ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
638 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ပေါက်မြို့နယ်♦️

ပေါက်မြို့နယ်အရှေ့ပိုင်း ထောက်ရှာပင်ရွာရောက်ရှိနေသော စစ်ခွေးစစ်ကြောင်း{၂}ကြောင်းသည်၊ ယနေ့မနက်ပိုင်းတွင်အနောက်တောင်အရပ်သို့အထွက်ပြကာ လက်ရှိတွင် ၎င်းရွာသို့ပြန်လည်၀င်ရောက်ထားကြောင်းသတင်းရရှိထားပါသည်။


#PKK_News
#MRSN
Jul 10,12:01PM


ပေါက်⚠️

ပေါက်မြို့နယ် ၊ထန်းပင်ချောင်းရွာဖြတ်၍ မြောက်အရပ်သို့ဦးတည်မောင်းနှင်သွားသော ကပစ (၂၄) ထွက် စစ်ကား(၄) စိီး အနက် (၁) စီးမှာ ပေါက်မြို့နယ်၊ရေဖြူကျေးရွာအတွင်းသို့ ဝင်ရောက်ထားကြောင်း သတင်းရရှိပါသည်။


#PaukLocalSource
#MRSN
Jul 10 , 12:28 PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ရေစကြို ကျောက်လှေကားဂိတ်တွင် ပြည်သူနှစ်ဦး ရိုက်နှက်ခံထားရကြောင်း သတင်းရရှိ။

#WES 2:37pm,Jul 10
1
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «⚠️မြေပြင် ရေစကြို - မကွေးတိုင်း ရေစကြို ကျောက်လှေကားဂိတ်တွင် ပြည်သူနှစ်ဦး ရိုက်နှက်ခံထားရကြောင်း သတင်းရရှိ။ #WES 2:37pm,Jul 10»
⚠️မြေပြင်

ပခုက္ကူ - မကွေးတိုင်း

ပခုက္ကူစက်မှုဇုံမှ စကစစစ်သားအင်အားအပြည့်ပါ စစ်ကား(၂)စီး မြောက်ဘက်သို့ ဦးတည်ရပ်ထားကြောင်း သတင်းရရှိ။

#WES 2:37pm,Jul 10
2
⚠️ခရီးသွားမိဘပြည်သူများအားအသိပေးခြင်း


ပခုက္ကူ//ရေစကြိုလမ်းပိုင်းအား အသုံးပြုသွားလာနေကြသော မိဘပြည်သူများအနေဖြင့် သတိဝိရိယထားကာနေထိုင်သွားလာကြဖို့အသိပေးအပ်ပါသည်။

Jul 10,3:18PM
#7starmyaing
သတင်းပေးပို့ရန်@myaing3starbot// @ArrDanYso2234
4
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «⚠️ခရီးသွားမိဘပြည်သူများအားအသိပေးခြင်း ပခုက္ကူ//ရေစကြိုလမ်းပိုင်းအား အသုံးပြုသွားလာနေကြသော မိဘပြည်သူများအနေဖြင့် သတိဝိရိယထားကာနေထိုင်သွားလာကြဖို့အသိပေးအပ်ပါသည်။ Jul 10,3:18PM #7starmyaing သတင်းပေးပို့ရန်@myaing3starbot// @ArrDanYso2234»
ပေါက်မြို့နယ်♦️

ပေါက်မြို့နယ်အခြေစိုက် ကပစ၂၄ခွေးခြံမှ ထွက်ခွာလာသော စစ်ခွေးကား(၅)စီးနှင့်အင်အား(၄၀၀)ခန့်ပါစစ်ကြောင်းသည်၊ ယနေ့နေ့လည်ပိုင်းတွင် ပေါက်မြို့နယ်အနောက်ပိုင်းပလောင်းရွာသို့ရောက်ရှိထားကြောင်းသတင်းရရှိထားပါသည်။

