ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
1
Photo
မြိုင်မြို့ ထွေအုပ်ရုံးမှာ ကင်းတာဝန်ကျနေတဲ့ အဓမ္မစစ်မှုထမ်း စုဆောင်းခံထားရတဲ့ တပ်သား ၁ ဦး ခဲယမ်းများယူလာကာ အလင်းဝင်

ဇန်နဝါရီလ ၉ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့ ထွေအုပ်ရုံးမှာ ကင်းတာဝန်ကျနေတဲ့ အဓမ္မစစ်မှုထမ်း စုဆောင်းခံထားရတဲ့ တပ်သား ၁ ဦး ခဲယမ်းများအပါယူကာ အလင်းဝင်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်မှ ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ် တပ်မ (၁၀၁) လက်အောက်ခံ (၂၅၁) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုညီညီဖြိုးဟာ   5.56 ကျည် ၁၃၀ တောင့်၊ ဗုံးသီး တစ်လုံး၊ နင်းမိုင်း တစ်ခု၊ MA1 ဘောက် ၃ ဘောက်တို့နဲ့အတူ အလင်းဝင်လာခဲ့တာပါ။

ဘက်ပြောင်းခိုလှုံခဲ့တဲ့ တပ်သား ညီညီဖြိုးကို ကျားသစ်နက် တပ်မတော်မှ ၁ နှစ်ခန့် စောင့်ရှောက်ထားခဲ့ပြီး၊ ဆုကြေးငွေ သိန်း ၂၀ ကျပ်ကို ချီးမြှင့်ကာ၊ ဇန်နဝါရီ ၉ ရက်မှာ ယင်းရဲ့ မိသားစုများနဲ့ ချိတ်ဆက်ပေးကာ နေရပ်သို့ ချောမွေ့စွာ ပြန်နိုင်ရေး ကူညီလုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဘုတလင်မြို့မှာ အခြေချနေထိုင်တဲ့  ကိုညီညီဖြိုးဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်က ဟုမ္မလင်းရွှေမျှောလုပ်ကိုင်နေစဥ်  အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာစွဲ ဖမ်းဆီးခံရပြီး၊ ကလေးမြို့ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံလိုက်ရပါတယ်။

အဲဒီကနေတဆင့် တံတားဦးသို့ စစ်ရဟတ်ယာဉ်နဲ့  ပို့ဆောင်ခြင်းခံခဲ့ရကာ၊ တံတားဦးမှ စစ်ယာဉ်တန်းဖြင့် ပခုက္ကူ၊ ပခုက္ကမှ မြိုင်မြို့သို့ ရိက္ခာကားတန်းဖြင့် လိုက်ပါခဲ့ရပြီး ယခုလို ထွက်ပြေး လွှတ်မြောက်ခဲ့ရတာလို့ အသိပေးပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရကာ စစ်မှုထမ်း နေကြတဲ့ လူငယ်တွေ အနေနဲ့ ဘက်ပြောင်းခိုလှုံခိုပါက တပ်ဖွဲ့ထံ ဆက်သွယ် ခိုလှုံနိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

#PVTV
#HlaingInfo
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
6
ဂန့်ဂေါ ခလရ ၅၀ တပ်ကို စစ်သည်အင်အား ထပ်မံဖြ​ည့်တင်းနေ

9.12.2026 ၊ဂန့်ဂေါ

မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ကို စစ်အုပ်ဖက်က စစ်သည်အင်အားများ ထပ်မံဖြည့်တင်းနေတယ်လို့သိရပါတယ်။

ခလရ ၅၀ တပ်ရဲ့ အရှေ့တောင်ဖက်နားက ပြည့်ဝ အမြောက်တပ် ၃၇၁ ကို ယနေ့နေ့လည် ၂ ရီခန့်က Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ်တစ်စီးဆင်းသက်ခဲ့ပါတယ်။ရဟတ်ယာဥ်နဲ့အတူ ဂန့်ဂေါခလရ ၅၀ တပ်အတွက် စစ်အုပ်စုတပ်ဖွဲ့ဝင် ၂၅ ဦးပါလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပြည့်ဝအမြောက်တပ်မှာ ရဟတ်ယာဥ်ဆင်းသက်နေစဥ်အတွင်း ဂန်ဂေါမြို့တွင်းမှာ စစ်အုပ်စုတပ်သားများ ကင်းပတ်နေကြပြီး ယခုရက်ပိုင်းတွေမှာ မြို့လုံခြုံရေးကိုလည်း တိုးမြှင့်ထားတယ်လို့သိရပါတယ်။

