ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ပုံတောင်နတ်ထိပ်ကို စစ်အုပ်စု၏ ဒရုန်းတင်ကားတစ်စီးတက်သွား၊ နတ်ထိမှာ စစ်အင်အား ၁၅၀ ခန့်ရှောက်ရှိနေပြီး တပြင်းရွာဖက်သို့ဆင်းလာနေ

ဇူလိုင် ၁၂၊၂၀၂၆၊ယောအလင်းတန်း

ယနေ့နံနက်အစောပိုင်းက ပေါက်မြို့နယ်အနောက်ခြမ်း ပုံတောင်ခြေရင်းရှိ ကျောက်တံခါးရွာကနေ ဒရုန်းများတင်ဆောင်ထားသည့် စစ်ကားတစ်စီး ပုံတောင်နတ်ထိပ်ကိုမောင်းတက်သွားကြောင်းသိရသည်။ဒရုန်းတင်ကား မောင်းတက်သွားပြီး ခဏအကြာတွင် ကျောက်တံခါးရွာမှာ ယာယီစခန်းချနေသော စစ်အုပ်စုတပ်သားအင်အား ၇၀ ခန့်ပါ ပုံတောင်နတ်ထိပ်ဖက်သို့ တက်ရောက်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

ပုံတောင်နတ်ထိပ်တွင် ယမန်နေ့ကတက်လာသည့် စစ်အုပ်စုတပ်သား ၈၅ ဦးရောက်ရှိနေပြီး ယနေ့နံနက်မှာအင်အား ၇၀ ထပ်တက်လာသဖြင့် အင်အားစုစုပေါင်း ၁၅၅ ခန့်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ထိုအတူ ပေါက်မြို့နယ် ပလောင်းရွာမှနေ၍ အတင်းအဓမ္မခေါ်ဆောင်လာသည့် ပြည်သူ့နွားလှည်း ၄ စီးနှင့်အတူ စစ်သည်အင်အားအချို့သည်လည်း ယနေ့နံနက်ပိုင်းမှာ အနောက်ဖက် ကျောက်မဲတောင်ရွာအတွင်းသို့ဝင်ရောက်လာကြကြောင်း၊ ယခု စစ်ကြောင်းတစ်ခုလုဲး၏ စစ်ကြောင်းမှူးအပါဝင် အရာရှိ အကြပ်စစ်သည်အချို့တို့သည် သောက်သားမူးယစ်ကာ ကျောက်မဲတောင်ရွာမှာပင် ရှိနေသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။

လတ်တလောအဆိုပါမြေပြင်အခြေအနေ၏ ပေါက် ကပစ ၂၄ ကစစ်ကြောင်းသည် ယောဒေသ ပုံတောင်နတ်ထိပ်၊ အရှေ့ဖက် ပေါက်မြို့နယ် ကျောက်တံခါး၊ ကျောက်မဲတောင်၊ဆယ်မိုင်၊ပလောင်း စသည့်ကျေးရွာများနှင့် လမ်းပိုင်းနေရာများတွင် တပ်ဖြန့်နေရာယူထားသည်ကို တွေ့ရသည်။ထိုနောက် ပကစ ၂၄ မှနေ၍ ပေါက်မြို့နယ်မြောက်ခြမ်းနေရာများကို ဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုင်ရန်ပြင်ဆင်မှုတွေရှိနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

"ပုံတောင်နတ်ထိပ်နဲ့ ပေါက်နယ် ပလောင်းရွာအထိ လမ်းပိုးတလျှောက်မှာ စစ်အုပ်စုတပ်သားတွေ ဖြန့်ကျက်နေရာယူထားသေးတယ်၊ ကပစ ၂၄ ကနေ စစ်ကားအချို့နဲ့ စစ်အင်အားတွေ အဲ့ဖက် ကျောက်ထုဖက်ကို နောက်ထပ်အင်အားတိုးပို့ဖို့လည်း ဖြစ်နိုင်တယ်" ဟု ဒေသတွင်းစစ်သတင်းရင်းမြစ်က ယောအလင်းတန်ူကို ပြောသည်။

ပုံတောင်နတ်ထိပ်တွင်ရောက်ရှိနေသည့် ရှေ့ပြေးစစ်ကြောင်းသည် ဆောနယ် တပြင်းရွာဖက်သို့ ဦးတည်ဆင်းလာနေပြီဖြစ်ကြောင်းသိရသည်။နောက်ချန်အင်အားများအဖြစ် နတ်ထိပ်-ပလောင်းလမ်းပိုင်းတွင် စစ်အုပ်စုက ဖြန့်ကျက်နေရာယူထားကာ ပေါက် ကပစ ၂၄ မှနေ၍ နောက်ထပ်အင်အား ဖြည့်ပေးနိုင်ကြောင်း သိရသည်။

အတည်ပြုဆဲသတင်းအရ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှလည်း ချင်းပြည်နယ်တောင်ပိုင်းကို ပြန်လည်ထိုးစစ်အားကောင်းစေရေးအတွက် ယောဒေသမှတဆင့် အင်အားထပ်မံပို့ဆောင်နိုင်ရန် စီစဥ်နေတာရှိကြောင်း သတင်းရင်းမြစ်တစ်ခုအရ သိရသည်။

