ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
မြိုင်⚠️

မြိုင်နယ်အလယ်ကြောတနေရာတွင် ဒရုန်း ၁စီး ပျံ၀ဲနေ။

#WaiHin
Jul 25, 7:45 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
ရေစကြို⚠️

ရေစကြိုနယ် အနောက်ခြမ်း တနေရာတွင် Scout Drone ၁စီး ဝဲပျံနေ။

#SAS
Jul 25, 07:52 PM
📬သတင်းပို့ရန် @SpringAeroScout_Bot
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
မြိုင်⚠️

မြိုင်နယ်အလယ်ကြောတနေရာတွင် ၂စီး မြောက် ဒရုန်း ၁စီး ပျံ၀ဲနေ။

#WaiHin
Jul 25, 7:52 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
ရေစကြို⚠️

ရေစကြိုနယ် အနောက်ခြမ်း တနေရာတွင် ဒရုန်း ၁စီး ပျံဝဲ။

#WaiHin
Jul 25, 7:52  PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
မြိုင်

မြိုင်နယ်ဖြတ်၍ ဒရုန်း ၁စီး
အနောက် မြောက် အရပ်သို့ ပျံသန်း။

#WaiHin
Jul 25, 7:58 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
Forwarded from Magway Scout Network
မြစ်ခြေမြို့နယ်


မြစ်ခြေမြို့နယ် အောင်သာပျူရွာသို့ ရောက်ရှိနေသော စစ်ခွေးကား (၂)စီးသည်၊ မန်ကျည်းကန်ပျူရွာဘက်တွင် စစ်ခွေးအင်အားများချထားခဲ့ပြီး၊ ကား(၂)စီးမှာ မြို့ခင်းသာပျူရွာ ဖြတ်၍ ပခုက္ကူမြို့ဘက်သို့ပြန်လည် မောင်းနှင်သွားကြောင်း သိရ။

#MRSN
#PKK_News
𝐉𝐮𝐥-25, 8:09𝐏𝐌
📬သတင်းပို့ရန်@MagwayScoutBot
ရေစကြို - မကွေးတိုင်း⚠️
  
8:10pm (25 Jul)

စကစ Drone (1)စီးရေစကြို အနောက်ခြမ်းဖြတ် အရှေ့တောင်ဘက်သို့ ပျံသန်း။

#WES သတင်းပို့ရန် @SCOUT_WES
Forwarded from Wai Hin (ဝေဟင်) (SaiLaumgKhum💞)
မြိုင်/ရေစကြို ⚠️

မြိုင်/ရေစကြိုနယ် အစပ် တစ်နေရာတွင် ကင်းထောက်ဒရုန်း (Scout Drone) ၁စီး ပျံဝဲနေ။

#WaiHin
Jul 25, 08:11 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
ရေစကြို - မကွေးတိုင်း⚠️
  
8:20pm (25 Jul)

စကစ Drone (2)စီးရေစကြို အနောက်ခြမ်း‌ပေါ် ပျံဝဲနေ။

#WES သတင်းပို့ရန် @SCOUT_WES
တံတားဦး - မန္တလေးတိုင်း

8:33pm(25 Jul )

တံတားဦး လေတပ်မှ Jet Fighter (1) စီး အနောက်ဘက်သို့ ပျံတက်။

 မန်း စစ်ကိုင်း မကွေး ချင်း သတိပြု

#WES သတင်းပို့ရန် @SCOUT_WES
ရေစကြို - မန္တလေးတိုင်း

8:40pm(25 Jul )

တံတားဦး လေတပ်တက်  Jet Fighter (1) စီး ရေစကြိုနယ်ဖြတ် အနောက်တောင်ဘက်သို့ ပျံသန်း။

မကွေး ချင်း ရခိုင် သတိပြု

#WES သတင်းပို့ရန် @SCOUT_WES
ပခုက္ကူ- မန္တလေးတိုင်း

8:40pm(25 Jul )

တံတားဦး လေတပ်တက်  Jet Fighter (1) စီး ပခုက္ကူနယ်ဖြတ် အနောက်တောင်ဘက်သို့ ပျံသန်း။

မကွေး ချင်း ရခိုင် သတိပြု

#WES သတင်းပို့ရန် @SCOUT_WES
2
ပခုက္ကူ⚠️

ပခုက္ကူနယ် အလယ်ကြော ဖြတ်၍ တံတားဦး လေတပ်မှ ဂျက်ဖိုက်တာ ၁ စီး အနောက်တောင်အရပ်သို့ ပျံသန်း။