#PKK_News

#MRSN
,Jul 10 ,2:00 PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
ပေါက်ကပစ ၂၄ မှ စစ်ကြောင်း ၂ ကြောင်းထွက်လာနေပြီး ယောဒေသ ကျောက်ထုနှင့် ကျင်းနတ်ထိပ်ဖက်သို့ဦးတည်

ဇူလိုင် ၁၀၊၂၀၂၆၊ ယောအလင်းတန်း

မကွေးတိုင်း၊ပေါက်မြို့နယ် ကပစ ၂၄ ကနေ စစ်အုပ်စုတပ်သားအင်အား ၆၀၀ ကျော်နှင့် ရိက္ခာ၊လက်နက်ခဲယမ်းများတက်ဆောင်ထားသည့် ​စစ်ကားတန်းသည် စစ်ကြောင်း ၂ ကြောင်းခွဲပြီး ယောဒေသဖက်ကို ဦးတည်ထွက်ခွာလာနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ပထမတစ်ကြောင်းသည် စစ်သည်အင်အား ၄၀၀ ခန့်နှင့် ရိက္ခာ၊လက်နက်ခဲယမ်းများတင်ဆောင်ထားသည့် ၁၀ ဘီးကားတစ်အပါ စစ်ကားကြီး ၅ စီးနှင့်အတူ ပေါက်ကပစ ၂၄ ၏အနောက်ဖက်အတိုင်းထွက်ခွာလာပြီး ပလောင်းရွာကိုဖြတ်ကာ ဆက်လက်ထွက်ခွာလာနေကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် မကွေးတိုင်း၊ယောဒေသ ဆောမြို့နယ်၊ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်သို့ ၃ ရက်ဖြင့်အရောက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ကျောက်ထုမြို့မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို သွားရောက်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်အရ သိရသည်။

ပေါက်ကပစ ၂၄ မှထွက်လာသည့် ဒုတိယစစ်ကြောင်းတစ်ခုသည် စစ်သည်အင်အား ၂၀၀ ခန့်နှင့် ၁၀ ဘီးကားတစ်စီးအပါ စစ်ကားကြီး ၄ စီးပါရှိပြီး ပေါက်မြို့နယ်အနောက်မြောက်ပိုင်းရှိ ထန်းပင်ချောင်းကျေးရွာကိုဖြတ်ကာ ယခုအခါ ပုံတောင်ခြေရင်းရှိ ရေဖြူကျေးရွာမှာ ဝင်ရောက်နေကြပြီဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ရေဖြူရွာမှတဆင့် ယောဒေသ ထီးလင်းမြို့နယ် ကျင်းကျေးရွာအရှေ့ဖက် ပုံတောင်နတ်ထိပ် စစ်အုပ်စုကာကင်းစခန်းကိုဦးတည်လာရောက်မှာဖြစ်ကြောင်းနှင့် ကျင်းရွာဖက်ကိုပါ ဝင်ရောက်နိုင်ကြောင်း သတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောသည်။

#edit-အတည်ပြုဆဲသတင်းအရ
မကွေးတိုင်းအနောက်ခြမ်း စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃၊၂၅၄၊၂၅၅ တပ်ရင်း ၃ ခုမှ ပြည်သူ့စစ်မှုထမ်း (ပစ)များအပါဝင် ထုတ်နှုတ်အင်အား ၃၅၀ ခန့်ဖြင့် ယောဒေသ ဆောမြို့နယ် လောင်းရှည်မြို့ကို လာရောက်ရန်ရှိကြောင်းသိရသည်။

လောင်းရှည်မြို့မှတဆင့် ဆောမြို့သို့ဆက်လက် အင်အားဖြည့်တင်းမည်ဖြစ်ပြီး လန်လန်ကျနေသော ကန်ပက်လက်စစ်ကြောင်းမှာ အင်အားပို့ဆောင်ရန်ဖြစ်ကြောင်းသတင်းရင်းမြစ်ထံမှ သိရသည်။