စစ်အုပ်စု၏ ဒရုန်းတင်ကားတစ်စီးသည် ပုံတောင်နတ်ထိပ်မှာ ရောက်ရှိနေပြီး ၎င်းတို့လာရာလမ်းကြောင်းအတွက် နယ်မြေရှင်း ဗုံးသီးချ တိုက်ခိုက်မည်ဖြစ်ဖြစ်ပြီး ဝေဟင်လေကြောင်းကပါ လေယာဥ်များဖြင့် တိုက်ခိုက်လာနိုင်တာကြောင့် ဒေသခံပြည်သူများ ကြိုတင်သတိဖြင့် နေထိုင်ပေးကြရန် လိုအပ်ကြောင်း ယောစစ်သတင်းရင်းမြစ်က ပြောသည်။

@မင်းဒဿ
#MRSN
Jul 12 , 11:35AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
5
⚠️မြေပြင်

မကွေးတိုင်း-ရေစကြို


ဆင်ချောင်းပျူရွာကနေအသွား ပျူအင်အား၁၀ယောက်ခန့်ကမြောက်အရပ်သို့၁၀ပေကား ၂စီးဖြင့်ထွက်ခွါပီးတောင်အိုဂိတ်ကိုခဲယမ်းချပီးတောင်အိုဂိတ်မှစစ်သား15ယောက်ဆင်ချောင်းပျူရွာအင်းအားဖြည့်တင်းခေါ်ဆောင်သွားပါကြောင်းသတင်းရရှိ့။

Jul 12,2:07PM
#7starmyaing
သတင်းပေးပို့ရန်@myaing3starbot
2👍1
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «⚠️မြေပြင် မကွေးတိုင်း-ရေစကြို ဆင်ချောင်းပျူရွာကနေအသွား ပျူအင်အား၁၀ယောက်ခန့်ကမြောက်အရပ်သို့၁၀ပေကား ၂စီးဖြင့်ထွက်ခွါပီးတောင်အိုဂိတ်ကိုခဲယမ်းချပီးတောင်အိုဂိတ်မှစစ်သား15ယောက်ဆင်ချောင်းပျူရွာအင်းအားဖြည့်တင်းခေါ်ဆောင်သွားပါကြောင်းသတင်းရရှိ့။ Jul 12,2:07PM #7starmyaing…»
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
ရန်သူဟာ ရန်သူ ပီသတယ်
++++++++++++++++++

🌾 အညာမှာ
တောင်သူတွေ စိုက်ပျိုးချိန်ဆိုရင်
စစ်ကြောင်းထိုးတယ် 🪖
ဗုံးကြဲတယ်...💣💥

🚜 အညာမှာ
တောင်သူတွေ သီးနှံရိတ်သိမ်းချိန်ဆိုရင်လည်း
စစ်ကြောင်းထိုးတယ် 🪖
ဗုံးကြဲတယ်...💣💥

⚠️ ရန်သူဟာ ရန်သူ ပီသတယ်... ⚠️

🕍 ဘုန်းကြီးကျောင်း
🏫 စာသင်ကျောင်း
🏥 ဆေးရုံ
သူတို့ နားမလည်ဘူး
သူတို့ နားလည်တာ 💥 ဗုံးကြဲမယ် 💥

🙏 ရဟန်း
👥 ပြည်သူ
👴 လူကြီး
👶 ကလေး
သူတို့ မသိဘူး
သူတို့ သိတာ 👇
🛑 လူသားဒိုင်းလုပ်မယ်
🛑 မုဒိမ်းကျင့်မယ်
🛑 သတ်ဖြတ်မယ်

⚠️ ရန်သူဟာ ရန်သူ ပီသတယ်... ⚠️

🔥 ရွာထဲ ဝင်မယ်
💰 ပစ္စည်း ယူမယ်
🏠 အိမ် မီးရှို့မယ်
အိမ်တစ်လုံး  ဖြစ်ဖို့
ဘယ်လောက် ကြိုးစားရ
ဘယ်လောက် အချိန်ယူရ
ဒါတွေ သူတို့ မသိဘူး
သူတို့ သိတာ  ဖျက်ဆီးမယ်...။

⚠️ ရန်သူဟာ ရန်သူ ပီသတယ်....။ ⚠️

#PKK_News #Admin_Team
#TauntharNews
4👍1
ကျောက်ထုအမြောက်တပ်ကို Y 8 စစ်ထောက်ပို့လေယာဥ်ဖြင့်အထုပ်ချပေး

အမတ ၃၆၈ တပ်က စစ်ကြောင်းပန်းဆန်မှာရောက်နေ

ဇူလိုင် ၁၂၊၂၀၂၆၊ကေျာက်ထု

ယနေနံနက် မိတ္ထီလာရှမ်းတဲလေးလေတပ်က ပျံတက်လာသည့် Y 8 စစ်ထောက်ပို့လေယာဥ်တစ်စီးဖြင့် ကျောက်ထုမြို့အမြောက်တပ် ၃၆၈ ကို ရိက္ခာနှင့် ခဲယမ်းကျည် အထုပ်များကို ဝေဟင်မှလေထီးများဖြင့် ချပေးခဲ့ကြောင်း သိရသည်။

