ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
#ပေါက်မြို့နယ်စစ်ကြောင်းသတင်း
8.5.2026

5 လပိုင်း 1 ရက်နေ့က ဆိပ်ဖြူကပစ 22 ကနေ
ပေါက်မြို့နယ်ဘက်ကို ထွက်လာတဲ့
အင်အား ငါးရာကျော်ပါ စစ်ကောင်စီတပ်တွေဟာ
မနေ့ညက ပေါက်မြို့နယ် အရှေ့ပိုင်း
ယာကြီးပြင်ရွာ ပျူစခန်းမှာ ညအိပ်ခဲ့ပြီး
ယနေ့မနက်စောပိုင်းမှာ ယာကြီးပြင်ရွာကနေ
ထွက်ခွာလာပြီး 8:00 ဝန်းကျင်မှာ
ပေါက်မြို့ထဲကို ရောက်ရှိကာ
ပေါက်မြို့ကနေ တစ်ဆင့် နေ့လည်ပိုင်းမှာ
ပေါက် ကပစ 24 ကို ရောက်ရှိသွားပြီလို့
သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

We Love Myaing ( ချစ်သော အညာမြေ )
#MRSN
𝐌𝐚𝐲-8 , 1:58PM
#7starsmyaing
📮သတင်းပေးရန်
@3Starmyaingbot
1
1:05 PM , May 8
ယခု 12:44 PM အချိန်ခန့်တွင်
တံတားဦးလေတပ်တက် ဂျက်ဖိုက်တာတစ်စီးမှ
မင်းတပ်မြို့ တနေရာကို မီးလောင်ဗုံးနဲ့ အတူ
ဗုံးအကြီးများ ကြဲချပြီးလေကြောင်းတိုက်ခိုက်
သွားတယ်လို့သိရပါတယ်။
ယခု မိတ္ထီလာရှမ်းတဲမှ ဂျက်ဖိုက်တစ်စီး
အနောက်မြောက်တက်ထားပါတယ်။
ဂရုစိုက်ကြပါအုံး...

Hkl
#MRSN
𝐌𝐚𝐲-8 , 1:58PM
#7starsmyaing
📮သတင်းပေးရန်
@3Starmyaingbot
1
ပခုက္ကူ-မကွေးတိုင်း⚠️

ပခုက္ကူတပ်မ ၁၀၁ မှ ထွက်လာသော စ အင်အားပြည့်ပါ စခ ကား၂စီးသည် ပခုက္ကူမြို့နယ် (လယ်ယာ) ကံလှရွာကိုဖြတ်၍ အနောက်အရပ်သို့ ဦးတည် မောင်းနှင်နေကြောင်း သတင်းရရှိပါသည်။

#Threestarsmyaing
May-8, 2026(2:40PM)
1
​မန္တလေးတိုင်း၊ ပြင်ဦးလွင်မှ ဆင်းလာသည့် စစ်ခွေးအင်အား (၅၀၀)ခန့်ပါဝင်သော စစ်ကောင်စီယာဉ်တန်း ဒုတိယအသုတ်သည်၊ မိတ္ထီလာမှ တစ်ဆင့် ကျောက်ပန်းတောင်း၊ ထိုမှတစ်ဆင့် ယခုလက်ရှိ ဆိပ်ဖြူမြို့နယ် အခြေစိုက် ကပစ (၂၂)သို့ ရောက်ရှိနေကြောင်း သိရသည်။

​အဆိုပါ စစ်ခွေးအင်အား (၅၀၀}ပါ ယာဉ်တန်းသည်၊ မကွေးတိုင်းအတွင်းသို့ ဆက်လက်ဝင်ရောက်လာနိုင်ပြီး တိုင်းအတွင်းရှိ စစ်ကောင်စီစခန်းများတွင် အင်အားဖြည့်တင်းနိုင်ခြေ ရှိနေသည်။ လတ်တလော အခြေအနေများအရ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်ဘက်များသို့ စစ်ကြောင်းထိုး အင်အားဖြည့်တင်းနိုင်ကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောကြားထားပါသည်။

#MRSN
May-8,2:40𝐏𝐌
#7starsmyaing
📮သတင်းပေးရန်
@3Starmyaingbot
4
⚠️မြေပြင်

ပခုက္ကူ-မကွေးတိုင်း

ပခုက္ကူတပ်မ ၁၀၁ထွက် စကစစစ်သားအင်အားအပြည့်ပါ စစ်ကားကြီး(၂)စီး လယ်ယာ ကံလှရွာဖြတ်၍ အနောက်ဘက်သို့  မောင်းနှင်သွားကြောင်း သတင်းရရှိ။

#WES
2:46pm,May 8
1
ပခုက္ကူမြို့နယ်

ပခုက္ကူအခြေစိုက် တပ်မ{၁၀၁}မှ အင်အားအပြည့်ဖြင့် ထွက်ခွာလာသော စစ်ခွေးကားကြီး {၂}စီးသည်၊ ဘဲရွာသစ်ရွာမှ အနောက်ဘက်သို့ မောင်းနှင်းသွားကြောင်း သတင်းရရှိထားပါသည်။

#PKK_News
#MRSN
May-8 , 3:28𝐏𝐌
#7starsmyaing
📮သတင်းပေးရန်
@3Starmyaingbot
1
မြစ်ခြေမြို့နယ်

ပခုက္ကူအခြေစိုက် တပ်မ{၁၀၁}မှ အင်အားအပြည့်ဖြင့် ထွက်ခွာလာသော စစ်ခွေးကားကြီး {၂}စီးသည်၊ မြစ်ခြေမြို့နယ်မြေအတွင်းရှိ အောင်သာ{ပျူ}စောထီးကျေးရွာသို့ စတင်ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
#MRSN
May-8 ,  3:38𝐏𝐌
#7starsmyaing
📮သတင်းပေးရန်
@3Starmyaingbot
1
ပခုက္ကူ

ပခုက္ကူ တပ်မ{၁၀၁}ခွေးခြံမှထွက်လာသော အင်အားပါအကြမ်းဖက်ခွေးကား{၂}စီးသည် အောင်သာပျူခွေးခြံတွင်းသို့ ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#NY
May 8, 3:45PM
📩သတင်းပို့ရန် @NwayOoYaungNiBot

သတင်းကြည့်ရှုရန်  fb linkhttps://www.facebook.com/NwayOoYaungNiInformation?mibextid=ZbWKwL
2
မြစ်ခြေမြို့နယ်

ပခုက္ကူအခြေစိုက် တပ်မ{၁၀၁}မှ အင်အားအပြည့်ဖြင့် ထွက်ခွာလာသော စစ်ခွေးကားကြီး {၂}စီးသည်၊ မြစ်ခြေမြို့နယ်မြေအတွင်းရှိ အောင်သာ{ပျူ}ရွာသို့ ဝင်ရောက်ထားသော စစ်ခွေးကား{၂}စီးနှင့်အတူ ခြောက်လက်မောင်း ဒရုန်း {Hexacopter}လည်း ပါရှိကြောင်း သတင်းရရှိထားပါ သဖြင့် မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

#Update_News
#PKK_News
#MRSN
May-8 ,  3:58𝐏𝐌
#7starsmyaing
📮သတင်းပေးရန်
@3Starmyaingbot
1
⚠️ပခုက္ကူ

ပခုက္ကူမြို့မှ ထွက်ခွာလာသော အင်အား(100)ခန့်ပါ စခစစ်ကြောင်းမှ ငဖောင်ကန်ရွာလမ်ခွဲ့သို့ရောက်ရှိတယ်လို့သိရ..

