ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
639 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
ပခုက္ကူနှင့် ရေစကြိုမြို့နယ်အစပ်ရှိ ညောင်ပင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၅ လုံးပြာကျ၊ ကျေးရွာ ၇ ခုမှ ပြည်သူ ၇၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရ

မေလ ၁၂ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်ရှိ ညောင်ပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇၅ လုံး မီးလောင်ပြာကျခဲ့ပြီး ကျေးရွာ ၇ ခုမှ ပြည်သူ ၇၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ - YSO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့မှ စတင်ပြီး ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်ရှိ ညောင်ပင်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၇၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို စစ်တပ် စစ်ကြောင်းသည် ဆက်လက် စစ်ကြောင်းထိုးနေ၍ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် မကျည်ပင်ပုရွာ ၊ နန်းတဲရွာ၊ ရွှေဒါးရွာ၊  ညောင်ပင်ရွာ ၊ ဇယမရွာ ၊ ဆင်ကြို့ရွာနှင့် ကြူရွာတို့မှ ပြည်သူ ၇၀၀၀ ကျော်သည် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

"စစ်ခွေး စစ်ကြောင်းက ညောင်ပင်ရွာ ကိုတော့ မီးရှို့သွားတယ်။ နေအိမ် ၇၅ လုံးကို မီးထဲပါသွားတယ်။ စစ်ခွေး စစ်ကြောင်းက ဧပြီလ ၂၄ ရက်နေ့က မီးရှို့ခဲ့တာပါ။ လက်ရှိမှာ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာ ၇ ခုက ပြည်သူ ၇၀၀၀ ကျော် တိမ်းရှောင်နေရတယ်။ စစ်ခွေး စစ်ကြောင်းက ကျောက်လှေးခါးရွာနဲ့ ပန်းတိုင်းခြုံ ရွာတို့မှာ ရှိနေသေးတယ်"ဟု ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ - YSO အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထိုစစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ညောင်ပင်ရွာအနီးတွင်လည်း ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး တော်လှန်ရေးရဲဘော် ၂ ဦးလည်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#KTM
#Threestarsmyaing
4
🟠 မြိုင် 🟠

မြိုင်မြို့နယ် တနေရာသို့ ပခုက္ကူ တပ်မ ၁၀၁ မှ တက်သော စက်တပ်လေထီး (Paramotor) ၂စီးဖြင့် (2:52) PM ခန့်အချိန်တွင် စတင်ပျံဝဲပြီး ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားခဲ့ကြောင်း သိရပါသည်။

#WaiHin
May 12, 8:43PM
1
ကျောက်တံခါးရောက် ဗိုလ်မှူးစိုင်းအောင်မောင်း ဦးဆောင်တဲ့ တပ်မ ၉၉ စစ်ကြောင်းရှေ့ပွိုင့် ပုံတောင်နတ်နန်းခြေရင်း စိုင်းတမော့တောင်မှာရောက်နေ

မေ ၁၂၊ ၂၀၂၆၊ ယော

မကွေးတိုင်း၊ ပေါက်မြို့နယ် ကျောက်တံခါးကျေးရွာမှာ ရောက်ရှိနေကြတဲ့ ဗိုလ်မှူးစိုင်းအောင်မောင်းဦးဆောင်တဲ့ တပ်မ ၉၉ လက်အောက်ခံစစ်ကြောင်းရဲ့ ရှေ့ပွိုင့် ရှေ့ပြေးအဖွဲ့တစ်ဖွဲ့ဟာ ယနေ့ညမှာ ပုံတောင်နတ်နန်းခြေရင်း ကားလမ်းကြီးတောင်ဖက် ဒေသအခေါ် စိုင်းတမော့တောင်မှာရောက်ရှိနေကြတယ်လို့ သိရပါတယ်။စိုင်းတမော့တောင်ကနေ ပုံတောင်နတ်ထိပ်အထိရောက်ဖို့ အချိန်တစ်နာရီခန့် ခရီးရှိနေသေးတယ်လို့ သိရပါတယ်။

