ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.36K subscribers
685 photos
64 videos
517 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
မြိုင်မြို့နယ်စစ်ကြောင်းသတင်း
18.8.2026

မြိုင်မြို့နယ်အနောက်ပိုင်း တောင်စုံရွာမှာ
ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ ကားတန်းက
တောင်စုံရွာမှာပဲ ရှိနေပြီး ရှေ့ပြေးတချို့ဟာ
တောင်စုံရွာရဲ့အနောက်တောင်ဘက်
တောတိုက်တွေမှာ ရောက်ရှိထားတယ်လို့
သိရပါတယ်။

နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
စစ်ကြောင်းရောက်ရှိနေရာ
မြိုင်မြို့နယ်အနောက်ပိုင်းမှ မိဘပြည်သူများအားလုံး
သတိဝရိယနဲ့ နေထိုင်ကြဖို့
အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Aug 19 ,  12:12AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
ပခုက္ကူ⚠️

ပခုက္ကူ တပ်မ ၁၀၁ မှ စက်တပ်လေထီး(paramotor) ၁စီး ပျံတက်။

#SAS
Aug 19, 6:54 AM
1
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
မလှိုင်နယ်🐕စစ်ကြောင်းသတင်း

🔺19 Aug 🔺 10:15 am

ကျောက်တန်းရွာရောက် အင်အား ၅၀၀ ခန့်ပါ 🐕စစ်ကြောင်းရှေ့ပြေးအဖွဲ့သည် အရှေ့ဖက် မုံပင်ကျေးရွာသို့ ရောက်ရှိနေသည်ဟု ကနဦး သတင်းရရှိပါတယ်။

မလှိုင်မှကျောက်တန်းအထွက် လမ်းတွင်လည်း ကင်းပုန်းဂိတ်ချထားဟု သိရပါတယ်

ပြည်သူများဂရုစိုက်ကြပါ

လူထုသတင်းကွန်ယက် မလှိုင်မြို့
#TaungtharNews
4
ဆောမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေး ဝင်ရောက်ရာတွင် စစ်ခွေးတပ်ထံမှ MA-1 သေနတ် ၅ လက်၊ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၂ လက်၊ RPG-7 စိန်ပြောင်း ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက် ၊ 5.56 ကျည် ၁၃၉ တောင့် နှင့် G3 ကျည် ၁၀၉ တောင့် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ခွေးတပ်သည် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ အရပ်သား ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လုယက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ မပြုလုပ်နိုင်ရန်အတွက် PDF ခရိုင်စစ်ဌာနများနှင့် တပ်ရင်းတပ်ဖွဲ့များက ဆောမြို့နယ်အတွင်း ကာလရှည် ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့အပြင် ဆောမြို့နယ် တိုက်ပွဲများအတွင်း စစ်ခွေးဘက်မှ အဓမ္မ ပေါ်တာဆွဲခံရပြီး ပါလာသည့် တပ်သားများအနေဖြင့် မိသားစုနှင့် ပြန်လည်ဆုံတွေ့လိုပါက အမြန်ဆုံး အလင်းဝင်ရောက်ကြရန် မကွေးတိုင်းစစ်ဌာနက သတိပေးထားသည်။ အလင်းမဝင်ဘဲ တိုက်ပွဲအတွင်း ရင်ဆိုင်တွေ့ရှိပါက ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။