နံနက် ၉ နာရီ ၂၂ မိနစ်ခန့်မှ ၁၀ နာရီ ၁၀ မိနစ်ခန့်အထိ ၉ ကြိမ်ပျံဝဲကာ ရိက္ခာနှင့် ခဲယမ်ူကျည်ထုပ် ၃၅ ထုပ်ခန့်ချပေးခဲ့တာဖြစ်တယ်လို့ သိရသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းကပင် ကျောက်ထုအမြောက်တပ်မှ စစ်အုပ်စုတပ်သားများကိုဖောကား ၂ စီးဖြင့် တင်ဆောင်ပြီး ဂုံဖိုဘုရားကုန်းကို ပို့ဆောင်ခဲ့ကြောင်း၊ ယခုအခါ ပန်းဆန်ရွာအတွင်းသို့ဝင်ရောက်လာကြပြီး ဖြစ်ကြောင်း သိရသည်။အမြောက်တပ်ထဲမှနေ၍ အင်အား ၁၀၀ ကျော် ဂုံဖိုရွာနှင့် ပန်းဆန်ရွာတွေဖက်မှာ ဖြန့်ကျက်နေရာယူနေကြတာဖြစ်တယ်လို့ သတင်းရင်းက ပြောသည်။

အရှေ့ဖက် ပုံတောင်၊ပုံညာဖက်မှ ဆင်းလာနေသည့် ကပစ ၂၄ စစ်ကြောင်းသည်လည်း ဆောမြို့နယ်၊တပြင်းရွာဖက်ကို ဦးတည်ရွေ့လျားလာနေပြီး ၎င်း စစ်ကြောင်းအား အကြိုထောက်ရန်အတွက် ယခုလို ကျောက်ထုစစ်ကြောင်း ထွက်လာခြင်းဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောသည်။

Vd- ကျောက်ထုမြို့ပေါ် Y 8 လေယာဥ်ပျံဝဲနေစဥ်

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Jul 12 , 5:54PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍31
မြိုင်မြို့နယ်


ပေါက်မြို့နယ်အရှေ့ပိုင်း ထောက်ရှာပင် ကျေးရွာမှ ထွက်ခွာလာသော ရှေ့ပြေးစခစစ်​ကြောင်းသည်မြိုင်မြို့နယ် ကံနက်ကျေးရွာအနောက်ဘက်သို့ရောက်ရှိနေကြာင်းသိရ။



🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
Jul 12,  9:59PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
⚠️ရေစကြိုနယ်

ရေစကြို ဖူလုံခလရ ၂၅၆/၂၅၇/၂၅၈ မှ မနက်ပိုင်း ၃နာရီခန့်မှတောင်အို​စခဂိတ်သို့ရောက်ရှိပြီး ၄ရာရီ ၄၇မိနစ်ခန့်တွင်တောင်အိုဂိတ်မှ စခအင်အား၇၀ခန့်မြောက်အရပ်သို့ထွက်ခွါပြီး ၇နာရီအချိန်ခန့်တွင်ဖူလုံခလရအတွင်းသို့ဝင်ရောက်သွားကြောင်း သတင်းရရှိ။

Jul 13,7:13AM
#7starmyaing
📭သတင်းပေးပို့ရန်@myaing3starbot
4
ယောနယ်ဖက်သို့ဦးတည်လာနေသည့် စစ်ကြောင်း ၂ ခုတွင် နောက်ဆုံးအပတ်စဥ် ၂၄ စစ်မှုထမ်းသတန်းဆင်းများ ပါဂင်လာ

ဇူလိုင် ၁၃၊၂၀၂၆၊ ယောအလင်းတန်း

ယခု မကွေးတိုင်း၊ယောဒေသ ဆောမြို့နယ်ဖက်သို့ ဦးတည်ဝင်ရောက် စစ်ကြောင်းထိုးနေသည့် စစ်ကြောင်း ၂ ခုတွင် စစ်အုပ်စု၏ နောက်ဆုံးအပတ်စဥ် ၂၄ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် (ပစ) များပါဝင်လာကြောင်း သတင်းရင်းမြစ်အရ သိရသည်။

"ယခု ဇူလိုင် ၃ ရက်နေ့မှ အပတ်စဥ် ၂၄ သင်တန်းကဆင်းတာ၊ နောက်နေ့ ၄ ရက်နေ့မနက်မှာ ပေါက်နယ် ကပစ ၂၄ ကိုချက်ခြင်းပို့တာပါ" ဟု စစ်ရေးသတင်းရင်းမြစ်မှ ယောအလင်းတန်းကိုပြောသည်။

လက်ရှိအချိန်တွင် ယောဒေသ၊ ဆောမြို့နယ်မြောက်ပိုင်းမှာ ပေါက်ကပစ ၂၄ မှလာသည့် အင်အား ၄၀၀ ပါစစ်ကြောင်းတစ်ကြောင်းဝင်ရောက်နေပြီး ယခုအခါ ပုံတောင်နတ်ထိပ်နှင့် တပြင်းကျေးရွာ လမ်းကြောင်းပေါ်မှာ ရောက်ရှိနေကြောင်းသိရသည်။နောက်ချန်အင်အားများသည် ပေါင်နယ် ပလောင်းရွာ၊ဆယ်မိုင်၊ကျောက်မဲတောင်နှင့် ကျောက်တံခါး စသည့်ကျေးရွာများတွင် ရှိနေကြသေးကြောင်းသိရသည်။