ဗိုလ်မှူးစိုင်းအောင်မောင်း ခေါ် ဗိုလ်အောင်ကြီးဦးဆောင်လာတဲ့ စစ်ကြောင်းမှာ ဂျန်ဘာတပ်ဆင်ထားတဲ့ ကားလေး ၂ စီး၊ ၆ လက်ဒရုန်းများနဲ့ UAV ကင်းထောက်ဒရုန်းများအပြင် စစ်သည်အင်အား ၃၇၄ ဦးပါရှိတယ်လို့ စစ်သတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ယနေ့ညနေပိုင်းမှာ ပေါက်မြို့နယ်အနောက်ခြမ်း ပုံတောင်ခြေရင်းရှိ ကျောက်တံခါးကျေးရွာကို ၂ သုတ်ခွဲရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ညနေပိုင်းမှာ ကျောက်တံခါးရွာကနေ UAV ဒရုန်းများဖြင့် ပုံတောင်ဖက်ကိုကင်းထောက်ပျံသန်းခဲ့ကြပြီး ဒရုန်းများဖြင့် ၁၁ ကြိမ်ထက်မနည်း ဗုံးသီးချ တိုက်ခိုက်ကာ ရှေ့ပြေးအဖွဲ့တစ်ဖွဲ့ကို ယခုလို ယောဒေသဖက်ခြမ်း စိုင်းတမော့တောင်ဖက်ကို စေလွှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စိုင်းတမော့တောင်မှာ ရှေ့ပွိုင့်ရောက်ရှိထားတာကြောင့် နောက်နေ့မနက်ဖြန်မှာ ကျောက်တံခါးရွာမှာ ကျန်ရှိခဲ့တဲ့ စစ်ကြောင်းဟာ ပုံတောင်ကိုတက်လာနိုင်ချေရှိနေပြီး ယောဒေသဖက်ကို ဦးတည်လာနိုင်တယ်လို့ စစ်သတင်းရင်းမြစ်က ပြောပါတယ်။

သို့ဖြစ်ပါ၍ တပြင်း-ကျောက်ထု ကားလမ်းမကြီးအပိုင်းကို ခရီးသွားလာဖြတ်သန်ူခြက်းမပြုလုပ်ကြရန်နဲ့ ကားလမ်းမကြီးဘေးဝဲယာရွာများက ပြည်သူများ ကြိုတင်သတိထားနိုင်ရန်လိုအပ်တယ်လို့ စစ်သတင်းရင်းမြစ်က ပြောပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
May 12 ,  8:07PM
#Threestarsmyaing
📮သတင်းပေးရန်
@3Starmyaingbot
1
ပေါ​က်မြို့နယ်

ပေါက်မြို့နယ် အခြေစိုက်ကပစ{၂၄}မှထွက်ခွာလာသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးပူပေါင်း အင်အား{၅၀၀}၀န်းကျင်ခန့်ရှိသောစစ်ကြောင်းသည်၊ ပေါက်မြို့နယ်အနောက်ပိုင်းကျောက်တံခါးရွာသို့ရောက်ရှိပြီးညအိပ်စခန်းချနားနေကာ ၎င်းစစ်ကြောင်းမှ ရှေ့ပြေးစစ်ခွေးများသည်၊ ယနေ့ညနေပိုင်းတွင် အနောက်အရပ်သို့ထွက်ခွာသွားကြောင်းသတင်းရရှိထားပါသည်။

ထို့ကြောင့် အနီးတ၀ိုက်ရှိ မိဘပြည်သူများအနေဖြင့် စစ်ကြောင်းအန္တရာယ် လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်အထူးသတိပြုနေထိုင်ကြဖို့ အသိပေးနှိုးဆော်အပ်ပါသည်။

#PKK_News
🗓️𝐌𝐚𝐲-12-9:00P𝐌

#MRSN
May 12 ,  9:30PM
#Threestarsmyaing
📮သတင်းပေးရန်
@3Starmyaingbot
4
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ရေစကြို ခလရ ၂၅၆/၂၅၇/၂၅၈ ထွက် ပူးပေါင်းစစ်ကြောင်း နှောပင်ရွာ ရွာလယ်ဓမ္မာရုံတွင်တစ်ဖွဲ့၊ရွာတောင်ဖျားတွင်တစ်ဖွဲ့ နှင့် သာစည်ရွာဘုန်းကြီးကျောင်းတွင်တစ်ဖွဲ့၊စုစုပေါင်းသုံးဖွဲ့ခွဲ၍ နေရာချထားကြောင်း သတင်းရရှိ။

#WES
9:11pm,May 12
👍2
ကျောက်ထုမြို့အခြေစိုက် အမတ (၃၆၈) မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုနှင့် လေကြောင်းအန္တရာယ် သတိပေးချက်

ကျောက်ထု၊ မေလ ၁၂ ရက်

မကွေးတိုင်းဒေသကြီး၊ ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်ရင်း အမတ (၃၆၈) မှ ယနေ့ညပိုင်းတွင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေပါသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ အဆိုပါတပ်ရင်းမှ လက်နက်ကြီးကျည် အနည်းဆုံး (၆) ချက်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ကျည်များမှာ လူနေကျေးရွာများအနီးသို့ ကျရောက်နိုင်ခြေရှိသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်လျက်ရှိသည်။

