ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ကန်နီ ⚠️

ကန်နီနယ် ပျူရွာပေါ် တွင် တပ်မ ၁၀၁ တက် စက်တပ်လေထီး (Paramotor) ၂ စီး ပျံဝဲနေ။

#WaiHin
May 30, 07:05 AM
📬သတင်းပို့ရန် @WaiHinAirScout_Bot
3
Forwarded from Wai Hin (ဝေဟင်) (Ngai gaw Singkaw n Tu ai U ri)
ပခုက္ကူ ⚠️

ပခုက္ကူနယ် အလယ်ကြောဖြတ်၍ တပ်မ ၁၀၁ တက် စက်တပ်လေထီး (Paramotor) ၁စီး မြောက်အရပ်သို့ ပျံသန်း။

#WaiHin
May 30, 07:27 AM
📬သတင်းပို့ရန် @WaiHinAirScout_Bot
1
⚠️မြေပြင်

ပခုက္ကူ- မကွေးတိုင်း

ပခုက္ကူတပ်မ ၁၀၁မ ထွက်စခ ကား၂ စီး ချောက်ကန်ရွာ အရှေ့ဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိ။

#WES 7:52am,May 30
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
Forwarded from Wai Hin (ဝေဟင်) (Ngai gaw Singkaw n Tu ai U ri)
ပခုက္ကူ

ပခုက္ကူ တပ်မ ၁၀၁ သို့ ကန်နီပျူရွာခွေးစာချခဲ့သော စက်တပ်လေထီး (Paramotor) ၂စီး မြောက်အရပ်မှ ဆင်းသက်။

#WaiHin
May 30, 08:02 AM
📬သတင်းပို့ရန် @WaiHinAirScout_Bot
👍2
မိဘပြည်သူများကို အသိပေးအပ်ပါတယ်
=========================

အထူးအသိပေးအပ်ပါတယ်ခမျာ့
အကြမ်းဖက်မင်းအောင်လှိုင်၏
မယားပါသားများ ရောက်ရှိခဲ့ရာ
ကျေးရွာများ အနီးဝန်းကျင်တွင်🚷
နေထိုင်သွားလာခြင်း မလုပ်ကြပါရန်နှင့်
စစ်ကြောင်းရောက်ရှိပီး ပြန်လည်ထွက်ခွါ
သွားရာ ကျေးရွာများအတွင်းသို့
သက်ဆိုင်ရာအဖွဲ့အစည်းများက
ပြန်လည် ဝင်ရောက်ခွင့်ပြုမှသာလျှင်
ပြန်လည်ဝင်ရောက် နေထိုင်ကြပါရန်
အသိပေးအပ်ပါသည်။
(စစ်ခွေးမိစ္ဆာကောင်များက အချိန်မရွေး
ပြန်လည်ဝင်ရောက်လာနိုင်သည်က
တစ်ကြောင်း၊ မပေါက်ကွဲသေးသည့်
မြေမြှုပ်မိုင်းများ နှင့် အခြားသော
စစ်ဘက်ဆိုင်ရာ ပေါက်ကွဲနိုင်သည့်
ဆက်စပ်ပစ္စည်းများ ရှိနေနိုင်ခြင်းက
တစ်ကြောင်း သို့ဖြစ်ပါသဖြင့်
တာဝန်ရှိသူများက ရှင်းလင်းပီးမှသာ
ပြန်လည်ဝင်ရောက်ကြပါရန် ကျတော်တို့
သတင်းအဖွဲ့သားများမှ အသိပေး
နှိုးဆော် တိုက်တွန်းလိုက်ရပါသည်ခမျာ့။)

🥷🏼⃕⃝𝐂𝐫𝐨𝐬𝐬◉အညာမြေ。²⁰²⁶゚𒆜🚩

သတင်းပေးပို့ရန်=@Myaing3Star

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star

သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
2
ဆိပ်ဖြူ ⚠️

ဆိပ်ဖြူနယ်တစ်နေရာတွင် Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး ပျံဝဲနေ။