အထက်ပါ စစ်အုပ်စု စစ်ကြောင်း ၂ ကြောင်းသည် ယောဒေသဖက်ကို ဦးတည်လာနေသောကြောင့် အဆိုပါစစ်ကြောက်းလာရာလမ်းရှိ ဒေသခံပြည်သူများအနေဖြင့် ကြိုတင်သတိထားသွားလာကြရန် လိုအပ်ကြောင်း သိရသည်။

@မင်းဒဿ
#MRSN
Jul 10 , 4:00PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
ပေါက်⚠️

ပေါက်မြို့နယ် ၊ရေဖြူကျေးရွာသို့ရောက်ရှိ‌နေသော စစ်ကော်မရှင်တပ်သားများသည် မြောက်အရပ်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်းသတင်းရရှိပါသည်။

Jul 10 , 03:35 PM

#PaukLocalSource


ပေါက်⚠️

ပေါက်မြို့နယ်၊ပလောင်းကျေးရွာသို့ရောက်ရှိနေသော ကပစ(၂၄) ထွက် စစ်ကော်မရှင်တပ်သား ၄၀၀(ခန့်မှန်း)နှင့် စစ်ကော်မရှင်စစ်ကား(၅) စီးတို့သည် ပလောင်းကျေးရွာမှတစ်ဆင့် အနောက်အရပ်သို့ ဦးတည်ထွက်ခွာနေကြောင်း သတင်းရရှိပါသည်။

#PaukLocalSource
#MRSN
Jul 10 , 03:46 PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
ပေါက်⚠️

ယနေ့နံနက်ပိုင်းတွင် ပေါက်မြို့နယ်၊ရေဖြူကျေးရွာသို့ ထွက်ခွာသွားသော ကပစ (၂၄) ထွက် စစ်ကော်မရှင်စစ်ကား (၄) စီးသည် ယနေ့ နေ့လည်ပိုင်းတွင် ပေါက်မြို့နယ် ၊ထန်းပင်ချောင်းရွာ ထဲသို့ပြန်လည်ဝင်ရောက်ထားကြောင်း သတင်းရရှိပါသည်။


#MRSN
#PaukLocalSource
Jul 10 , 04:07 PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
တကယ်ဖျက်စီးခံထားရသည့် ဗိုလ်ချုပ်ရုပ်ထုများ
တံတားဦး -မန္တလေးတိုင်း⚠️
  
8:48pm (10 Jul)

တံတားဦး လေတပ်မှ စစ်ထောက်ပို့ တိုက်ခိုက် Y-12  (1)စီး အရှေ့မြောက်ဘက်သို့ ပျံတက်။

⚠️ချင်း စစ်ကိုင်း မန္တလေး ကချင် သတိပြု

#WES သတင်းပို့ရန် @SCOUT_WES
1
ပေါက်⚠️

ပေါက်မြို့နယ်၊ပလောင်းကျေးရွာမှ အနောက်အရပ်သို့ထွက်ခွာလာသော ကပစ(၂၄) ထွက် စစ်ကော်မရှင်တပ်သား ၄၀၀(ခန့်မှန်း)နှင့် စစ်ကော်မရှင်စစ်ကား(၅) စီးတို့သည် ပလောင်းကျေးရွာ၏ အနောက်ဘက် (၁၀)မိုင်ကွင်းပြင်သို့ရောက်ရှိရပ်နားကာ ညအိပ်တပ်စွဲထားကြောင်း သတင်းရရှိပါသည်။


#MRSN
#PaukLocalSource
Jul 10 , 8:44PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «ပေါက်⚠️ ပေါက်မြို့နယ်၊ပလောင်းကျေးရွာမှ အနောက်အရပ်သို့ထွက်ခွာလာသော ကပစ(၂၄) ထွက် စစ်ကော်မရှင်တပ်သား ၄၀၀(ခန့်မှန်း)နှင့် စစ်ကော်မရှင်စစ်ကား(၅) စီးတို့သည် ပလောင်းကျေးရွာ၏ အနောက်ဘက် (၁၀)မိုင်ကွင်းပြင်သို့ရောက်ရှိရပ်နားကာ ညအိပ်တပ်စွဲထားကြောင်း သတင်းရရှိပါသည်။ …»