ထို့အပြင် လက်ရှိအချိန်တွင် ဒေသတွင်းသို့ စစ်ကောင်စီ၏ လေကြောင်းပျံသန်းမှုများရှိနေကြောင်း သတင်းများထွက်ပေါ်နေသည့်အတွက် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုလည်း အထူးဂရုပြုရန် လိုအပ်နေသည်။

ပြည်သူများသို့ အထူးသတိပေးချက်

ကျောက်ထုဒေသခံ ပြည်သူလူထုအနေဖြင့် လက်နက်ကြီးဒဏ်နှင့် လေကြောင်းအန္တရာယ်များမှ ကင်းဝေးစေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် -

ဗုံးခိုကျင်းများတွင် ခိုလှုံပါ လက်နက်ကြီးသံကြားရသည်နှင့်တစ်ပြိုင်နက် ခိုင်ခံ့သော ဗုံးခိုကျင်းများ သို့မဟုတ် လက်နက်ကြီးဒဏ်ခံနိုင်သည့် နေရာများတွင် အချိန်မီ ခိုလှုံကြပါ။

လေကြောင်းရန် သတိပြုပါ လေယာဉ်သံကြားရပါက သစ်ပင်ကြီးများအောက် သို့မဟုတ် အရိပ်ရသောနေရာများတွင် နေထိုင်ခြင်းထက် စနစ်တကျတူးထားသော လူကျင်းများတွင်သာ ခိုလှုံပါ။

မလိုအပ်ဘဲ အပြင်မထွက်ပါနှင့် ပစ်ခတ်မှုများ ငြိမ်သက်ခြင်းမရှိသေးမီအချိန်အထိ လူစုလူဝေးပြုလုပ်ခြင်းနှင့် အပြင်ထွက်သွားလာခြင်းများကို ရှောင်ကြဉ်ပါ။

သတင်းနားစွင့်ပါ မိမိတို့ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များနှင့် သတင်းအဖွဲ့အစည်းများမှ ထုတ်ပြန်သော နောက်ဆုံးရသတင်းများကို အမြဲမပြတ် နားစွင့်ထားကြပါ။

ပြည်သူအပေါင်း ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

Aung Gyi
ယောအလင်းတန်း
#MRSN
May 12 ,  11:11PM
#Threestarsmyaing
📮သတင်းပေးရန်
@3Starmyaingbot
2
Forwarded from Magway Scout Network
ရေစကြို⚠️

ယမန်နေ့မနေ့က သာစည်ရွာသို့​ဝင်ရောက်ထားသော စခ ပခ (၁၇၀)ပါ ပူးပေါင်းစစ်ကြောင်းသည် သာစည်ရွာမြောက်ဖျားမှအနောက်တောင်ဘက်သို့ တတ်လာရာ(ဒေသ အခေါ်)ရေရုံး အရှေ့ဘက်နွားသိုးဘုရားနားရောက်နေကြောင်းသိရ။


#MRSN
May 13,7:09AM
📬 သတင်းပေးပို့ရန် @MagwayScoutBot
👍2
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ရေစကြို ခလရ၂၅၆/၇/၈ ပူးပေါင်း စစ်ကြောင်းမှာ သာစည်ရွာနှင့် နှောပင်ရွာတွင် ညအိပ်ခဲ့ပြီး ယခု ဇီးတော(ပျူ)ရွာသို့ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#WES
7:45am,May 13
2👍1
ကျောက်ထု ⚠️

ကျောက်ထုနယ်တစ်နေရာတွင် မိတ္ထီလာလေတပ်တက် Y12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် ၁စီး ထပ်မံ ပျံဝဲနေ။

၈ကြိမ်မြောက် ဗုံးကြဲပီး။

#WaiHin
May 13, 08:31 AM
👍2
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ရေစကြို ခလရ၂၅၆/၂၅၇/၂၅၈ ပူးပေါင်းစစ်ကြောင်းတစ်ကြောင်း မြေဖြူ(မုံညှင်း)ရွာမြောက်ဘက် အုတ်ဖိုအနီးတွင်ရောက်ရှိနေကြောင်း သတင်းရရှိ။

#WES
8:48am,May 13
👍3
⚠️ ကျောက်ထု

ကျောက်ထု အမတ ၃၆၈မှ အနောက်အရပ်သို့ လက်နက်ကြီးထု။

#MRSN
May 13 ,9:13AM
#Threestarsmyaing
📮သတင်းပေးရန်
@3Starmyaingbot
1
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ရေစကြို ခလရ၂၅၆/၂၅၇/၂၅၈ ပူးပေါင်းစစ်ကြောင်း မြေဖြူ(မုံညှင်း)ရွာထဲသို့ ရောက်ရှိနေကြောင်း သတင်းရရှိ။

