ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
တစ်ချို့ကြက်သားဟင်းကို ကြွားနေကြတယ်
တချို့က ဖက်များခင်းလို့ စားနေရတယ်

တချို့က စျေးတက်လို မုန်းနေကြတယ်
တချို့က ကလေးလက်ဆွဲလို ပုန်းနေရတယ်

တချို့က ရည်စားနှင့် အချစ်တွေပွါးနေကြတယ်
တချို့က မငြီးတွားဘဲ မျှစ်တွေစားနေရတယ်

တချို့က အမျိုးနှင့်အဆွေနှင့် လွမ်းနေကြတယ်
တချို့က မိုးထဲရေထဲ လှမ်းနေကြတယ်

တချို့က အိပ်ယာခင်းပြီး မိုက်နေကြတယ်
တချို့က သိက္ခာရင်းပြီး တိုက်နေကြတယ်

ကြိတ်ခါရှင်းလို့ မရတော့တဲ့ အချိန်မို့
ဘာဖြစ်ဖြစ် ငါ့လိပ်ပြာကလေးတော့ လုံပါရစေ။

                         အကြည်တော်

#Crd
https://t.me/paleinfos
#7StarMyaing
📭သတင်းပေးပို့ရန်@Myaing3star//@ArrDanYso2234
2
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
10.8.2026

ယနေ့နေ့လည် 1:00 /1:40 ဝန်းကျင်က
မြိုင်မြို့နယ်အနောက်ပိုင်း
ယာကြီးပြင် ၊ မှန်ရင်း ၊ တောင်စုံ ၊ မြောင်းမြား
စတဲ့ကျေးရွာများနဲ့ အနီးတဝိုက် နေရာများကို
တံတားဦးလေတပ်မှ
Y 12 ဗုံးကြဲလေယာဉ်တစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု
(10 ကြိမ် ဗုံးသီး 34 လုံး )ခန့် ပြုလုပ်ခဲ့တယ်လို့
သိရပါတယ်။

အခြေအနေအသေးစိတ် မသိရပါ။

မြိုင်မြို့နယ်အနောက်ပိုင်း ယာကြီးပြင်ရွာမှာ
ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့နေ့လည် 11:30 ဝန်းကျင်က
တောင်စုံရွာအနီးကို ရှေ့ကင်းတချို့ ရောက်ရှိခဲ့ပြီး
1:00 ဝန်းကျင်မှာ ယာကြီးပြင်ရွာကို
ပြန်ရောက်သွားပြီး လက်ရှိအချိန်ထိ
ယာကြီးပြင်ရွာမှာ ရှိနေတယ်လို့ သိရပါတယ်။

မှန်ရင်းရွာဘုန်းကြီးကျောင်းမှာ ရောက်နေတဲ့
စစ်ကောင်စီတပ်တွေကလည်း
ယနေ့ညအချိန်ထိ မှန်ရင်းရွာဘုန်းကြီးကျောင်းမှာ
ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်များရဲ့ အန္တရာယ်ကြောင့်
မြိုင်မြို့နယ်အနောက်ပိုင်းရှိ ကျေးရွာများမှ
သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ
နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Aug 10, 10:13PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot