မြိုင် ⚠️
မြိုင်နယ် အနောက်မြောက်ခြမ်းတွင် ညောင်ဦးလေဆိပ်တက် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁စီး ပျံဝဲ။
#WaiHin
Aug 24, 03:21PM

👍3❤1
ယောနယ်တိုက်ပွဲ ရက်ပေါင်း ၁၀၀ ရှိလာ၊ စစ်အုပ်စုက နေ့စဥ်နီးပါး လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်
ဆောနယ်တနေရာကို စစ်အုပ်စုက လေယာဥ်ဖြင့် ရိက္ခာ၊ခဲယမ်းထုပ်များချပေး
သြဂုတ် ၂၄၊ ၂၀၂၆၊ ယော
မကွေးတိုင်း၊ယောဒေသ ဆောမြို့နယ်ကို ယခုနှစ် မေလ ၁၅ ရက်နေ့မှစ၍ အင်အား အလုံးအရင်း (စုစုပေါင်းအင်အား ၃၀၀၀ ခန့်)ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည်မှာ ယနေ့သြဂုတ်လ ၂၄ ရက်နေ့အထိ ရက်ပေါင်း ၁၀၀ ရှိလာပြီဖြစ်သည်။
စစ်အုပ်စုစစ်ကြောင်းများနှင့် ဒေသခံပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများသည်လည်း ယနေ့တိုင် နေ့စဥ်နီးဖြစ်ပွားလျက်ရှိနေပြီး စစ်အုပ်စုဖက်က ဂျက်ဖိုက်တာများ၊ Y 12 ဘက်စုံသုံးဗုံးကြဲလေယာဥ်များဖြင့် နေစဥ်နီးပါး ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသတွင်းစစ်သတင်းရင်းမြစ်အရ သိရသည်။
"ဆောနယ်၊ ကျောက်ထုနယ်နဲ့ မင်းတပ်အတက်လမ်း၊ကန်ပက်လက်အတက်လမ်းတွေမှာက တိုက်ပွဲတွေက နေတိုင်းလိုလိုဖြစ်နေကြပါတယ်၊ ပွဲအကြီးမဟုတ်ရင်တောင် ခြံခိုကြားဖြတ်တိုက်တာတွေက မကြာခဏ ရှိတယ်၊ ၂ ဖက်ကျဆုံးထိခိုက်တွေလဲ ရှိပါတယ်၊ လေကြောင်းကတော့ ပြောမနေနဲ့ နေတိုင်းလို လာကြဲနေတာ "ဟု ဒေသတွင်းစစ်သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောသည်။
ဆော-လောင်းရှည်လမ်းပိုင်း၊ ကျောက်ထု-မင်းတပ်လမ်းပိုင်း၊ဆော-ကန်ပက်လက်လမ်းပိုင်း၊ဆော-ကျောက်ထုလမ်းပိုင်း၊ တပြင်း- ကျောက်ထုလမ်းပိုင်းနှင့် ကျောက်ထု-ထီးလင်းလမ်းပိုင်း စသည့်နေရာများတွင် စစ်အုပ်စုနှင့် ဒေသခံပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ၊မဟာမိတ်တပ်ဖွဲ့များကြား ၂ ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်မှာ ရက်ပေါင်း ၁၀၀ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထိုတိုက်ပွဲများအတွင်း စစ်အုပ်စုဖက်မှ တပ်သားပြုန်းတီးမှု များစွာဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရ ထွက်ပြေးမှုများလည်း ရှိခဲ့သကဲ့သို့ ဖွဲ့စည်းပုံပျက်ကာ ရှေ့မတိုးနိုင်ဘဲ တပ်လန်ကျနေသည့် အနေအထားဖြင့်ရင်ဆိုင်နေကြရကြောင်း သိရသည်။
ထိုကြောင့် စစ်အုပ်စုက အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာများတွင်မကဘဲ စစ်ရေးဧရိယာပြင်ပ အခြားနေရာများကိုပါ ရက် ၁၀၀ ရာအတွင်း နေ့စဥ်နီးပါး လေယာဥ်များဖြင့် တစ်ကြိမ်လာကြဲလျှင် အနည်းဆုံး ၂ စီး၊ လေယာဥ်များအုပ်စုလိုက်လာရောက်ပျံသန်း ဗုံးကြဲချတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
စစ်ကြောင်းရန်၊လေကြောင်းရန်များကြောင့် ဒေသတွင်းပြည်သူ ၁၅၀၀၀ ခန့်သည် အိုးအိမ်၊လုပ်ငန်းခွင်စွန်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပြီး ကာလကြာရှည်လာသည်နှင့်အမျှ စားဝတ်နေရေးအတွက် ရိက္ခာ၊ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း စစ်ရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။
စစ်အုပ်စုက ဆောမြို့နယ်တနေရာတွင် Y 8 စစ်ထောက်ပို့လေယာဥ်တစ်စီးဖြင့် ယနေ့ညနေ ၂ နာရီ ၃၀ မိနစ်ခန့်ကနေ ၄ နာရီခန့်အထိ အချိန်တစ်နာရီကျော်ကြာ ပျံဝဲခဲ့ပြီး ၎င်း တပ်သားများအတွက် ရိက္ခာ၊လက်နက်ခဲယမ်းများပါဝင်သည့် အထုပ်များကို လေထီးများဖြင့် ချပေးခဲ့ကြောင်းသိရသည်။
ယခုလို Y 8 လေယာဥ်ဖြင့်အထုပ်များမချပေးမီ ဆောမြို့နယ် အဆိုပါဒေသကို ဂျက်ဖိုက်တာ ၃ စီးဖြင့် အချိန်ခြားလာရောက်ပြီး နယ်မြေရှင်းသည့်အနေဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဤကဲ့သို့ ယောနယ်၊ဆောနယ်၊ကျောက်ထုနယ်များတွင် တိုက်ပွဲကာလ ရက် ၁၀၀ ရှိလာနေပြီး စစ်အုပ်စုကို အနိုင်မခံ အရှုံးမပေး ခုခံဟန်တားတွန်းလှန်တိုက်ခိုက်ပေးနေကြည့် ပြည်သူ့တော်လှန်ရေးရဲဘော်များအတွက်နှင့် စစ်ဘေးရှောင်ပြည်သူများအတွက်ပါ ရိက္ခာ၊ကျည်ဖိုး၊ဆေးဖိုးများ လိုအပ်လျက်ရှိနေပြီး မိဘပြည်သူညီအစ်ကိုမောင်နှမ သွေးချင်းများ၊တော်လှန်ပြည်သူများ၏ ဆက်လက်ပံ့ပိုး ကူညီမှုများ လိုအပ်နေကြောင်းနှင့် ကူညီပေးကြပါကန် ဒေသခံ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မေတ္တာရပ်ခံ တိုက်တွန်းပြောကြားသည်။
#ဗုံးကြဲတိုက်ခိုက်
#ပြုန်းတီး
#ထိခိုက်ဒဏ်ရာ
#လက်နက်ခဲယမ်း
#ပစ်ခတ်
#ပြည်သူ့တော်လှန်ရေး
@မင်းဒဿ
ယောအလင်းတန်း
#7starmyaing

❤3👍1
♦မြစ်ခြေမြို့နယ်♦
မြစ်ခြေမြို့နယ် အောင်သာပျူရွာမှ လက်နက်ကြီးများဖြင့် အနောက်အရပ်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။
#PKK_News
𝐀𝐮𝐠-24, 5:52𝐏𝐌
📩သတင်းများပေးပို့ရန်
@Taungthar1

👍1