#SAS
Jul 25, 8:42  PM
📬သတင်းပို့ရန် @SpringAeroScout_Bot
2
ဘုရားပေါ်ပြီးတော့တရားမပေါ်တဲ့နိူင်ငံ

သြကာသဆိုပြီးသြဝါဒမပြနိူင်တဲ့လူတွေကြားထဲ

လူငယ်တွေလူကောင်းမဖြစ်တာ ..မဆန်းပါဘူး။။

//ArrDanYso
5
မြစ်ခြေမြို့နယ်

မြစ်ခြေမြို့နယ် မန်ကျည်းကန်ပျူရွာ ရောက်ရှိနေသော စစ်ခွေးများသည်၊ ရှင်မကန်ပျူရွာသို့ ရောက်ရှိကြောင်း သတင်းရရှိထားပါသည်။ 

အတိအကျကို ဆက်လက်ဆုံစမ်းဆဲဖြစ်သည်။

#PKK_News
𝐉𝐮𝐥-25, 10:00𝐏𝐌
#MRSN
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
25.7.2026

မြိုင်မြို့နယ် အနောက်ပိုင်း
သင်းမရွာနဲ့ ဂျုတ်ကုန်းရွာမှာ ရောက်နေတဲ့
စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ
သင်းမရွာနဲ့ ဂျုတ်ကုန်းရွာမှာပဲ ရှိနေတယ်လို့
သိရပါတယ်။

စစ်ကြောင်းရောက်ရှိနေရာ ဂျုတ်ကုန်းရွာနဲ့
အနီးတဝိုက်ကို
ယနေ့နေ့လည် 1:45 ဝန်းကျင်နဲ့
ယနေ့ညနေ 5:00 ဝန်းကျင်တို့မှာ
ညောင်ဦးလေဆိပ်မှ ဂျိုင်ရိုကော်ပတာသုံးစီးဖြင့်
လေကြောင်းတိုက်ခိုက်မှုတွေ
(6) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့
သိရပြီး
ယနေ့ညဦးပိုင်းမှာလည်း
သင်းမရွာက စစ်ကောင်စီတပ်တွေဟာ
အနီးတဝိုက် ရွာတွေဘက်ကို
120 မမ လက်နက်ကြီးများဖြင့်
ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

နောက်ရက်တွေမှာ ဘယ်ကိုဆက်ပြီး
စစ်ကြောင်းထိုးမလဲ မသိရတာကြောင့်
စစ်ကြောင်းရောက်ရှိနေတာ ကျေးရွာများနဲ့
အနီးတဝိုက်ကျေးရွာများမှ
မိဘပြည်သူများအားလုံး
လက်နက်ကြီးအန္တရာယ်
လေကြောင်းအန္တရာယ်
မြေပြင်စစ်ကြောင်းအန္တရာယ်
အထူးဂရုစိုက်ကြဖို့ အသိပေးအပ်ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်များရဲ့ အန္တရာယ်ကြောင့်
မြိုင်မြို့နယ် အနောက်ပိုင်းနဲ့
မြိုင်မြို့နယ် အနောက်မြောက်ပိုင်းမှ
ဒေသခံပြည်သူအများအပြား
နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jul 26 ,  3:33AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
စစ်အုပ်စုက ကျောက်ထုအမြောက်တပ်သို့ တပ်သားအင်အား၊လက်နက်ခဲယမ်းများ ထပ်မံဖြည့်တင်းပြီး ကျဆုံးအရာရှိအလောင်းနှင့် ထိခိုက်ဒဏ်ရာရ တပ်သားများကို ရဟတ်ယာဥ်များဖြင့်ပြန်သယ်

ဇူလိုင် ၂၅၊၂၀၂၆ ၊ ကျောက်ထု

လတ်တလောစစ်ရေးတင်းမာနေသည့် ယောဒေသ ဆောမြီု့နယ်၊ ကျောက်ထုမြို့ ၃၆၈ တပ်တွင်းကို ယနေ့နေ့လည် ၂ နာရီ ၃၀ မိနစ်အချိန်က MI 17 စစ်ထောက်ပို့ ရဟတ်ယာဥ် ၂ စီးသည် ၅ မိနစ်ခန့် စက်မရပ်ဘဲ ဆင်းဆက်ခဲ့ကြောင်းသိရပါသည်။