အလားတူ ဆောမြို့နယ်တောင်ပိုင်းသို့ မကွေးတိုင်း အနောက်ခြမ်း စလင်းမြို့နယ်ဖက်မှ ဝင်ရောက်လာသည့် စစ်ကား ၃၄ စီးနှင့် စစ်သည်အင်အား ၄၀၀ ခန့်ပါသည့် စစ်ကြောင်းတစ်ခုသည်လည်း လောင်းရှည်မြို့နယ် ကပစ ၂၅ ဖက်သို့ဦးတည်ရွေ့လျားလာနေပြီး ယခုအခါ ကံပြား-ကျွန်းတော- မြောင်းဦး-လောင်းရှည် လမ်းပိုင်းတနေရာ (၂၅ မိုင်) မှာ ရောက်ရှိနေကြကြောင်း သိရသည်။

@မင်းဒဿ
#MRSN
Jul 13 ,  9:40AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
ရေစကြို - မကွေးတိုင်း

10:22am(13 Jul)

စစ်ထောက်ပို့ ရဟတ်ယာဉ် MI-17(1) စီး ရေစကြိုနယ်ဖြတ် အနောက်ဘက်သို့ ပျံသန်း။

#WES သတင်းပို့ရန် @SCOUT_WES
1
Forwarded from Wai Hin (ဝေဟင်) (𝙿𝚘𝚕𝚎𝚜𝚝𝚊𝚛)
မြိုင်⚠️

မြိုင်နယ် တောင်ခြမ်းဖြတ်၍ မကွေးလေတပ်တက် L-410 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး မြောက်အရပ်သို့ ပျံသန်း။

#WaiHin
Jul 13, 12:47 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
1
Forwarded from Wai Hin (ဝေဟင်) (𝙿𝚘𝚕𝚎𝚜𝚝𝚊𝚛)
မြိုင်⚠️

မြိုင်-ပေါက်အစပ် တနေရာတွင် မကွေးလေတပ်တက် L-410 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး ပျံဝဲ။

#WaiHin
Jul 13, 12:56 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
2
ပေါက်ကပစ ၂၄ ကစစ်ကြောင်း တပြင်းရွာကနေ ကျောက်ထုဖက်ကို ဦးတည်လာနေ

ဇူလိုင် ၁၃၊၂၀၂၆၊ ကျောက်ထု

အင်အား ၄၀၀ နှင့် ကား ၅ စီးပါသည့် ပေါက်ကပစ ၂၄ စစ်ကြောင်းသည် ယမန်နေ့ညက ဆောမြို့နယ် တပြင်းရွာမှာ အားလုံးဝင်ရောက် ညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ယနေ့နေ့လည်အစောပိုင်း ၁၂ နာရီခန့်က တပြင်း-ကျောက်ထု ကားလမ်းမကြီးအတိုင်း ကျောက်ထုမြို့ဖက်သို့ ဦးတည် စတင်ထွက်ခွာလာနေကြောင်း သတင်းရင်းမြစ်ကပြောသည်။

"မနေ့ည ၁၁ နာရီ ခွဲလောက်မှာ နတ်ထိပ်ဖက်ကနေ နွားလှည်း ၄ စီးနဲ့ အားလုံးဝင်ရောက်လာကြတာပါ၊ရွာထဲက လူနေအိမ်တွေ၊ုန်းကြီးကျောင်းတွေ၊ရဲစခန်းဟောင်းတွေမှ ညအိပ်ကြတယ်" ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောသည်။

ပေါက်ကပစ ၂၄ ကနေထွက်လာခဲ့သည့် အင်အား ၄၀၀ နီင့် ကား ၅ စီးပါစစ်ကြောင်းသည် ပေါက်မြို့နယ်အနောက်ခြမ်း ကျောက်တံခါးရွာကနေ ယခုဇူလိုင်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှစ၍ ယောဒေသ ဆောမြို့နယ် ပုံတောင်နတ်ထိပ်သို့ ရှေ့ပြေးအဖွဲ့များနှင့် စစ်အုပ်စု၏ဒရုန်းတင်ကား တစ်စီး တို့က စတင်တက်ရောက်လာခဲ့ကြပြီး ယမန့်နေညပိုင်းမှာ တပြင်းရွာကိုစတင်ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။

ပေါက်မြို့နယ် ပလောင်း၊ဆာ်မိုင်၊ကျောက်မဲတောင်၊ ကျောက်တံခါး ကျေးရွာများ၌ ချန်ထားခဲ့သည့် ကား ၄ စီး၊နွားလှည်း ၄ စီးတို့နှင့် ကျန်ရှိနောက်ချန်အင်အား များက ယမန်နေ့ည ၁၁ နာရီ ၃၀ မိနစ်ခန့်မှာမှ ဆောမြို့နယ်မြောက်ပိုင်း တပြင်းရွာကို အားလုံးဝင်ရောက်လာတာဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

တပြင်းရွာအထိ အတင်းအဓမ္မ ခေါ်ဆောင်ခြင်းကိုခံခဲ့ရသည့် ပေါက်မြို့နယ် ပလောင်းရွာက ပြည်သူ့နွားလှည်း ၄ စီးကိုလည်း စစ်အုပ်စုက ယမန်နေ့ညကပင် ပေါက်နယ်သို့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရသည်။

