ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
အထူးမိုးလေဝသသတင်း
------------------------
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်
==========================================
၁။ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း ယနေ့ညမှ ၂၆-၉-၂၀၂၅ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး‌အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး‌၊ စစ်ကိုင်း တိုင်းဒေသကြီး‌အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါသည်။”

အကြံပြုချက်
========
၂။  သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုးဇလ

📬 သတင်းပေးပို့ရန် @myaing3starbot
👍2🥰2
ပခုက္ကူမြို့နယ် ⚠️

​Sep-19 ရက်နေ့ည က မြိုင်မြို့နယ် ကန်နီပျူရွာမှ အရှေ့တောင်အရပ်သို့ဦးတည်ထွက်ခွာလာသော စစ်ခွေး အင်အား ၁၀၀ ကျော်ပါ စစ်ခွေး စစ်ကြောင်းမှာ ပခုက္ကူမြို့နယ် အင်ပင်ရွာ စစ်ခွေးဂိတ်သို့ ယနေ့မနက် (1:00AM) အချိန်က ဝင်ရောက်သွားကြောင်း သိရပါသည်။

#threestarmyaing
Sep 21, 7:06AM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့နယ် အင်ပင်ရွာ စစ်ခွေးဂိတ်ယနေ့မနက် (1:00) AM ကဝင်ရောက်ထားသော စစ်ခွေးစစ်ကြောင်းမှာ ပခုက္ကူမြို့တပ်မ ၁၀၁ အတွင်းသို့ဝင်ရောက်သွားကြောင်း သိရပါသည်။

#threestarmyaing
Sep-21 , 7:53AM
📬 သတင်းပေးပို့ရန် @myaing3starbot
1👍1
Deleted Account
🔴ပခုက္ကူမြို့နယ် မြိုင်မြို့နယ် 🔴 လက်တစ်လောစစ်ရေးအခြေနေအရ မိဘပြည်သူများနှင့် ခရီးသွားပြည်သူများ သိစေရန် ပခုက္ကူမြို့နယ်အင်ပင်ရွာနှင့်မြိုင်မြို့နယ် ဝါကျရွာ ထိ အသုံးပြုနေသော လမ်းပိုင်းအား ယာယီ ပိတ်ပင်ထားပါသည် ။ မိဘပြည်သူများ အနေဖြင့် လုံးဝ လုံးဝဖြတ်သန်…
ပခုက္ကူမြို့နယ် မြိုင်မြို့နယ်

စစ်ရေးအခြေနေအရ ယာယီပိတ်ပင်ထားသော ပခုက္ကူမြို့နယ် အင်ပင်ရွာနှင့် မြိုင်မြို့နယ် ဝက်ကျရွာလမ်းပိုင်းအား ပြန်လယ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ယ္ခုလိုပါဝင်ကူညီပေးပါသောမိဘပြည်သူများအား ကျေးဇူးတင်ရှိပါသည်။

#threestarmyaing
Sep-21, 8:08AM
📬 သတင်းပေးပို့ရန်
@myaing3starbot
ပေါက်မြို့နယ် ⚠️

ပေါက်မြို့နယ် စွန်ဆိပ်ကုန်းရွာနှင့် သံပုရာ ရွာတို့တွင်ဝင်ရောက်ခဲ့သော စစ်ခွေးစစ်ကြောင်းမှာ ယမန်နေ့ည ၉နာရီးဝန်ကျင်က ပေါက်မြို့နယ် ယာကြီးပြင် ပျူရွာအတွင်းသို့ဝင်ရောက်သွားကြောင်း သိရပါသည်။

#ရောင်နီဌာနေ
#threestarmyaing
Sep -21, 8:34AM
📬 သတင်းပေးပို့ရန် @myaing3starbot
👍2
ပခုက္ကူမြို့နယ်⚠️

