ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
⚠️ပေါက်မြို့နယ်⚠️

၁၄.၈.၂၀၂၅ရက် ၈:၅၉အချိန်တွင် ပေါက်မြို့နယ် အရှေ့မြောက်ပိုင်း ကုဣိုစုပျူရွာမှ ပျူခွေးတစ်ချို့ ရောက်လာပြီး ရေပြာရွာသို့ရောက်ရှိနေသော ရိပ်က္ခာကားတန်းများကို လှည်း ၃၃စီးဖြင့် သယ်ယူနေပြီး၊ ဆယ်ပင်း‌ရွာရောက် စစ်ခွေးများမှ ကာကင်းများ ယူပေးနေကြောင်း သိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-14,10:12AM
📬 သတင်းပေးပို့ရန် @myaing3starbot
⚠️ပခုက္ကူမြို့နယ်⚠️

14.8.2025ရက် ပခုက္ကူ တပ်မ ၁၀၁ မှ  ထွက်ခွာလာသော စခ (၃)စီး Blue ဝတ်စုံများဝတ်ဆင်ကာ ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ရွာ ခွေးဂိတ်သို့ ပေါ်တာဆွဲရန်ရောက်ရှိနေတယ်လို့သိရပါသည်။

(သတိပြုနေကြပါရန်)

#ရောင်နီဌာနေ

Aug-13,12:32PM

⚠️ဆိတ်ဖြူမြို့နယ်⚠️

14.8.2025ရက် ဆိတ်ဖြူမြို့မှ ထွက်လာသော စစ်ခွေး ကား(၁၁)စီးမှာ ထန်ပင်ချောင်းရွာဖြက်၍ အနောက်အရပ်သို့ ထွက်ခွာလာရာ ဆိတ်ဖြူနယ် ကပစ (22)သို့ ဦးတည်ထွက်ခွာလာနေကြောင်းသိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-14,12:39PM
📬 သတင်းပေးပို့ရန်
@myaing3starbot
⚠️ဆိတ်ဖြူမြို့နယ်⚠️

14.8.2025ရက် ဆိတ်ဖြူမြို့မှ ထွက်လာသော စစ်ခွေး ကား(၁၁)စီးမှာ ထန်ပင်ချောင်းရွာဖြက်၍ မြောက်အရပ်သို့ ထွက်ခွာလာရာ ဆိတ်ဖြူနယ် ကပစ (22)သို့ ဦးတည်ထွက်ခွာလာနေကြောင်းသိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-14,12:41PM
📬 သတင်းပေးပို့ရန် @myaing3starbot
⚠️ပေါက်မြို့နယ်⚠️

၁၄.၈.၂၀၂၅ရက် ၄:၂၀အချိန်တွင် ပေါက်မြို့နယ် အရှေ့မြောက်ပိုင်း သမားတော်ရွာအား စစ်ခွေးများ မီးရှို့နေကြောင်းသိရ၊ ရေပြာတံတားပေါ်တိုင် ၄:၂၂အချိန်တွင်နောက်ထက် ခွေးကား (၁)စီး ဘရားတောင်ဘက် မောင်းနေကြောင်း သိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-14,4:26PM
📬 သတင်းပေးပို့ရန် @myaing3starbot
⚠️ပေါက်မြို့နယ်⚠️

၁၄.၈.၂၀၂၅ရက် ပေါက်မြို့နယ် အရှေ့ပိုင်း ရေပြာတံတားပေါ်တိုင်  အနက်ရောင် ခွေးကား (၁)စီး ဘုရားတောင်ရွာဘက်တို့ ဖြက်မောင်းနေကြောင်းသိရ။

ရေပြာရွာသို့ရောက်ရှိနေသောခွေးများ ‌သမားတော်ရွာဘက် ထွက်ခွာလာရာ ယခုလက်ရှိ သမားတော်ရွာသို့ ရောက်ရှိနေပြီး ပြည်သူ ၄ဦး ဖမ်းစီးထားကြောင်း သိရပါသည်။

