ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
647 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
Jan 8
2:00PM

ဧရာဝတီမြစ်ကြောင်းမှ တက်လာသော စခ စစ်ကြောင်းသည် တောင်သာမြို့နယ် နှင့် ညောင်ဦးအစပ်ရှိ မာလာ(တောင်သာ)မြစ်ဆိပ်သို့ရောက်ရှိနေပြီး သေနတ်များပစ်ဖောက်နေ၊

ပြည်သူများဂရုစိုက်ကြပါ

လူထုလှုပ်ရှားမှုကော်မတီ၊ တောင်သာ

#3starmyaing
Jan-8 ,2:05PM
📬 သတင်းပေးပို့ရန် @myaing3starbot
👍21
ဂန့်ဂေါမြို့တွင် စစ်ကောင်စီမှပြုလုပ်မည့်ရွေးကောက်ပွဲနေ့တွင် မြို့ကို တော်လှန်ရေးတပ်ဖွဲ့များလာရောက်တိုက်ခိုက်မှာကို စိုးရိမ်၍ ယနေ့မှစ၍ အင်အားအများအပြားဖြင့် မြို့ထဲကိုကင်းပတ်နေ။

၈.၁.၂၀၂၆/သတင်း-ရောင်နီ

ဂန့်ဂေါမြို့တွင် ယနေ့ဇန်နဝါရီလ ၈ရက်နေ့ မနက်ပိုင်း ၁၁နာရီအချိန်မှစ၍ ခလရ(၅၀)တပ်ရှိ စစ်ကောင်စီတပ်သားများ၊မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့၀င်များပါသော ကား၆စီးဖြင့် မြို့ထဲကို လှည့်ပြီးကင်းပတ်နေကြကြောင်းသိရှိရပါသည်။မြို့ပေါ်ကို ကင်းပတ်နေကြသော စစ်ကောင်စီတပ်ဖွဲ့များဟာ အင်အား ၅၀ကျော် ပါဝင်ပြီး ကား၁စီးပေါ်တွင် ပွိုင့် ၅စက်သေနတ်ပါ တင်ထားကြောင်းစုံစမ်းသိရှိရပါတယ်။

``ခလရ၅၀တပ်ကနေ ထွက်လာကြတာ ကား၆စီးနဲ့အင်အား၅၀ကျော်လောက်ပါတယ်၊ကား၆စီးထဲက လူကြီးစီးတဲ့၁စီးပေါ်မှာ ပွိုင့်၅စက်သေနတ်တစ်လက်တင်ထားတယ်။ရွေးကောက်ပွဲက ၁၁ရက်နေ့လုပ်မှာဆိုတော့ မြို့အနား တော်လှန်ရေးတပ်ဖွဲ့တွေ မကပ်ရဲအောင်လို့ အင်အားပြတဲ့သဘောနေမယ်ဗျ။ညကလည်း မြစ်အနောက်ဘက်ခြမ်းကို ၁၂၀မမ ၂ချက်ထုသေးတယ် ဘယ်နားတွေကျလည်းတော့မသိဘူး။နောက်ပြီး ဒီနေ့ကစမြို့အ၀င်ဂိတ်တွေမှာ လုံခြုံရေးတိုးထားတယ်လို့လည်း ကြားနေရကြောင်း ´´ဂန့်ဂေါမြို့နေပြည်သူတစ်ဦးက ယောအလင်းတန်းကို ပြောပါတယ်။စစ်ကောင်စီဟာ ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရမည့်ဖြစ်တဲ့အတွက် မြို့ပေါ်ရပ်ကွက်၄ခုမှာ ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်ထားကြောင်းသိရှိရပါသည်။