ပခုက္ကူမြို့နယ် အင်ပင်ရွာ သို့ စစ်ခွေးအင်အားပါ စစ်ခွေးကားတစ်စီးရောက်ရှိနေကြောင်း သိရပါသည်။

#threestarmyaing
Sep-21 , 10:09AM
📬 သတင်းပေးပို့ရန် @myaing3starbot
1
ပခုက္ကူမြို့ ⚠️

ရေစကြိုမြို့နယ်  ကွမ်းသီကန် ရွာသို့ရောက်ရှိထားသော စစ်ခွေးစစ်ကြောင်းမှာ ပခုက္ကူမြို့ရောက်ရှိသွားကြောင်း သိရပါသည်။

#threestarmyaing
Sep-22 , 7:35PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပေါက်မြို့နယ် ⚠️

22/9/2025 ရက် 7:30PM အချိန်ခန့်က ပေါက်မြို့နှင့် ကပစ-24 ကြားရှိ ပျူရွာများမှ တစ်ရွာ ၃ ယောက်နှုန်းဖြင့် စစ်ကြောင်းထိုးရန် လူစုနေကြောင်း သိရပါသည်။

အသေးစိတ် စုံစမ်းဆဲ။

#ရောင်နီဌာနေ
#threestarmyaing
Sep-22 , 7:55PM
📬 သတင်းပေးပို့ရန် @myaing3starbot
စစ်ကော်မရှင် ဝယ်သော ရုရှားရဟတ်ယာဉ် ၃ စင်း နေပြည်တော်လေတပ်သို့ ရောက်ရှိ

22 Sep 2025

စစ်ကော်မရှင်က ဝယ်ယူလိုက်သော ရုရှားနိုင်ငံလုပ် ခေတ်မီ Mi-38 သယ်ယူပို့ဆောင်ရေးရဟတ် ယာဉ် ၃စင်း ယခုလအတွင်း နေပြည်တော်လေတပ်စခန်းသို့ ရောက်ရှိလာကြောင်း  မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က သတင်းထုတ်ပြန်သည်။

ယခု ဝယ်ယူဖြည့်တင်းမှုသည် ပြီးခဲ့သည့်နှစ်များအတွင်း စစ်တပ်၏ လေကြောင်းသယ်ယူပို့ ဆောင်ရေးကဏ္ဍတွင် ကျောရိုးသဖွယ် အားထားခဲ့ရသည့် Mi-17 ရဟတ်ယာဉ်အများအပြား ပစ်ချခံရခြင်းနှင့် ပျက်ကျခြင်းတို့ကြောင့် ကြုံတွေ့နေရသည့် စွမ်းဆောင်ရည်လစ်ဟာမှုကို ပြန်လည်အားဖြည့်ရန် ကြိုးပမ်းမှုဖြစ်ပြီး Mi-38 သည် စစ်သားအယောင်၄၀အထိ တင်ဆောင်နိုင် ခြင်းနှင့် ကုန်ပစ္စည်းလည်း ၆တန်အထိ သယ်ဆောင်နိုင်ခြင်းတို့ကြောင့် စစ်မြေပြင်သို့ စစ်သား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာတို့ ပို့ဆောင်ရာ၌ Mi-17 ထက် စွမ်းဆောင်ရည်သာလွန်ကြောင်း သိရသည်။