ခလရ ၅၀ တပ်ရဲ့ လစ်လပ်နေတာကြာပြီဖြစ်တဲ့ တပ်ရင်းမှူးနေရာအတွက် တပ်ရင်းမှူးအသစ်တစ်ဦးနဲ့ တပ်သား ၁၀ ဦးကိုလည်း ယခု ဇန်နဝါရီလ ၅ ရက်နေ့က Mi 17 စစ်ရဟတ်ယာဥ်ဖြင့် ပြည့်ဝအမြောက်တပ်မှာဆင်းကာ ဂန့်ဂေါမြို့ကို ရောက်ရှိလာပြီးဖြစ်တယ်လို့ သိရပါတယ်။

ယောအလင်းတန်း
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ဆယ်ပင်စုရွာသို့ ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းသည်၊ ဆယ်ပင်စုရွာ ဘုန်းကြီးကျောင်းထဲနှင့် ရွာထဲကအိမ်များ၌ ယာယီညအိပ်ဝပ်ကျင်းချနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-9-7:36𝐏𝐌

#MRSN
Jan-8 , 7:41 PM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
👍52
ရေစကြိုမြိုနယ်

ရေစကြိုမြို့နယ် ရွာငယ်ရောက်စစ်ခွေးများသည်
ရွာအနောက်ဘက်‌​ မြေနီကုန်း ဘက်ထွက်‌​နေကြောင်းသိရ။
IRON..🦅
𝐉𝐚𝐧-9-9:26𝐏𝐌

ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ဆယ်ပင်စုရွာသို့ ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းသည်၊ ဆယ်ပင်စုရွာ ဘုန်းကြီးကျောင်းထဲ၊ ဒေသခေါ် (ယူကလစ်တန်း)နား၊ အောက်ကျင်းစုရွာ ချောင်းစပ်၊ အောက်ကျင်းစုရွာဘုန်းကြီးကျောင်းတို့တွင် ကင်းပုန်းများဝတ်နေကြောင်း သတင်းရရှိထားပါသည်။ 

#PKK News
𝐉𝐚𝐧-9-9:36𝐏𝐌

7StarMyaing
📫သတင်းပေးပို့ရန်@Myaing3star>@myaing3starbot
5
မင်္ဂလာနံနက်ခင်းပါ🙏🙏🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် မိဘပြည်သူအပေါင်း PDFရဲဘော်အပေါင်း ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေ။

အာဏာရူး ခွေးရူး များ ဘေးမှအမြန်ဆုံး ကျော်လွန်လွတ်မြောက်ကြပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို့ 7StarMyaing အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏🙏🙏

7StarMyaing
📫သတင်းပေးပို့ရန်@Myaing3star>@myaing3starbot
9
10.01.2026
08:15 am
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ တပ်ထဲမှ စခအင်အား (၇၀)ခန့်ဟာ ယောမြို့ကျေးရွာဘက်ဆင်းလာနေတယ်လို့သိရပါတယ်။ မြို့ပေါက်ကျေးရွာ၊နတ်ရဲရပ်ကွက်၊ကျောက်ထုမြို့တွင်းတွေမှာလည်း စခတစ်ချို့ရှိနေကြတယ်လို့သိရပါတယ်ခင်ဗျာ။ ယနေ့ အမတ ၃၆၈ ထဲသို့ Mi-17 Helicopter တစ်စီးဆင်းသက်မယ်လို့လဲ သိရှိရပါတယ်။ ကျောက်ထုမြို့အနီးအနားကျေးရွာနေမိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်အထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------------------ Aung Gyi -------------------------------

ယောအလင်းတန်း
#3starmyaing
📫သတင်းပေးပို့ရန်@Myaing3star>@myaing3starbot
5🥰2
ပခုက္ကူ

