ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ရေစကြို - မကွေးတိုင်း⚠️
  
8:36pm (30 Jun )

စကစ Drone (1) စီး ရေစကြိုနယ် ပခန်းကြီးမြို့ဖြတ် အနောက်ဘက်သို့ ပျံသန်း။

#WES သတင်းပို့ရန် @SCOUT_WES
1
စစ်ကောင်စီက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အလွန်ကောင်းမွန်နေပါတယ်” တဲ့…

ဟုတ်လား…?

အလွန်ကောင်းမွန်နေတဲ့ လူကို ဘာလို့ ဘယ်သူ့ကိုမှ မတွေ့ခိုင်းတာလဲ?

မိသားစု မတွေ့ရ။
ရှေ့နေ မတွေ့ရ။
အပြင် ဆရာဝန် မတွေ့ရ။
ဘယ်မှာထားထားလဲဆိုတာတောင် မပြောဘူး။

ပြီးတော့…
“ကျန်းမာရေး အလွန်ကောင်းမွန်ပါတယ်” လို့ ထွက်ပြောတယ်။

ဒါက သတင်းထုတ်ပြန်တာလား…

ဒါမှမဟုတ် “ငါပြောတာ ငါယုံ” ဆိုတဲ့ အထာလား?



တကယ်လို့ အရာအားလုံး အဆင်ပြေနေရင်…
ဘာကို ကြောက်နေတာလဲ?

တံခါးဖွင့်လိုက်ပါ။
မိသားစုကို တွေ့ခွင့်ပေးလိုက်ပါ။

နိုင်ငံတကာက ဆရာဝန်တွေကို လွတ်လွတ်လပ်လပ် စစ်ဆေးခွင့်ပေးလိုက်ပါ။

ဓာတ်ပုံတောင် မထုတ်ပြနိုင်ဘဲ…“ကျန်းမာတယ်” ဆိုတာကိုတော့ နေ့တိုင်း ပြောနေတယ်။



စဉ်းစားကြည့်ပါ။

ကိုယ့်အမေကို ၅ နှစ်ကျော်မတွေ့ရဘူး။

ဖုန်းမပြောရ။
ဗီဒီယိုမကြည့်ရ။
ဓာတ်ပုံအသစ်မရှိ။

ဒါပေမယ့်…

“စိတ်ချပါ၊ အရမ်းကျန်းမာပါတယ်” လို့ပဲ အမြဲပြောနေတယ်။

သားဖြစ်သူက ယုံမလား။



စစ်ကောင်စီက အမြဲပြောတယ်။

“ယုံပါ။”

ဒါပေမယ့်…
သက်သေတော့ မပြဘူး။

ဒီခေတ်မှာ…
သက်သေမရှိတဲ့ စကားက သတင်းမဟုတ်ဘူး။
ဝါဒဖြန့်တာပဲ။

တကယ်ကျန်းမာနေတယ်ဆိုရင် ဖုံးကွယ်စရာမလိုဘူး။ ဖုံးကွယ်ထားရတဲ့အရာတွေကပဲ လူတွေကို သံသယဝင်စေတာပါ။

တစ်ဖက်မှာတော့ သားဖြစ်သူ ကင်မ်အဲရစ်က မိခင်မှာ နှလုံးရောဂါ၊ အရိုးပွရောဂါအပါအဝင် အသက်အရွယ်ကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိနေတယ်လို့ ပြောတယ်။

ဘယ်သူပြောတာမှန်လဲ?
အဖြေက ရိုးရိုးလေးပါ။

တွေ့ခွင့်ပေးလိုက်ပါ။

#proofoflife



ချစ်ခြင်းမေတ္တာဖြင့်—
မရွှေမိုး- ကိုရီးယား
June 30th ,2026.