#WaiHin
May 30, 01:28 PM
👍2
စစ်တပ်က ဇာတ်ပွဲများ ထည့်သွင်းခိုင်းပြီး ပခုက္ကူ သီဟိုဠ်ရှင်ဘုရားပွဲ ကျင်းပနေချိန်၊ တစ်မြို့နယ်တွင်းက မြစ်ခြေမြို့ကိုမူ မြို့လုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး

မေ ၃၀၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ သီဟိုဠ်ရှင်ဘုရားပွဲကို အကြမ်းဖက်စစ်တပ်က ဇာတ်ပွဲတွေထည့်သွင်းပြီး ပွဲလမ်းသဘင်အခမ်းအနားနဲ့ ခြိမ့်ခြိမ့်သဲ ကျင်းပနေချိန်မှာပဲ၊ ပခုက္ကူနဲ့အနည်းငယ်သာကွာဝေးတဲ့ မြစ်ခြေမြို့ကိုတော့ မီးရှို့ဖျက်ဆီးမှုတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေအရ ပခုက္ကူခရိုင်အတွင်းက မြို့နယ်တွေကို အကြမ်းဖက်စစ်တပ်က ကပစ စက်ရုံတွေမှာ အင်အားစုပြီး အင်အားထောင်ချီတဲ့ စစ်ကြောင်းတွေနဲ့ ထိုးနှက်တိုက်ခိုက်နေတာဖြစ်ပြီး၊ ပခုက္ကူမြို့အနောက်တောင်ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်မှာရှိတဲ့ မြစ်ခြေမြို့ကိုလည်း စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုတွေဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

မြစ်ခြေမြို့ကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့မေလလယ်လောက်က စတင်စစ်ကြောင်းထိုးမီးရှို့ခဲ့ရာမှာ လက်ရှိချိန်မှာ‌တော့ တစ်မြို့လုံးနီးပါးက နေအိမ်ပေါင်းထောင်ချီ မီးလောင်ပျက်စီးသွားခဲ့ပြီလို့ သိရပါတယ်။

မြို့တွင်း အရပ်သားတွေကို မီးငြှိမ်းသတ်ခွင့် မပေးကြောင်းနဲ့ စစ်ကြောင်းဝင်ရောက်လာချိန် သတ်ဖြတ်ခံရသူ ၁၀ ဦး ထက်မနည်းရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းရဲ့ မီးရှို့မှုကြောင့် မီးလောင်ကျွမ်းနေတဲ့ မြစ်ခြေမြို့ကို ဧရာဝတီမြစ်တစ်ဖက်ကမ်း ပုဂံဘက်ကပင်မြင်ရကြောင်း သိရပြီး လက်ရှိမှာ ဒေသခံ နှစ်သောင်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။

တစ်ဖက်မှာလည်း အကြမ်းဖက်စစ်တပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ ပခုက္ကူမြို့ပေါ်မှာ ဘုရားပွဲအကြောင်းပြကာ နာမည်ရဇာတ်သဘင်တွေကို ထည့်သွင်းပေးရင်း ပြည်သူတွေအပေါ် သူတို့ရဲ့ရက်စက်မှုကို ဟန်ပြဖုန်းကွယ်ဖို့ ကြိုးစားနေပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အကြမ်းဖက်စစ်တပ်လုပ်တဲ့ ဟန်ပြပွဲလမ်းသဘင်တွေကို ပြည်သူတွေ မသွားလာကြဖို့ တိုက်တွန်းထားကြပါတယ်။

