ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
639 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ဂန့်ဂေါခလရ ၅၀ တပ်နှင့် မြို့လုံခြုံရေးအတွက် အရှိန်မြှင့်လုပ်ဆောင်နေ

မြို့နေပြည်သူများ မိမိတို့၏လုံခြုံရေးကိုသတိထားရန်လိုအပ်

ဇူလိုင် ၂၉၊၂၀၂၆၊ ဂန့်ဂေါ

မကွေးတိုင်း၊ယောဒေသ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်သည် ယခုရက်ပိုင်းများတွင် မိမိတို့၏တပ်ဧရိယာလုံခြုံရေးနှင့် မြို့လုံခြုံရေးများကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်းသိရသည်။

ယခုဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း ခလရ ၅၀ တပ် လက်အောက်ခံ ပြည့်ဝ ၃၇၁ အမြောက်တပ်မှ တပ်မှူးတစ်ဦးကို ဆိုင်ကယ်ဖြင့်သွားရောက် ခေါ်ဆောင်လာခဲ့ကြောင်းသိရသည်။

ဇူလိုင်လ စတုတ္ထပတ်အတွင်း မြို့တွင်း၊မြို့ပြင် လုံခြုံရေးအတံက် အဝင်၊အထွက်စစ်အုပ်သုဂိတ်စခန်းများကိုလည်း ယမန်နေ့ နေ့လည်ပိုင်းက စစ်အသုံးဆောင်ပစ္စည်းများ ထပ်မံအင်အားဖြည့် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ညနေပိုင်း ၆ နာရီခန့်မှာ ခလရ ၅၀ တပ်၏မြောက်ဖက် ဒေသအခေါ် မဖေးချောက်ဝ သို့ အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းတစ်ကြောင်းကို သေလွှတ်ခဲ့ပြီး ထိုနေရာမှာ တပ်သား ၅၀ ခန့်ချန်ထားခဲ့ကာ ကျန် ၁၅၀ ဦးက တပ်ထဲပြန်ဝင်လာပြီးဖြစ်ကြောင်းသိရသည်။

အလားတူ ဇူလိုင် ၂၄ ရက်နေ့ကလည်း အင်အား ၁၅၀ ခန့်စစ်ကြောင်းတစ်ခု တပ်အရှေ့ဖက် မဖေးတောတိုက်အတွင်းဝင်ရောက်လာပြီး တပ်သား ၅၀ ကိုချန်ထားခဲ့ကာ ကျန် ၁၀၀ က တပ်တွင်းသို့ ပြန်လည်ဝင်ရောက်လာခံတာလည်းဖြစ်ပါသည်။ယခုအခါ ခလရ ၅၀ တပ်ဧရိယာ၏ အရှေ့ဖက်နှင့် မြောက်ဖက်ထိစပ်နေရာများတွင် တပ်သား ၁၀၀ ခန့်ကိုဖြန်ကျက်ချထားပြီးဖြစ်ကြောင်းသိရသည်။

အတည်ပြုဆဲသတင်းအရ ခလရ ၅၀ တပ်မှ စစ်အုပ်စုသည် တပ်မြောက်ဖက်အရပ်ရှိ အချက်အခြာကျရာနေရာတစ်ခုဖြစ်သည့် ရွာစည်ရွာ ဘုရားကုန်းကို နေရာပြန်ယူပြီး ကာကင်းအဖြစ် အဆင့်မြှင့် နေထိုင်ရန်ကြိုးပမ်းလာတာဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ထိုနောက် ယခုရက်ပိုင်းများအတွင်း ဂန့်ဂေါမြို့ပေါ်နှင့် မြို့အဂင်၊ထွက် ဂိတ်များတွင် စစ်အုပ်စုမှ အကြောင်းအမျိုးမျိုးပြကာ ပြည်သူအရပ်သားများကို ဖမ်းဆီးမှုတွေကို ယခင်ကထက်ပိုမိုလုပ်ဆောင်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့ည ၉ နာရီကျော်ခန့်အချိန်တွင် ဂန့်ဂေါမြို့တွင်းမှာ အမျိုးသမီး ၂ ဦးအပါဝင် အရပ်သားလူငယ် ၁၁ ဦးကို စစ်အုပ်စုကဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း၊ ယမန်နေ့နေ့လည်ပိုင်းက လောင်ထောင်ဂိတ်ဖက်မှနေ၍ အင်အား ၇၀ ကျော်ဖြင့် ပျားနတ်တောက်ဖက်ထွက်လာသည့် စစ်ကြောင်းသည် ​ညနေပိုင်း ၄ နာရီခန့် မြို့ထဲ ပြန်အဝင်လမ်း၌ အရပ်သား ၃ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ်က ပြောသည်။