Threestarsmyaing
#7starmyaing
3
သင့်သတင်းဖြင့် ပြည်သူများနဲ့ရဲဘော်များကိုဘေးကင်းနိုင်ပါစေ

https://t.me/https7starmyaing

မကွေးတိုင်းဒေသကြီးအတွင်းရှိ  မြေပြင်သတင်းများကို admin များထံသို့ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါတယ်..🫡🫡🫡

@Myaing3star/@bnue_1234/
@ranma3123/@Henrypku2004
@ArrDanYso2234
1
⚠️မြေပြင်( Delay)

ရေစကြို - မကွေးတိုင်း

ရေစကြိုနယ် ပန်းတိုင်းခြုံဘုန်းကြီးကျောင်းသို့  စကစစစ်သားအင်အား(၁၇၀)ခန့်ရောက်ရှိနေကြောင်း သတင်းရရှိ။

#WES 7:44pm,Jun 30
1
⚠️မြေပြင်( Delay)

ရေစကြို - မကွေးတိုင်း

ရေစကြိုနယ် ပန်းတိုင်းခြုံဘုန်းကြီးကျောင်းသို့  စကစစစ်သားအင်အား(၁၇၀)ခန့်ရောက်ရှိနေပြီး မြောက်အရပ်ကိုထွက်ရန် အချိန်ဆွဲနေကြောင်း မြေပြင်သတင်းသိရရ၍ ပြည်သူများနှင့် ရဲဘော်များအနနဲ့ အလစ်အငိုက် အကိုက်မခံကြဖို့ရာ အထူးသတိထားကြရန် ကြိုတင်အသိပေးနိုးဆော်အပ်ပါတယ်ဗျ ။

#Threestarsmyaing
10:22pm,Jun 30
7
Forwarded from Magway Scout Network
ရေစကြို ⚠️

ရေစကြိုမြို့နယ် ကျောက်လှေခါး စခ ဂိတ်မှ စခ ပခများနှင့် ကားများ မြောက်အရပ်သို့ ဦးတည်ထွက်ခွာနေကြောင်း သိရ။


#MRSN
#Threestarsmyaing
Jul-1, 9:59AM
📬သတင်းပို့ရန်@MagwayScoutBot
👍2
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ကျောက်လှေကားစကစ ဂိတ်မှ စခများ မြောက်ဘက်သို့ကားများဖြင့်ထွက်ရန်ပြင်ဆင်နေကြောင်းသတင်းရရှိ။

#WES 9:54am,Jul 1
1
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ကျောက်လှေကားစကစ ဂိတ်မှ စခများ မြောက်ဘက်သို့ကားများဖြင့်ထွက်ခွာ သွားကြောင်းသတင်းရရှိ။

Update - အင်အား (၂၀၀) ခန့်ပါ

#WES 10:00am,Jul 1
1
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ခလရ (၂၅၇) ထွက်စခများ ပေကုန်းနားအစစ်အဆေးကြမ်းနေကြောင်းသတင်းရရှိ။

#WES 9:54am,Jul 1
1
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ကျောက်လှေခါး စခန်းမှ စခများ ပတ်ဝန်း ကျင်သို့ လက်နက်ကြီးများဖြင့် ပစ်နေကြောင်း နေကြောင်းသတင်းရရှိ။

#WES 10:00am,Jul 1
3
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ကျောက်လှေခါး စခန်းမှ  စခများ ပတ်ဝန်း ကျင်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်နေကြောင်း  နေကြောင်းသတင်းရရှိ။

#WES 10:56am,Jul 1
1
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ကျောက်လှေကားစကစ ဂိတ်မှ စခများ မြောက်ဘက်သို့ကားများဖြင့်ထွက်ခွာ သွားသော အင်အား (၂၀၀) ပါစစ်ကြောင်း ကုန်းထိပ်ပေါ်တွင် ရှိနေသေး ကြောင်းသတင်းရရှိ။