#WES
9:13am,May 13
1
အရေးပေါ် လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ် သတိပေးချက်

ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောက်ထုမြို့နယ်နှင့် ယောနယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရှိရပါသည်။ လက်ရှိအချိန်အထိ လက်နက်ကြီး အန္တရာယ် ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် ဒေသခံပြည်သူများအနေဖြင့် အထူးဂရုပြု နေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

အခြေအနေ အကျဉ်းချုပ်

ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်မှု

08:00 AM နာရီဝန်းကျင်မှစ၍ တံတားဦးဘက်မှ တက်လာသည့် ဂျက်ဖိုက်တာ (၂) စီးနှင့် မကွေးဘက်မှ တက်လာသည့် ဂျက်ဖိုက်တာ (၁) စီး၊ စုစုပေါင်း (၃) စီးသည် ကျောက်ထုမြို့နယ်အတွင်းရှိ နေရာအချို့ကို တစ်စီးလျှင် ဗုံး (၂) လုံးစီဖြင့် ဦးတည်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

Y-12 လေယာဉ်ဖြင့် တိုက်ခိုက်မှု

ရှမ်းတဲဘက်မှ တက်လာသည့် Y-12 လေယာဉ်တစ်စီးသည် မင်းတပ်ယောနယ်အစပ်နှင့် ကျောက်ထုမြို့နယ်ဝန်းကျင်နေရာများကို အတွဲလိုက်ဗုံးများဖြင့် (၈) ကြိမ်တိုင်တိုင် ပတ်၍ ကြဲချခဲ့ကြောင်း သိရှိရသည်။ တစ်ကြိမ်လျှင် (၂) လုံးတွဲမှ (၆) လုံးတွဲအထိ ပါဝင်ခဲ့ပြီး စုစုပေါင်း ဗုံးအလုံးရေ (၂၀) ထက်မနည်း အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။

လက်နက်ကြီးပစ်ခတ်မှု

နံနက် ၉:၀၀ နာရီဝန်းကျင်မှစတင်၍ ကျောက်ထု အမတ (၃၆၈) တပ်အတွင်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း သိရှိရသည်။ ပစ်ခတ်နေသည့် လက်နက်ကြီးများတွင် နှစ်ဆင့်ကွဲအမျိုးအစားများ ပါဝင်နေပြီး လက်ရှိအချိန်အထိ အနည်းဆုံး (၃) ချက် ပစ်ခတ်ထားကြောင်းနှင့် ထပ်မံပစ်ခတ်နိုင်ခြေ မြင့်မားနေကြောင်း သိရှိရပါသည်။

ပြည်သူများ လိုက်နာရန် သတိပေးချက်များ

1. လုံခြုံသောနေရာများတွင်သာ ခိုလှုံနေထိုင်ပါ

လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနိုင်သောကြောင့် ဗုံးခိုကျင်းများ၊ မြေတူးခိုလှုံရာများနှင့် ခိုင်ခံ့သော အကာအကွယ်ရှိသည့်နေရာများတွင်သာ နေထိုင်ကြပါရန် အထူးတိုက်တွန်းအပ်ပါသည်။

2. လေကြောင်းအန္တရာယ်ကို အချိန်ပြည့် ဂရုစိုက်ပါ

လေယာဉ်သံကြားသည်နှင့် ချက်ချင်း ကွင်းပြင်များ၊ လမ်းမများနှင့် အမိုးဖွင့်နေရာများမှ ရှောင်ခွာပြီး လုံခြုံရာသို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြပါ။ ဒေသတွင်း သတိပေးချက်များကိုလည်း အမြဲနားစွင့်ထားကြပါရန် လိုအပ်ပါသည်။

3. မပေါက်ကွဲသေးသော ဗုံးနှင့် လက်နက်ခဲယမ်းများကို မကိုင်တွယ်ပါနှင့်

နှစ်ဆင့်ကွဲ လက်နက်များ အသုံးပြုထားခြင်းကြောင့် ပေါက်ကွဲပြီးနောက် မပေါက်ကွဲသေးသည့် ဗုံးအစအနများ ကျန်ရှိနေနိုင်ပါသည်။ တွေ့ရှိပါက အနီးမကပ်ဘဲ တာဝန်ရှိသူများအား အသိပေးကြပါရန် အထူးသတိပေးအပ်ပါသည်။

