ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ပေါင်လောင်ကန်မှထွက်လာတဲ့ စစ်ကြောင်းဟာ ကြူရွာဆင်ကြို့ဘက်သို့ရောက်ရှိနေကြောင်း သတင်းရရှိပါတယ်ခင်ဗျ။ မိဘပြည်သူများ ဘေးလွှတ်ရာသို့ရှောင်တိန်းပြီး လက်နက်ကြီး လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့ 7starmyaing မှ နိုးဆော်ပေးလိုက်ပါတယ်နော် ဘေးကင်းကြပါစေ🙏🙏🙏

Apr 25, 12:00
📮သတင်းပေးပို့ရန်
@7starmyaingbot
7
⚠️ဆိပ်ဖြူ🔥

မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် အချေစိုက် ကပစ ၂၂ ကပစ၂၁ ခွေးစစ်ကြောင်းပူပေါင်းအင်အားသုံးပီး ဆိပ်ဖြူမြို့နယ် ရေပုတ် ကျေးရွာကို မီးရှို့ဖျက်စီးနေကြောင်း သိရ။

#MRSN
Apr 25  , 1:30PM
#Threestarsmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
3👍3
ပေါင်လောင်ကန်မှထွက်လာတဲ့ စစ်ကြောင်းဟာ ကြူရွာဆင်ကြို့ဘက်သို့ရောက်ရှိနေ​ပြီး ဆင်ကြို့ရွာဘုန်းကြီးကျောင်းထည်းမှာ ချက်ပြုတ်စားသောက်ပြီးဘယ်မှမထွက်သေးကြောင်း သတင်းရရှိပါတယ်ခင်ဗျ။ မိဘပြည်သူများ ဘေးလွှတ်ရာသို့ရှောင်တိန်းပြီး လက်နက်ကြီး လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့နဲ့ မိုးလေဝသအရ လုံခြုံရာမှာခိုလုံနေကြဖို့ 7starmyaing မှ နိုးဆော်ပေးလိုက်ပါတယ်နော် ဘေးကင်းကြပါစေ🙏🙏🙏

Apr 25, 4:03
📮သတင်းပေးပို့ရန်
@7starmyaingbot
👍8
‼️မိဘပြည်သူများခင်ဗျာ

တော်လှန်ပြည်သူအပေါင်းတို့ခင်များ မိုးလေဝသအခြေနေအရ လေပြင်းတိုက်ခိိုက်နေပါ၍
သစ်ပင်ကြီးများ ၊အဆောက်အဦးမခိုင်လုံသည့်နေရာများ၊မီးဘေးအန္တရာယ်များကိုသတိထားနေထိုင်ကြပါရန်
နှင့်အမိုးအကာပစ္စည်းများကြိုတင်ဆောင်ထားကြပါရန် 7star မိသားစုမှအသိပေးနိုးဆော်အပ်ပါတယ်ခင်များ။

Apr 25 . 4:30

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/
@myaing3starbot
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
👍7
အနောက်တောင်မုတ်သုံလေဝင်ရောက်နိုင်မည့်အခြေအနေ ကြိုတင်ခန့်မှန်းခြင်း
(ဧပြီ ၂၅ ရက် GEFS, GEPS နှင့် AIGFS models update)
====

Tropical Tidbits မှ ရရှိလာသော နောက်ဆုံးရ 850 hPa Wind Forecast မော်ဒယ်လ်များ (AIGFS, EC-AIFS, GEPS, GEFS) အရ ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့အထိ မုတ်သုံလေ၏ အခြေအနေမှာ အလွန်ထူးခြားသောအလှည့်အပြောင်းတစ်ခုကို ပြသနေပါသည်။
🔸ယခု Update တွင် အထူးခြားဆုံးအချက်မှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) ဖြစ်ပေါ်လာနိုင်မှု အရှိန်အဟုန် မြင့်တက်လာခြင်းဖြစ်ပါသည်။

၁။ ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းအသွင် စုဖွဲ့လာနိုင်မှု (Vortex Formation)
•  AIGFS (ပုံ-၁): မေလ ၁၁ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း (ကပ္ပလီပင်လယ်ပြင်အနီး) ၌ လေဖိအား 997 hPa ရှိသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း (L) တစ်ခုကို ရှင်းလင်းစွာ ပြသနေပါသည်။ ၎င်းသည် လေဝဲစနစ် (Vortex) ပုံစံဖြင့် စတင်လည်ပတ်နေပြီး မုန်တိုင်းအသွင်သို့ပင် ကူးပြောင်းနိုင်သည့် အလားအလာရှိပါသည်။
•  EC-AIFS (ပုံ-၂): အလားတူပင် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းများ (L - 1003/1006 hPa) စုဖွဲ့နေမှုကို ပြသနေပြီး၊ ၎င်းတို့သည် မြောက်ဘက်သို့ မုတ်သုံလေကို တွန်းပို့ပေးမည့် အားကောင်းသော စက်ယန္တရားများ ဖြစ်လာပါလိမ့်မည်။

၂။ ဆိုမာလီဂျက်နှင့် လေစီးကြောင်း အားကောင်းလာမှု (Stronger Monsoon Surge)
•  Somalia Jet: အာဖရိကကမ်းရိုးတန်းမှ တိုက်ခတ်လာသော ဆိုမာလီဂျက်လေစီးကြောင်းသည် ယခင်ရက်များကထက် ပိုမိုကျယ်ပြန့်လာပြီး လေတိုက်နှုန်း ၂၅ knots နှင့်အထက် ရှိသော ဧရိယာများသည် အီကွေတာတစ်လျှောက် ဘင်္ဂလားပင်လယ်အော်ထဲသို့ တိုက်ရိုက်စီးဝင်နေပြီဖြစ်ပါသည်။
•  Cross Equatorial Flow: GEFS နှင့် GEPS (ပုံ-၃၊ ၄) အရ တောင်ဘက်ကမ္ဘာလုံးခြမ်းမှ လေများ အီကွေတာကို ဖြတ်ကျော်ဝင်ရောက်လာမှုသည် တည်ငြိမ်မှုရှိနေပြီး မုတ်သုံလေ၏ အနောက်တောင်လေစီးကြောင်း (Southwesterly flow) ကို သိသိသာသာ အားဖြည့်ပေးနေပါသည်။

၃။ မြန်မာနိုင်ငံအတွက် သက်ရောက်နိုင်ခြေ သုံးသပ်ချက်
•  မုတ်သုံရာသီကြို လှုပ်ရှားမှု - မေလ ၁၁ ရက်ဝန်းကျင်တွင် ဘင်္ဂလားပင်လယ်အော်ရှိ 997 hPa ရှိသော လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းတို့တွင် မိုးတိမ်တိုက်များ အားကောင်းစွာ စုဖွဲ့လာနိုင်ပါသည်။
•  မုတ်သုံအစပျိုးခြင်း (Onset) - IMD ၏ ရေရှည်ခန့်မှန်းချက်တွင် မိုးပုံမှန်အောက် လျော့နည်းနိုင်သည်ဟု ဆိုထားသော်လည်း ၊ ဤမော်ဒယ်လ်များအရ မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်ထဲသို့ မေလ ဒုတိယပတ်အတွင်း အားကောင်းစွာ စတင်ဝင်ရောက်လာမည်ဖြစ်သဖြင့် မုတ်သုံဝင်ရောက်ချိန်သည် ပုံမှန်ထက် နောက်ကျမည် မဟုတ်ကြောင်း သုံးသပ်ရပါသည်။

🔸အနှစ်ချုပ်
Tropical Tidbits ၏ မေလ ၁၁ ရက် Update အရ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေကို ဆွဲခေါ်မည့် လေဖိအားနည်းရပ်ဝန်း (L) တစ်ခု အထင်အရှားပေါ်ပေါက်လာနိုင်သဖြင့် မေလ ၁၀ ရက်နောက်ပိုင်းတွင် မိုးရွာသွန်းမှုပုံစံ သိသိသာသာ ပြောင်းလဲလာပါလိမ့်မည်။
“မေလ ၁၁ ရက်ဝန်းကျင်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း စတင်စုဖွဲ့လာနိုင်သဖြင့် ကမ်းရိုးတန်းဒေသများတွင် မိုးရွာသွန်းမှု ပိုမိုအားကောင်းလာနိုင်ပါတယ်”။
နောက်ထပ် Update များရလျှင်လည်း ထပ်မံခွဲခြမ်းစိတ်ဖြာ၍ ခန့်မှန်းချက်များတင်ပြပေးပါဦးမည်။