"ဇာတ်ပွဲထည့်တော့ သူတို့(စစ်တပ်)အသိုင်းအဝိုင်းမှ မဟုတ်ဘူး။ အခြားပြည်သူတွေလည်းကြည့်ချင်ကြမှာပဲ။ အပြစ်ပြောလို့မရပါဘူး။ ဘယ်လောက်ပဲမြို့ပြမှာနေနေ သူတို့လည်း စစ်တပ်ရဲ့ဖိအားဒဏ်တွေကို ခံကြရမှာပါပဲ။ မြို့ပြမှာက ပေါ်တာဆွဲတာ၊ အနိုင်ကျင့်တာတွေ သူတို့လည်းကြုံနေကြရမှာပါပဲ။ တစ်ဖက်မှာလည်း အခုလိုယုတ်မာနေတဲ့ စစ်ကောင်စီလုပ်တဲ့ ပွဲလမ်းသဘင်တွေကို မသွားလာပဲ နေလိုက်ခြင်းအားဖြင့် တော်လှန်ရေးကို ကူညီတာမဟုတ်ရင်တောင် စစ်တပ်ကို မုန်းတီးတယ်ဆိုတာကို ပြလို့ရပါတယ်။ စစ်တပ်ကတော့ သူတို့စနစ်အောက်မှာ ကျွန်တွေလိုပဲ ပျော်ခိုင်းမှာပါပဲ" လို့ ပခုက္ကူခရိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မောင်းကိုပြောပါတယ်။

သီဟိုဠ်ရှင်စေတီရဲ့ နယုန်လ ဗုဒ္ဓပူဇနိယပွဲကို နှစ်စဥ်မေလ ၂၃ရက်နေ့ကစပြီး ဇွန်လ ၁၆ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး၊ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာ ဇာတ်သဘင်ပွဲတွေ စတင်ကပြနေပြီဖြစ်ကြောင်းနဲ့ လူပြည့်လူလျှံတဲ့အထိ အားပေးကြကြောင်း စစ်တပ်ထောက်ခံသူတွေက ပြောဆိုကြပါတယ်။

တစ်ဖက်မှာလည်း ဘုရားပွဲကို လာရောက်တဲ့ လူငယ်လူရွယ်အမျိုးသားတွေကို စစ်တပ်နဲ့ စစ်တပ်လက်ပါးစေ ပျူစောထီးနဲ့ရဲတွေက ပေါ်တာဆွဲ ဖမ်းဆီးတာမျိုးတွေ လုပ်ဆောင်နေကြောင်းနဲ့ အမျိုးသမီးငယ်တွေကို ပြန်ပေးဆွဲငွေညှစ်တာမျိုးတွေလည်း ရှိကြောင်း မြို့ခံတချို့က ဆိုပါတယ်။

လက်ရှိမြေပြင်အခြေအနေမှာတော့ ပခုက္ကူခရိုင်အတွင်းက မြစ်ခြေမြို့အပါအဝင် ဆိပ်ဖြူ၊ ပေါက်၊ မြိုင်နဲ့ ရေစကြိုမြို့နယ်တွေကို အကြမ်းဖက်စစ်တပ်က ကပစ အ‌ခြေပြုတပ်တွေကတဆင့် ရိက္ခာကားတန်း၊ လူခြေလျင်တန်းတွေနဲ့ အင်အားသုံး စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ သိရပါတယ်။

#မောင်း
#MRSN
May 30 , 5:17PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
8
#မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
30.5.2026

ယနေ့မနက် 7:00 ကျော်ခန့်က
မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာပျူစခန်းကို
ပခုက္ကူတပ်မ 101 မှ စက်တပ်လေထီးနှစ်စီးနဲ့
ခဲယမ်း ရိက္ခာထုပ်များ ချပေးသွားတယ်လို့
သိရပါတယ်။

မြိုင်မြို့နယ် အရှေ့မြောက်ပိုင်း
လင်းကတော စခန်းမှာ ရောက်နေပြီး
အနီးနားရွာတွေကို စစ်ကြောင်းထိုးဖျက်ဆီးကာ
ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေတဲ့
စစ်ကောင်စီတပ်တွေဟာ
28 ရက်နေ့ညကနေ ယနေ့ညအထိ
လင်းကတောစခန်းမှာပဲ ရှိနေတယ်လို့
သိရပါတယ်။

မြိုင်မြို့အနောက်တောင်ဘက်
စက်မှု (2) ထဲမှာ ရောက်နေတဲ့
စစ်ကောင်စီတပ်တွေဟာ
မနေ့ညကနေ ယနေ့ညအထိ စက်မှု (2) ထဲမှာပဲ
ရှိနေတယ်လို့ သိရပါတယ်။

နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
မြိုင်မြို့နယ်အရှေ့မြောက်ပိုင်း
လင်းကတောအနီးတဝိုက်ရှိ မိဘပြည်သူများနဲ့
မြိုင်မြို့နယ်အနောက်တောင်ပိုင်း
စက်မှု (2) အနီးတဝိုက်ရှိ မိဘပြည်သူများ အားလုံး
သတိဝရိယနဲ့ နေထိုင်ကြဖို့
အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
May 30 , 11:59PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
ဆောမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းများ စစ်ရေးလှုပ်ရှားမှု မြင့်တက်၊ ရွာအချို့ မီးရှို့ခံရပြီး စစ်ကြောင်းနှင့် ဝေးရာသို့ အမြန်ဆုံး တိမ်းရှောင်ရန် လိုအပ်နေ

မေလ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိပြီး ကျေးရွာအချို့တွင် ပြည်သူပိုင်ပစ္စည်းများ လုယက်ယူဆောင်ခြင်းနှင့် နေအိမ်များကို မီးတင်ရှို့ခြင်းများ လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ အမြန်ဆုံး ကြိုတင်တိမ်းရှောင်ကြရန် လိုအပ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကြောင်း (၁) - အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးကာ ပြည်သူပိုင်ဆိုင်ကယ်များ လုယက်ယူဆောင်

ဆောမြို့နယ် ကံချောင်းကျေးရွာတွင် ညအိပ်စခန်းချခဲ့သည့် အင်အား (၃၀၀) ဝန်းကျင်ပါရှိသော စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့က လယ်ကြီးအိုင်နဲ့ ကံချောင်းကျေးရွာကို ထိုးသည့်အချိန်တွက် ပြည်သူပိုင် ကားလေးစီးကို သိမ်းယူ အသုံးပြုနေကြပြီး ယနေ့နံနက်ပိုင်းတွင်လဲ ကျောက်စစ်ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကာ ဒေသခံပြည်သူပိုင် ဆိုင်ကယ် အစီး (၂၀) ဝန်းကျင်ကို မတရားယူဆောင်သွားခဲ့ကြောင်း သိရသည်။လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ကံချောင်းကျေးရွာတွင် အများစု ဆက်လက်တပ်စွဲထားဆဲဖြစ်ပြီး၊ ၎င်းတို့၏ ရှေ့ပြေးကင်းပုန်း (ရှေ့ပွိုင့်) များမှာ ကံချောင်းကျေးရွာနှင့် ခူးချောင်းကျေးရွာများအနီးသို့ ရောက်ရှိ ဖြန့်ကျက်နေပြီဖြစ်ကြောင်း သိရပါသည်။

စစ်ကြောင်း (၂) - ကျောက်ထု အမတ (၃၆၈) မှ ထွက်လာသည့် စစ်ကြောင်း ကြက်ဥတင်နှင့် ထင်ချောင်းရွာကို မီးရှို့ဖျက်ဆီး

အလားတူ မေလ (၂၉) ရက်နေ့က ကျောက်ထုအခြေစိုက် အမြောက်တပ်ဖွဲ့ အမတ (၃၆၈) ထဲမှ ထွက်ခွာလာသည့် အခြားစစ်ကောင်စီစစ်ကြောင်းတစ်ခုသည်လည်း မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာလမ်းခွဲအနီး၊ ထင်ချောင်းကျေးရွာနှင့် ကြက်ဥတင်ကျေးရွာများအတွင်းသို့ ရောက်ရှိနေကြောင်း သိရသည်။

ထင်ချောင်းကျေးရွာအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများသည် လက်ရှိတွင် ထင်ချောင်းကျေးရွာနှင့် ကြက်ဥတင်ကျေးရွာများကို မီးတင်ရှို့ဖျက်ဆီးလျက်ရှိသည်။ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံအရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကိုမူ ဆက်လက်စုံစမ်း အတည်ပြုဆဲ ဖြစ်သည်။