Aung Gyi
ယောအလင်းတန်း
#MRSN
May 13 ,9:30AM
#Threestarsmyaing
📮သတင်းပေးရန်
@3Starmyaingbot
3
Forwarded from Magway Scout Network
မြစ်ခြေမြို့နယ်⚠️

မြစ်ခြေ အောင်သာပျူရွာမှ အနောက်အရပ်သို့ထွက်ခွာလာသောစခ စစ်ကြောင်းသည်
အနောက်နံဂါတ်သို့ရောက်ရှိနေကြောင်းသိရ။

#MRSN
May 13 ,10:12AM
📬 သတင်းပေးပို့ရန်@MagwayScoutBot
1
ဆော - လောင်းရှည်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလှုပ်ရှားမှု တင်းမာနေ၊ ဒေသခံများအား အရေးပေါ် သတိပေး

မေလ ၁၂ ရက်နေ့တွင် လောင်းရှည်နယ်အတွင်းရှိ ကပစ (၂၅) မှ ထွက်ခွာလာသော စစ်ကောင်စီ စစ်ကြောင်းသည် အင်အား (၅၀၀) ဝန်းကျင်နှင့် မော်တော်ယာဉ် (၁၇) စီးပါဝင်ပြီး လောင်းရှည်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရပါသည်။

ယနေ့ လက်ရှိအခြေအနေအရ အဆိုပါ စစ်ကြောင်းအတွင်းမှ အင်အား (၃၅၀) ဝန်းကျင်ခန့်သည် ဆောမြို့ဘက်သို့ ဦးတည် စစ်ကြောင်းထိုးလာနေပြီး တောင်ဘို့ကြီးရွာကို ရောက်ရှိနေကြောင်း သိရပါသည်။ စစ်ကြောင်းအနေဖြင့် တောင်ဘို့ကြီးဘုန်းကြီးကျောင်းတွင် စခန်းချနားနေကြပြီး ကျေးရွာပတ်ပတ်လည်များ ကင်းများချထားကြတယ်လို့ သိရပါသည်။

စစ်ကောင်စီတပ်သည် လောင်းရှည်မြို့ကနေ ပြည်သူပိုင် မော်တော်ယာဉ် (၂) စီးကို ချောဆွဲအသုံးပြုကာ ရှေ့ဆုံးမှ မောင်းနှင်စေပြီး လမ်းရှင်းခြင်းနှင့် မိုင်းအန္တရာယ် စမ်းသပ်ရှင်းလင်းသည့် ပုံစံဖြင့် ဓားစာခံအနေဖြင့် အသုံးပြုနေကြောင်း သိရပါသည်။ စစ်ကောင်စီတပ်သားများမှာမူ လမ်းဘေးဝဲယာတစ်လျှောက် ခြေကျင်ဖြန့်ခွဲ၍ ရွေ့လျားလာနေကြောင်း ဒေသခံများက ပြောဆိုထားပါသည်။

ကပစ ၂၅ ကနေထွက်ပြီး လောင်းရှည်မြို့ကိုရောက်နေသော မော်တော်ယာဉ် (၁၇) စီးမှာ ကားပေါ်ပါ အင်အားများအား ချထားပြီးနောက် ကပစ (၂၅) ဘက်သို့ ပြန်လည် ဦးတည်ကာ ကားများကို ခေါင်းလှည့်ထားတယ်လို့ သိရပါသည်။ စုစုပေါင်း ပါဝင်လာသည့် အင်အား (၅၀၀) ဝန်းကျင်အနက် (၃၅၀) ခန့်ကို ဆောမြို့ဘက်သို့ စစ်ကြောင်းထိုးစေခဲ့ပြီး ကျန်ရှိသည့် အင်အား (၁၅၀) ခန့်မှာ လောင်းရှည်မြို့တွင် ဆက်လက်ကျန်ရှိနေကြောင်း သိရပါသည်။

လက်ရှိတွင် အဆိုပါ ကျန်အင်အားများသည် နောက်ချန်တပ်အဖြစ် ကျန်ရှိနေခြင်း သို့မဟုတ် လောင်းရှည်မြို့တွင် အစောင့်တပ်အဖြစ် နေရာယူထားခြင်း ဟုတ်မဟုတ်ကို ဒေသတွင်းမှ ဆက်လက်စောင့်ကြည့်နေဆဲ ဖြစ်ပါသည်။