ပခုက္ကူနယ်အနောက်တောင်ခြမ်း ဖြတ်၍ မုံရွာ နမခ မှ Mi-17 သယ်ပို့ရဟတ်ယာဉ် ၂ စီး အနောက် တောင်အရပ်သို့ ပျံသန်း။

#WaiHin
Jan 10, 08:30 AM
📫သတင်းပို့ရန် @WaiHinScout_Bot
👍51
10.01.2026
08:15 am
ကျောက်ထုသတင်း

Edit - ယောမြို့ကျေးရွာထဲ စခအင်အား (၅၀)ခန့်ရောက်ရှိနေသလို ရင့်ရဲကျေးရွာဘက်မှာလည်းစခ(အင်အားမသိရသေး)တစ်ချို့ရောက်ရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။အညာငါးရွာဘက်မိဘပြည်သူများအထူးဂရုစိုက်ကြပါခင်ဗျ။

ကျောက်ထု အမတ ၃၆၈ တပ်ထဲမှ စခအင်အား (၇၀)ခန့်ဟာ ယောမြို့ကျေးရွာဘက်ဆင်းလာနေတယ်လို့သိရပါတယ်။ မြို့ပေါက်ကျေးရွာ၊နတ်ရဲရပ်ကွက်၊ကျောက်ထုမြို့တွင်းတွေမှာလည်း စခတစ်ချို့ရှိနေကြတယ်လို့သိရပါတယ်ခင်ဗျာ။ ယနေ့ အမတ ၃၆၈ ထဲသို့ Mi-17 Helicopter တစ်စီးဆင်းသက်မယ်လို့လဲ သိရှိရပါတယ်။ ကျောက်ထုမြို့အနီးအနားကျေးရွာနေမိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်အထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------------------ Aung Gyi -------------------------------

ယောအလင်းတန်း
#MRSN
Jan-10, 8:39 AM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
ဂန့်ဂေါ ခလရ ၅၀ တပ်ကို စစ်သည်အင်အား ထပ်မံဖြ​ည့်တင်းနေ

9.1.2026 ၊ဂန့်ဂေါ

မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ကို စစ်အုပ်ဖက်က စစ်သည်အင်အားများ ထပ်မံဖြည့်တင်းနေတယ်လို့သိရပါတယ်။

ခလရ ၅၀ တပ်ရဲ့ အရှေ့တောင်ဖက်နားက ပြည့်ဝ အမြောက်တပ် ၃၇၁ ကို ယနေ့နေ့လည် ၂ ရီခန့်က Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ်တစ်စီးဆင်းသက်ခဲ့ပါတယ်။ရဟတ်ယာဥ်နဲ့အတူ ဂန့်ဂေါခလရ ၅၀ တပ်အတွက် စစ်အုပ်စုတပ်ဖွဲ့ဝင် ၂၅ ဦးပါလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပြည့်ဝအမြောက်တပ်မှာ ရဟတ်ယာဥ်ဆင်းသက်နေစဥ်အတွင်း ဂန်ဂေါမြို့တွင်းမှာ စစ်အုပ်စုတပ်သားများ ကင်းပတ်နေကြပြီး ယခုရက်ပိုင်းတွေမှာ မြို့လုံခြုံရေးကိုလည်း တိုးမြှင့်ထားတယ်လို့သိရပါတယ်။

ခလရ ၅၀ တပ်ရဲ့ လစ်လပ်နေတာကြာပြီဖြစ်တဲ့ တပ်ရင်းမှူးနေရာအတွက် တပ်ရင်းမှူးအသစ်တစ်ဦးနဲ့ တပ်သား ၁၀ ဦးကိုလည်း ယခု ဇန်နဝါရီလ ၅ ရက်နေ့က Mi 17 စစ်ရဟတ်ယာဥ်ဖြင့် ပြည့်ဝအမြောက်တပ်မှာဆင်းကာ ဂန့်ဂေါမြို့ကို ရောက်ရှိလာပြီးဖြစ်တယ်လို့ သိရပါတယ်။

