ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
⚠️ချောက်

ချောက်နယ်ထဲကခွေးစစ်ကြောင်း ကြိတ်စုရွာနားမှာရောက်နေကြောင်း သိရ။

#MRSN
Jul 23 , 11:40AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
Forwarded from Magway Scout Network
⚠️ချောက်

ချောက်နယ်ထဲကခွေးစစ်ကြောင်း ကြိတ်စုရွာနားမှာရောက်နေကြောင်း သိရ။

#MRSN
Jul 23 , 11:40AM
📬သတင်းပို့ရန်@MagwayScoutBot
3
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «⚠️ချောက် ချောက်နယ်ထဲကခွေးစစ်ကြောင်း ကြိတ်စုရွာနားမှာရောက်နေကြောင်း သိရ။ #MRSN Jul 23 , 11:40AM 📬သတင်းပို့ရန်@MagwayScoutBot»
မြိုင်မြို့နယ်စစ်ကြောင်းနဲ့လေကြောင်းသတင်း
23.7.2026

မြိုင်မြို့နယ်အနောက်ပိုင်း သင်းမရွာမှာရောက်နေတဲ့
စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက် 10:30 ဝန်းကျင်မှာ
လှုပ်ရှားမှုတချို့ရှိနေပြီး
ရှေ့ကင်းတွေက နေ့လည် 12:00 ဝန်းကျင်ထိ
သင်းမရွာနဲ့အနီးတဝိုက်မှာပဲ
ရှိနေတယ်လို့ သိရပါတယ်။

ဘယ်ကိုဦးတည်မလဲ မသိရတာကြောင့်
စစ်ကြောင်းအနီးတဝိုက် ကျေးရွာများမှ
မိဘပြည်သူများ သတိဝရိယနဲ့
နေထိုင်ကြဖို့ အသိပေးအပ်ပါတယ်။

ယနေ့နေ့လည် 11:00 ဝန်းကျင်က
မြိုင်မြို့အနောက်တောင်ဘက် စက်မှု (2 ) ထဲကို
Mi 17 သယ်ယူပို့ဆောင်ရေး
ရဟတ်ယာဉ်တစ်စီးဖြင့် 2 ခေါက်ဆင်းသက်ပြီး
အင်အားထပ်ဖြည့်ထားတယ်လို့ သိရပြီး
Mi 17 ဆင်းသက်နေချိန်မှာ
Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက
ကာဗာယူပျံဝဲပေးကာ စက်လက်ဆွဲ
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့လည်း
သိရပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jul 23 , 1:20PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
ကျောက်ထုစစ်ကြောင်း ကြီးရွာမှာဆက်ရှိနေပြီး ဒရုန်းများဖြင့် ကင်းထောက်ကာ ဗုံးသီးများကြဲချ

ဇူလိုင် ၂၃၊၂၀၂၆၊ ကျောက်ထု

ယခုဇုလိုင်လ ၁၈ ရက်နေ့ညကနေ ကြီးရွာမှာ ရောက်ရှိနေသည့် ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်ကစစ်ကြောင်းသည် ယခုအချိန်ထိ ကြီးရွာမှာပင် ဆက်လက်ရှိနေသေးကြောင်း သိရပါသည်။

ကြီးရွာတွင် ၆ ရက်မြောက်နေ့ အဖြစ်ရှိနေတာဖြစ်ပြီး ရွာအတွင်းနှင့် ရွာပတ်လည်နေရာများမှာ တပ်ဖြန့်နေယူထားသလို ကင်းထောက်ဒရုန်းများဖြင့်ပါ ကင်းထောက်မှုများဖြစ်လုပ်ပြီး ရွာမြောက်ဖက်အရပ်တွေကို ဗုံးသီးများ ကြဲချနေကြောင်း သတင်းမြစ်က ပြောသည်။

" ခုနေ့လည်ပိုင်းတွေမှာ ဒရုန်းတွေနဲ့ ကင်းထောက်ပြီး ရွာမြောက်ဖက်တောထဲတွေ ဗုံး ၆ လုံးကြဲချတယ်၊ ရွာတောင်ဖက်အရပ်တွေနဲ့ ဘေးပတ်လည်တွေကိုလဲ ကင်းပတ်တာတွေ လုပ်နေကြတယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်မှ ယောအလင်းတန်းကို ပြောသည်။