ထို့ကြောင့် ဆော - လောင်းရှည် လမ်းပိုင်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ပြည်သူများအနေဖြင့် လွင်ကင်းရာနှင့် လုံခြုံရာနေရာများတွင်သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အဆိုပါ လမ်းပိုင်းပေါ်သို့ ဖြတ်သန်းသွားလာခြင်း မပြုကြရန်နှင့် စစ်ရေးအခြေအနေများကို အထူးဂရုပြု စောင့်ကြည့်ကြရန် အရေးပေါ် သတိပေးနှိုးဆော်ထားပါသည်။

Aung Gyi
ယောအလင်းတန်း
#MRSN
May 13 ,10:48AM
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
#ပေါက်မြို့နယ်_ဆောမြို့နယ်_လေကြောင်းတိုက်ခိုက်ခံရမှုများ
13.5.2026

ယနေ့မနက် 10:50 ဝန်းကျင်က
ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်
ပေါက်မြို့နယ် မြောက်ပိုင်း လက်ပံတိုရွာအနီးအား
မုံရွာနမခမှ ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့်
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့
သိရပါတယ်။

ယနေ့မနက် 10:25 ဝန်းကျင်ကလည်း
ပေါက်မြို့နယ်နဲ့ ဆောမြို့နယ် အစပ်
ပုံတောင်ဒေသအား တံတားဦးလေတပ်မှ
ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု
နှစ်ကြိမ် ပြုလုပ်သွားတယ်လို့ သိရပါတယ်။

ယနေ့မနက် 8:00 ကျော်ခန့်က
ဆောမြို့နယ် ကျောက်ထုဒေသတစ်နေရာကိုလည်း
မကွေးလေတပ်မှ ဂျက်ဖိုက်တာတစ်စီး
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာနှစ်စီး
မိတ္ထိလာလေတပ်မှ Y12 ဗုံးကြဲလေယဉ်တစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ဆယ်ကျော်
ပြုလုပ်သွားတယ်လို့ သိရပါတယ်။

အခြေအနေအသေးစိတ် မသိရသေးပါ။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#လေကြောင်းတိုက်ခိုက်မှု
#MRSN
May 13 ,12:14PM
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3👍2
သတင်း🌂

ဘဂ်လားပင်လယ်အနောက်တောင်ပိုင်းတွင် မေ ၁၄ ရက်နေ လေဖိအားနည်းပျက်သွားပြီနောက် ဘဂ်လားပင်လယ်တွင် အနောက်တောင်မုတ်သုံလေစီးကြောင်းပြောင်းကာ မြန်မာနိုင်ငံကုန်းတွင်းကို မုတ်သုံလေစတင်ဝင်ရိုက်ခတ်ခြင်းအရှိန်ကြောင့် မြန်မာမြေပြင်လေပြင်ဟာ ၁နာရီ ၆ မိုင် ၁၅ မိုင်ခန့် လေတိုက်၍ ရန်ကုန်တိုင်း ရှမ်းပြည်နယ် တနသ်ာရီတိုင်း နေပြည်တော် ဧရာဝတီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် ကယားပြည်နယ် ပဲခူးတိုင်း ရှမ်းပြည်နယ် ရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း ကချင်ပြည်နယ် စစ်ကိုင်းတိုင်း မနက်စောပိုင်းစ၍ ၂၄နာရီအတွင်း လေပြင်းတိုက် လျှပ်စီးလက် မိုးခြိမ်း မိုးကြိုးပစ် ကွက်ကျားမိုးကျဲကျဲမှနေရာကွက်မိုးကြီးမည်။

ဘဂ်လားပင်လယ်အော် အနောက်တောင်မုတ်သုံလေ ရေပြင်လေပြင်ဟာ ၁နာရီ ၆မိုင်မှ၂၅မိုင် ခန့် လေပြင်းတိုက်ခတ်ကာ မိုးကြီးမည်။
🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊

ကပ္ပလီပင်လယ်ပြင် ရေပြင်လေပြင်ဟာ ၁နာရီ ၈ မိုင် မှ ၂၆ မိုင်ခန့် လေတိုက်ပြီ မိုးခြိမ်း မိုးကြီးမည်။
🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊

#နေပြည်တော် မေ ၁၄ ရက်နေ့ နေပြည်တော် တပ်ကုန်း ပျဥ်းမနား လယ်ဝေး နေ့လယ်၁ နာရီ​နောက်ပိုင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် မိုးရွာမည်

#မကွေးတိုင်း မေ ၁၄ ရက်နေ့ မကွေး မင်ဘူး မင်းတုန်း ဆင်ပေါင်ဝဲ မြို့သစ် နတ်မောက် တောင်တွင်းကြီး အောင်လံ သရက် ကံမ တောင်တွင်းကြီး နတ်မောက် ရေနံချောင်း နေ့လယ်၁နာရီနောက်ပိုင်း မိုးရွာမည်