နိုင်ငံအဝန်း စစ်အုပ်စုတပ်သားများအချိန်နှင့်အမျှ ပြုန်းတီးမှုများဖြစ်ပေါ်နေပြီး စစ်မှုထမ်းတပ်သားသစ်လိုအပ်ချက်အဆမတန်များပြားလာနေတာကြောင့် လူငယ်၊လူရွယ်များသည် စစ်အုပ်စု၏ပစ်မှတ်ထားသားကောင်အဖြစ် အချိန်မရွေးကျရောက်နိုင်ကြောင်း၊ စစ်အုပ်စုထိန်းချုပ်နယ်မြေတွင်း နေထိုင်နေကြရသည့် ပြည်သူများအနေဖြင့် ကြိုတင်သတိထားနိုင်ရန်လည်း လိုအပ်ကြောင်း စစ်ရေးလေ့လာနေသူတစ်ဦးက ပြောသည်။

#စစ်မှုထမ်း
#ဖမ်းဆီး
#ထိန်းချုပ်
#ပြုန်းတီး
#ပစ်မှတ်ထား
#သားကောင်

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Jul 29 ,  11:49AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
စစ်အုပ်စုက ကျောက်ထုအမြောက်တပ်သို့ စစ်ထောက်ပို့လေယာဥ်ဖြက့် ရိက္ခာခဲယမ်းထုပ်များ ချပေးပြန်

ဇုလိုင် ၂၉၊၂၀၂၆၊ ကျောက်ထု

မယောင်ရာဆီလူးရွေးတုအစိုးရမင်းအောင်လှိုင်၏ စစ်အုပ်စုမှ မကွေးတိုင်း၊ယောဒေသ ဆောမြို့နယ်၊ ကျောက်ထုမြို့အမြောက်တပ် ၃၆၈ တပ်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းထုပ်များကို ယနေ့နံနက်ပိုင်းတွင် စစ်ထောက်ပို့လေယာဥ်တစ်စီးဖြင့် ချပေးခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်း မိတ္ထီလာမြို့ ရှမ်းတဲလေးလေတပ်မှ ပျံသန်းလာသည့် Y 8 စစ်ထောက်ပို့လေယာဥ်ဖြင့် ယနေ့နံနက် ၁၀ နာရီ ၂၃ မိနစ်ခန့်ကနေ ၁၁ နာရီ ၂၅ မိနစ်ခန့်အထိ ၁ နာရီခန့်ပျံဝဲပီး ရိက္ခာ၊ခဲယမ်းထုပ်များကို ၁၅ ကြိမ် ချပေးခဲ့ကြောင်း၊လေထီး တစ်ခုလျှင် ၄ ထုပ်နှုန်းဖြင့် ၁၅ ကြိမ်တွင် အထုပ်ပေါင်း ၆၀ ခန့်ကိုချပေးခဲ့တာဖြစ်ကြောင်းသိရသည်။

လက်ရှိအနေအထားတွင် ကျောက်ထုအမြောက်တပ်မှ တပ်သားများသည် ကျောက်ထုမြို့နှင့် အနီးဝန်းကျင်နေရာများကို မကြာခဏ ကင်းပတ်လှည့်လည်နေကြပြီး မင်းတပ်အတက်လမ်း ရှေ့ကာကင်းစခန်းများကိုလည်း နေ့စဥ် ကူးလူးသွားလာနေကြကြောင်း၊ ကြီးရွာတွင်ရောက်ရှိနေသည့် ကျောက်ထုစစ်ကြောင်းသည်လည်း ၁၀ ရက်ကျော်သည်အထိ ရွာအတွင်းမှာပင် ရှိနေကြသေးကြောင်း သတင်းရင်းမြစ်အရ သိရသည်။