ထိုစစ်ကြောင်းသည် မြောက်ဖက်အရပ်ရှိ ရွှေအောင်သာရွာအထိ သွားရောက်မည်ဖြစ်ပြီး လမ်းခရီးနေရာများတွင်ဒေသခံပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများအတွင်း တပ်သားအင်အားပြုန်းတီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းပြုန်းတီးအင်အားများအတွက် ကျောက်ထုအမြောက်တပ်မှ တပ်သား ၆၆ ဦးကို ယမန်နေ့ ညနေပိုင်းက ပြန်လည်အစားထိုးထားပြီးဖြစ်ကြောင်းနှင့် ကြီးရွာကနေ ရွှေအောင်သာဖက်ကို ဆက်လက်ထွက်ခွာနိုင်ရန် ယခုကဲ့သို့ ဒရုန်းများဖြင့်ကင်းထောက်ပျံသန်းမှုပြုလုပ်ကာ ဗုံးသီး ၆ လုံးကြဲချခဲ့တာဖြစ်ကြောင်း သိရပါသည်။

ထိုနောက် ပန်းဆန်ရွာနှင့် မိအယ်ရွာမှ ပြည်သူများကို ယခု ၅ ရက်အတွင်း ရွာနီးနား၊ဒေသတွင်းနေရာများကို အသွားအလာများမလုပ်ကြရန် ကျောက်ထုအမြောက်တပ်ရှိ စစ်အုပ်စုက သတိပေးထားပြီး ယမန်နေ့ည၊ ယနေ့နံနက်အစောပိုင်း ၂ နာရီခန့်က ကြီးရွာတွင်းမှ ခိုးယူရရှိထားသည့် ပစ္စည်းနှင့် ရိက္ခာများကို ကုန်တင်ကားများဖြင့်တင်ဆောင်ပြီး ၃၆၈ တပ်တွင်းကို ပန်းဆန်ရွာမှတဆင့် ပို့ဆောင်ခဲ့ကြကြောင်း သတင်းရင်းမြစ်က ပြောသည်။

ယောအလင်းတန်း
#MRSN
Jul 23 , 6:22PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
ရေစကြို - မကွေးတိုင်း⚠️
  
7:38pm (23Jul )

ရေစကြို နယ်ဖြတ် စကစ Drone (1) စီးအရှေ့ဘက်သို့ပျံသန်း။

#WES သတင်းပို့ရန် @SCOUT_WES
1
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «ရေစကြို - မကွေးတိုင်း⚠️    7:38pm (23Jul ) ရေစကြို နယ်ဖြတ် စကစ Drone (1) စီးအရှေ့ဘက်သို့ပျံသန်း။ #WES သတင်းပို့ရန် @SCOUT_WES»
မြိုင်မြို့နယ်စစ်ကြောင်းသတင်း
23.7.2026

မြိုင်မြို့အနောက်တောင်ဘက်
စက်မှု (2) ကထွက်တဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညနေပိုင်းမှာ ဝက်ပုတ်ရွာကို
ရောက်ရှိနေတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jul 23 , 7:45PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
ခလရ ၅၀ ကအင်အား ၁၀၀ ပါစစ်ကြောင်း ဂန့်ဂေါမြို့အရှေ့ဖက်မှာရောက်နေ

ဇူလိုင် ၂၃၊၂၀၂၆၊ ဂန့်ဂေါ

မကွေးတိုင်း၊ ယောဒေသ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်မှ အင်အား ၁၀၀ ခန့်ပါသည့် စစ်ကြောင်းသည် မြို့အရှေ့ဖက်အရပ်မှာ ရောက်ရှိနေကြောင်း သိရပါသည်။

