ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ရေစကြို⚠️


ရေစကြိုတာတိုင်ရွာ ဘုန်းကြီးကျောင်း၌ ညအိပ်ရပ်နား  နေသောစခများက အနီးပတ်ဝန်းကျင်မှ ည 7 နာရီကျော် အပြင်ထွက်သည့်ပြည်သူများအား ပစ်မိန့် (Martial Law) ထုတ်ထား  ကြောင်း သတင်းရရှိ။


#MRSN
#WES
Jul 2 ,8:50PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍32🫡1
Forwarded from Wai Hin (ဝေဟင်) (May Taurus)
🔴 မြိုင် 🔴

မြိုင်နယ် တနေရာသို့ မြိုင်စက်မှု၂ မှ လွှတ်တင်သော တိုက်ခိုက်ရေးဒရုန်း (Attack Drone) ၁စီးဖြင့် (11:07) PM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Jul 02, 11:34 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
2
#လက်နက်ကြီးအန္တရာယ်အသိပေးထုတ်ပြန်ခြင်း
2.7.2026

မြိုင်မြို့အနောက်တောင်ဘက် စက်မှု (2) က
စစ်ကောင်စီတပ်တွေဟာ ယနေ့ည 9:00 ကျော်ခန့်က
လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့
သိရပြီး
ယနေ့ည 11:00 ကျော်ခန့်မှာလည်း
စက်မှု (2) ထဲကနေ တိုက်ခိုက်ရေးဒရုန်းတစ်စီးဖြင့်
မြိုင်မြို့နယ်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခြေအနေအသေးစိတ် မသိရသေးပါ။

မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူရွာမှာလည်း
120 mm လက်နက်ကြီး တပ်ဆင်ထားတယ်လို့
သိရပြီး ယခင်ရက်တွေက
ရမ်းသမ်းပစ်ခတ်တာမျိုးတွေ ရှိထားပါတယ်။

အဲ့ဒါကြောင့် မြိုင်မြို့နယ်တောင်ပိုင်း
မြိုင်မြို့နယ် အနောက်တောင်ပိုင်းနဲ့
ကမ္မဒေသက မိဘပြည်သူများ
လက်နက်ကြီးအန္တရာယ် အထူးဂရုစိုက်ကြဖို့
အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#လက်နက်ကြီး
#MRSN
Jul-3 , 1:46AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
🙏42
♦️ပေါက်မြို့နယ်♦️

ပေါက်မြို့နယ်အရှေ့ပိုင်း ညောင်ရေတဲရွာသို့ရောက်ရှိနေသော ခွေးအင်အား(၅၀၀)ခန့်ပါ စစ်ကြောင်းသည်၊ အရှေ့အရပ်သို့ဦးတည်ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
#MRSN
Jul-3 , 7:30AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍3
#ပေါက်မြို့နယ်စစ်ကြောင်းသတင်း
3.7.2026

မနေ့ညက ပေါက်မြို့နယ်အရှေ့ပိုင်း
ညောင်ရေတဲ၊ ညောင်ပင်တိုက်ရွာတွေမှာ
ညအိပ်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက်ပိုင်းမှာ အရှေ့မြောက်ဘက်ကို
ဦးတည်ထွက်ခွာလာပြီး
8:00 ဝန်းကျင်မှာ ထောက်ရှာပင်ရွာအနီးကို
ရောက်နေပြီလို့ သိရပါတယ်။

ဘယ်ကိုဦးတည်မယ်မသိရတာကြောင့်
ပေါက်မြို့နယ်အရှေ့ပိုင်းနဲ့
မြိုင်မြို့နယ်အနောက်တောင်ပိုင်းမှ
မိဘပြည်သူများ အားလုံး
စစ်ကြောင်းသတင်းများကို နားစွင့်ပြီး
သတိဝရိယနဲ့ နေထိုင်ကြဖို့
အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
#WES
Jul 3 , 9:07AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
အာဏာ၏ ယုံကြည်ခြင်း