စစ်ကြောင်းဝင်ရောက်ခဲ့ရာ ရွာများဖြစ်သည့် ပလောင်း၊ဆယ်မိုင်ကုန်း၊ကျောက်မဲတောင်နှင့် ကျောက်တံခါးရွာများတွင် စစ်အုပ်စုတပ်သားများ အားလုံးထွက်ခွာသွားကြပြီးဖြစ်ကြောင်း စစ်သတင်းရင်းမြစ်က ယောအလင်းတန်းကို အတည်ပြု ပြောဆိုသည်။

အဆိုပါ ပေါက်ကပစ ၂၄ စစ်ကြောင်းသည် စစ်ကားကြီးများနှင့်အတူ ယခုအခါ တပြင်းရွာမှတဆင့် အနောက်ဖက် ကားလမ်းမကြီးအတိုင်း ကျောက်ထုမြို့ဖက်ကို ဦးရွေ့လျားလာနေကြောင်း သတင်းရင်းမြစ်အရ သိရသည်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Jul 13 ,  1:33PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
ပေါက်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်တပ်က နေ့စဉ်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေ

ဇူလိုင်လ ၁၃ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က နေ့စဉ်ဆက်တိုက် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း ဂျက်တိုက်လေယာဉ်နှင့် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တို့ဖြင့် ၇ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်မှ ညနေ ၄ နာရီခန့်အထိ တံတားဦးလေတပ်မှ ပျံတက်လာသော ဂျက်တိုက်လေယာဉ် ၁ စီးနှင့် ညောင်ဦးလေဆိပ်မှ ပျံတက်လာသော Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးတို့က ပေါက်မြို့နယ်အရှေ့ပိုင်းရှိ ထောက်ရှာပင်ကျေးရွာ၊ မြိုင်မြို့နယ်အနောက်တောင်ပိုင်းရှိ ကန်နက်ကျေးရွာနှင့် ပေါက်-မြိုင်မြို့နယ်အစပ် ပုသိမ်-မုံရွာလမ်းအနီးတစ်ဝိုက်ရှိ နေရာများကို ၇ ကြိမ်တိုင်တိုင် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ကနဦးသိရှိရသော်လည်း ကျေးရွာများအတွင်းရှိ နေအိမ်များ ထိခိုက်ပျက်စီးမှု ရှိနိုင်ကြောင်း သိရသည်။ သို့သော် ဒေသခံပြည်သူများမှာ စစ်ဘေးတိမ်းရှောင်နေကြရပြီး ကျေးရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် မရဲသေးသဖြင့် ပျက်စီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဆရာထွေးက ရှင်းပြသည်။

“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မကြားမိဘူး။ သေဆုံး၊ ထိခိုက်တာလည်း မကြားမိဘူး။ လေကြောင်းတိုက်ခိုက်မှုကတော့ ဟုတ်တယ်။ ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ချသွားတယ်။ Mi-35 ကတော့ အကြာကြီး ပတ်ပစ်နေတာပါ။ နေအိမ်တွေ ပျက်စီးတာက ရှိနိုင်တယ်လို့ပဲ သုံးသပ်ရပါတယ်။ အဲဒီနားက ရွာတွေက လူတွေအကုန် စစ်ဘေးရှောင်နေကြပြီ။ လူတွေရှောင်နေတဲ့ ရွာတွေထဲကို ပစ်တာဆိုတော့ ဘယ်လောက်ပျက်စီးသွားလဲဆိုတဲ့ အတိုင်းအတာကို အသေးစိတ် မသိနိုင်သေးဘူး။ ရွာထဲကိုလည်း ပြန်မဝင်ရဲကြသေးဘူး။ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာနဲ့ မြိုင်မြို့နယ်တောင်ပိုင်း ကန်နက်ကျေးရွာတို့ ပတ်ဝန်းကျင်မှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေ ပျက်စီးနိုင်တယ်” ဟု အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ပြောဆိုသည်။

စစ်တပ်က ပေါက်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို ဇူလိုင်လ ၁၁ ရက်နေ့ကလည်း လေကြောင်းမှ ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် ညောင်ဦးလေဆိပ်မှ ပျံတက်လာသော Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး၊ မကွေးလေတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးနှင့် တံတားဦးလေတပ်မှ ဂျက်တိုက်လေယာဉ် ၁ စီးတို့က ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ် ပုသိမ်-မုံရွာလမ်းအနီးတစ်ဝိုက်ရှိ နေရာများကို ၁၂ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း မြိုင်မြို့နယ်တောင်ပိုင်း ကိုင်းတောကျေးရွာအနီးရှိ ကျေးရွာများမှ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၃ ဦး ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးမှာလည်း အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

ပေါက်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ဆက်တိုက် ပြုလုပ်နေသဖြင့် ဒေသခံပြည်သူအများအပြားမှာ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရပြီး ကျေးရွာများအတွင်းရှိ နေအိမ်နှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု အခြေအနေများကိုပင် ပြန်လည်ဝင်ရောက် စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း ဒီပဲယင်းမြို့နယ်သို့ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM

#7starmyaing
📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
3👍3
ဆောမြို့နယ်♦️