#WES 11:02am,Jul 1
1
ရေစကြိုမြို့နယ်


ရေစကြိုမြို့နယ် ခလရ၂၅၆/၂၅၇/၂၅၈မှ ထွက်ခွာပြီးပေကုန်ရွာတွင် အထိုင်ချနေသော စခ၊ပခများဟာ ယနေ့နံနက်တွင် လမ်းသွားလမ်းလာပြည်သူများအကို တားစီးစစ်ဆေးခြင်းနဲ့ ဖမ်းဆီးခြင်းများပြုလုပ်နေတယ်လို့ သတင်းရရှိ။
ရေစကြိုမြို့နယ်အနောက်ဖက်ရှိပြည်သူများ ‌ရေစကြိုမြို့သို့သွားလာခြင်းသတိပြုကြပါရန် ။

July-1-11:08A𝐌

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star
👍42
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «ရေစကြိုမြို့နယ် ရေစကြိုမြို့နယ် ခလရ၂၅၆/၂၅၇/၂၅၈မှ ထွက်ခွာပြီးပေကုန်ရွာတွင် အထိုင်ချနေသော စခ၊ပခများဟာ ယနေ့နံနက်တွင် လမ်းသွားလမ်းလာပြည်သူများအကို တားစီးစစ်ဆေးခြင်းနဲ့ ဖမ်းဆီးခြင်းများပြုလုပ်နေတယ်လို့ သတင်းရရှိ။ ရေစကြိုမြို့နယ်အနောက်ဖက်ရှိပြည်သူများ ‌ရေစကြိ…»
#ပေါက်မြို့နယ်စစ်ကြောင်းသတင်း
1.7.2026

ယနေ့မနက်ပိုင်းက ပေါက်မြို့နယ်အရှေ့ပိုင်း
ရေထွက်ရွာကနေ ထွက်တဲ့စစ်ကောင်စီတပ်တွေဟာ
နေ့လည်ပိုင်းမှာ ကားတန်းများနဲ့အတူ
ညောင်ရေတဲရွာကို ရောက်ရှိနေပြီလို့
သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jul 1, 12:44PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3👍1
စိတ်ကူးတောင်မယဥ်သင့်တဲ့စီမံကိန်း...

သဘာဝဓာတ်ငွေ့တွေကို ပြည်ပရောင်းထုတ်ပြီး
မီးစက်ဝယ်သုံးနေရတဲ့နိုင်ငံ..ဒါနဲ့အားမရသေးဘူး
မြစ်ဆုံစီမံကိန်းကို တိုင်းတပါးလက်ထိုးအပ်ပြီး
မြန်မာပြည်ရဲ့ အသက်သွေးကြောကြီးတခုဖြစ်တဲ့
ဧရာဝတီမြစ်ကြီးကိုလည်း ကွပ်မျက်ဖို့ကြိုးစားပြန်ပြီ...

အဆိုပါမြစ်ဆုံစီမံကိန်းများ လုပ်ခဲ့လျှင်
မြန်မာပြည်ကရရှိမည့် အကျိုးအမြတ်က
ဖုန်းအားသွင်းဖို့လောက်သာရရှိမှာဖြစ်ပြီး
စီလုတ်က ၉၀% အကျိုးအမြတ်ရယူမှာပါ...

ရရှိမည့် ၁၀ % ထက် ပေးဆပ်ရမည့်ဆိုးကျိုးက
ချိန်ခွင်လျှာဇောက်ထိုး ပြည်သူအများရဲ့ အသက်
အိုးအိမ်စည်းစိမ်တွေ များစွာဆုံးရှုံးကြမှာဖြစ်သလို
ဂေဟစနစ်ကို ပြင်းထန်စွာထိခိုက်စေပြီး ဇီဝမျိုးကွဲ
မျိုးစုံ အလွန်ပင်ပျက်စီးစေနိုင်ကြောင်း ပညာရှင်တွေ
က ထောက်ပြထားပြီးသား..ငလပိန်းအာဏာရှင်တွေ
ဒါတွေမသိကြဘူး...