Apr 25 . 4:30

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/
@myaing3starbot
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
👍2
⚠️မြေပြင်

တောင်ဥက္ကလာ-ရန်ကုန်

ရန်ကုန်မြို့ တောင်ဥက္ကလာ မာလာကွေ့အနီး ရပ်ကွက်ထဲ မီးလောင်နေကြောင်း သတင်းရရှိ။

#WES
5:16pm,Apr25
👍4
ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ် ကြူရွာ ဆင်ကြို့ရွာသို့ ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းသည်၊ လက်ရှိအချိန်ထိ ဆင်ကြို့ရွာဘုန်းကြီးကျောင်းအရှေ့ကျောင်းနှင့် အနောက်ကျောင်းတွင် ခွေးများတပ်ဖြန့်ထာ၍ ရှိနေသေးကြောင်း သတင်းရရှိထားပါသည်။

#PKK_News
#MRSN
Apr 25  , 8:04PM
#Threestarsmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
👍5
ပခုက္ကူ

ပခုက္ကူဘက်မှ ခွေးအင်အား ၁၀၀ ကျော်ခန့်ဟာ ပန်းတိုင်းခြုံရွာဘက်သို့ရောက်ရှိနေကြောင်း သတင်းရရှိပါတယ်ဗျ။

Apr 25. 9:08PM
#Threestarsmyaing
📮သတင်းပေးပို့ရန် @3Starmyaingbot
1👍1
25.04.2026
09:10 pm
ကျောက်ထုသတင်း

ယနေ့ညနေပိုင်းမှာ ကံကြီးကျေးရွာဘက်ရောက်ရှိလာတဲ့ အမတ ၃၆၈ တပ်မှ စုပေါင်း၊စပ်ပေါင်း စခအင်အား (၁၀၀)ခန့်ဟာ ယနေ့ညမှာ ကံကြီးကျေးရွာထဲမှာ တပ်ဖြန့်ထားကာ ညအိပ်တပ်စွဲနေတယ်လို့သိရပါတယ်
ခင်ဗျာ။ ပြည်သူတစ်ချို့လဲ ကျေးရွာတွင်းမှာပိတ်မိနေတယ်လို့သိရပါတယ်။ အနီးအနားကျေးရွာများဖြစ်ကြတဲ့ ပြင်လယ်၊တောင့်ထက်၊ရေရှင်၊
ကြန်တောကျေးရွာဘက် မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

ယခုညပိုင်းမှာ အညာငါးရွာဘက်နှင့်မင်းတပ်နယ်စပ်တွေကို အမတ ၃၆၈ တပ်မှ ကင်းထောက်ဒရုန်းများလွှတ်ကာ ကင်းထောက်နေတယ်လို့သိရပါတယ်ခင်ဗျာ။အနီးအနားကျေးရွာမိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

---------------------- Aung Gyi -------------------------

ယောအလင်းတန်း
#MRSN
Apr 25  , 9:17PM
#Threestarsmyaing
📮သတင်းပေးပို့ရန် @3Starmyaingbot
👍5
ဆိပ်ဖြူမြို့နယ်

ဆိပ်ဖြူမြို့နယ် ရေပုတ်ရွာနှင့်ဇီးဖြူကောင်းရွာအား စစ်ခွေးများမှ ယနေ့နေလယ် {1:30PM}အချိန်က မီးရှို့ဖျက်ဆီးခဲ့ရာ ရေပုတ်ရွာမှ ပြည်သူပိုင်နေအိမ်{၁၈}လုံးခန့်နှင့် ဇီးဖြူကောင်းရွာမှ ပြည်သူပိုင်နေအိမ်(၆၀)လုံးကျော်ခန့် မီးလောင်ပြာကျဆုံးရှုံးခဲ့ကြောင်း သတင်းရရှိထားပါသည်။

#PKK_News
🗓️𝐀𝐩𝐫-25-10:38𝐏𝐌
#7starmyaing
📫သတင်းများပေးပို့ရန်
@myaing3starbot
👍1
⚠️ရေစကြို