ဆောမြို့နယ်အရှေ့ခြမ်း တပြင်းရွာသို့ရောက်ရှိနေသော အင်အား {၄၀၀}ခန့်ပါ စစ်ကောင်စီစစ်ကြောင်းမှရှေ့ပြေးများသည်၊ယနေ့နေ့လည်ပိုင်းတွင်အညာရွာအနီးသိူ့ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
𝐉𝐮𝐥-13,1:40𝐏𝐌
📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3satr
👍3
မြိုင်နယ်ကို မြေပြင်စစ်ကြောင်းထိုးနေသလို လေကြောင်းကပါ တိုက်ခိုက်နေလို့ ထိခိုက်သူတွေရှိပြီး ဒေသခံသောင်းချီလည်း ထွက်ပြေးနေကြရ

‌ဇူလိုင်လ ၁၃ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်အုပ်စုက စစ်ကြောင်းထိုးနေသလို လေကြောင်းကပါ တိုက်ခိုက်တာတွေ လုပ်နေလို့ ပြည်သူတွေအကြား ထိခိုက်တာတွေ ရှိနေပြီး ဒေသခံသောင်းချီလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

တွင်းမပျူစောထီးစခန်းမှာ ရောက်ရှိနေတဲ့ ပခုက္ကူတပ်မ ၁၀၁က ခန့်မှန်းအင်အား ၅၀၀ ခန့်ပါစစ်ကြောင်းဟာ ဇွန်လနောက်ဆုံးပတ်ကစပြီး ပေါက်မြို့နယ်နဲ့ မြိုင်နယ်အစပ်က ကျေးရွာတွေကို မွှေနှောက်စစ်ကြောင်းထိုးနေပြီး ထောက်ရှာပင်ကျေးရွာမှာ တစ်ပတ်ကြာ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေတာပါ။

ဇူလိုင်လ ၁၂ ရက်နေ့မှာတော့ ထောက်ရှာပင်ရွာကတဆင့် လေးမိုင်ခန့်အကွာက ကိုင်းတောမရွာကို ဦးတည်ကာ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ရှေ့ပြေးကင်းတွေ နေရာယူချထားခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီလို ရှေ့ပြေးတပ်တွေ မထွက်လာခင်မှာ စစ်အုပ်စုဟာ တိုက်လေယာဉ်‌ပေါ်ကနေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလေးဦး ထိမှန်ပြီး အဲဒီထဲက တစ်ဦးဟာ ပေါင်ကိုထိမှန်ကာ ဒဏ်ရာပြင်းထန်တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

“လေယာဉ်နဲ့ ပစ်တာတွေကတော့ အဲဒီပေပင်တိုက်ဘုန်းကြီးကျောင်းခေါင်းရင်းနားကို ပစ်တာက ရော့ကတ် ဆယ်လုံးလောက်ရှိတယ်ပေါ့၊ အဲဒီနားမှာတင် လူနှစ်ယောက်သုံးယောက်လောက်ထိတယ် တစ်ယောက်ပဲ နည်းနည်းပြင်းထန်တယ် အကုန်လုံးတော့ မစိုးရိမ်ရပါဘူး”

ဇူလိုင်လ ၁၀ ရက်နေ့တုန်းကလည်း စက်မှု-၂ အထိုင်စခန်းက ထွက်လာတဲ့ စစ်အုပ်စု စစ်ကြောင်းက ကုန်းရွာကျေးရွာကနေ အိုင်းမကျေးရွာနဲ့ ချောင်းဦးတိုကျေးရွာလမ်းဆုံက နေအိမ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် အိမ်စီးကားနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စု စစ်ကြောင်းတွေကြောင့် ကိုင်းတောမ ကျေးရွာအုပ်စု၊ ပေပင်တိုက်ကျေးရွာအုပ်စုနဲ့ အိုင်းမကျေးရွာ၊ ချောင်ဦးတိုကျေးရွာတွေ အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံပြည်သူသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆရာထွေးက ဆက်ပြောပါတယ်။

“ရှောင်နေရတာ တော်တော်ကြာသွားပြီးဗျ၊ ကိုင်းတောမတို့ဆိုရင် တစ်ပတ်လောက်ရှိသွားပြီး ကိုင်းတောမနားရန်းပတ်လည် ကိုင်းတောမအုပ်စု ဆယ်ရွာလုံးရှောင်တယ်၊ပြီးတော့ ကုန်းရွာက အရင်ကတည်းက ရှောင်တယ်၊ချောင်ဦးတိုရှောင်တယ်၊ပေပင်တိုက်ရှောင်တယ်၊အဲလိုပြောရရင် ကိုင်းတောမအုပ်စုဆယ်ရွာ၊ပေပင်တိုက်အုပ်စုရှောင်တယ် အိုင်းမရှောင်တယ်၊ဒီနားက အကုန်ရှောင်ရတာပေါ့"

ထောက်ရှာပင်ရွာကနေ ရှေ့ဆက်မတက်နိုင် ဖြစ်နေတဲ့ စစ်အုပ်စုကို ပခုက္ကူတပ်မ ၁၀၁ ကနေ အင်အား ၂၀၀ ခန့်နဲ့ စစ်ကူစစ်ကြောင်း ထပ်မံပို့ဆောင်ခဲ့ပြီးနောက် ဇူလိုင်လ ၁၂ ရက်နေ့မှာတော့ ကိုင်းတောမရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးလာနေတာလည်း ဖြစ်ပါတယ်။

စစ်အုပ်စု ဆက်လက် ဦးတည်စစ်ကြောင်းထိုးနေတဲ့ ကိုင်းတောမကျေးရွာဟာ ယခင်က စစ်အုပ်စုအထိုင်ရဲစခန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စစ်အုပ်စုဟာ အဲဒီကျေးရွာကို ပြန်လည်အထိုင်ချဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။