တပ်ရင်းမှူးအသစ်ရောက်ရှိလာပြီး ယခုရက်ပိုင်းတွေမှာ မြို့နီးနားကျေးရွာတွေဖက်ကို ၁၂၀ မမ လ-က်န-က်ကြီးများနဲ့ မကြာခဏ အကြောင်းမဲ့ ပ-စ်ခ-တ်လေ့ရှိပြီး ယမန်နေ့ညကလည်း စိုင်းဒူးရွာအတွင်း လက်နက်ကြီးကျ-ည်တစ်လုံးကျရောက်ပေါ-က်ကွဲ့ခဲ့ကြောင်းသိရပါတယ်။

ယောအလင်းတန်း
#MRSN
Jan-10, 8:41 AM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
ရေစကြိူမြို့နယ် ⚠️

ရေစကြိုမြို့နယ် ရွာငယ်ရွာ သို့ညအိပ်တပ်စွဲးခဲ့သော စစ်ခွေး စစ်ကြောင်းမှာ ရေစကြိုမြို့နယ် သပြေပင်ရွာမြောက်ဘက်သို့ရောက်ရှိနေကြောင်း သိရပါသည်။


#3starmyaing
Jan-10 , 8:47AM
📬 သတင်းပေးပို့ရန် @myaing3starbot
👍5
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ဆယ်ပင်စုရွာသို့ ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းသည်၊ ဆယ်ပင်စုရွာမှ အရှေ့တောင်ဘက်သို့ ဦးတည်၍ စတင်ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
#MRSN
Jan-10, 8:45 AM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ဆယ်ပင်စုရွာမှ အရှေ့တောင်ဘက်သို့ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ ဖလံအိုရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-10-9:12𝐀𝐌
#3starmyaing
📫သတင်းတင်းပေးပို့ရန်@myaing3starbot
👍31
10.01.2026
09:45 am
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ တပ်ထဲမှ လက်နက်ကြီး(၁၂၀ မမ)တွေရမ်းသန်းပစ်ခတ်နေတယ်လို့သိရပါတယ်ခင်ဗျာ။ လက်နက်ကြီးသံ (၅)ချက်ခန့်ရှိပီလို့သိရပါတယ်။ကျောက်ထုတပ်မြောက်ဘက်ခြမ်းတွေကိုထုတာလို့သိရပါတယ်ခင်ဗျာ။ ရင့်ရဲကျေးရွာ၊ယောမြို့ကျေးရွာ၊ပေါက်ခေါင်းကျေးရွာ၊နတ်ရဲရပ်ကွက်တွေမှာ စခတွေဟာရောက်ရှိနေကြတယ်လို့သိရပါတယ်ခင်ဗျာ။ကျောက်ထုမြို့အနီးအနားကျေးရွာမိဘပြည်သူများ အစစအရာရာအထူးဂရုစိုက်ကြပါခင်ဗျာ။လက်နက်ကြီးဒဏ်ခံနိုင်မယ့်နေရာတွေမှာသာရွေးချယ်နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------------------ Aung Gyi ------------------------------

ယောအလင်းတန်း
#MRSN
Jan-10, 9:48AM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
5👍1
ပခုက္ကူမြို့ နယ် ⚠️

ပခုက္ကူမြို့ မြို့ပတ်လမ်းမီးသက်ရှုံးမှ ထွက်လာသော စစ်ခွေး စစ်ကြောင်းမှာ ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာ သို့ရောက်ရှိနေကြောင်း သိရပါသည်။

#3starmyaing
Jan-10 , 10:14AM
📬 သတင်းပေးပို့ရန် @myaing3starbot
4👍3
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် အရှေ့ဘုန်းကန်ပျူရွာ သို့ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းမှာ စစ်ခွေးဗိုလ် အပြောင်းအလဲ လာလုပ်သွားတယ်ဟုသိရပါသည်။

#3starmyaing
Jan-10, 12:00PM
📬 သတင်းပေးပို့ရန် @myaing3starbot
👍2
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ဖလံအိုရွာသို့ ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းသည်၊ ရှင်မကန်ပျူခွေးခြံထဲသို့ လေးဘက်ထောက်၍ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-10-1:20𝐏𝐌

#MRSN
Jan-10, 1:39 PM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
4
ဧရာဝတီ ရေပြင်