#ရိက္ခာခဲယမ်း
#ရွေးတု
#မင်းအောင်လှိုင်
#မယောင်ရာဆီလူး

@မင်းဒဿ
ယောအလင်းတန်း
2
မြိုင်⚠️

မြိုင်နယ် အလယ်ကြော တစ်နေရာတွင် မိတ္ထီလာ လေတပ်တက် ATR 42 MPA ကင်းထောက်လေယာဉ် ၁စီး ပျံဝဲနေ။

#SAS
Jul 29, 12:48 PM
2
မြိုင်မြို့နယ်လေကြောင်းသတင်း
29.7.2026

မြိုင်မြို့နယ်အနောက်ပိုင်း
သင်းမရွာအနီး ရွာသစ်ကြီးရွာအနီးနဲ့
ဘောင့်ဘင်ရွာအနီးကို
ယနေ့နေ့လည် 2:00 ဝန်းကျင်မှ 3:00 ဝန်းကျင်အတွင်းမှာ

ညောင်ဦးလေဆိပ်မှ Mi 35 တိုက်ခိုက်ရေး
ရဟတ်ယာဉ် 1 စီး
မကွေးလေတပ်မှ ဂျက်ဖိုက်တာ 1 စီး
မိတ္ထိလာလေတပ်မှ ဂျက်ဖိုက်တာ 1 စီး
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ 3 စီး
စုစုပေါင်း လေယာဉ် 6 စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (20) ကြိမ်ခန့်
ပြုလုပ်သွားတယ်လို့ ကနဦးသတင်း
သိရပြီး

ယနေ့နေ့လည် 12:40 ခန့်ကနေ လက်ရှိအချိန်ထိ
မြိုင်နယ်အနောက်ပိုင်းမှာ
မိတ္ထိလာလေတပ်မှ ကင်းထောက်လေယာဉ်တစ်စီး
ပျံဝဲကင်းထောက်နေတယ်လို့
သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#လေကြောင်းတိုက်ခိုက်မှု
#MRSN
Jul 29 ,  4:07PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3👍1
ရေစကြိုမြို့ပေါ်သို့ မအလစခများက အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်သင်တန်းပေးထားသော တပ်သားသစ် (၅၀၀) ခန့်ကို ဇူလိုင်လ ၂၈ ရက်နေ့က သင်္ဘောဖြင့် လာရောက်ပို့ဆောင်ခဲ့ပြီး ထိုနေ့ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် ရေစကြိုမြို့နယ်ရှိ ၂၅၆/၂၅၇/၂၅၈ တပ်ရင်းများဆီသို့ ကျွဲအုပ် နွားအုပ်များမောင်းသွားသည့်ပမာ ခေါ်ဆောင်သွားကြကြောင်း၊ အချို့မှာ အသက်ပင် မပြည့်သေးသည့် ကလေးငယ်များပင် ပါလာကြောင်း သိရှိရပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် ကင်းဝေးကြပါစေ)

ဇူလိုင် ၂၉၊ ၂၀၂၆

#InfoCommitteeYesagyo
#7starmyaing
📪သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
3
ရေစကြို- မကွေးတိုင်း⚠️
  
7:36pm (29Jul)

ရေစကြိုနယ်အနောက်ခြမ်းနယ်ပေါ် စကစ Drone (1) စီး ပျံဝဲနေ။

#WES သတင်းပို့ရန် @SCOUT_WES
1
This media is not supported in your browser
VIEW IN TELEGRAM
အကုသိုလ်ကောင်ရဲ့ အကျိုးပေးကြောင့် ဂျပန်တောင်ပိုင်းတွင် အင်အား ၇.၁ ငလျင်လှုပ်ခတ်

ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ MCC ခန်းမမှာ ဂျပန်-မြန်မာ စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို အကုသိုလ်ကောင် မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး နာရီပိုင်းအကြာ-

ဂျပန်နိုင်ငံ တောင်ပိုင်း ကျူရှူးကျွန်းရှိ ခူမာမိုတိုခရိုင်မှာ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၇ မိနစ်ခန့် (မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်) မှာ အင်အား ၇.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့ပြီး အဆာက်အဦး အများအပြား ပြိုကျပျက်စီးခဲ့ကာ လက်ရှိအချိန်အထိ လူဆယ်ချီပြီး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
2
ပေါက်- မကွေးတိုင်း⚠️
  