ပြီးခဲ့တဲ့နှစ်ပတ်အတွင်း စစ်အုပ်စုစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပြီး အသေးစိတ်အခြေအနေတွေကိုတော့ သက်ဆိုင်ရာတော်လှန်ရေးတပ်တွေက ထုတ်ပြန်သွားမယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

လက်ရှိမြိုင်နယ်မှာ စက်မှု-၂ အထိုင်တပ်နဲ့ ထောက်ရှာပင်ရွာတို့ကနေ ထိုးလာတဲ့ စစ်ကြောင်းတွေပေါင်းရင် ခန့်မှန်းအင်အား (၁၀၀၀) ဝန်းကျင်ရှိနေပြီး လေကြောင်းကနေလည်း နေ့စဉ်နီးပါး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဇွန်လနောက်ဆုံးပတ်က စပြီး စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြိုင်နဲ့ပေါက်နယ် အစပ်ကျေးရွာတွေက ဒေသခံတွေ/ ဓာတ်ပုံ- အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်
#MFP
#HlaingInfo

#7starmyaing
📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
6👍3
This media is not supported in your browser
VIEW IN TELEGRAM
"ဒါမျိုးက တို့ရွာနဲ့အကိုက်"

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးတစ်ဝိုက် လှုပ်ရှားနေတဲ့ KIA+KPDF တပ်ရင်း (၂၆) ဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ ဒရုန်းအကြီးစား တစ်စီးနဲ့ လက်နက်ခဲယမ်းတွေကို အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ပါတယ်။

AWNG DANG !

7starmyaing
📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
6
ပေါက်ကပစ ၂၄ စစ်ကြောင်း အကြည်ပန်းပလွန်းကို သေနတ်ပစ်ဖောက်ဝင်ရောက်နေ

၃၄ စီးပါစစ်ကားတန်း လောင်းရှည်ကပစ ၂၅ ကိုစတင်ဝင်ရောက်

ဇူလိုင် ၁၃၊၂၀၂၆၊ ယောအလင်းတန်း

ဆောမြို့နယ်မြောက်ပိုင်း တပြင်းရွာကနေ ပြန်ထွက်လာသည့် အင်အား ၄၀၀ ပါ ပေါက်ကပစ ၂၄ ကစစ်ကြောင်းသည် ယနေ့ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် အကြည်ပန်းပလွန်းရွာကို သေနတ်များပသ်ဖောက်ကာ ရွာအတွင်းဝင်ရောက်လာကြပြီဖြစ်ကြောင်း သတင်းရင်းမြစ်အရ သိရသည်။

အဆိုပါစစ်ကြောင်းသည် ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်ကို နောက်နေ့အရောက် သွားရောက်ရမည်ဖြစ်ပြီး အင်အား ၆၀ ကျော်ပါနှင့် ဖောကား ၂ စီးပါသည့် ကျောက်ထုအမြောက်တပ်မှ ပန်းဆန်ရွာအထိ အကြိုထောက်နေသော စစ်ကြောင်းသည်လည်း သရက်ချဥ်ရွာဖက်ကို ယနေ့နေ့လည်ပိုင်းက ထွက်ခွာသွားကြောင်း သိရသည်။

အလားတူ မကွေးတိုင်းအနောက်ခြမ်း သလင့်မြို့ဖက်မှ မောင်းနှင်လာခဲ့သည့် စစ်ကား ၃၄ စီးနှင့် စစ်သည်အင်အား ၄၀၀ ခန့်ပါဝင်သော စစ်ကားတန်းသည် ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က ဆောမြို့နယ် လောင်းရှည် ကပစ ၂၅ အတွင်းသို့ ပထမအသုတ် စစ်ကား ၁၀ စီးစတင်ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်အရ သိရသည်။

မကြာမီ ကားများအားလုံး ကပစ ၂၅ အတွင်း ဝင်ရောက်လာမည်ဖြစ်ပြီး ယာယီရပ်နားပြီးမှသာ ဆောမြို့သို့ သွားရောက်နိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

@မင်းဒဿ
#MRSN
Jul 13 ,  4:31PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
မြိုင်မြို့နယ်💥

မြိုင်မြို့နယ် ကံနက်ကျေးရွာအနောက်ဘက်သို့ရောက်ရှိနေသော စခစစ်ကြောင်းမှာ ကံနက်ကျေးရွာအားမီးရိူ့ နေကြောင်းသိရ။


🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့

#MRSN
Jul 13 ,  5:25PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
⚠️မြေပြင်

ပခုက္ကူ - မကွေးတိုင်း

ပခုက္ကူတပ်မ၁၀၁ထွက် စကစစစ်သားအင်အားပါ သံပြားကာကား(၂)စီး ‌ပခုက္ကူလေယာဉ်ကွင်းထဲသို့ ဝင်ရောက်ထားကြောင်း သတင်းရရှိ။