#ရောင်နီဌာနေ

Aug-14,3:43PM

⚠️ပေါက်မြို့နယ်⚠️

၁၄.၈.၂၀၂၅ရက် ပခုဣူ တပ်မ ၁၀၁မှ ထွက်ခွာလာသော ရိပ်က္ခာကားတန်း ၁၀၀ကျော်မှ ရှေ့ပြေးတစ်ချို့သည် ဘိုးဖြူလုံးကန်သို့ ရောက်ရှိနေကြောင်း သိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-14,3:57PM
📬 သတင်းပေးပို့ရန် @myaing3starbot
⚠️ဆိတ်ဖြူမြို့နယ်⚠️

14.8.2025ရက် ပခုက္ကူခရိုင်၊ဆိပ်ဖြူနယ်အစပ်ရှိ၊ ကပစ ၂၂သို့ရောက်ရှိနေသော စကစများသည် ခုလာမဲ့ 15ရက်နဲ့16ရက်မှာ ပေါက်မြို့နယ်နဲ့ဆိပ်ဖြူမြို့နယ်အတွင်းကို စစ်ကြောင်း၂ကြောင်းခွဲကာမြို့နယ်၂ခုလုံးကိုဝင်ရောက်မွှေနှောက်မယ်လို့ကြားသိရပါတယ်။

ပေါက်နယ်နဲ့ဆိပ်ဖြူနယ်အတွင်းရှိ မိဘပြည်သူများ ကြိုတင်သိရှိစေရန်

#နတ်ဆိုး
#ရောင်နီဌာနေ
#3SM
Aug-14,6:30PM
📬 သတင်းပေးပို့ရန် @myaing3starbot
⚠️ဆိပ်ဖြူနယ်⚠️

၁၄.၈.၂၀၂၅ရက် ဆိပ်ဖြူမြို့နယ် ကပစ ( ၂၂ ) ခွေးခြံမှ အရှေ့မြောက်ကို ( ၂  )စီး အနောက်တောင်ကို ( ၂ ) ကပစဆိုက်ပေါတွင် ( ၁  )စီးဝဲကာ
စုစုပေါင်း ဒရုန်း ( ၅ ) စီးပျံတက်ထားတယ်လို့သတင်းရရှိထားပါတယ် ။
#paytoe
#3SM
#ရောင်နီဌာနေ
Aug -14 , 9:17PM
📬 သတင်းပေးပို့ပေးရန် @myaing3starbot
⚠️ပေါက်မြို့နယ်⚠️

၁၄.၈.၂၀၂၅ရက် ပေါက်မြို့နယ် အရှေ့ပိုင်း ရေပြာတံတားပေါ်မှဘုရားတောင်ရွာဘက်သို့ မိုင်းရှင်းလင်းလေးဝင်လာသော ခွေးကား (၄)စီးသည် ၁၉:၅၄အချိန်တွင် ရေပြာရွာသို့ ပြန်သွားကြောင်း သိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-14,9:12PM
📬 သတင်းပေးပို့ရန် @myaing3starbot
ကပစ ၂၂ မှ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကြောင့် ပြည်သူများ ရိုက်နှက်ခံရ၊ နေအိမ်များ မီးရှို့ခံရကာ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့

သြဂုတ် ၁၄၊ ၂၀၂၅

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အစပ်ရှိ ကပစ ၂၂ က ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တဲ့အတွက် အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သြဂုတ်လ ၁၃ရက် နေ့လယ်ပိုင်းလောက်မှာ ကပစ ၂၂ ကနေ အင်အား ၁၈၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေဟာ အနောက်အရပ်ဘက်ကို စစ်ကြောင်းထိုးပြီး ညနေပိုင်းမှာ ပေါက်တောင်ပိုင်း ချောင်းဆုံရွာလမ်းခွဲဘက် ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတစ်ယောက်ကို အကြောင်းမဲ့ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ညဉ့်နက် ၁၂ နာရီလောက်မှာတော့ ချောင်းဆုံရွာ လမ်းခွဲဘက်ကနေ မြောက်ဘက်ကို ၆၀ မမ လက်နက်ကြီးတစ်လုံး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူနေအိမ်နားတဝိုက် ကျရောက်ပေါက်ကွဲကာ ခိုင်းနွားတွေ ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အိမ်ရှင်ပြည်သူတွေကတော့ ထိခိုက်မှု မရှိပါဘူး။ စခတွေက ချောင်းဆုံလမ်းခွဲကို ညနေ ၆နာရီလောက်က ရောက်လာပြီး ပြည်သူတစ်ဦးကို ရိုက်နှက်ပြီး ပြန်လွှတ်လိုက်တယ် ကြားတယ်။ ရွာသားတွေ ကြောက်လို့ ရှောင်နေကြတာ။ အဲ့ဒါကြောင့် ပြည်သူတွေ မထိခိုက်တာ။ ခိုင်းနွား ၂ကောင်နဲ့ နွားမလေးတစ်ကောင် ဗုံးသီးစ ထိမှန်ခဲ့တယ်။ နွားမက သေသွားပြီး ခိုင်းနွားကြီး ၂ကောင်က ခြေထောက်ကျိုးပျက်သွားတယ်” လို့ ပေါက်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဲဒီနောက် အဆိုပါ စစ်ကော်မရှင် တပ်သားတွေဟာ သြဂုတ်လ ၁၄ရက် မနက် ၃နာရီကျော်လောက်မှာတော့ ချောင်းဆုံလမ်းခွဲကနေ တောင်ဘက်ကို ထပ်မံစစ်ကြောင်းထိုးကာ မနက် ၈နာရီလောက်မှာ ပေါက်နယ်တောင်ပိုင်း တိုက်တောရွာအထက်စုကို ဝင်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

“နေအိမ်ဘယ်လောက် မီးထဲပါသွားလဲဆိုတာတော့ မသိရသေးဘူး။ ရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်တုန်းမို့၊ အဲ့ရွာက ကပစ ၂၂ နဲ့ နီးတယ်။ အရင်က ခဏခဏ ရွာထဲဝင်တာမျိုးရှိတယ်။ အရင်အခေါက်တွေက ဘာမှမလုပ်ဘူး” လို့ အထက်ပါ ပေါက်နယ်ခံက ဆက်ပြောပါတယ်။

မီးရှို့မှုတွေကို ပြုလုပ်ပြီးတဲ့နောက် စစ်ကော်မရှင်တပ်သားတွေဟာ ကပစ ၂၂ ထဲကို ပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။ အကြမ်းဖက်စစ်သားတွေ ကျေးရွာတွေထဲက ပြန်လည်ထွက်ခွာသွားပေမယ့်  ဒေသခံတွေကတော့ ကျေးရွာထဲ ပြန်လည်ဝင်ရောက်နေထိုင်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

သြဂုတ် ၁၂ ရက်နေ့ကလည်း  စစ်ကောင်စီတပ်သားတွေဟာ ပေါက်မြို့ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ  မုန်ကုန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံအမျိုးသမီးတစ်ယောက် ထိမှန်သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသည့် နွားများ။
#3SM
Aug-14, 9:25PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူ-ပေါက် လမ်းပိုင်းကို ၂ လကျော်ကြာ ရောက်ရှိနေသော စစ်တပ် ရိက္ခာပို့ စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ကား ၃ စီးထက်မနည်း ပျက်စီးကာ ထိခိုက်သေဆုံးသူများပြား