စစ်ကောင်စီအနေနဲ့ လွန်ခဲ့သောရက်ပိုင်းက ဂန့်ဂေါမြို့၊ခလရ(၅၀)တပ်ကို Mi17ရဟတ်ယာဥ်ဖြင့် လစ်လပ်နေသောတပ်ရင်းမှုးနေရာအတွက် အရာရှိအသစ်အပါအဝင် စကစအင်အား ၁၀ယောက်ထက်မနည်း အင်အားဖြည့်တင်းထားကြောင်းသ်ိရှိရပါသည်။စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း(၂)တွင် ဂန့်ဂေါမြို့နယ်ပါဝင်နေပြီး မြို့ပေါ်ရှိ အမှတ်(၁)မြောက်ကုန်းရပ်ကွက်၊အမှတ်(၂)စည်ပင်သာယာရပ်ကွက်၊အမှတ်(၃)မြို့မရပ်ကွက်နှင့်အမှတ်(၄)ကျောတိုက်ရပ်ကွက်တို့ရှိ စာသင်ကျောင်းမှာကို မဲရုံများအဖြစ် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။*အထက်ကခိုင်းလို့ လုပ်ရတဲ့အနေအထားဖြစ်နေတာပါ၊ဘာလို့ဆို ဂန့်ဂေါမှာ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ပါတီက ကြံ့ခိုင်ရေးပါတီ(USDP)ပဲရှိတာလေ။ပြိုင်ဖက်မရှိလို့ ကြံဖွတ်ပါတီကပြိုင်တဲ့အမတ်တွေကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်တောင် စကစရဲ့ရွေးကောက်ပွဲကော်မရှင်ကကြေညာထားပြီးပြီ။နောက်ပြီး သူတို့လုပ်တဲ့ရွေးကောက်ပွဲကလည်း တမြို့နယ်လုံးမှာ ရှိတဲ့မဲပေးခွင့်ရတဲ့သူတွေနဲ့မြို့ပေါ်ကမဲပေးခွင့်ရှိသူတွေအကြား နှိုင်းယှဥ်ကြည့်ရင် ၆ပုံ၁ပုံလောက်ဖြစ်နေတယ်။မြို့ပေါ်မှာခုလက်ရှိက သူတို့လက်အောက်ကဝန်ထမ်းတွေအများစုနေကြတာလေ။တမြို့နယ်လုံးမှာ ကျေးရွာအုပ်စု(၇၀)ကျော်ရှိပြီး မြို့ပေါ်၄ရပ်ကွက်နဲ့ကျောကပစ(၂၃)ရှိရာ ကန့်သတ်ကျေးရွာတို့မှာသာ မဲရုံလုပ်နိုင်တာဟာ သူတို့ရဲ့စိုးမိုးထိန်းချုပ်ထားနိုင်တဲ့နယ်မြေအခြေအနေကိုသိသိသာသာမြင်တွေ့ရကြောင်း *ဒေသတွင်းစစ်ရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးထံကသိရှိရပါသည်။

စစ်ကောင်စီအနေနဲ့ဂန့်ဂေါမြို့ပေါ်တွင် ရွေးကောက်ပွဲပြုလုပ်ရန်ပြင်ဆင်နေသော်လည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ မြင်းဇာကျေးရွာ၊တောင်ခင်ရန်းကျေးရွာ၊ရွှေဘိုကျေးရွာ အစရှိတဲ့ကျေးရွာများကို လေကြောင်းမှ Y12၊ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဥ်ပြုလုပ်နေတာဖြစ်ပါတယ်။ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးအထူးသတိရှိကြဖို့နှင့် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားရာနေရာများအနီးတဝိုက်ကို သွားလာခြင်းများမပြုလုပ်ကြရန် ဒေသတွင်းတော်လှန်ရေးအဖွဲ့များက သတိပေးပြောဆိုထားပါသည်။

ယောအလင်းတန်း
#MRSN
Jan-8 , 2:53 PM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
2👍1
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ကန်ရက်ကြီးရွာသို့ရောက်ရှိနေသော စခစစ်ကြောင်းမှာ (ဒေသအခေါ် ရွှေဘုံသာကျောင်းအနီး သို့ရောက်ရှိနေကြောင်းသိရ..
(စစ်ကြောင်းသတိပြုနေကြပါရန်)

🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰@Daungmin
#MRSN
Jan-8 , 3:28PM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကံရပ်ကြီးရွာမှ ပြည်သူနေအိမ်များအား မီရှို့ခဲ့သော စစ်ခွေးစစ်ကြောင်းသည်၊ ညောင်ဂျစ်ပင်ပျူခွေးခြံထဲသို့ လေးဘက်ထောက်၍ စတင်ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။

🚨မိဘပြည်သူများ စစ်ကြောင်း၊လေကြောင်း အထူးဂရုစိုက်ကြပါဗျ။

#PKK News

#MRSN
Jan-8 , 3:30PM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု သတင်း ။
၈ ၊ ၁ ၊ ၂၀၂၆ 


အကြမ်းဖက် စစ်‌ကောင်စီက ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်း ၆နာရီ ၄ မိနစ် အချိန်ခန့်က မြိုင်မြို့နယ် မန်ကျည်းကန်နှင့် ညောင်ကုန်းကျေးရွာကြား  တောတိုက်ထဲတနေရာ ကို  Jet Fighter (၁) စီးဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။

ထို့အပြင်   မွန်းလွဲပိုင်း ၁ နာရီ ၅၂ မိနစ် အချိန်ခန့်တွင်  အထက်ပါ မန်ကျည်းကန်ရွာ မြောက်ပိုင်းကို Jet Fighter (၁)စီးဖြင့် ထပ်မံ အကြောင်းမဲ့ တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ နေအိမ် (၂) လုံးပျက်စီးခဲ့ပါသည်။

ယခုရက်ပိုင်း မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက အရပ်သားပစ်မှတ်များကို  အကြောင်းမဲ့သပ်သပ် လေ‌ကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ရှိလာ၍ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြပါရန် ပန်ကြားအပ်ပါသည်  ။

မြိုင်ပကဖ

Jan-8-4:10PM

7StarMyaing

📫သတင်းပေးပို့ရန်@Myaing3star>@myaing3starbot
1
ပခုက္ကူမြို့နယ်

ကံရပ်ကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့
စစ်ကောင်စီတပ်တွေဟာ ညနေ 3:20 ခန့်မှာ
ညောင်ဂျစ်ပင်ပျူရွာကို ရောက်ရှိသွားတယ်လို့
သိရပါတယ်။

ကံရပ်ကြီးရွာ မီးရှိူ့ခံရမှု အိမ်ခြေနှစ်ရာဝန်းကျင်
ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကနဦးသိရပါတယ်။

W.LM...🦅
Jan-8-4:15PM

7StarMyaing

📫သတင်းပေးပို့ရန်@Myaing3star>@myaing3starbot
👍3
ပခုက္ကူမြို့နယ် ⚠️

ကမ္မတိုက်နယ် ညောင်ဂျစ်ပင်ပျူခွေးခြံထဲသို့ ရောက်ရှိနေသော စစ်ခွေးပျူခွေးစစ်ကြောင်းသည်၊ ကမ္မရဲစခန်းထဲသို့ (၁)ဖွဲ့ လေးဘက်ထောက်၍ စတင်ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။

🚨မိဘပြည်သူများ စစ်ကြောင်း၊လေကြောင်း အထူးဂရုစိုက်ကြပါရန်။

#PKK News
Jan 8, 6:28PM

📫သတင်းပေးပို့ရန်@Myaing3star>
@myaing3starbot
👍1
ပခုက္ကူမြို့နယ် ကမ္မ ⚠️

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူရွာမှ ထွက်လာသော စစ်ခွေး စစ်ကြောင်းမှာ ကမ္မ သို့ရောက်ရှိနေကြောင်း သိရပါသည်။

#3starmyaing
Jan-8 , 6:35PM
📬 သတင်းပေးပို့ရန် @myaing3starbot
2
မြိုင်မြို့နယ် ⚠️

မြိုင်မြို့နယ် အရှေ့ခြမ်းဖြတ် ၍ ပခုက္ကူ တပ်မ ၁၀၁ တပ် UAV Drone တစ်စီးအရှေ့မြောက်အရပ်သို့ပျံသန်း ။