ရဟတ်ယာဥ်များသည် မန္တလေးတိုင်းညောင်ဦးလေဆိပ်မှ ပျံသန်းလာခဲ့ကြပြီး ကျောက်ထုတပ်အတွင်းမှာ ရောက်ရှိစုဆောင်းထားသည့် ထိခိုက်ဒဏ်ရာရ စစ်အုပ်စုတပ်သား ၃၀ ဦးနှင့် ရှေ့တန်းတနေရာမှ ဒဏ်ရာရရှိခဲ့ပြီး ကျောက်ထုမြို့ ၃၆၈ တပ်တွင် ယမန်နေ့ ဇူလိုင် ၂၄ ရက်နေ့ညမှာ သေဆုံးသွားခဲ့သည့် အရာရှိတစ်ဦး၏ ရုပ်အလောင်းကိုပါ ပြန်လည်သယ်ယူသွားခဲ့တာဖြစ်ကြောင်း သိရသည်။

ထိုသို့ ရဟတ်ယာဥ်များဆင်းသက်နေစဥ်အတွင်း အနီးနားဝန်းကျင်နေရာများကို Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးဖြင့်ကာဗာပေးပစ်ခတ်ခဲ့ကြောင်းသိရှိရပြီး စစ်အုပ်စုတပ်သား အင်အား ၅၀ ဦးနှင့် လက်နက်ခဲယမ်းများ ချပေးခဲ့ကြောင်း သိရသည်။

ယောအလင်းတန်း
#MRSN
Jul 26 ,  3:33AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
မြစ်ခြေမြို့နယ်

ပခုက္ကူတပ်မ ၁၀၁ မှထွက်ခွာလာသော စခအင်အားပါ ကား ၂စီးသည်မြစ်ခြေမြို့နယ် ရှင်မကန်ပျူရွာသို့ ရောက်ရှိနေကြောင်းသိရ။

#MRSN
Jul 26 ,10:04AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
❝ ကမ္ဘာ့ပထမဆုံး AI ကျင့်ဝတ်သင်တန်း ဘာကြောင့် ပေါ်လာတာလဲ ❞

ပြီးခဲ့တဲ့လက တောင်ကိုရီးယားမှာ AI ကို အလွဲသုံးစားလုပ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ပွက်လောရိုက်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်က AI ခေတ်ရဲ့ အန္တရာယ်ကို ထင်ထင်ရှားရှား ပြသသွားခဲ့တယ်။

အစိုးရရဲ့ Startup အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်နေတဲ့ AI ကုမ္ပဏီတစ်ခုက Website ရဲ့ လုံခြုံရေးအားနည်းချက်ကို အသုံးချပြီး စီးပွားရေးလုပ်ငန်းရှင် အယောက် ၅,၀၀၀ ရဲ့ Email လိပ်စာ၊ လုပ်ငန်းအကြံအစည်တွေ၊အကဲဖြတ်မှတ်ချက်တွေကို ခွင့်ပြုချက်မရှိဘဲ ရယူခဲ့တာ ဖြစ်ပါတယ်။

ဒီလိုအန္တရာယ်တွေ ရှိတယ်ဆိုလို့ AI ကို မကြောက်ပါနဲ့။ AI ကို အလွဲသုံးစားလုပ်တဲ့ လူကိုသာ သတိထားပါ။

AI က ဓားတစ်ချောင်းလိုပါပဲ။
ဆရာဝန်လက်ထဲ ရောက်ရင် အသက်ကယ်နိုင်တယ်။ ရာဇဝတ်သားလက်ထဲ ရောက်ရင် လူသတ်နိုင်တယ်။

ဓားက အပြစ်မရှိဘူး။
အသုံးပြုတဲ့ လူကသာ အရေးကြီးတာပါ။

AI လည်း အတူတူပါပဲ။ စာသင်ပေးနိုင်တယ်။ရောဂါရှာဖွေရာမှာ ကူညီနိုင်တယ်။ မသန်စွမ်းသူတွေကို အထောက်အကူပေးနိုင်တယ်။သုတေသနလုပ်ငန်းတွေကို မြန်ဆန်စေနိုင်တယ်။

ဒါပေမယ့် တစ်ဖက်မှာတော့…
ဟက်ကာတိုက်ခိုက်မှုတွေကို ကူညီနိုင်တယ်။လိမ်လည်မှုတွေလည်း ကျူးလွန်နိုင်တယ်။ အခုဆို လူတစ်ယောက်ရဲ့ အသံကို အတုလုပ်ပြီး ငွေလိမ်တာ၊ မျက်နှာကို အတုလုပ်ပြီး မရှိခဲ့တဲ့ ဗီဒီယိုတွေ ဖန်တီးတဲ့ Deepfake ပြစ်မှုတွေလည်း တစ်နေ့တခြား ပိုများလာနေပါတယ်။