"ညနေ ၆ နာရီကျော်က မြို့အရှေ့ဖက် မဖေးတောဖက်ကို ထွက်သံားကြတာဖြစ်တယ်၊ အင်အား ၁၀၀ လောက်ပါတယ်၊ မိုင်းထောင်ဖို့လား၊စစ်ကြောင်းထိုးဖို့လားဆိုတာတော့ မသိဘူး " ဟု သတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောသည်။

ခလရ ၅၀ တပ်မှ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်က ထွက်လာသည့် စစ်ကြောင်းသည် မြို့အရှေ့ဖက်ရှိ ဒေသအခေါ် မဖေးတောဖက်တွင် ရောက်ရှိနေပြီးဖြစ်ကြောင်းနှင့် မြို့လုံခြုံရေးအတွက် ဆောင်ရွက်ခြင်းဖြစ်နိုင်သကဲ့သို့ ဒေသတွင်းစစ်ကြောင်းထိုးနိုင်ကြောင်း သတင်းရင်းမြစ်က ပြောပါသည်။

ယခုရက်ပိုင်းများတွင် ဂန့်ဂေါမြို့နှင့်အနီးနားရှိ အောင်မြင် (ရှောက်ပင်)ရွာက စစ်အုပ်စုကာကင်းစခန်းကိုလည်း အင်အားအနည်းငယ်ထပ်တိုးဖြည့်နေလျက်ရှိပြီး ယခင်ရက်က တပ်သား ၃ ဦးတစ်ခါ၊ ၅ ဦးတစ်ကြိမ် ဖြည့်တင်းနေတာကို တွေ့မြင်ရကြောင်း သတင်းရင်းမြစ်က ပြောသည်။

ထို့ကြောင့် ဂန့်ဂေါမြို့နဲ့ နီးစပ်ရာ ကျေးရွာများမှ ပြည်သူများအနေဖြင့် စစ်ရေးသတိ ရှိနေပေးကြရန် လိုအပ်ကြောင်း ဒေသတွင်းစစ်သတင်းရင်းမြစ်က ပြောသည်။

ယောအလင်းတန်း
#MRSN
Jul 23 , 7:45PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
မြိုင် - မကွေးတိုင်း⚠️
  
8:00pm (23Jul )

မြိုင် အလယ်ကြောနယ်ပေါ် စကစ Drone (1) စီးပျံဝဲနေ။

#WES သတင်းပို့ရန် @SCOUT_WES
တောင်တွင်းကြီး-မကွေးတိုင်း⚠️

8:04pm (23 Jul)

နေပြည်တော်လေတပ်တက်Jet Fighter (1)စီး တောင်တွင်းကြီးနယ်ဖြတ် အနောက်မြောက်ဘက်သို့ ပျံသန်း။

⚠️ရခိုင် မကွေး ချင်း သတိပြု

#WES သတင်းပို့ရန် @WES_SCOUT
2
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ရေစကြိုနယ် ဆင်ချောင်း(ပျူ)ရွာမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိ။

#WES 8:06pm,Jul 23
2
မကွေး- မကွေးတိုင်း

8:11pm(1l23Jul  )

မကွေး လေတပ်မှ စစ်ထောက်ပို့ တိုက်ခိုက် L-410 UVP E-20 (1) စီး အနောက်ဘက်သို့ ပျံတက်။

  ရခိုင် မကွေး ချင်း သတိပြု

#WES သတင်းပို့ရန် @SCOUT_WES
👍1
တောင်တွင်းကြီး-မကွေးတိုင်း⚠️

8:15pm (23 Jul)

နေပြည်တော်လေတပ်တက် Jet Fighter ဒုတိယ (1)စီး တောင်တွင်းကြီးနယ်ဖြတ် အနောက်မြောက်ဘက်သို့ ပျံသန်း။

⚠️ရခိုင် မကွေး ချင်း သတိပြု

#WES သတင်းပို့ရန် @WES_SCOUT
2
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ရေစကြိုနယ် ဆင်ချောင်း(ပျူ)ရွာမှ အရှေ့ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိ။

Update - 8:11pm (2 ကြိမ်မြောက်ပစ်)