ရန်ကုန်၊ ဩဂုတ် ၁၄

မကွေးတိုင်း၊ ပခုက္ကူ-ပေါက် လမ်းပိုင်းကို ၂ လကျော်ကြာ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ကား ၃ စီးထက်မနည်း ပျက်စီးကာ ထိခိုက်သေဆုံးသူများပြားကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လကုန်ပိုင်းမှစတင်၍ ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော အင်အား ၁၀၀၀ နီးပါး ပါသည့် ဒုတပ်မမှူး ဦးစီးသော ရိက္ခာပို့ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပခုက္ကူ-ပေါက် လမ်းပိုင်းတွင် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း ကား ၃ စီး ထက်မနည်း ပျက်စီးကာ စစ်သားများ ထိခိုက်သေဆုံးမှု များပြားကြောင်း၊ မိုင်းထိမှန်ပြီး ပျက်စီးသွားသော ကားများကို စစ်တပ်က ပခုက္ကူ - ပေါက် လမ်းပိုင်းတွင် စွန့်ပစ်ခဲ့ပြီး တချို့ကားများကို ကြိုးဖြင့် ဆွဲယူသွားကြောင်း သိရသည်။

"မိုင်းမိတာက တောက်လျောက်မိတာလေ ကား ၃ စီးထက်မနည်း ထိခိုက်ပျက်စီးထားတာကို တွေ့ခဲ့ရတယ်။ လုံးဝဆွဲလို့မရတဲ့ ကားတွေကိုတော့ သူတို့ ဒီအတိုင်းပစ်ထားခဲ့တာ ဆွဲလို့ရတဲ့ ကားတွေကိုတော့ ကြိုးနဲ့ ဆွဲပြီး ယူသွားတယ်။ စစ်ခွေးက အသေတော်တော်များတယ်။ ခွေးသေ အရေအတွက်ကိုတော့ သက်ဆိုင်ရာ တော်လှန်ရေး တပ်ဖွဲ့တွေ ထုတ်ပြန်ပါလိမ့်မယ်။ ခွေးကားတန်းက ၂ လကျော်နေပြီး ပခုက္ကူ-ပေါက် လမ်းပိုင်းမှာပဲရှိသေးတာပေါ့" ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဉ်တန်း သွားရာလမ်းတစ်လျောက်ကိုလည်း အကြမ်းဖက် စစ်တပ်က Y-12 ၊ ဂျက်ဖိုက်တာ ၊ စက်တပ်လေထီးများဖြင့် နေ့စဥ် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိကာ ကျေးရွာ ၁၇ ရွာမှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ယာဉ်တန်းသည် ပခုက္ကူ-ပေါက် လမ်းပိုင်းရှိ ရေပြာတံတားတွင်ရောက်ရှိနေပြီး ယာဉ်တန်းဆက်လက် ထွက်ခွာနိုင်ရန် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

#ရောင်နီဌာနေ
#3SM
Aug-14 ,9:28PM
📬 သတင်းပေးပို့ရန် @myaing3starbot
ရေစကြိူမြို့နယ် 🔴

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ မင်းပျူရွာမှ စစ်ခွေးများမှ လက်နက်ငယ်များဖြင့်(9:10PM)အချိန်ကရမ်းသန်းပစ်ခတ်ကြောင်း သိရပါသည်။

#3SM
Aug-14 , 9:31PM
📬 သတင်းပေးပို့ရန် @myaing3starbot
သတင်းထုတ်ပြန်ချက်
မိဘပြည်သူများ/တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးခင်ဗျ-
ကျနော်တို့ ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း အနေဖြင့် ဆိပ်ဖြူ-ဆောလမ်းပိုင်းနှင့် ပုသိမ် -မုံရွာ လမ်းပိုင်းတို့အား စစ်ရေးအခြေအနေအရ အချိန်အကန့်အသတ်မရှိ ပိတ်ထားကြောင်း
အသိပေး ထုတ်ပြန်ကြေညာလိုက်သည်။
မိမိတို့အားအသိပေး အကြောင်းကြားခြင်းမရှိပဲ
ဖြတ်သန်းသွားလာ၍ ပြတ်ဿနာ ဖြစ်ပေါ်လာပါက တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါ။
အဖွဲ့အစည်းများအနေ့ဖြင့်လည်း မိမိတို့တပ်ရင်းရှိ နီးစပ်ရာတာဝန် ရှိသူများနှင့် ချိတ်ဆတ်၍ အသုံးပြုရန် လေးစားစွာ အသိပေးအပ်ပါသည်။
#အားလုံးသိရှိရန် ရှယ်ပေးကြပါဗျ
#ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း
#3SM
Aug-14 , 9:37PM
📬 သတင်းပေးပို့ရန် @myaing3starbot
ဆိတ်ဖြူမြို့နယ်⚠️