လက်ထဲမှာ သေနတ်
စိတ်ထဲမှာ ယတြာ။

ကျည်ဆန်ကို ယုံရမယ့်သူက
ကံကြမ္မာကို ပိုကိုးကွယ်နေတယ်။

ပြည်သူကို နားထောင်ဖို့ထက်
အမိန့်ပေးသံကို ပိုနှစ်သက်တယ်၊

စေတနာနဲ့ တည်ဆောက်ရမယ့် နိုင်ငံကို
ကြောက်ရွံ့မှုနဲ့ ထိန်းချုပ်ဖို့ ကြိုးစားတယ်။

တိုင်းပြည်ဟာ အမွေမဟုတ်ဘူး
အများရဲ့ အိမ်ဖြစ်တယ်။

ဒါပေမယ့်

တံခါးကို သော့ခတ်ပြီး
“ဒါ ငါ့ပိုင်တယ်” လို့ ထင်နေတဲ့စိတ်က
မြေပုံထက်တောင် ကျယ်နေတယ်။

သမိုင်းဆိုတာ
ဘယ်သူ့ကိုမှ မကြောက်ဘူး။

အာဏာက
ခဏတာ ငှားထားတဲ့ ထိုင်ခုံ၊

ပြည်သူရဲ့ အသံကတော့
တိတ်ဆိတ်နေရင်တောင်
ပျောက်ကွယ်မသွားတဲ့ ပဲ့တင်သံ။

                 ✍️ Poseidon

#7starmyaing
📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
5
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

တောင်အို စခဂိတ်မှ စခများ မြောက်အရပ်သိုထွက်နေကြောင်း သတင်းရရှိ။

#WES 8:36am,Jul 3

⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

မြင်းခြံ ဆိတ်ညံရေတင်ရုံးမှ ထွက်လာသော စစ်သင်္ဘောအုပ်စု၏ ရှေ့ဆုံးပွိုင့် ရေစကြိုနယ် ချစ်သူရွာဖြတ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်နေကြောင်း သတင်းရရှိ။

#WES 8:37am,Jul 3

⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

တောင်အို စခဂိတ်ထွက် စခများ ကြီးကန်ရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိ။

#WES 8:46am,Jul 3
#7starmyaing
📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
👍42
ရေစကြို⚠️

ရေစကြိုနယ်တောင်အိုရွာထွက် စကစစစ်ကြောင်းမှာ ကြီးကံတောင်ရွာ ဘုန်းကြီး ကျောင်းထဲ‌ ရောက်ရှိ‌နေပြီးဘုန်းကြီးကျောင်း အနီးတဝိုက်ကင်းပုန်းများချထားကြောင်း သတင်းရရှိ။


#MRSN
#WES
Jul 3 ,10:28AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍53
Forwarded from Kyimyindaing Networks
လိပ်ပြာလေးလို ဖမ်းလိုက်မယ် 😅😂🤣

ကာတွန်း©ဘီရုမာ/ဧရာဝတီ

#KyimyindaingNetworks
#WhatsHappeningInMyanmar
#RejectMilitaryCoup
#JusticeForMyanmar
Please open Telegram to view this post
VIEW IN TELEGRAM
2
ချင်းတွင်း ရေပြင်

ဆိပ်ညံရေတင်ရုံးမှ ဆန်တက်လာသော စစ်ခွေးအင်အားများ နှင့် ဒရုန်းပစွည်းများ ၊ လက်နက်ခဲယမ်း ၊ ရိက္ခာများပါသော ဖလက်သံခွန် သင်္ဘော(၂၆)စီး နှင့် တိုက်ခိုက်ရေး စစ်သင်္ဘော ၂ စီးတို့အနက် ပထမအသုတ်သည် ပရိမ္မရွာသို့ ရောက်ရှိကာ အထက်သို့ ဆက်လက် ဆန်တက်နေကြောင်းသိရ။

#Yaypyin
Jul 3 , 12:26PM
သတင်းပို့ရန် @Yaypyin0bot
👍4
♦️ပေါက်မြို့နယ်♦️

ပေါက်မြို့နယ်အရှေ့ပိုင်း ညောင်ရေတဲရွာမှအရှေ့မြောက်အရပ်သို့ဦးတည်ထွက်ခွာသွားသော ခွေးအင်အား(၅၀၀)ခန့်ပါ စစ်ကြောင်းသည်၊ထောက်ရှာပင်ရွာသို့၀င်ရောက်ထားကြောင်း သတင်းရရှိထားပါသည်။