7:40pm (29Jul)

ပေါက်နယ်အနောက်မြောက်ခြမ်းနယ် ဖြတ်၍ စကစ Drone (1) စီး အရှေ့ဘက်သို့ပျံသန်း။

#WES သတင်းပို့ရန် @SCOUT_WES
ရေစကြို- မကွေးတိုင်း⚠️
  
7:43pm (29Jul)

ရေစကြိုနယ်အနောက်ခြမ်းနယ်ဖြတ်၍ စကစ Drone (1) စီး အရှေ့တောင်ဘက်သို့ပျံသန်း။

#WES သတင်းပို့ရန် @SCOUT_WES
1
မြိုင်

မြိုင်နယ်အလယ်ကြော ဖြတ်၍ ကင်းထောက် ဒရုန်း ၁စီး
အရှေ့ အရပ်သို့ ပျံသန်း။

#WaiHin
Jul 29, 07:51PM
3
မြောက်မယမ်မီယာနိုင်ငံဘက်ခြမ်းရှိ စစ်ခွေးဘောစုပ်များ အဟာရပြည့်ဝစေရန် ဝရမ်းပြေးခွေးပြီးတို နဲ့ ရခိုင်မ​ ခေါဘဏီတို့ ပေါင်းပြီး အာကာသကြက်ဥများ နေ့စဥ် ဖင်သနီလံအောင် ဥချပေးနေကြောင်း သိရှိရသည်။😗😗
2
⚠️ရေစကြိုနယ်

တောင်အို ခွေးဂိတ်မှ ခွေးများလက်နက်ငယ်များရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိ။

Update -မရပ်မနားပစ်ခတ်နေကြောင်းထပ်မံသတင်းရရှိ။

Jul 29,9:45PM
#7star myaing
3
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «⚠️ရေစကြိုနယ် တောင်အို ခွေးဂိတ်မှ ခွေးများလက်နက်ငယ်များရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိ။ Update -မရပ်မနားပစ်ခတ်နေကြောင်းထပ်မံသတင်းရရှိ။ Jul 29,9:45PM #7star myaing»
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

တောင်အိုဂိတ်မှ စကစများ ပတ်ဝန်းကျင်သို့လက်နက်ငယ် ပစ်နေကြောင်းသတင်းရရှိ။

#WES 9:43pm,Jul 29
1
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
29.7.2026

မြိုင်မြို့နယ်အနောက်ပိုင်း သင်းမရွာမှာ
ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ သင်းမရွာမှာပဲ
ရှိနေတယ်လို့ သိရပါတယ်။

စစ်ကြောင်းရောက်ရောက်ရှိရာနေရာနဲ့
အနီးတဝိုက်ရွာတွေဖြစ်တဲ့
မြိုင်မြို့နယ်အနောက်ပိုင်း
သင်းမရွာအနီး ရွာသစ်ကြီးရွာအနီးနဲ့
ဘောင့်ဘင်ရွာအနီးကို
ယနေ့နေ့လည် 2:00 ဝန်းကျင်မှ 3:00 ဝန်းကျင်အတွင်းမှာ

ညောင်ဦးလေဆိပ်မှ Mi 35 တိုက်ခိုက်ရေး
ရဟတ်ယာဉ် 1 စီး
မကွေးလေတပ်မှ ဂျက်ဖိုက်တာ 1 စီး
မိတ္ထိလာလေတပ်မှ ဂျက်ဖိုက်တာ 1 စီး
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ 3 စီး
စုစုပေါင်း လေယာဉ် 6 စီးဖြင့်
လေကြောင်းတိုက်ခိုက်မှုတွေ (20) ကြိမ်ခန့်
ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ပျက်စီးအခြေအနေကိုတော့ အသေးစိတ်
မသိရပါ။