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰5:55PM

#MRSN
May 8, 7:00PM
#7starsmyaing
📮သတင်းပေးရန်
@3Starmyaingbot
👍5
Forwarded from Magway Division News
ပေါက်နှင့် ကနီမြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ဆက်လက်တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေ

ရန်ကုန်၊ မေ ၈

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၈ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၁ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ အင်အား ၅၀၀ ခန့်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာ ၈ ခုမှ ထောင်နှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ထိုစစ်ကြောင်းသည် ချက်ကန်ကျေးရွာမှ MPT ဆက်သွယ်ရေးတာဝါတိုင်ကိုလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယင်း စစ်တပ် စစ်ကြောင်းကြောင့် ပေါက်မြို့နယ်ရှိ သပြေရေရွာ၊ ချက်ကန်ရွာ၊ ရန်ကင်းရွာ၊မှတ်ထောင်ကွင်း၊ ဝက်လယ်ရိုး အထက်စု ၊ ဝက်လယ်ရိုးအလယ်စု ၊ တယ်ပင်ကန်ကျေးရွာနှင့် ပေခုနှစ်ပင်ကျေးရွာမှ ထောင်နှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့ပေါ်ရှိ ကပစ ၂၄ တပ်ရင်းကို ဝင်ရောက်သွားကြောင်းသိရှိရသည်။

"စစ်ခွေး စစ်ကြောင်းကတော့ ပေါက်မြို့ပေါ်ရှိ ကပစ ၂၄တပ်ရင်းထဲကိုရောက်သွားပြီ၊ စစ်ခွေး စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်ရှောင်ရတယ်။ စစ်ခွေး စစ်ကြောင်းကတော့ ထွက်လာတာ တော်တော်များတယ်။ မိတ္တူလာကပါတယ်။ မန္တလေး ၊ပြင်ဦးလွင်ဘက်ကပါတယ်။ စစ်ခွေး စစ်ကြောင်း ထွက်လာတာက မေလ ၁ ရက်နေ့ စပြီး ထွက်လာတာပါ။ မေလ ၈ ရက်နေ့မှာတော့ ပေါက်မြို့ပေါ်ရှိ ကပစ ၂၄ တပ်ရင်းထဲကို ပြန်ဝင်သွားတာပါ" ဟု ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ယာကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်သူများဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ချောင်းမ-ကနီ လမ်းပိုင်းနှင့် မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာပေါင်း ၂၆ ခုမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းများထဲမှ ချောင်းမ-ကနီလမ်းပိုင်းတွင် ရောက်ရှိနေသော စစ်ကြောင်းသည် မေလ ၆ ရက်နေ့တွင် ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာရှိ ပျူစောထီးစခန်းကို ပြန်လည်ဝင်ရောက်သွားသော်လည်း မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကနီမြို့နယ် ယာကြီးကျေးရွာအုပ်စုအတွင်း ဆက်လက် စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရှိရသည်။

"စစ်ခွေးစစ်ကြောင်းက ကျန်နေသေးတော့ ပြည်သူတွေ တိမ်းရှောင်နေရတုန်းပဲ အခုက တိမ်းရှောင်ရတဲ့ ရက်လည်း ကြာလာတော့ ပြည်သူတွေ စားနပ်ရိက္ခာလိုအပ်နေပါတယ်။ စစ်ခွေးတွေက မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်ပြီး ကုန်စည်စီးဆင်းမှုတွေကို ဖြတ်တောက်ချင်နေတာ" ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ - စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်း ညအချိန်ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)
3👍2
⚠️မြေပြင်

ပေါက်-မကွေးတိုင်း

ကပစ(၂၂)မှ ထွက်ခွာလာသော စခအင်အား ၅၀၀ ခန့်ပါစစ်ကြောင်းသည် ပေါက်မြို့ပေါ် ၌ ခေတ္တရက်နားပြီး ကပစ(၂၄)၌ ညအိပ်စခန်း ချနေကြောင်းသတင်းရရှိ။

#WES
8:20pm,May 8
👍2
⚠️မြေပြင်

ပခုက္ကူ-မကွေးတိုင်း

အောင်သာ ပျူရွာရောက် ပခုက္ကူတပ်မ ၁၀၁ မှ စခတချို အောင်သာရွာတောင်ပိုင်းတွင် ကင်းပုန်းဝပ်​နေကြောင်း သတင်းရရှိ။