#MRSN
#PKK new
Jul 3 ,12:47PM


ရေစကြို⚠️

ရေစကြိုနယ် ခလရ ၂၅၈ ခွေးတပ်မှ စခစစ်ကြောင်းသည် အရှေ့ရပ်သို့ထွက်ခွာနေကြောင်းသိရ။

#MRSN
Jul 3 ,1:05PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍31
ရေစကြို⚠️

ရေစကြိုမြို့နယ် ဖူလုံ ဇရပ်မှ ရေစကြိုမြို့ဘက်ဆီ သွားတဲ့လမ်းများတွင် စခ ကင်းမှာ ချထားကြောင်း သတင်းရရှိပါသည်။

#Threestarsmyaing
#MRSN
Jul 3 , 4:02PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍51
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
◼️မလှိုင်မှာ ရဲမှူးကြီးဦးစီး စစ်တပ်စစ်ကြောင်းကို PDF ပကဖ များတိုက်ခိုက်ရာ စကစ ၂ ဦးသေဆုံး၊ ၁၀ ဦးအရှင်မိ

၃ ဇူလိုင် | နွေဦးအသံ |

မန္တလေးဒေသ၊ မလှိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်ရင်း ၈ မှ ဒုတိယရဲမှူးကြီးဦးစီး စစ်ကြောင်းကို PDF ၊ ပကဖ ပူးပေါင်းတပ်တွေက ဇူလိုင် ၂ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁၀ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ သိရပါတယ်။

အိမ်ကြီးတောရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲတပ်ရင်း ၈ မှ ဒုတိယရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီး အင်အား ၁၁၀ ခန့်ပါ စစ်ကြောင်းကို မနက် ၁၁ နာရီ ၂၀ မိနစ်မှ နေ့လယ် ၂ နာရီခွဲအထိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁၀ ဦးလက်နက်ချအညံ့ခံခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီစစ်ကြောင်းထံမှ လက်နက်၊ စိန်းပြောင်းမျိုးစုံ ၂၀ လက်၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းများ၊ ခဲယမ်းမျိုးစုံကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က နွားထိုးကြီးမြို့နယ်၊ အိုးပုံတောရွာနဲ့ အနီးပတ်ဝန်းကျင်ကို ညနေ ၅ နာရီ ၅၀ မိနစ်မှာ Gyrocopter ၂ စီးနဲ့ ၂ ကြိမ်၊ ည ၆ နာရီ ၄၉ မိနစ်မှာ Jet fighter ၁ စီးနဲ့ ၂ ကြိမ်၊ ည ၁၀ နာရီ ၁၆ မိနစ်မှာ Jet fighter ၂ စီးနဲ့ ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောင်သာမြို့နယ်၊ လှည်းကူးမရွာကိုလည်း စစ်ကောင်စီတပ်က ည ၁၀ နာရီခွဲခန့်မှာ နေပြည်တော်လေတပ်မှ တက်လာတဲ့ Jet Fighter ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ စစ်ဆင်ရေးကို စစ်တပ်ရဲ့ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး အနီးကပ်ပစ်ကူပေးခဲ့တဲ့ကြားက မန္တလေးတိုင်းစစ်ဌာန၊ မြင်းခြံခရိုင်စစ်ဌာန ကွပ်ကဲမှုနဲ့ မြင်းခြံခရိုင်စစ်ဌာန တပ်ရင်းများ၊ မိတ္ထီလာခရိုင် တပ်ရင်း ၂၊ မြင်းခြံခရိုင် ပကဖ ၊

နွားထိုးကြီးမြို့နယ် ပကဖ၊ မလှိုင်မြို့နယ် (ပကဖ/ TTA ပြောက်ကျားတပ်ဖွဲ့)တို့က ရဲရင့်ပြတ်သားစွာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း NUG အစိုးရ၊ ကာကွယ်‌ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

©The Voice of Spring
6