
@Daungmin

#3starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
4
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ရေစကြိုမြို့နယ် ကံသစ်ရွာတွင် ညအိပ်ခဲ့သော ခလရ ၂၅၆/၂၅၇/၂၅၈ ပူးကြောင်းစစ်ကြောင်းမှ စကစအင်အား၃၀ခန့် ၇:၃၀မိနစ်အချိန်မှစ၍ တောင်အရပ်သို့ထွက်ခွာနေကြောင်း သတင်းရရှိ။

#WES
7:45am,Jan 12

#3starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍31
12.01.2026
12:50 pm
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ တပ်ထဲမှ လက်နက်ကြီး(၁၂၀ မမ)တွေရမ်းသန်းပစ်ခတ်နေတယ်လို့သိရပါတယ် လက်နက်ကြီးသံ (၈)ချက်ခန့်ရှိပီလို့သိရပါတယ်ခင်ဗျာ။ ကျောက်ထုမြို့အနီးအနားကျေးရွာ မိဘပြည်သူများအထူးဂရုစိုက်ကြပါရန်နှင့် လက်နက်ကြီးဒဏ်ခံနိုင်မယ့်နေရာတွေမှာသာရွေးချယ်နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------------------- Aung Gyi ---------------------------------

ယောအလင်းတန်း

#3starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot

ယခုအသုံးပြုနေသောချန်နယ်နှင့်စကားဝိုင်း အဟောင်းအား မနက်ဖြန်ဖြတ်ချတော့မှာဖြစ်တဲ့အတွက်Channelအသစ် စကားဝိုင်း အသစ်အား Joinထားပေးကြပါဗျ channel အသစ် Logoအသစ် စကားဝိုင်းအသစ်Linkများကိုအောက်တွင်ချပြထားတဲ့အတွက်ရှာစရာမလိုပဲတိုက်ရိုက်Joinပေးကြပါဗျ

👇👇👇

ချန်နယ် Link https://t.me/pakokku3star

စကားဝိုင်း Link. https://t.me/myaing3starA
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် အင်ပင်ရွာရောက်ရှိနေသော စစ်ခွေးစစ်​ကြောင်းသည်၊ မြောက်ဘက်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-12-11:10𝐀𝐌

7StarMyaing
📫သတင်းပေးပို့ရန်@Myaing3star>@myaing3starbot
👍2
ပခုက္ကူမြို့နယ် ⚠️


ပခုက္ကူမြို့နယ် အင်ပင်ရာွာသို့ရောက်ရှိနေသော စစ်ခွေး စစ်ကြောင်းမှာ အင်ပင်ရွာ ဘုန်းကြီးကျောင်း မှ ဘဲတည်ရှိနေပြီး ချပ်ပြုတ်စားသောက်နေကြောင်းသိရပါသည်။

အင်ပင်ရွာရှိ စစ်ခွေး စစ်ခွေး တစ်ချို့မှာ အင်ပင်ရွာ ဝန်းကျင်တွင်ကင်းပုန်းများဝတ်နေကြောင်း သိရပါသည်။

အင်ပင်ရွာနှင့်အနီးနားရှိမိဘပြည်သူများ သတိပြုရန်

#3starmyaing
Jan-12, 2:21PM
📬 သတင်းပေးပို့ရန် @myaing3starbot
👍2
ပေါက်မြို့နယ် 🛑

ပေါက်မြို့နယ် ချက်ကန်ကျေးရွာ ဝန်းကျင်တွင် တံတားဦးလေတပ်မှတပ်လာသောဂျတ်ဖိုက်တာ၂ စီးဖြင့် ဇန်နဝါရီ  လ ၁၁ ရက်နေက လေကြောင်းတိုက်ခိုက်မှု့ ၄ ကြိမ်ပြုလုပ်သွားကြောင်း သိရပါသည်။


ပခုက္ကူခရိုင် ⚠️⚠️


ပခုက္ကူခရိုင်အတွင်းရှိမိဘပြည်သူများ အနေဖြင့် သတိပြုနေထိုင်ကြစေရန် အသိပေးအပ်ပါသည်။

အကြမ်းဖတ် စစ်ကောင်စီမှ အပစ်မဲ့ပြည်သူများ အပေါ် ပစ်မှတ်ထား ပြီး လေကြောင်း နှင့် မြေပြင်စစ်ကြောင်း တို့အပြင် လက်နက်ကြီးများတို့ဖြင့် အမျိုးမျိုး ကောက်ကျစ် ယုတ်မာနေခြင်းကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်း အသိ့ လေကြောင်း သတိရှိကြပါရန် အသိပေးအပ်ပါသည်။


@tntp3star

#3starmyaing
Jan-12 , 2:31PM
📬 သတင်းပေးပို့ရန်
@myaing3starbot
1👍1
ပုလဲ-စစ်ကိုင်းတိုင်း⚠️

2:58pm (12 Jan)

မကွေးလေတပ်တက် စစ်ထောက်ပို့ တိုက်ခိုက် Y-12(1)စီး ပုလဲဖြတ် အနောက်‌မြောက်ဘက်သို့ ပျံသန်း။

⚠️  စစ်ကိုင်း ချင်း သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
1
12.01.2026
12:50 pm
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ တပ်ထဲမှ လက်နက်ကြီး(၁၂၀ မမ)တွေရမ်းသန်းပစ်ခတ်နေတယ်လို့သိရပါတယ် လက်နက်ကြီးသံ (၈)ချက်ခန့်ရှိပီလို့သိရပါတယ်ခင်ဗျာ။ ကျောက်ထုမြို့အနီးအနားကျေးရွာ မိဘပြည်သူများအထူးဂရုစိုက်ကြပါရန်နှင့် လက်နက်ကြီးဒဏ်ခံနိုင်မယ့်နေရာတွေမှာသာရွေးချယ်နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------------------- Aung Gyi ---------------------------------

ယောအလင်းတန်း
#MRSN
Jan-12 , 3:08PM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
1
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် အင်ပင်ရွာဘုန်းကြီးကျောင်းမှ စစ်ခွေးစစ်ကြောင်း အနောက်တောင်ဘက်သို့ ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-12-4:29𝐏𝐌
#3starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍2
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် အင်ပင်ရွာ ဘုန်းကြီး ကျောင်း မှထွက်လာသော စစ်ခွေး စစ်ကြောင်းမှာ ပခုက္ကူမြို့နယ် ကုန်းတက်ကန်ရွာ နှင့် ကိုင်းရွာကြားသို့ရောက်ရှိနေကြောင်း သိရပါသည်။


#3starmyaing
Jan-12 , 5:50PM

📬 သတင်းပေးပို့ရန် @myaing3starbot
👍3