** ချင်းပြည်နယ်တက်မည့် စစ်ကြောင်းကို ကူညီရန် အမတ (၃၆၈) က အင်အားဖြန့်ကျက်ထား

ထို့အပြင် ကျောက်ထု အမတ (၃၆၈) တပ်ထဲမှ ထွက်ခွာလာသည့် စစ်ကောင်စီအင်အားအချို့သည် တောင့်ထက်ကျေးရွာ မြောက်ဘက် တောအုပ်ထဲနှင့် ကံကြီးကျေးရွာတစ်လျှောက်တွင်လည်း အင်အားအလုံးအရင်းဖြင့် ဖြန့်ကြက်နေရာယူထားကြောင်း သိရသည်။
ယခုကဲ့သို့ အင်အားဖြန့်ကြက်ထားခြင်းမှာ ချင်းပြည်နယ်ဘက်သို့ စစ်ကြောင်းထိုး တက်ရောက်မည့် စစ်ကောင်စီစစ်ကြောင်းကို ပစ်ကူပေးရန်နှင့် လိုအပ်ပါက စစ်ကူအင်အား ဖြည့်တင်းကူညီနိုင်ရန်အတွက် အသင့်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းမြစ်များက သုံးသပ်ထားကြသည်။

** ပြည်သူများ ကြိုတင်တိမ်းရှောင်ရန်နှင့် အထူးသတိပြုရန် နှိုးဆော်ချက်

စစ်ကောင်စီတပ်များ ဆောမြို့နယ်အတွင်းသို့ ဘက်ပေါင်းစုံမှ စစ်ကြောင်းထိုး ဝင်ရောက်လာနေပြီး အနီးဝန်းကျင်ကျေးရွာများနှင့် တောအုပ်များအထိ အင်အားဖြန့်ကြက်လာနေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိ အပြည့်ရှိနေကြဖို့ လိုအပ်ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ကြောင်းထိုးစဉ် လမ်းကြောင်းတစ်လျှောက် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လေ့ရှိသဖြင့် စစ်ကြောင်းနှင့် နီးစပ်သည့်နေရာများတွင် ခိုလှုံခြင်းမပြုဘဲ လုံခြုံစိတ်ချရသည့် အကွာအဝေးထိ ရှောင်တိမ်းကြရန် လိုအပ်ပါသည်။ ထို့အပြင် စစ်ရေးအခြေအနေ တင်းမာနေစဉ်အတွင်း လေကြောင်းရန်အန္တရာယ်ကိုလည်း အထူးဂရုပြု စောင့်ကြည့်ကြရန် ဒေသခံများအချင်းချင်း သတိပေးနှိုးဆော်ထားကြသည်။

Aung Gyi
ယောအလင်းတန်း
#MRSN
May 30 , 11:59PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
မင်္ဂလာနံနက်ခင်းပါ....
ကျန်းမာရွှင်လန်းကြပါစေ....
ပူပင်သောကတွေ ကင်းဝေးပီး
ပျော်ရွှင်ချမ်းမြေ့သော
နေ့ရက်လေး ဖြစ်ပါစေ....
စိတ်ဆင်းရဲခြင်း
ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးပီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့်
မိမိတို၏ ခန္ဓာ့ဝန်ကို လွယ်ကူစွာ
ရွက်ဆောင်နိုင်ကြပါစေ....
ဘေးရန် ရောဂါ ကင်းစင်ကွာ၍
လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ..Three Star Myaing -အဖွဲသားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏🙏🙏
2👍1
🐈‍⬛ စ.ခ.လှုပ်ရှားမှုသတင်း 🐈‍⬛

31-5-2026-5:50 AM

🚩 မြိုင်မြို့နယ်
ဥယျာဥ်ရွာတွင် လေးကြောင်းထောက် ဝပ်ကျင်းချခဲ့သော စ.ခများသည် မင်းရိုးကန်ရွာသို့ မြောက်ဘက်မှ ပတ်၍ ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star

သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
4
ကံမ္မ ⚠️

ကံမ္မ နယ်ဖြတ်၍ မကွေးလေတပ်တက် L410 E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး အနောက်မြောက်အရပ်သို့ ပျံသန်း။

#WaiHin
May 31, 09:24 AM
👍21
မြိုင် ⚠️

မြိုင်နယ် အနောက်ခြမ်း ဖြတ်၍ မကွေးလေတပ်တက် L410 E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး အနောက်မြောက်အရပ်သို့ ပျံသန်း။

#WaiHin
May 31, 09:25 AM
👍4
#မြိုင်မြို့နယ်စစ်ကြောင်းသတင်း
31.5.2026

ရေစကြိုမြို့နယ် 256/257 တပ်တွေကနေ
ထွက်လာပြီး မြိုင်မြို့နယ်အရှေ့မြောက်ပိုင်း
လင်းကတောစခန်းကို အခြေပြုကာ
အနီးအနားရွာတွေကို စစ်ကြောင်းထိုးပြီး
ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ ဖျက်ဆီး နေတဲ့
စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက် 5:30 ဝန်းကျင်က
ဥယျဉ်ရွာကနေတစ်ဆင့် မရိုးကန်ရွာကို
ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ မရိုးကန်ရွာမှာ
ရှိနေတယ်လို့ သိရပါတယ်။

မရိုးကန်ရွာမှာ ပြည်သူတချို့
ဖမ်းဆီးခံထားရတယ်လို့ သိရပြီး
ဥယျဉ်ရွာမှာလည်း စစ်ကောင်စီတပ်သားတချို့ ကျန်နေသေးတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း

#MRSM
May 31 , 11:20AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3👍2
အမှန်တရားဟာ...အင်အားပါ။
ရိုင်းစိုင်းတဲ့ လူရိုင်းများဟာ
အင်အားကို အမှန်တရားလို့ ထင်ကြတယ်။
အင်းအားကို အမှန်တရားလို့ ထင်ရင်းထင်ရင်းနဲ့
အမှန်တရားဆိုတာ
ဘာမှန်းတောင် သိတော့မှာ မဟုတ်ဘူး။


ဒေါ်အောင်ဆန်းစုကြည်
   မှတ်မှတ်သားသား အမေ့စကား


#AdminTeam
#TTN news
3
စစ်ရေးအခြေအနေနှင့် ခရီးသွားလာမှု အထူးသတိပေးချက် ထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်

ယောဒေသနှင့် မင်းတပ်နယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီစစ်ကြောင်းများ လှုပ်ရှားနေပြီး စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အောက်ဖော်ပြပါ လမ်းပိုင်းများနှင့် နယ်မြေများသို့ သွားလာခြင်း မပြုကြရန် အထူးသတိပေး နှိုးဆော်အပ်ပါသည်။

ဆော-ကျောက်ထု လမ်းပိုင်း အခြေအနေ

မေလ ၂၈ ရက်နေ့တွင် ကျောက်ထုမြို့အခြေစိုက် အမတ (၃၆၈) တပ်မှ ကံကြီးကျေးရွာဘက်အတိုင်း ဆောမြို့သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် လယ်ကြီးအိုင်၊ ကျောက်ဆစ်၊ ကံချောင်းနှင့် ခူးချောင်းကျေးရွာများတစ်လျှောက်ရှိ ကားလမ်းမပေါ်တွင် နေရာယူလှုပ်ရှားနေကြောင်း သိရသည်။

စစ်ကြောင်း၏ ရှေ့ပွိုင့်တပ်ဖွဲ့သည် လက်ရှိတွင် အညာကတင်းကျေးရွာအနီးသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ကနဦးသတင်းများတွင် အင်အား ၃၀၀ ဝန်းကျင်ဟု ဖော်ပြခဲ့သော်လည်း နောက်ဆုံးရရှိထားသော အတည်ပြုချက်များအရ အင်အား ၅၀၀ ဝန်းကျင်အထိ ရှိနိုင်ကြောင်း သိရှိရသည်။