“စစ်ကော်မရှင်ရဲ့ အားသာချက်က ပြည်သူ့ဘဏ္ဍာငွေကို စိတ်ကြိုက်သုံးနိုင်တာ။အဲဒီအားသာချက် နဲ့ သူတို့ရဲ့ အားနည်းချက်ဖြစ်တဲ့ မြေပြင်စစ်ကြောင်းတွေကို ဝေဟင်ကနေ ထောက်ပံ့ပေးတာပေါ့။ အဲဒီလို လေကြောင်း အားသာချက် အပြည့်အဝရှိပြီး လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက် လုပ်နေတဲ့ကြားထဲကအပြင် Mi-38 သည် တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ နှုန်းအထိ ပျံသန်းနိုင်ပြီးခေတ်မီ Avionics စနစ်များနှင့် Navigation System များ တပ်ဆင်ထားသောကြောင့် ရာသီဥတုဆိုးရွားချိန်နှင့် ညအချိန်များတွင်ပင် စစ်ဆင်ရေးများကို ပိုမိုဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်သဖြင့် စစ်တပ်၏ 
လေကြောင်းစစ်ဆင်ရေးနှင့် ထောက်ပံ့ရေးစွမ်းရည်ကို သိသိသာသာ အထောက်အကူရရှိစေကြောင်း MDSI က ဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အားကောင်းကျယ်ပြန့်လာသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများအတွင်း စစ်တပ်၏ Mi-17 ရဟတ်ယာဉ် ၅ စင်းမှ ၆ စင်းအထိ ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ ဆုံးရှုံးမှုများတွင် အများစုက တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိမှန်ပျက်ကျခဲ့ခြင်းများဖြစ်ပြီး၊ အချို့မှာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုနှင့် ရာသီဥတုအခြေအနေများကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

#threestarmyaing
Sep-23 , 5:23AM
📬 သတင်းပေးပို့ရန် @myaing3starbot
1
🌹 မင်္ဂလာနံနက်ခင်းလေးပါဗျ 🌹

စစ်ရှောင်မိဘပြည်သူများခဗျာ လတ်တလော စစ်ရေးအခြေအနေရ

ဘုန်းကြီးကျောင်းတွေစာသင်ကျောင်းတွေမှာ စစ်ရှောင်တည်းခိုနေထိုင်းခြင်းများ ရှောင်ရှားစေချင်ပါတယ်ဗျ

လူအများစုဖွဲ့ပြီးစစ်ရှောင်ခြင်းများလဲ ရှောင်ရှားစေချင်ပါတယ်ဗျ

ခုနောက်ပိုင်း စစ်ကောင်းစီဘက်က လေကြောင်းတိုက်ခိုက်မှုအများဆုံးပြုလုပ်လာသောနေရာတွေမှာ ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းများကိုအဓိကထားပြုလုပ်နေသည်ကိုလဲ သတိထားကြရပ့မယ်

သို့ဖြစ်ပါ၍

ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေမှာ မနေထိုင်ကြဖို့နဲ့ တနေရာထဲမှာလူအများကြီးစုဖွဲ့မနေထိုင်ကြစေလိုပါ

မိဘပြည်သူအပေါင်း လေကြောင်းအန္တရယ်မှကင်းဝေးကြပါစေ🙏🙏🙏

#ကိုလရောင်
#MRSN

သတင်းကြည့်ရန် link.  https://t.me/https3starmyaing

တိုင်မင်ဆွေးနွေးရန် စကားဝိုင်း Link. https://t.me/jhXyJH9BEG4wZTI1

📬 သတင်းများပေးပို့ရန် Bot Link. @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် အင်ပင်ရွာ သို့ရောက်ရှိနေသောစစ်ခွေးစစ်ကြောင်းမှာ လှုပ်ရှားမှု့တစ်ခုပြုလုပ်နေကြောင်းသိရပြီး အင်ပင်ရွာ ဘုန်းကြီးကျောင်းမြောက်ဘက်သို့ရောက်ရှိနေကြောင်း သိရပါသည်။

#threestarmyaing
Sep -23 , 7:26AM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့ပေါ် မှ စစ်ခွေးအင်အားအပြည့်ပါစစ်ခွေးကား ၂ စီးမှာ ပခုက္ကူ မြို့ နယ် ကိုးပင်ရွာဖြတ်၍ အင်ပင်ရွာဘက်သို့မောင်းနေကြောင်း သိရပါသည်။

#threestarmyaing
Sep-23 , 7:29AM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင်မြို့နယ် ⚠️

