ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
"မဟုတ်ဘူးအမေ သူလိမ်နေတာ"

အောက်ခြေမှာ ခံနေရတဲ့ ကိစ္စတွေကို နိုင်ငံတော်အဆင့် အကြီးအကဲ လာတဲ့အချိန်မှာ တင်ပြတယ်၊ သက်ဆိုင်ရာ တာဝန်ရှိသူကို တိုင်ကြားသူရှေ့မှောက် အများပြည်သူရဲ့ရှေ့မှာပဲ ဖြေရှင်းခိုင်းတယ်။

တိုင်းဒေသကြီး ဝန်ကြီးအဆင့်က ရှင်းပြတာကို တိုင်ကြားတဲ့ ပြည်သူက တစ်ခွန်းပဲ ပြောလိုက်တယ်။

"မဟုတ်ဘူးအမေ သူလိမ်နေတာ" တဲ့။

အခု မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ အဂတိမှုတွေကို ဖြေရှင်းပေးဖို့ ဘောမရပ်ကွက်က နင်းပြား စောက်တုံးတွေ အပါအဝင် ဖွတ်ကျား လော်ဘီ တချို့ကပါ မရဲတရဲနဲ့ စောင်ခြုံထဲကနေ တောင်းဆိုနေကြတယ်။

ခွေးတပ်ထောက်ခံ စောက်တုံးတွေကို မေးချင်တာက-

ရခိုင်မလင် အာဏာသိမ်းခဲ့တဲ့ ကာလတလျှောက်လုံး မင်းတို့တွေ မတရားခံနေရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မင်းတို့ရဲ့ သခင်တွေကို အခုလို သတ္တိရှိရှိ တင်ပြရဲကြသလား၊ တင်ပြခွင့်ရော ရခဲ့ကြသလား?

ဒါဟာ ဒီမိုကရေစီတွေ အာဏာရှင်တွေ ဆိုတဲ့ စနစ်နဲ့ မဆိုင်ဘူး၊ ကိုယ့်ကို သစ္စာရှိရှိ ထောက်ခံနေတဲ့ အဖွဲ့အစည်းကို သမာသမတ်ကျကျ လုပ်ဆောင်ပေးချင်တဲ့ စိတ်ရင်းစေတနာနဲ့ စွမ်းရည်အပေါ်မှာပဲ မူတည်တယ်။

ရခိုင်မလင်က မင်းတို့အပေါ် ဒီလို စေတနာမျိုး ထားတယ် ထင်လား?

#4C_TruthNews
2
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
⚠️မြေပြင်

မိတ္ထီလာ - မန္တလေးတိုင်း

မိတ္ထီလာမှ စစ်ထောက်ပို့လေယာဉ် Y-8 ဖြင့် တစ်ခေါက်လျင် ရဲကွန်မန်ဒိုဆိုသူများအပါ စစ်သားအင်အား(၇၀)ခန့်နှင့် (၄)ခေါက်၊ စုစု ပေါင်းအင်အား(၃၀၀)ခန့်ကို ချင်းပြည်နယ်သို့ ပို့ဆောင်ထားကြောင်း သတင်းရရှိ။

#WES 6:00pm,Aug 10
#TaungtharNews
2
⚠️မြေပြင်

မိတ္ထီလာ - မန္တလေးတိုင်း

မိတ္ထီလာမှ စစ်ထောက်ပို့လေယာဉ် Y-8 ဖြင့် တစ်ခေါက်လျင် ရဲကွန်မန်ဒိုဆိုသူများအပါ စစ်သားအင်အား(၇၀)ခန့်နှင့် (၄)ခေါက်၊ စုစု ပေါင်းအင်အား(၃၀၀)ခန့်ကို ချင်းပြည်နယ်သို့ ပို့ဆောင်ထားကြောင်း သတင်းရရှိ။

#WES 6:00pm,Aug 10
3
တစ်ချို့ကြက်သားဟင်းကို ကြွားနေကြတယ်
တချို့က ဖက်များခင်းလို့ စားနေရတယ်

တချို့က စျေးတက်လို မုန်းနေကြတယ်
တချို့က ကလေးလက်ဆွဲလို ပုန်းနေရတယ်

တချို့က ရည်စားနှင့် အချစ်တွေပွါးနေကြတယ်
တချို့က မငြီးတွားဘဲ မျှစ်တွေစားနေရတယ်

တချို့က အမျိုးနှင့်အဆွေနှင့် လွမ်းနေကြတယ်
တချို့က မိုးထဲရေထဲ လှမ်းနေကြတယ်

တချို့က အိပ်ယာခင်းပြီး မိုက်နေကြတယ်
တချို့က သိက္ခာရင်းပြီး တိုက်နေကြတယ်

ကြိတ်ခါရှင်းလို့ မရတော့တဲ့ အချိန်မို့
ဘာဖြစ်ဖြစ် ငါ့လိပ်ပြာကလေးတော့ လုံပါရစေ။

                         အကြည်တော်

#Crd
https://t.me/paleinfos
#7StarMyaing
📭သတင်းပေးပို့ရန်@Myaing3star//@ArrDanYso2234
2
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
10.8.2026

ယနေ့နေ့လည် 1:00 /1:40 ဝန်းကျင်က
မြိုင်မြို့နယ်အနောက်ပိုင်း
ယာကြီးပြင် ၊ မှန်ရင်း ၊ တောင်စုံ ၊ မြောင်းမြား
စတဲ့ကျေးရွာများနဲ့ အနီးတဝိုက် နေရာများကို
တံတားဦးလေတပ်မှ
Y 12 ဗုံးကြဲလေယာဉ်တစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု
(10 ကြိမ် ဗုံးသီး 34 လုံး )ခန့် ပြုလုပ်ခဲ့တယ်လို့
သိရပါတယ်။

အခြေအနေအသေးစိတ် မသိရပါ။

မြိုင်မြို့နယ်အနောက်ပိုင်း ယာကြီးပြင်ရွာမှာ
ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့နေ့လည် 11:30 ဝန်းကျင်က
တောင်စုံရွာအနီးကို ရှေ့ကင်းတချို့ ရောက်ရှိခဲ့ပြီး
1:00 ဝန်းကျင်မှာ ယာကြီးပြင်ရွာကို
ပြန်ရောက်သွားပြီး လက်ရှိအချိန်ထိ
ယာကြီးပြင်ရွာမှာ ရှိနေတယ်လို့ သိရပါတယ်။

မှန်ရင်းရွာဘုန်းကြီးကျောင်းမှာ ရောက်နေတဲ့
စစ်ကောင်စီတပ်တွေကလည်း
ယနေ့ညအချိန်ထိ မှန်ရင်းရွာဘုန်းကြီးကျောင်းမှာ
ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်များရဲ့ အန္တရာယ်ကြောင့်
မြိုင်မြို့နယ်အနောက်ပိုင်းရှိ ကျေးရွာများမှ
သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ
နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Aug 10, 10:13PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2