အထူးသဖြင့် ငလျင်ကြောကြီးပေါ်မှာရှိနေခြင်းကြောင့်
မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်တွေအားလုံး
အချိန်မရွေးအန္တရာယ်ကျရောက် သွားနိုင်ပါတယ်...
ဆည်ကြီးလည်းပြီး ပြည်ကြီးလည်းပျက်မည့်ကိန်းပါ...
ဒင်းတို့အာဏာအတွက် စီလုတ်ကိုမျက်နှာလိုချင်တာနဲ့
အဏုမြူတလုံးလိုဖျ-က်ဆီးမည့် စီမံကိန်းဆိုတာကို
တချက်လေးတောင်ထည့်မတွက်ကြဘူး...

စီလုတ်နိုင်ငံမှာတောင် ဆည်တာတမံတွေကြောင့်
ပြည်သူတွေရဲ့အသက်ပေါင်းများစွာနှင့် တသက်လုံး
ရှာဖွေထားသမျှစည်းစိမ်တွေ ဆုံးရှုံးလိုက်ရပြီ...

ဒါ့ကြောင့်မြစ်ဆုံစီမံကိန်းဆိုတာ စိတ်ကူးနဲ့တောင်
မလုပ်သင့်သောစီမံကိန်းကြီးတခုသာ ဖြစ်ပါတယ်...

ဆရာမောင်စိန်ဝင်းကားနဲ့ပြောရလျှင်
ဧရာဝတီမြစ်ဆိုတာ
" သူများနိုင်ငံအလင်းရစေဖို့
ကိုယ့်ဘဝကိုစတေး
လောင်ကျွမ်းပေးရမည့်
ဖယောင်းတိုင်းမဟုတ်ဘူး..."

Photo: မပြောကောင်းမဆိုကောင်း
မြစ်ဆုံဆည်ကြီးသာပြီးစီးခဲ့ပါက နောင်တချိန်
မိခင်ဧရာဝတီမြစ်ကြီး၏ အခြေအနေတရပ်အား
ယခုလိုမြင်တွေ့ရနိုင်ကြောင်း နှိုင်းယှဥ်ထားခြင်း
ဖြစ်ပါ၏...

🖊🖊🖊
အင်းဝသား ငထင်

#ဇေရာလင်း
👍2
ငှက်ပျောတောမယ်တော်ကြီးနှင့် သခင်မလော။

သခင်မလောက တကယ်တော့သူ့လင်ပါပဲ။ ငှက်ပျောတောမယ်တော်ကြီးက သူ့လင်ကို သိဒ္ဓိတင်တဲ့ဂါထာလေးက ခြေတံလက်တံတိုတာလေးကိုလည်း ကိုယ်စားပြုတယ်။ ပြည်သူကို နှိပ်စက်တာလေးလည်းပါတယ်။ ဂါထာလေးက ဒီလိုပါတဲ့။

“လိပ်ကလေးခြေတံတို
မန်ကျည်းရွက်နဲ့ကျို
ဆီတွေဝေလို့ဖိတ်
ပေလို့မလိပ်။

မန်ကျီးပင်ခွကြား
မောင်းဆင်လို့ထား
ဟိုလူလာ ထောင်း
ဒီလူလာ ထောင်း
ငလုမမောင်း။”

#အာရှနွားစာစဉ်2.0

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star
တရုတ်ဆီမှာ ဦးသိန်းစိန်ပေါင်ထားတဲ့ ဧရာဝတီမြစ်ကြီးကို ဦးမင်းအောင်လှိုင်က အပြတ်ရောင်းလိုက်ပြီလို့ ပြောလာတဲ့ ဒေါက်တာပါကျဲ့။

နေပြည်တော် ဖေ ၁၀၀။

ယမန်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြဲရေးဆိုခွင့်ရှိသူ ဒေါက်တာပါကျဲ့က ယခုလိုရှင်းပြခဲ့တာပါ။