#WES
9:37pm,May 8
4
ပခုက္ကူ

​ပခုက္ကူမြို့ ဘုရားကြီးဘေးလမ်း၊ သီတာလမ်း၊ ကားကွင်းမြို့ရှောင်လမ်း၊ ရွာဘက်မှ တက်လာသော လမ်းဆုံများတွင် အကြမ်းဖက် အာဏာအလွှဲသုံးစားပြုကာ ပြည်သူအားနှိပ်စက်နေသာ စကစများ၊ ရဲများ
အထုတ်ဖွင့်ဖောက်ခြင်း၊ ပစ္စည်းတောင်းခြင်း စသည့်တို့ကို လုပ်ဆောင်နေ​ကြောင်း သိရ။

#MRSN
May 9,8:23A𝐌
#7starsmyaing
📮သတင်းပေးရန်
@3Starmyaingbot
1
ပခုက္ကူမြို့နယ်

ပခုက္ကူ စက်မှုဇုန်ဂိတ်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်၊ ကျောက်လှေခါးစစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ကာ ကားလမ်းအတိုင်း မြောက်ဘက်သို့ ဦးတည်ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။ 

#PKK_News
🗓️𝐌𝐚𝐲-9-10:00𝐀𝐌

#MRSN
May 9 , 10:31A𝐌
#7starsmyaing
📮သတင်းပေးရန်
@3Starmyaingbot
4
ပေါ​က်မြို့နယ်

ပေါက်မြို့နယ် အခြေစိုက်ကပစ (၂၄)မှ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး ပူးပေါင်းအင်အား {၂၅၀}ဝန်းကျင်ခန့်ရှိစစ်ကြောင်းသည်၊ ဆိုက်လမ်းမကြီးအတိုင်း ရေဖြူဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း သတင်းရရှိထားပါသည်။

ထို့ကြောင့် အနီးတ၀ိုက်ရှိ မိဘပြည်သူများအနေဖြင့် စစ်ကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်အထူးသတိပြုနေထိုင်ကြဖို့ အသိပေးနှိုးဆော်အပ်ပါသည်။

#PKK_News
#MRSN
May 9 , 11:30A𝐌
#7starsmyaing
📮သတင်းပေးရန်
@3Starmyaingbot
2👍1
⚠️ရေစကြို

ကျောက်လှေကားမှထွက်လာသောအင်အားပါစခစစ်ကြောင်းမှာရေစကြိုမြို့နယ် ဆန်းသစ်ရွာမှတဆင့်​မြောက်အရပ်သို့ထွက်ခွာသွားကြောင်းသတင်းရရှိ။

#7starsmyaing
May 9, 2:24Pm
📮သတင်းပေးရန်
@3Starmyaingbot
2👍2
⚠️ရေစကြို

ကျောက်လှေကားမှထွက်လာသောအင်အားပါစခစစ်ကြောင်းမှာရေစကြိုမြို့နယ် ဆန်းသစ်ရွာမှတဆင့်​​ဆားတောင်(စည်သာ)ရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိပါတယ်ဗျ ။

#7starsmyaing
May 9, 3:25Pm
📮သတင်းပေးရန်
@3Starmyaingbot
2
ပေါ​က်မြို့နယ်

ပေါက်မြို့နယ် အခြေစိုက်ကပစ (၂၄)မှ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး ပူးပေါင်းအင်အား {၂၅၀}ဝန်းကျင်ခန့်ရှိစစ်ကြောင်းသည်၊ယနေ့ 12:00PMကျော်ချိန်တွင် ပေါက်မြို့နယ် အနောက်မြောက်ပိုင်း ရေဖြူရွာသို့၀င်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

ထို့ကြောင့် အနီးတ၀ိုက်ရှိ မိဘပြည်သူများအနေဖြင့် စစ်ကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်အထူးသတိပြုနေထိုင်ကြဖို့ အသိပေးနှိုးဆော်အပ်ပါသည်။

#PKK_News
🗓️𝐌𝐚𝐲-9-3:00P𝐌

#MRSN
May 9, 3:39PM
#7starsmyaing
📮သတင်းပေးရန်
@3Starmyaingbot
3