#3starmyaing
Jan-8 , 6:39PM
📬 သတင်းပေးပို့ရန် @myaing3starbot
👍2
မြိုင်မြို့နယ် ⚠️

မြိုင်မြို့နယ် အရှေ့မြောက်ခြမ်းတွင်ပခုက္ကူ တပ်မ ၁၀၁ တပ် UAV Drone တစ်စီးပျံသန်းဝဲ။

မိဘပြည်သူများ သတိပြုရန်

#3starmyaing
Jan-8 , 6:42PM
📬 သတင်းပေးပို့ရန် @myaing3starbot
👍2
ဒီပဲယင်း / ငါန်းဇွန် / မြိုင် / ကနီ / ဘုတလင်/ ပေါက် / မုံရွာ ⚠️

ဒီပဲယင်း / ငါန်းဇွန် / မြိုင် / ကနီ / ဘုတလင်/ ပေါက် / မုံရွာ နယ်တို့ တွင်  Scout Drone များ လှည့်ပတ်ပျံသန်းနေ။

#WaiHin
Jan 8, 06:39 PM
📫သတင်းပို့ရန် @WaiHinScout_Bot
2
1
ပခုက္ကူမြို့နယ် ကမ္မ ⚠️ ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူရွာမှ ထွက်လာသော စစ်ခွေး စစ်ကြောင်းမှာ ကမ္မ သို့ရောက်ရှိနေကြောင်း သိရပါသည်။ #3starmyaing Jan-8 , 6:35PM 📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် ကမ္မတိုက်နယ် ညောင်ဂျစ်ပင်ပျူခွေးခြံထဲမှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ ကမ္မရဲစခန်းထဲသို့လေးဘက်ထောက်၍ ဝင်ရောက်နေပြီး၊ အမှတ်(၆) လမ်းမတော်ရွာနှင့် ရဲစခန်းအနီးရှိ အိမ်များထဲသို့ ဝင်ရောက်နေကြောင်းသိရပါသည်။

ကမ္မ၊မြိုင်၊မြစ်ခြေ စသည့်မြို့နယ်များမှ မိဘပြည်သူများ စစ်ကြောင်း၊လေကြောင်း အထူးဂရုစိုက်ကြပါရန်အသိပေးအပ်ပါသည်။

#PKK News
#3starmyaing
𝐉𝐚𝐧-8-6:55PM
📬 သတင်းပေးပို့ရန်
@myaing3starbot
1👍1
အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု သတင်း ။
၈ ၊ ၁ ၊ ၂၀၂၆ 


အကြမ်းဖက် စစ်‌ကောင်စီက ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်း ၆နာရီ ၄ မိနစ် အချိန်ခန့်က မြိုင်မြို့နယ် မန်ကျည်းကန်နှင့် ညောင်ကုန်းကျေးရွာကြား  တောတိုက်ထဲတနေရာ ကို  Jet Fighter (၁) စီးဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။

ထို့အပြင်   မွန်းလွဲပိုင်း ၁ နာရီ ၅၂ မိနစ် အချိန်ခန့်တွင်  အထက်ပါ မန်ကျည်းကန်ရွာ မြောက်ပိုင်းကို Jet Fighter (၁)စီးဖြင့် ထပ်မံ အကြောင်းမဲ့ တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ နေအိမ် (၂) လုံးပျက်စီးခဲ့ပါသည်။

ယခုရက်ပိုင်း မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက အရပ်သားပစ်မှတ်များကို  အကြောင်းမဲ့သပ်သပ် လေ‌ကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ရှိလာ၍ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြပါရန် ပန်ကြားအပ်ပါသည်  ။

မြိုင်ပကဖ


#3starmyaing
Jan-8 , 7:23PM
📬 သတင်းပေးပို့ရန် @myaing3starbot
8
ကမ္မမြို့နယ်

ကမ္မမြို့နယ်ရဲစခန်းထဲသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ခွေးစစ်ကြောင်းသည်၊ ကမ္မစျေးအနီးနှင့် ကမ္မရဲခွေးခြံအနီးတွင် ကင်းပုန်းများ ဝတ်နေကြောင်း သတင်းရရှိထားပါသည်။