ပခုက္ကူမြို့နယ် အင်ပင်ရွာ မှ ထွက်လာသော စစ်ခွေး စစ်ကြောင်းမှာ မြိုင်မြို့နယ် ကင်းရွာ အရှေ့ဘက်သို့ရောက်ရှိနေကြောင်း သိရပါသည်။

#threestarmyaing
Sep-23 , 9:42AM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

မြိုင်မြို့နယ် ကင်းရွာ နား သို့ရောက်ရှိထားသော စစ်ခွေးစစ်ကြောင်းမှာ ပခုက္ကူမြို့နယ် အင်ပင်ရွာ သို့ဝင်ရောက်သွားပြီး ပခုက္ကူ တပ်မ ၁၀၁ သို့ရောက်ရှိသွားကြောင်း သိရပါသည်။


ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့တပ်မ ၁၀၁ မှတပ်လာသော စက်တပ်လေထီး Paramotor 2 စီးမှာ ပခုက္ကူမြို့နယ် ဖြတ်၍ အနောက်မြောက်အရပ်သို့ပျံသန်းနေကြောင်း သိရပါသည်။

#threestarmyaing
Sep-23 , 3:04PM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင်မြို့နယ် ⚠️

မြိုင်နယ် တစ်နေရာတွင် ပခုက္ကူတပ်မ ၁၀၁ မှတပ်လာသော စက်တပ်လေထီး paramotor 2စီးပျံဝဲနေကြောင်း သိရပါသည်။

#threestarmyaing
Sep-23 , 3:11PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် အင်ပင်ရွာ စစ်ခွေးဂိတ်သို့ စစ်ခွေး အင်အားပါ စစ်ခွေးကား ၄ စီးရောက်ရှိနေကြောင်း သိရပါသည်။

#threestarmyaing
Sep-23 , 5:45PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် အင်ပင်ရွာ စစ်ခွေးဂိတ်သို့ ပခုက္ကူ တပ်မ ၁၀၁ မှလာသော စစ်ခွေး အင်အားပါ စစ်ခွေးကား ၂ စီးရောက်ရှိနေကြောင်း သိရပါသည်။

ယနေ့ညနေ ၅နာရီ ကျော်အချိန်ကရောက်ရှိထားသော စစ်ခွေး အင်အား ပါ စစ်ခွေး ကား ၄ စီးမှာ ပခုက္ကူမြို့နယ် အင်ပင်ရွာသို့ စစ်ခွေးများ ချသွားပြီး ပခုက္ကူမြို့တပ်မ ၁၀၁ သို့ ဝင်ရောက်သွား ကြောင်း သိရပါသည်။

#threestarmyaing
Sep-23 , 6:37PM
📬 သတင်းပေးပို့ရန် @myaing3starbot
ဆိပ်ဖြူမြို့နယ် ⚠️

ဆိပ်ဖြူမြို့နယ် ကျွန်းချောင်းရွာ သို့ ယနေ့နေ့ခင်းပိုင်းအချိန်က ဆိပ်ဖြူမြို့ပေါ်မှ စစ်ခွေးအားအပြည့်ပါ စစ်ခွေးကား ၄ စီးရောက်ရှိနေပြီး ယနေ့ညနေ (5:30PM)  အချိန်က ဆိပ်ဖြူ ကပစ ၂၁ မှ စစ်ခွေးအင်းအား ၁၀၀ ကျော် ရောက်ရှိထားကြောင်း သိရပါသည်။

#threestarmyaing
Sep-23 , 7:04PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် အင်ပင်ရွာ သို့ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းမှာ အနောက်မြောက်အရပ်သို့ထွက်ခွာနေကြောင်း သိရပါသည်။

#threestarmyaing
Sep-23 , 7:55PM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင်  ⚠️

မြိုင်နယ် ဖြတ်၍ Y-12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် ၁စီး အနောက်အရပ်သို့ပျံသန်း။

#WaiHin
Sep 23 , 8:19 PM
📫သတင်းပို့ရန် @WaiHinScout_Bot