အောက်ဘက်မှ ဆန်တက်လာသော စခပါ အမြန်ယာဥ် ၁စီးသည် ပခုက္ကူနယ် လေးလံကျွန်းရွာဘေးဘက်ရှိကျွန်းစွယ်တွင်ရပ်နေကြောင်းသိရ။

#Yaypyin
Jan 10 , 3:06PM
📫သတင်းပို့ရန် @Yaypyin0bot
👍4
ထီးလင်းမြို့ရဲ့ လတ်တလောအခြေအနေ

မကြာမီ စစ်ကြောင်းထွက်နိုင်

10.1.2026 ၊ထီးလင်း

ယောနယ်အပါဝင် ထီးလင်းမြို့နယ်မှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကို ယခုလတ်တလောရက်တွေ (တပတ်အတွင်း) ၂၇ ကြိမ်ထက်မနည်းခံထားရပါတယ်။

ယခုဇန်နဝါရီလ ၃ ရက်နေ့ည ၈ နာရီခန့်မှာဂျက်ဖိုက်တာဖြင့် ၁ ကြိမ်၊ ၇ ရက်နေ့ နေ့လည်ပိုင်းမှာ Y 12 လေယာဥ်ဖြင့် ၁၂ ကြိမ်၊ယနေ့ ၁၀ ရက်နေ့မှာ ဂျက်ဖိုက်တာ ၃ စီးဖြင့် ၃ ကြိမ်၊Y 12 လေယာဥ် ၂ စီးဖြင့် ၁၁ ကြိမ် စုစုပေါင်း ၂၇ ကြိမ်မှာ ဗုံးးအလုံးရေ ၁၃၉ လုံးထက်မနည်း ကြဲ-ချကာ စစ်အုပ်စုက ထီးလင်းမြို့နယ်နေရာတော်တော်များမျာယကို တို-က်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့တို-က် ခို-က်ခဲ့တာဖြစ်ပါတယ်။

၎င်းနောက်ထီးလင်းမြို့စစ်အုပ်စု အပြောင်းအလဲအတွက် ယခု ၅ ရက်အတွင်း Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ် ၂ စီး ၂ ကြိမ် ၄စီး ကို ဇန်နဝါရီလ ၇ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေ့မှာ ထီးလင်းမြို့နယ်အား/ ကာ ဘောလုံးကွင်းအတွင်း ဆင်းသက်ခဲ့ပြီးဖြစ်ပါတယ်။

ယောအလင်းတန်းက ရရှိထားတဲ့ ၂၀၂၄ ခုနှစ်၊ထီးလင်းမြို့ပေါ်မှာ စစ်အုပ်စုတပ်သား (စစ်သား) အရေအတွက်ဟာ ၁၃၄ ဦးဖြစ်ပြီး ထိုအတောတွင်း ထိ ခို-က်​ေ သ ဆုံးနဲ့ အလင်းဝင်၊အပြောင်းရွေ့များဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်ကုန်ပိုင်းမှာ ၁၂၅ ဦးခန့်သာ ကျန်ရှိနေနိုင်တယ်လို့ ခန့်မှန်းသိရှိရပါတယ်။

မူလက ထီးလင်းမြို့မှာ စစစ်အုပ်စုစခန်းနဲ့ တပ်ဖွဲ့များမရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်အုပ်စုက အာ-ဏာ-သိမ်းပြီးအချိန်မှသာ စစ်အုပ်စုဖက်က တပ်ဖွဲ့ဝင်များ စေလွှတ် တပ်စခန်းများချကာ အခြေပြုနယ်မြေစိုးမို့း ထိန်းးချုပ်နိုင်ရန်ကြိုးစားလာခဲ့ခြင်းဖြစ့ပါတယ်။

၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းဇန်နဝါရီလ အရောက်မှာတော့ မူလကရော၊ယခုရှိနေကြတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် အားလုံး ကိုအစုလိုက်အပြုံလိုက် အပြောင်းအလဲပြုလုပ်လာခြင်းဖြစ်ပါတယ်။အချိန်အတော်ကြာ နယ်မြေစစ်ကြောင်းမထွက်နိုင်၊မြို့လုံခြုံရေးအတွက်သာရှိနေကြတာကတကြောင်း၊ရောက်ရှိနေထိုင်လာချိန်ကြာမြင့်လာသည်နဲ့အမျှ နယ်မြေခံ ပြည်သူ့တော်လှ-န်ရေးအဖွဲ့များနဲ့ အလျင်းသင့်အဆင်ပြေအောင် မလှုပ်၊မပြု-တ်အနေအထားဖြစ်နေကြခြင်းတွေကြောင့် ယခုလို အစုလိုက်အပြုံလိုက် တခါတည်းအလဲအပြောင်းပြုလုပ်သွားတာဖြစ်ပါတယ်။

တပ်မ ၂၂၊၃၃၊ ၅၅၊ ၇၇ ၊၁၀၁ စတဲ့တပ်မတွေက စုပေါင်းစပ်ပေါင်း တပ်ဖွဲ့ဝင်တွေနဲ့ စုပေါင်းအခြေပြုထားရတဲ့ ထီးလင်းမြို့ပေါ်က စစ်အင်အားကို မိတ္ထီလာအခြေစိုက် တပ်မ ၉၉ ကတပ်ဖွဲ့ဝင်များနဲ့ အစားထိုးလဲလှယ်သွားတာဖြစ်ပါတယ်။ယခုအစားထိုးရောက်ရှိလာကြတဲ့ တပ်မ ၉၉ ကတပ်ဖွဲ့ဝင် ၁၂၀ ခန့်မှာ သန္ဓေလို့ခေါ်တဲ့ အမြဲတမ်းစစ်သား အရာရှိ၊အကြပ်၊စစ်သည် ၅၀ ဦးခန့်သာပါရှိနိုင်ပြီး ကျန် ၇၀ ခန့်က ပစ ခေါ် စစ်မှုထမ်းတပ်သားသစ် လူငယ်လေူများသာ များများရောက်ရှိလာတာကိုတွေ့မြင်ရတယ်လို့ စစ်သတင်းရင်းမြစ်က ပြောပါတယ်။

လေကြောင်းတို-က်ခို-က်မှု့ ၂၇ ကြိမ်အတွင်း ထီးလင်းမြို့နယ်မှာ အရပ်သားပြည်သူ ၄ ဦးထိ-ခို-က် ဒ-ဏ်ရာ ရရှိခဲ့ပြီး ထိုအထဲက အမျိုးသား ၂ ဦး​ေ သဆုံးခဲ့ပါတယ်။

မူလလက်ဟောင်း စစ်ကြောင်းကြီးကို ဘီလူးးစစ်ကြောင်းးဟု အနယ်နယ်အရပ်ရပ်မှာသွားရောက် အားဖြည့်စစ်ကူ စစ်ကြောင်းထိုးး(တကြောင်းလုံးပြုတ်)တတ်တဲ့ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ တပ်က ထီးလင်းမြို့ကို အစားထိုးဝင်ရောက်လာပြီဖြစ်တဲ့အတွက် တပွဲတလမ်းအကဲစမ်းတဲ့အနေဖြင့် များမကြာမီရက်ပ်ိုင်းအတွင်း မြို့နီးနားကျေးရွာဆီ နယ်မြေစမ်း လှုပ်ရှားစစ်ကြောင်းထိုးဝင်ရောက်လာနိုင်ပါတယ်။မိဘပြည်သူများ၊ပြည်သူ့တော်လှ-န်ရေးတပ်ဖွဲ့များ ကြိုတင်သတိထားနိုင်ကြရန်လိုအပ်ပါကြောင်းတင်ပြအပ်ပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Jan-10, 4:45PM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
3
ဧရာဝတီ ရေပြင်

ပခုက္ကူနယ် လေးလံကျွန်းရွာဘေးဘက်ရှိကျွန်းစွယ်တွင်ရပ်နားခဲ့သော စခပါ အမြန်ယာဥ် ၁စီးသည် ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်သို့ဆန်တက်နေကြောင်းသိရ။

#Yaypyin
Jan 10 , 5:28PM
📫သတင်းပို့ရန် @Yaypyin0bot
2