Jul 23, 8:09PM

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
2
ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ်မှ ရဲဘော်များနဲ့တော်လှန်ပြည်သူများ လေကြောင်းအထူးဂရုပြုကြပါ ခပ်နိမ့နိမ့်ပျံသန်းတိုက်ခိုက်နေပါတယ်။
#Threestarsmyaing
@3starmyaingbot
3
ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ်တောင်ခြမ်းနဲ့အနောက်တောင်ပိုင်းမှ ရဲဘော်များနဲ့တော်လှန်ပြည်သူများ လေကြောင်းအထူးဂရုပြုကြပါ ခပ်နိမ့်နိမ့်ပျံသန်းတိုက်ခိုက်နေပါတယ်။အထူးဂရုစိုက်ကြပါခင်ဗျာ တစီးပြီးတစီးဝဲပြန်နေပါတယ်ခင်ဗျာ။
Jul,23,09:25
#Threestarsmyaing
@3starmyaingbot
3
မြိုင်နယ်အနောက်ပိုင်းနဲ့ မြောက်ပိုင်းအန္တရာယ်ဇုန် သတ်မှတ်ခြင်း

အနီရောင်  စစ်ကြောင်းရှိရာနှင့် အနီးတဝိုက်
လိမ္မော်ရောင်  နောက်ထပ်ရောက်နိုင်တဲ့လမ်းကြောင်း
အစိမ်းရောင်  ယာယီပိုလုံခြုံတဲ့နေရာ။

အရေးပေါ်အခြေနေမတိုင်ခင် ထိခိုက်လွယ်သူတွေကို အရင်ရွှေ့

သက်ကြီးရွယ်အို
ကလေး
ကိုယ်ဝန်ဆောင်
မသန်စွမ်းသူ
နာတာရှည်ရောဂါရှိသူတွေကို အရင်ဆုံး
ဘေးကင်းရာ ရွှေ့ပေးမယ်။

အရေးပေါ်ပစ္စည်းအဆင်သင့် ထားရှိဖို့လို
ရွာတိုင်းမှာ
သောက်ရေ
ဆေးဝါး
မီးအိမ်
အရေးပေါ်စာရွက်စာတမ်း
ဖုန်းအားသွင်းနိုင်မယ့်နည်းလမ်း
တွေကို အဆင်သင့်ထားမယ်။

( အထက်ပါအချက်များသည် လက်ရှိရရှိထား
သော ဒေသတွင်းသတင်းများကို အခြေခံ၍
စစ်ရေးလှုပ်ရှားမှုပုံစံကို လေ့လာသုံးသပ်ထား
ခြင်းသာ ဖြစ်ပြီး၊ ရှေ့ဆက်လှုပ်ရှားမှုကို အတိ
အကျခန့်မှန်းထားခြင်း မဟုတ်ပါ။ မြေပြင်အခြေအနေသည် အချိန်မရွေး ပြောင်းလဲနိုင်)

ပြည်သူ့လုံခြုံရေးနှင့် ဘေးကင်းရေးလမ်းညွှန်
၂၃ ဇူလိုင် ၂၀၂၆ | ၁၄ : ၀၀ နာရီ



Jul 23, 8:09PM

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
1
Forwarded from Info Committee Yesagyo (YSO)
ရေစကြိုမြို့နယ် အနောက်တောင်ဘက်ပိုင်းကို 9:20 pm ဝန်းကျင်အချိန် မအလ ခွေးများ Y12 ဖြင့် ဗုံးများ ဆက်တိုက် ကြဲချနေကြောင်း သိရှိရပါသည်။
(ပြည်သူများ ဘေးကင်းကြပါစေ)

ဇူလိုင် ၂၃၊ ၂၀၂၆

#InfoCommitteeYesagyo
👍1
🔴 မြိုင် - မကွေးတိုင်း

9:32pm(23Jul)

မိတ္ထီလာ လေတပ်တက် စစ်ထောက်ပို့တိုက်ခိုက် L-410 UVP E-20 (1) စီး မြိုင်နယ်ပေါ် ပျံဝဲနေ။(4 ကြိမ်မြောက်)

#WES သတင်းပို့ရန် @SCOUT_WES