#ပဲခူးတိုင်း မေ ၁၄ ရက်နေ့ ပဲခူး အင်းတကော် ပြည် ရွေတောင် ပန်းတောင်း သဲကုန်း ဇီးကုန်း ပေါင်းတည် ပေါင်းတလည် ပေါက်ခေါင်း နတ်တလင်း အုတ်ဖို အုတ်တွင်း သာယာဝတီ မိုးညို မင်းလှ ကြို့ပင်ကောက် စစ်ကွင်း လက်ပံတန်း သုံးဆယ် သနပ္ပင် ညောင်လေးပင် ဝေါ ရွေကျင် ဒိုက်ဦး ညောင်ပင်သာ ဇေယျာဝတီ ကျောက်ကြီး ရေတာရှည် မုန်း တောင်ငူ ဖြူး ဆွာ ရေနီ ကျောက်တံခါး မနက် ၂ နာရီနောက်ပိုင်း လေတိုက် မိုးခြိမ်း လျှပ်စီးလက် ကွက်ကျားမိုးကျဲကျဲမှနေရာကွက်မိုးကြီးမည်

#ဧရာဝတီတိုင်း မေ ၁၄ ရက်နေ့ ပုသိမ် အဂ်ပူ လေးမျက်နှာ အဂ်ပူ ငသိုင်းချောင်း သာပေါင်း ဟသ်ာ မြန်အောင် ဓနုဖြူ ကျိုက်လတ် ဒေးဒရဲ ကြံခင်း ကွင်းကောက် ပြင်စလူ မအူပင် ရွေလောင်း ညောင်တုန်း ဓနုဖြူ ဇလွန် ဖျာပုံ ဘိုကလေး ပန်းတနော် မိန်းမလှကျွန်း မော်ကျွန်း အိမ်မဲ ဝါးခယ်မ မြောင်းမြ လပွတ္တာ ငပုတော ဟိုင်းကြီးကျွန်း ပြင်စလူ ကျောင်းကုန်း အသုတ် ရေကြည် ကျူံပျော် ထူးကြီး မနက်စော ၂ နာရီနောက်ပိုင်း ကွက်ကျားမိုးကျဲကျဲမှနေရာကွက်ကျားမိုးကြီးမည်

#ရန်ကုန်တိုင်း မေ ၁၄ ရက်နေ့ တိုက်ကြီး မြောင်းတကာ ထန်းတပင် လှည်း​ကူး ဇရပ်ကွင်း ထောက်ကြန့် ဖူးကြီး သဲဖြူ ဖောင်ကြီး ဥက္ကံ မှော်ဘီး အဖျောက် သန်လျင် ကျောက်တန်း သုံးခွ ခရမ်း ကွမ်းခြံကုန်း လိူင်သာယာ တွံတေး ကော့မူး ရန်ကုန်မြို့တွင်း မနက် ၂ နာရီနောက်ပိုင်း ကွက်ကျားမိုးရွာမည်

#မန္တလေးတိုင်း မေ ၁၄ ရက်နေ့ မန္တလေး တကောင်း မတ္တရာ သပိတ်ကျဥ်း စဥ့်ကူး မိုးကုတ် ပြင်ဦးလွင် ၂၄နာရီအတွင်း မိုးရွာမည်

#ကရင်ပြည်နယ် မေ ၁၄ ရက်နေ့ ဘားအံ လိူင်းဘွဲ့ ရှမ်းရွာသစ် ကမမောင်း ဖာပွန် မြိုင်ကြီးငူ မြိုင်ကလေး ထီလုံ ဝေါလေ စုကလိ ကြိုက်ဒုံ ကျူံဒိုး ကော့ကရိတ် မြဝတီ ဖာပွန် သံတောင်ကြီး ဘောဂလိ လိပ်သို မနက်၁ နာရီနောက်ပိုင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် ကွက်ကျားမိုးကြီးမည်

#မွန်ပြည်နယ် မေ ၁၄ ရက်နေ့ မော်လမြိုင် တောင်စွန်း မုပ္ပလင် စစ်တောင်း ကျိုက်ထို ကျိုက်ထီးရိုး ဘီးလင်း ပေါင် မုတ္တမ ချောင်းဆုံ မော်လမြိုင် မုဒုံ ရေး လမိုင်း ကျိုက္ခမီ ကျိုက်မရော မနက်စောပိုင်းတချိန်နှင့် မနက်၁ နာရီနောက်ပိုင်းတချိန် လေတိုက် မိုးခြိမ်းလျှပ်စီးလက် ကွက်ကျားမိုးကြီးမည်