၁၄.၈.၂၀၂၅ရက် ၂၀:၀၀အချိန်ခန့်တွင် ဆိတ်ဖြူမြို့နယ် ကပစ (၂၂)အနီး ရွှေဘိုကျွန်းရွာ ဘုန်းကြီးကျောင်းထဲသို့ ရောက်ရှိနေသော စစ်ခွေး (၃၀)ခန့် ပြောက်ဆုံးနေကြောင်းသိရပြီး၊ ယခုည ကပစ (၂၂)မှ  တွင်းမငယ်ရွာဘက်သို့ စစ်ကြောင်းထိုးမည်ဟု တသင်းရရှိထားပါသည်။

#ရောင်နီဌာနေ
#3SM
Aug-14,11:03PM
📬 သတင်းပေးပို့ရန် @myaing3starbot
⚠️ပေါက်မြို့နယ်⚠️

14. 8. 2025ရက်နေ့  ပေါက်မြို့လေယဥ်ကွင်းအတွင်းရှိလက်နက်ကြီးကို  အနောက်ရပ်သို့  ပြောင်းလှည့်ထားပြီး၊  ပေါက်မြို့ လက်နက်ကြီးကုန်းဖြစ်သော   စိမ်းစိုကုန်းပေါ်တွင်  ၁၂၂မမ ထပ်မံတပ်ဆင်နေပြီး၊ပေါက်မြို့မှစခကား ဒိုင်နာကားအပြာ ညလှုပ်ရှားမှုရှိ၊ဂျစ်ကားငယ်တစ်စီးလဲ ထွေအုပ်ရုံးနားတစ်ဝိုက် ခပ်စိပ်စိပ်ပြေးနေကြောင်းသိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-14,11:23PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူ ⚠️

ပခုက္ကူ တပ်မ ၁၀၁ မှ စက်တပ်လေထီး (Paramotor) ၁ စီး  အနောက်မြောက် အရပ်သို့ပျံတက်။

#WaiHin
Aug 15, 6:44 AM
📫သတင်းပို့ရန် @WaiHinScout_Bot
ပခုက္ကူမြို့နယ် မြိုင်မြို့နယ် ⚠️

ပခုက္ကူမြို့နယ် မြိုင်မြို့နယ် အစပ်ဖြတ်၍ ပခုက္ကူမြို့ တပ်မ ၁၀၁ တပ် စက်တပ်လေထီး (paramotor) ၂စီးအနောက်မြောက်အရပ်သို့ပျံသန်း

#3SM
Aug-15 , 6:52AM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင်မြို့နယ် ⚠️

မြိုင်မြို့နယ် အရှေ့တောင်ခြမ်းဖြတ်၍ ပခုက္ကူတပ်မ ၁၀၁ တပ် စက်တပ်လေထီး (paramotor) ၂ စီး မြောက်အရပ်သို့ပျံသန်း

#3SM
Aug- 15 , 6:57AM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူ ⚠️

ပခုက္ကူအနောက်ခြမ်းဖြတ်၍ တပ်မ ၁၀၁ မှ စက်တပ်လေထီး (Paramotor) ၁ စီး  အနောက်တောင်အရပ်သို့ပျံသန်း။

#WaiHin
Aug 15, 7:03 AM
📫သတင်းပို့ရန် @WaiHinScout_Bot
မြိုင်မြို့နယ် ⚠️

မြိုင်မြို့နယ် တောင်ခြမ်းဖြတ်၍ ပခုက္ကူတပ်မ ၁၀၁ တပ် စက်တပ်လေထီး paramotor ၁ စီး အနောက်မြောက်အရပ်သို့ပျံသန်း

#3SM
Aug-15 ,7:08AM
📬 သတင်းပေးပို့ရန် @myaing3starbot