ဦးသိန်းစိန်လက်ထက်က အပေါင်ထားတဲ့ မြစ်ဆုံစီမံကိန်းကို ဦးမင်းအောင်လှိုင်က နောက်ထပ်နေရာတွေထပ်တိုးပြီး စာချုပ်ချုပ်ခဲ့တာလို့ဆိုပါတယ်၊ “အရင်က ပေါင်ထားခဲ့တာကို အခု အပြတ်ရောင်းလိုက်တဲ့သဘောပါ။ မီးမမှန်တော့ သူ့သားရောင်းတဲ့ EV တွေ အရောင်းထိုင်းတာကြောင့်လည်း ပါတာပေါ့။ တရုတ်ပြည်ကို အလကားသွားတာတော့မဟုတ်ဘူး။ ဘာလိုချင်လဲ၊ ဘာရှာလဲ သွားမေးတဲ့သဘောပါ” ဟု ရှင်းပြသွားခဲ့သည်။

ဒီကိစ္စကို အတွင်းကျကျသိထားသူတဦးကတော့ ဧရာဝတီမြစ်ကြီး မရှိတော့ရင် ဧရာဝတီတိုင်းက လယ်စိုက်တဲ့သူတွေ တပ်ထဲဝင်လာကျမှာလည်း ရှိသေးတယ်။ အခုက ရခိုင်နဲ့ စစ်ကိုင်းမှာ အရင်လို စစ်သားစုလို့မရတော့ဘူးလို့ ထင်မြင်ချက်ကို ပြောပြသွားပါတယ်။

သတင်းနှင့် ဓာတ်ပုံ - အိုင်မြတ်ခူး

#အာရှနွားစာစဉ်2.0

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star
3
တရုတ်ဆီမှာ ဦးသိန်းစိန်ပေါင်ထားတဲ့ ဧရာဝတီမြစ်ကြီးကို ဦးမင်းအောင်လှိုင်က အပြတ်ရောင်းလိုက်ပြီလို့ ပြောလာတဲ့ ဒေါက်တာပါကျဲ့။

နေပြည်တော် ဖေ ၁၀၀။

ယမန်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြဲရေးဆိုခွင့်ရှိသူ ဒေါက်တာပါကျဲ့က ယခုလိုရှင်းပြခဲ့တာပါ။

ဦးသိန်းစိန်လက်ထက်က အပေါင်ထားတဲ့ မြစ်ဆုံစီမံကိန်းကို ဦးမင်းအောင်လှိုင်က နောက်ထပ်နေရာတွေထပ်တိုးပြီး စာချုပ်ချုပ်ခဲ့တာလို့ဆိုပါတယ်၊ “အရင်က ပေါင်ထားခဲ့တာကို အခု အပြတ်ရောင်းလိုက်တဲ့သဘောပါ။ မီးမမှန်တော့ သူ့သားရောင်းတဲ့ EV တွေ အရောင်းထိုင်းတာကြောင့်လည်း ပါတာပေါ့။ တရုတ်ပြည်ကို အလကားသွားတာတော့မဟုတ်ဘူး။ ဘာလိုချင်လဲ၊ ဘာရှာလဲ သွားမေးတဲ့သဘောပါ” ဟု ရှင်းပြသွားခဲ့သည်။

ဒီကိစ္စကို အတွင်းကျကျသိထားသူတဦးကတော့ ဧရာဝတီမြစ်ကြီး မရှိတော့ရင် ဧရာဝတီတိုင်းက လယ်စိုက်တဲ့သူတွေ တပ်ထဲဝင်လာကျမှာလည်း ရှိသေးတယ်။ အခုက ရခိုင်နဲ့ စစ်ကိုင်းမှာ အရင်လို စစ်သားစုလို့မရတော့ဘူးလို့ ထင်မြင်ချက်ကို ပြောပြသွားပါတယ်။

သတင်းနှင့် ဓာတ်ပုံ - အိုင်မြတ်ခူး

#အာရှနွားစာစဉ်2.0

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star
1