အဆိုပါစစ်ကြောင်းသည် ဆောမြို့ဘက်သို့ ဦးတည်နိုင်သကဲ့သို့ ကန်ပက်လက်မြို့ဘက်သို့လည်း ဆက်လက်လှုပ်ရှားနိုင်သည့် အခြေအနေရှိနေသဖြင့် အခြေအနေများကို ဆက်လက်စောင့်ကြည့်လျက်ရှိသည်။

အထူးသတိပေးချက်

စစ်ကောင်စီစစ်ကြောင်းများသည် ဆော-ကျောက်ထု လမ်းပိုင်းတစ်လျှောက် နေရာယူလှုပ်ရှားနေသဖြင့် မိဘပြည်သူများအနေဖြင့် အဆိုပါ လမ်းပိုင်းပေါ်သို့ လုံးဝဖြတ်သန်းသွားလာခြင်း မပြုကြရန် အလေးအနက် သတိပေးအပ်ပါသည်။

မင်းတပ်နယ်ဘက်သို့ စစ်ကြောင်းထိုးမှု အခြေအနေ

ကျောက်ထုမြို့အခြေစိုက် အမတ (၃၆၈) တပ်မှ မင်းတပ်နယ်ဘက်သို့ အင်အား ၆၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရသည်။

အင်အား ၂၀၀ ဝန်းကျင်ပါဝင်သော ရှေ့ပွိုင့်စစ်ကြောင်းသည် ထင်ချောင်းကျေးရွာနှင့် လမ်းခွဲအနီးတွင် နေရာယူထားပြီး၊ ယခု ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ မှထွက်လာသော ကား ၆ စီးဟာ တောင့်ထက်ကျေးရွာ သင်းချိုင်းဇရပ်ကို ကျော်သွားပြီး လမ်းတစ်လျှောက်မှာလဲ အင်အားအလုံးအရင်းနဲ့ တက်လာနေတယ်လို့ သိရပါတယ်။ တောင့်ထက်ကျေးရွာနှင့် ရေရှင်ကျေးရွာအနီးရှိ တောအုပ်များအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့များ ဖြန့်ကြက်နေရာယူထားကြပြီး မင်းတပ်ဘက်ကို အင်အား ၆၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးမည်ဟု သတင်းရရှိထားသည်။

ပြည်သူလူထုထံ မေတ္တာရပ်ခံချက်

မိဘပြည်သူများအနေဖြင့် ဆောကံကြီးကျောက်ထု လမ်းပိုင်း နှင့် မင်းတပ်ကံကြီးကျောက်ထု လမ်းပိုင်း များပေါ်သို့ သွားလာခြင်းမပြုကြရန်၊ စစ်ကြောင်းများနှင့် ဝေးကွာသော ဘေးကင်းလုံခြုံသည့် နေရာများတွင်သာ ယာယီနေထိုင်ကြရန်နှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကို အထူးသတိပြု စောင့်ကြည့်နေထိုင်ကြရန် တိုက်တွန်းအပ်ပါသည်။

Aung Gyi
ယောအလင်းတန်း
#MRSM
May 31 , 12:57PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
@3starmyaing A-3
🐈‍⬛ စ.ခ.လှုပ်ရှားမှုသတင်း 🐈‍⬛ 31-5-2026-5:50 AM 🚩 မြိုင်မြို့နယ် ဥယျာဥ်ရွာတွင် လေးကြောင်းထောက် ဝပ်ကျင်းချခဲ့သော စ.ခများသည် မင်းရိုးကန်ရွာသို့ မြောက်ဘက်မှ ပတ်၍ ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။ 7StarMyaing ThreeStarMyaing သတင်းပေးရန်>@Myaing3Star…
🐈‍⬛ စ.ခ.လှုပ်ရှားမှုသတင်း 🐈‍⬛

31/5/26-9:03AM

🚩မြိုင်မြို့နယ်

မရိုးကန်ရွာ
စခ စစ်ကြောင်း
ဘုန်းကြီးကျောင်း နှင့် ဘုရားထဲ နှစ်ကြောင်းခွဲထားလို့သိရ။