ဒါကြောင့် အနာဂတ်မှာ အရေးကြီးဆုံးက “AI ဘယ်လောက်တော်လဲ” ဆိုတာ မဟုတ်တော့ဘဲ “AI ကို အသုံးပြုတဲ့ လူတွေ ဘယ်လောက်တာဝန်ယူမှုရှိသလဲ” ဆိုတာ ဖြစ်လာပါလိမ့်မယ်။

အထူးသဖြင့် ဆယ်ကျော်သက် လူငယ်တွေကြားမှာ Deepfake ပြစ်မှုတွေ တိုးလာတာကြောင့် AI ကို ဘယ်လိုတာဝန်ယူပြီး အသုံးပြုရမလဲဆိုတဲ့ ပညာပေးမှုတွေ လိုအပ်လာပါတယ်။

နောက်ထပ် ပြဿနာတစ်ခုကတော့ AI ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူနဲ့ မသုံးတတ်သူကြား ကွာဟမှု ပိုကြီးလာတာပါ။

နည်းပညာက အရှိန်အဟုန်နဲ့ တိုးတက်လာသလို လူမှုအသိုင်းအဝိုင်းမှာလည်း စိန်ခေါ်မှုအသစ်တွေ ပိုများလာနေပါတယ်။

ဒီလိုအခြေအနေကြောင့် တောင်ကိုရီးယားက LG AI သုတေသနဌာန (LG AI Research) နဲ့ ယူနက်စကို (UNESCO) တို့ ပူးပေါင်းပြီး ကမ္ဘာ့ပထမဆုံး AI ကျင့်ဝတ် (AI Ethics) သင်တန်း ကို ဖန်တီးလိုက်ပါတယ်။

ဒီသင်တန်းကို ၂ နှစ်ကြာ ရေးဆွဲခဲ့ပြီး နာရီ ၁၀၀ ခန့်ရှိတဲ့ သင်ခန်းစာတွေကို ကိုရီးယားဘာသာအပါအဝင် ဘာသာစကားအမျိုးမျိုးနဲ့ ကမ္ဘာတစ်ဝန်းက လူတိုင်း အခမဲ့ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ အများပြည်သူအတွက် အွန်လိုင်းကနေ တက်ရောက်ခွင့်ပေးမယ်ဆိုရင် ကျမလည်း သင်ယူပြီး စိတ်ဝင်စားသူတွေကို ပြန်လည်မျှဝေပေးပါမယ်။

သင်တန်းထဲမှာ AI ကို လုံခြုံစိတ်ချစွာ အသုံးပြုနည်း၊ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်နည်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ စဉ်းစားသင့်တဲ့အချက်တွေကို လက်တွေ့ဥပမာတွေနဲ့ ရှင်းပြထားတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်က UNESCO ဟာ AI ကျင့်ဝတ်ဆိုင်ရာ အကြံပြုချက်ကို အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံရဲ့ သဘောတူညီမှုနဲ့ အတည်ပြုခဲ့ပေမယ့် လက်တွေ့သင်ကြားပေးမယ့် အစီအစဉ်တော့ မရှိသေးပါဘူး။

အခုတော့ အဲဒီလိုအပ်ချက်ကို တောင်ကိုရီးယားက စတင်ဖြည့်ဆည်းပေးလိုက်တာ ဖြစ်ပါတယ်။

AI ဟာ အနာဂတ်ကို ပြောင်းလဲပေးမယ့် နည်းပညာဖြစ်တာ သေချာပါတယ်။

ဒါပေမယ့် နည်းပညာတိုးတက်ရုံနဲ့တော့ မလုံလောက်ပါဘူး။ လူတွေရဲ့ စိတ်ဓာတ်နဲ့ တာဝန်ယူမှုလည်း တစ်ပြိုင်နက် တိုးတက်လာဖို့ လိုပါတယ်။

AI ကောင်းလား၊ မကောင်းလားဆိုတာ AI က ဆုံးဖြတ်တာ မဟုတ်ပါဘူး။ AI ကို ဘယ်လိုအသုံးချမလဲဆိုတာ လူက ဆုံးဖြတ်တာပါ။

ဒါကြောင့် အနာဂတ်မှာ AI ထက် ပိုအရေးကြီးတာက လူရဲ့ စိတ်ဓာတ်နဲ့ တာဝန်ယူမှု ပါပဲ။

━━━━━━━━━━━━━━

ချစ်ခြင်းမေတ္တာဖြင့်—
မရွှေမိုး- ကိုရီးယား
July 26,2026.

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
4
စီးပွားရေး ပိတ်ဆို့တာ ဒို့မမှုပါ အိမ်မြှောင်ဥတွေ ပေါတဲ့မြေ အက်လဲ့ ...😎😁
2