ဘယ်ကိုဆက်ပြီး ဦးတည်၍ စစ်ကြောင်းထိုးမလဲ မသိရသေးပါသောကြောင်း ကမ္မ၊ မြိုင်၊ မြစ်ခြေ 🚨စစ်ကြောင်းအနီးတဝိုက်ရှိ မိဘပြည်သူများ စစ်ကြောင်း၊ လေကြောင်း အထူးဂရုစိုက်ကြပါဗျ။

#PKK News
#3starmyaing
Jan_8, 8:05PM
📫သတင်းပေးပို့ရန်
@myaing3starbot
👍5
ကမ္မမြို့နယ်

ကမ္မမြို့နယ် ရောက်ရှိနေသော စစ်ခွေးပျူခွေး အင်းအား(၁၅၀)ခန့်ပါ စစ်ကြောင်းသည်၊ ကမ္မစျေးအနီး၌ ကင်းပုန်းဝတ်နေသော စစ်ခွေးများမှာ အမှတ်(၂) လက်ပြရပ်ကွက် ဘုန်းကြီးကျောင်းထဲသို့ ဝင်ရောက်သွားကြောင်းသိရပြီး အမှတ်(၆) လမ်းမတော်ရပ်ကွက်ရှိ ရဲစခန်းနှင့် ရဲစခန်းအနီးနားရှိ အိမ်များ၌ ယာယီညအိပ်ဝပ်ကျင်းချနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
#3starmyaing
Jan_8, 8:50PM
📫သတင်းပေးပို့ရန်
@myaing3starbot
တပ်မ (၁၀၁)မှ အကြမ်းဖက် စစ်ကော်မရှင်တပ်က
ပခုက္ကူနှင့် မြိုင်နယ်အစပ် အိမ်ခြေ ၂၀၀ ကျော်ရှိ ကံရပ်ကြီးရွာကို ရွာလုံးကျွတ်မီးရှို့

ဇန်နဝါရီလ ၈၊မြိုင်

ဇန်နဝါရီလ ၆ ရက်နေ့က ပခုက္ကူတပ်မ (၁၀၁)ကနေ ကား ၆ စီးနဲ့ထွက်ခွာလာတဲ့ ခန့်မှန်းအင်အား ၂၀၀ နှင့် ၃၀၀ အကြားရှိ အကြမ်းဖက် စစ်ကော်မရှင် တပ်သားများက ပခုက္ကူမြို့နယ် ကန်တော်ရွာမှတစ်ဆင့် ယနေ့ ၈ ရက် မနက်ပိုင်းမှာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကံရပ်ကြီးရွာကို၀င်ရောက်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

"ဇာတ်ကားတွေထဲကလို နောက်မှာ ဂတ်စ်အိုးချိတ်ပြီး မီးရှို့တဲ့ gun နဲ့ကိုမှုတ်ပြီးရှို့ခဲ့တာ၊ အိမ် ၂၀၀ ကျော်လုံးအကုန်ပြာကျတယ်၊ရွာလုံးကျွတ်ပါသွားတယ်လို့ ပြောရမယ်၊မြေပဲတွေ ရိတ်သိမ်းထားတာလဲ အကုန်ပါတယ်" လို့အနီးကပ်ရောက်ခဲ့ သူတစ်ဦးထံမှ သိရပါတယ်။

စစ်ကြောင်း၀င်ရောက်လာတာကြောင့် သက်ကြီးပိုင်း (၁)ဦးလဲ သွေးလန့် သေဆုံးခဲ့ရပါတယ်။၎င်းစစ်ကြောင်းက မီးရှို့လို့အားရပြီး ပြန်ထွက်သွားကာ ညနေပိုင်းမှာ ကမ္မရဲစခန်းသို့ ၀င်ရောက်သွားကြောင်းထပ်မံ သိရှိရပါတယ်။

-မြိုင်မြို့နယ်စစ်ကြောင်းသတင်းများ


#mygtroopnews
😢6😡1