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star

သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
1
@3starmyaing A-3
🐈‍⬛ စ.ခ.လှုပ်ရှားမှုသတင်း 🐈‍⬛ 31-5-2026-5:50 AM 🚩 မြိုင်မြို့နယ် ဥယျာဥ်ရွာတွင် လေးကြောင်းထောက် ဝပ်ကျင်းချခဲ့သော စ.ခများသည် မင်းရိုးကန်ရွာသို့ မြောက်ဘက်မှ ပတ်၍ ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။ 7StarMyaing ThreeStarMyaing သတင်းပေးရန်>@Myaing3Star…
🐈‍⬛ စ.ခ.လှုပ်ရှားမှုသတင်း 🐈‍⬛

31-5-2026.12:10 PM

မြိုင်မြို့နယ် 🚩

မင်းရိုးကန်ကျေးရွာ ရောက် စ.ခ.များသည် ပြည်သူပိုင်နေအိမ်များကို မီးရှို့နေပြီး ရွာ၏အရှေ့မြောက်ဘက်ရှိ တောတိုက်ကို မွှေနှောက်နေကြောင်း သတင်းရရှိထားပါတယ်ဗျ။

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star

သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
2👍1
ကျောက်ထုအခြေစိုက် စစ်ကောင်စီစစ်ကြောင်း အင်အားဖြန့်ကျက်ပြီး ဆောမြို့ပေါ်သို့ စတင်ဝင်ရောက်၊ ပြည်သူများ အထူးသတိပြုရန် လိုအပ်နေ

မေ ၃၁၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းသို့ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိပြီး လမ်းပိုင်းတစ်လျှောက်တွင်လည်း အင်အားများ ဖြန့်ကျက်ချန်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်စစ်ဌာနချုပ် (အမတ - ၃၆၈) မှ ကံကြီးကျေးရွာအတိုင်း ထွက်ခွာလာသည့် အင်အား (၅၀၀) ဝန်းကျင်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းသည် ကံကြီး-ဆော လမ်းပိုင်းတစ်လျှောက်တွင် စစ်ရေးအရ အင်အားများ ဖြန့်ကျက်ချန်ထားခဲ့ကြောင်း သိရသည်။
ထိုသို့ လမ်းပိုင်းတွင် အင်အားအချို့ ချန်ထားခဲ့ပြီးနောက် အဆိုပါစစ်ကြောင်းမှ အင်အား (၂၀၀) ဝန်းကျင်ခန့်သည် ဆောမြို့ပေါ်သို့ စတင်ဝင်ရောက်လျက်ရှိကြောင်း နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များအရ သိရသည်။

စစ်ကောင်စီစစ်ကြောင်း မြို့ပေါ်သို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ဆောမြို့ပေါ်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် အထူးသတိပြု ဂရုစိုက်ပြီး နေထိုင်ကြရန် လိုအပ်နေသည်။

ထို့အပြင် စစ်ရေးအခြေအနေ ရှုပ်ထွေးနေသဖြင့် ဆောမြို့အနီးအနား ပတ်ဝန်းကျင်ကျေးရွာများမှ မိဘပြည်သူများအနေဖြင့်လည်း လက်ရှိအချိန်တွင် ဆောမြို့ပေါ်သို့ တက်ရောက်လာခြင်းမပြုဘဲ ခရီးသွားလာမှုများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် ဒေသတွင်း သတိပေးချက်များ ထွက်ပေါ်နေသည်။

Aung Gyi
ယောအလင်းတန်း
#MRSM
May 31 , 2:19 PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍2
မြစ်ခြေမြို့နယ်

မြစ်ခြေမြို့နယ် {BPI}ရဲခွေးခြံမှ သိမ်တော်ရွာထဲနှင့် ညောင်နီပင်ရွာထဲတွင် ကင်းပုန်းထွက်ဝတ်နေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
🗓️𝐌𝐚𝐲-31-3:58𝐏𝐌
#7starmyaing
📨သတင်းများပေးပို့ရန်
@myaing3starbot
2👍1