#WES 5:50pm,Jul 13
👍21
📬ကြေးနန်းသတင်း📬
🕗၁၃.၇.၂၀၂၆🕗

🪾မြင်းခြံနယ်🪾
-တောင်သာ၊ရုံးစည်ကြီးနယ်မှ နေအိမ်များကို ရုံးစည်ကြီးတပ်စွဲနေတဲ့ စခတွေ မီးရှို့။နေအိမ်(၃၀)ခန့် အရှို့ခံရ။(ဇူလိုင်၁၂၊နေ့လည်၂နာရီ)
-မနေ့ညက ငါန်းဇွန်နယ်၊အိုင်လျားရွာမှ မီးသွေးဖုတ်ပြန်လာသူ(၂)ဦးကို ပစ်သတ်။
-မနေ့က နွားထိုးကြီးမြို့ပေါ် ၁၀ဦးကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရ။

📻SCEFနဲ့နိုင်ငံတဝန်း CDMများတွေ့ဆုံ၊ကိုယ်စားလှယ်၆၅၀ကျော် တက်။
📻ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးပြီး၊အကြမ်းဖက်မှုများရပ်တန့်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများတောင်းဆို။

⚔️စစ်ရေး⚔️
-မတ္တရာနယ်၊အနောက်ခြမ်း သဲအင်းရွာအစပ်၊ရှင်လှတောင်ရွာ တို့မှ မအလတပ်စခန်း၂ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ မတ္တရာပကဖထုတ်ပြန်။(ဇွန်၂၇)
-ဇွန်လနှင့်ဇူလိုင်ပထမအပတ်အတွင်း မင်းကင်း၊ကနီနယ် ကုန်းကြောင်း၊ရေကြောင်း မအလတပ် တိုက်ခိုက်ခဲ့တာ မအလတပ် ဗက၊ဗိုလ်အပါ အကောင်(၂၀)ကျော်နဲ့ လက်နက်ခဲယမ်းရခဲ့တယ် ကလေးခရိုင်တပ်ရင်း(၈)ထုတ်ပြန်။
-ကျောက်ဖြူနယ်၊အဝတောင်ရွာစခန်း အင်အားဖြည့်ပြီးနောက် မအလတပ် ထိုးစစ်ဆင်။တိုက်ပွဲတွေပြန်ဖြစ်။

🏄ပေါ်တာ🏄
-မန္တလေးမှ ရန်ကုန် ခရီးသွားသူ မောင်ကျော်ကျော်ဦး အောင်မင်္ဂလာကားကွင်းမှာ ရွှေပြည်သာ စစ်မှုထမ်းစုဆောင်းရေးတပ်၏ ပေါ်တာဆွဲခံရ။(ဇူလိုင်၈)
-မြောက်ဥက္ကလာပနယ်မှ ၂၀ကျော်လူငယ်ပိုင်း(၃)ဦး ဈေးရောင်းထွက်ချိန် ဖမ်းဆီး စစ်မှုထမ်းပို့ခံခဲ့ရ။(ဇူလိုင်၁၀၊နံနက်စော)
-စစ်မှုထမ်းသင်တန်းဆင်းတွေ သင်တန်းဆင်းပြီးပြီးချင်း တိုက်ပွဲပြင်းထန်တဲ့နေရာတွေပို့ ခံရ။

👹မ အ လ-မအလ👹
-ရေဖြူနယ်၊ဝဇွမ်းတောရွာက နေအိမ်အချို့ မအလတပ် မီးရှို့။(ဇူလိုင်၁၂၊နံနက်ပိုင်း)
-ရေဖြူနယ်၊ဧကနိရွာမှ နေအိမ်အချို့ မအလတပ် မီးရှို့။(ဇူလိုင်၁၁၊မွန်းလွဲပိုင်း)
-ကချင်ပြည်နယ်၊၁၀လအတွင်း မအလတပ်မှ အရပ်သား၁၃၀ကျော်သတ်ဖြတ်ခဲ့ပြီး ၅သိန်းကျော်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရ။
-မအလတပ် အဆိုတော် တသသ ကို ပြန်ဖမ်း။
-ပွင့်ဖြူနယ်၊အုတ်ဖိုရွာမှ စာသင်ကျောင်းကို မအလတပ် ဒရုန်းဖြင့်ဗုံးချ။စာသင်ကျောင်းဆောင်ပျက်စီး။
-ပေါက်၊မြိုင် အစပ်မှ ရွာများ မအလတပ်မှ နေ့စဉ် လေယာဉ် ဗုံးကျဲ။နေအိမ် ပျက်စီးမှုများရှိ။(၁၁)ရက်နေ့က ကိုင်းတောရွာအနီး အမျိုးသား(၃)ဦးထိခိုက် (၂)အိမ် ပျက်စီး။

🌀အထွေထွေ🌀
-ပေါင်းတလည်နယ်မြေရဲစခန်းမှ ရဲတကောင် ကိုယ့်သူကိုယ် သေနတ်နဲ့ပစ် ‌thay။
-ဂွနယ်မှ ကျေးရွာအများစု ရေကြီးနေ။
-မင်းပြားမြို့‌ပေါ် ရေပြန်ကျ၊ရပ်ကွက်(၃)ခု ရေတိုက်စားပြီး နေအိမ်တွေ မြစ်ထဲမျော။

🌐နိုင်ငံတကာ🌐
-ဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ ဒီဇင်ဘာလအတွင်း ပြန်လာပြီး အဖမ်းခံမည်။
-ဘန်ကောက်မြို့မှာ စားသောက်ဆိုင်တစ်ခု မီးလောင်(၂၅)ဦးသေ။

# မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
# ကြေးနန်းသတင်း
3👍3