#စစ်ကိုင်းတိုင်း မေ ၁၄ ရက်နေ့ စစ်ကိုင်း ဝက်လတ် ရွေဘို တမူး မြို့သစ် ဝက်လက် ချောင်းဦး ဟုမ္မလင်း ပင်လည်ဘူး အင်းတော် မော်လူး ကသာ ထီးချိုင့် ကောလင်း ဗန်မောက် မနက် ၂ နာရီနောက်ပိုင်း နေရာကွက်ကျားမိုးကျဲကျဲရွာမည်

#ချင်းပြည်နယ် မေ ၁၄ ရက်နေ့ ဟာခါး ပလက်ဝ မင်းတပ် ၂၄နာရီအတွင်း နေရာကွက်ကျားမိုးကျဲကျဲရွာမည်

#ရခိုင်ပြည်နယ် မေ ၁၄ ရက်နေ့ မြောက်ဦး ကျောက်တော် ကျောက်ဖြူ မာန်အောင် အမ်း မအီ တောင်ကုတ် သံတွဲ မနက်၂ နာရီအတွင်း လေပြင်းတိုက် မိုးခြိမ်းလျှပ်စီးလက် မိုးကြိုးပစ် နေရာကွက်ကျားမိုးကျဲကျဲရွာမည်

#ရှမ်းပြည်နယ် မေ ၁၄ ရက်နေ့ မိုးမိတ် မဘိမ်း တာချီလိတ် တာလေ မိုင်းတုံ ကျိုင်းတုံ မိုင်းယောင်း တောင်ကြီး အင်းလေး ဖယ်ခုံ မိုးဗြဲ ရပ်စောက် မိုင်းဖြတ် မိုးနဲ မနက် ၂ နာရီနောက်ပိုင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် ကွက်ကျားမိုးကျံကျဲရွာမည်

#တနသ်ာရီတိုင်း မေ ၁၄ ရက်နေ့ ထားဝယ် မေတ္တာ ရေဖြူ သရက်ချောင်း မြိတ် ပလောက် ပုလော ကျွန်းစုမြို့ မနက် ၁၀ နာရီအတွင်း ကွက်ကျားမိုးကြီးမည်

#ကယားပြည်နယ် မေ ၁၄ ရက်နေ့ လွိုင်ကော် ဖရူဆို မယ့်စဲ မော်ချီး ရှားတော ဖားဆောင်း မနက်စော ၂ နာရီအတွင်း လေပြင်းတိုက် မိုးခြိမ်း လျှပ်စီးလက် ကွက်ကျားမိုးကျဲကျဲရွာမည်
3
#ကချင်ပြည်နယ် မေ ၁၄ ရက်နေ့ မြစ်ကြီးနား ဝိုင်းမော် ဗန်းမော် ဖားကန့် ဆွမ်ဘရာဘွမ် မချမ်းဘော မိုးညှင်း တာလောကြီး မံစီ မိုးမောက် ရွေကူး ကန်ပိုက်တီ ချီဗွေ ခေါင်လန်ဖူး  မနက် ၄ နာရီနောက်ပိုင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် မိုးရွာမည်

၁၃.၅.၂၀၂၆
#မြန်မာတောင်ပိုင်းမိုးလေဝသSMW
https://www.facebook.com/share/1ELTy7Vzx6/

ဂရုစိုက်ကြပါ ။ 🙏🌈🕊️

#MRSN
May 13 , 1:17PM
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «သတင်း🌂 ဘဂ်လားပင်လယ်အနောက်တောင်ပိုင်းတွင် မေ ၁၄ ရက်နေ လေဖိအားနည်းပျက်သွားပြီနောက် ဘဂ်လားပင်လယ်တွင် အနောက်တောင်မုတ်သုံလေစီးကြောင်းပြောင်းကာ မြန်မာနိုင်ငံကုန်းတွင်းကို မုတ်သုံလေစတင်ဝင်ရိုက်ခတ်ခြင်းအရှိန်ကြောင့် မြန်မာမြေပြင်လေပြင်ဟာ ၁နာရီ ၆ မိုင် ၁၅ မိုင်ခန့်…»
Forwarded from Magway Scout Network
မြစ်ခြေမြို့နယ်⚠️

မြစ်ခြေ အောင်သာပျူရွာမှ ထွက်ခွာလာသောစခ စစ်ကြောင်းသည် ညောင်ပင်ရွာသို့ရောက်ရှိနေကြောင်းသိရ။

#MRSN
May 13 ,4:39PM
📬 သတင်းပေးပို့ရန်@MagwayScoutBot
👍31