ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.36K subscribers
685 photos
64 videos
517 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
Forwarded from 🌈ရောင်နီဦး🌈 (အလင်္ကာ)
“မလုပ်ပါနဲ့ သားရယ်…”
=================================

ကြောက်ရွံ့တုန်လှုပ်နေသော အဒေါ်ကြီးသည် လက်နောက်ပြန်ချည်နှောင်ခံထားရသည့်အကြားမှ မျက်ရည်များဝဲလျက် လူဆိုးများကို တိုးလျှိုးတောင်းပန်နေရှာသည်။

“မလုပ်ပါနဲ့ သားရယ်…၊
ငါ့သားမေးတာ အန်တီ အကုန်ဖြေပါ့မယ်...။”

သူမ၏အသံထဲတွင် အသက်ရှင်လိုသည့် မျှော်လင့်ချက်၊ သားသမီးများကို ပြန်တွေ့လိုသည့် ဆန္ဒနှင့် မိသားစုအပေါ်ထားသည့် မေတ္တာတို့ ရောနှောနေခဲ့သည်။ သို့သော် ထိုတောင်းပန်သံသည် ကြမ်းတမ်းသောနှလုံးသားများရှေ့တွင် မည်မျှပင် နူးညံ့ပါစေ အဖြေမရခဲ့ပေ။

တစ်ချိန်က မိသားစုအတွက် အားထားရာဖြစ်ခဲ့သူတစ်ဦး၏ နောက်ဆုံးအချိန်သည် ထိုသို့သော ကြောက်ရွံ့ဝမ်းနည်းမှုများကြားတွင် ဖြတ်သန်းသွားခဲ့ရရှာသည်။

“မလုပ်ပါနဲ့ သားရယ်…” ဟူသော နောက်ဆုံးတောင်းပန်သံသည်ပင် သူမ၏ မပြောဖြစ်တော့သော စကားများအားလုံးကို ကိုယ်စားပြုနေသကဲ့သို့ ဖြစ်နေသည်။

ဤမှတ်တမ်းသည် လူ့အသက်၏တန်ဖိုး၊ အကြမ်းဖက်မှု၏ နာကျင်ဖွယ်အကျိုးဆက်နှင့် အပြစ်မဲ့သူတစ်ဦး၏ နောက်ဆုံးကြောက်ရွံ့မှုကို မမေ့ပျောက်စေရန် ဝမ်းနည်းကြေကွဲစွာ မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။

ငြိမ်းချမ်းရေးနှင့် သစ္စာတရား တောင်းဆုပြုလွှာ
--------------------------------------------------------------
"ဤကမ္ဘာမြေပြင်ပေါ်တွင် အကြမ်းဖက်မှုဟူသမျှ လုံးဝချုပ်ငြိမ်းကြပါစေ။
လူသားချင်း စာနာထောက်ထားမှု၊ မေတ္တာတရားနှင့် သည်းခံခြင်းတို့ဖြင့် သာယာဝပြောသော လူ့ဘောင်အသိုက်အဝန်းကို တည်ဆောက်နိုင်ကြပါစေ။"
"မျက်စိဒဏ်ရာ၊ ရင်နာစရာဖြစ်စေမည့် မည်သည့်အနိဋ္ဌာရုံဆိုးများကိုမျှ မမြင်ရ၊ မတွေ့ကြရဘဲ၊ အမြဲတမ်း ဘေးဥပဒ်ကင်းရှင်း၍ ငြိမ်းချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။"
"ပြည်သူအပေါင်းတို့၏ စိတ်နှလုံးသည် ငြိမ်းချမ်းခြင်း၊ လုံခြုံခြင်းတို့ဖြင့် အစဉ်ပြည့်ဝလျက် ကောင်းမွန်သောအနာဂတ်ကို လျှောက်လှမ်းနိုင်ကြပါစေခဗျာ...။"

ဝမ်းနည်းခြင်းများစွာဖြင့် - သျှင်ပျို(ဉာဏပဒေသာ)

#အသိပညာရေးဆိုင်ရာပရဟိတဖောင်ဒေးရှင်း
#သျှင်ပျို_ဉာဏပဒေသာ #ဉာဏပဒေသာ
3😢1
⚠️မြေပြင်

မြင်းခြံ - မကွေးတိုင်း

ကနီဆိပ်ကမ်းမှချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောသုံးစီးနှင့် ကျောက်စိမ်းတင်ဖလက်ခွံ(၂၄)စီးပါ ရေယာဉ်အုပ်စု၏ရှေ့ပြေးပွိုင့်မှာ မြင်းခြံ ဆိမ့်ညံကမ်း၌ရပ်နားကြောင်း သတင်းရရှိ။

#WES 7:36pm, Aug 19
1
🚨ရေစကြိုမြို့နယ်

စစ်ခွေးပြီး သူခိုးသတိထားရန်

ပခန်းကြီးနယ်မြေရဲစခန်းရှိ့ပြီးပခန်းကြီးမြို့ဟောင်းအတွင်းရှိဆိုင်ကယ်သူခိုးဖုန်းသူခိုးများအိမ်အတွင်းထဲထိတအားခိုးယူသောင်းကြမ်းနေပါကြောင်းသတင်းရရှိ။

Aug 19,8:46PM
#7starmyaing
📭သတင်းပေးပို့ရန်@myaing3starbot
1
မြိုင် ⚠️

မြိုင်နယ် အနောက်ခြမ်းတစ်နေရာတွင် ကင်းထောက်ဒရုန်း (Scout Drone) ၁စီး ပျံဝဲနေ။

#WaiHin
Aug 19, 08:52 PM
#7starmyaing
2