မြိုင်နယ်အနောက်ပိုင်းရှိ ကျေးရွာများကို
ယနေ့နေ့လည် 12:40 ခန့်ကနေ ညနေ 4:00 ခန့်အထိ
မိတ္ထိလာလေတပ်မှ ကင်းထောက်လေယာဉ်တစ်စီး
ပျံဝဲကင်းထောက်ခဲ့တယ်လို့ သိရပြီး
ယနေ့ညဦးပိုင်းမှာလည်း ကင်းထောက်ဒရုန်းများ
ပျံဝဲကင်းထောက်ထားတယ်လို့ သိရပါတယ်။

စစ်ကြောင်းရောက်ရှိနေရာ သင်းမရွာကို
ယနေ့ညနေ 5:00 ဝန်းကျင်က
မကွေးလေတပ်မှ E 20 စစ်ထောက်ပို့
လေယာဉ်တစ်စီးဖြင့် ခဲယမ်းရိက္ခာများ
ချပေးခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
မြိုင်မြို့နယ် အနောက်ပိုင်းနဲ့
မြိုင်မြို့နယ် အနောက်မြောက်ပိုင်းမှ
မိဘပြည်သူများအားလုံး
စစ်ကြောင်းသတင်းများကို နားစွင့်ပြီး
သတိဝရိယနဲ့ နေထိုင်ကြဖို့ အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jul 29 ,  10:00PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
5
⚠️မြိုင်

မြိုင် ကန်နီပျူခွေးများ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရ။

#MRSN
Jul 29 ,  10:20PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
မြိုင်မြို့နယ်လေကြောင်းသတင်း
30.7.2026

ယနေ့မနက်စော 4:00 / 5:00 ဝန်းကျင်အတွင်းမှာ
မြိုင်မြို့နယ်အနောက်ပိုင်း သင်းမရွာနဲ့
အနီးတဝိုက်ရွာများအနီးကို
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာနှစ်စီး
နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာနှစ်စီး
တံတားဦးလေတပ်မှ Y 12 ဗုံးကြဲလေယာဉ်တစ်စီး

စုစုပေါင်းလေယာဉ် 5 စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (16) ကြိမ်
ဗုံးသီး (60) ကျော်ခန့်
ပြုလုပ်သွားတယ်လို့ ကနဦးသတင်း သိရပါတယ်။

အခြေအနေအသေးစိတ် မသိရသေးပါ။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#လေကြောင်းတိုက်ခိုက်မှု

#7starmyaing
📪သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
4
မြိုင်မြို့နယ်စစ်ကြောင်းသတင်း
30.7.2026

ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း
သင်းမရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်
ရှေ့ပြေးတွေးဟာ
10:30 ဝန်းကျင်မှာ
သင်းမရွာရဲ့ အနောက်တောင်ဘက်
ဘောင့်ဘင်ရွာရဲ့အနောက်မြောက်ဘက်
ဒေသအခေါ် တယ်ပင်လှ အနီးမှာ
ရောက်နေပြီလို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း

#MRSN
Jul 30 ,  10:50AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
မြိုင်မြို့နယ်စစ်ကြောင်းသတင်း
30.7.2026

ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း
သင်းမရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်
ရှေ့ပြေးတွေးဟာ
10:30 ဝန်းကျင်မှာ
သင်းမရွာရဲ့ အနောက်တောင်ဘက်
ဘောင့်ဘင်ရွာရဲ့အနောက်မြောက်ဘက်
ဒေသအခေါ် တယ်ပင်လှ အနီးမှာ
ရောက်နေပြီလို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ


Jul 30 ,  11:20AM

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
3
YU ATARASHI
⚠️မြိုင် မြိုင် ကန်နီပျူခွေးများ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရ။ #MRSN Jul 29 ,  10:20PM #Threestarsmyaing #7starmyaing 📬သတင်းပေးပို့ရန် @myaing3starbot
မြိုင်‌

မြိုင်နယ် မြောက်ခြမ်း ကန်နီပျူစောထီး ခွေးခြံပေါ်သို့ မိတ္ထီလာ လေတပ်မှ Y-8 စစ်ထောက်ပို့လေယာဉ် ၁ စီး ပျံဝဲ။ ရိက္ခာထုပ့်များ ချပေစနေ​ကြောင်း သတင်းရရှိထားပါသည်။

Jul 30 ,  10:20AM

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
3