ရေစကြိုမြို့နယ်ကြူရွာရောက် စခစစ်‌ ကြောင်းသည် ပေါင်လောင်ရွာသို့ ဝင်ရောက်မွှေနှောက်နေကြောင်းသိရ။

#MRSN
Apr 26, 8:03AM
#7starmyaing
Apr 26,7:36AM
📫သတင်းပေးပို့ရန်@myaing3starbot
👍2
26.04.2026
07:55 am
ကျောက်ထုသတင်း


ကံကြီးကျေးရွာမှာ ညအိပ်စခန်စချနေတဲ့ အမတ ၃၆၈ မှစုပေါင်းစပ်ပေါင်း စခအင်အား (၂၀၀)ခန့်ဟာ လက်ရှိအချိန်မှာ စစ်ကြောင်းစတင်လှုပ်ရှားဖို့ပြင်ဆင်နေကြပီလို့သိရပါတယ်ခင်ဗျာ။ မနေ့ညက‌ ရှေ့ပွိုင့် အင်အား (၈၀)ခန့်သာ ၀င်ရောက်ခဲ့ပေမဲ့ ညဘက်မှာ အမတ ၃၆၈ တပ်ထဲကနေ
ဖောကားနဲ့ ထပ်မံအင်အားတိုးလာတာကြောင့် လက်ရှိမှာ အင်အား (၂၀၀)ခန့်ရှိတယ်လို့သိရပါတယ်။ ကံကြီးကျေးရွာ စက်ရေမောင်းနှင့် ကံကြီးစာသင်ကျောင်းနားလမ်းဆုံတွေမှာ ရှိနေကြတယ်လို့သိရပီး ကျေးရွာတွင်းမှာလဲ တပ်ဖြန့်ကာရှိနေကြတယ်လို့သိရပါတယ်။လက်နက်သေးသံတစ်ချို့ကြားနေရတယ်လို့သိရပီး လက်ရှိမှာ စစ်ကြောင်းဟာ ဘယ်ကိုဦးတည်လာမယ်ဆိုတာမသိရသေးပါဘူးခင်ဗျာ။ ပြင်လယ်၊ကြန်တော၊တောင့်ထက်၊ရေရှင် ကျေးရွာဘက်မိဘပြည်သူများ အစစအရာရာအထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊စစ်ရေးသတိရှိကြပါရန် အထူးအသိပေးအပ်ပါတယ်ခင်ဗျာ။ လက်နက်ကြီး၊လက်နက်ငယ်သံများကြားရပါက ဘေးကင်းရာနေရာတွေမှာ ပြောင်းရွှေ့နေထိုင်ကြပါရန် အထူးသတိပေးအပ်ပါတယ်ခင်ဗျာ။

လတ်တစ်လောစစ်ရေးအခြေအနေအရ ကြန်တော - ကံကြီး - ရေရှင် ကတ္တရာ ကားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာခြင်းများ လုံး၀ မပြုလုပ်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------------ Aung Gyi --------------------------

ယောအလင်းတန်း
#MRSN
#7starmyaing
Apr 26,7:36AM
📫သတင်းပေးပို့ရန်@myaing3starbot
👍32
တရုတ်အကျိုးစီးပွားကို ထိပါးလာလျင် ဘယ်သူကိုမဆို သတ်ဖြတ်ဖို့ဝန်မလေး၊ ဘယ်မြို့ ဘယ်ရွာမဆို ဗုံးကြဲ၊ ပစ္စည်းခိုး၊ မီးရှို့ဖို့ လုပ်မည်သာဖြစ်သည်။

မြန်မာနိုင်သူနိုင်ငံသားတွေအနေနဲ့ တရုတ်မကောင်းကြောင်း မပြောကြလေနဲ့၊ တရုတ်ကို မထိပါးမိကြစေနဲ့၊ တရုတ်ကို ကိုးကွယ်ကြရမယ်၊ တရုတ်ခိုင်းတာ အကုန်လုပ်ရမယ်၊ တရုတ်က ရှင်ဆိုရှင် သေဆိုသေဖြစ်နေရမယ်ဆိုတဲ့ ကမ္ဘာ့အဆင့် ၃၈ ရှိတဲ့ စတန်း dead စစ်တပ်ကြီးရဲ့ ကတိစကားတဲ့ဗျာ။


7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/
@myaing3starbot
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
👍1
အိမ်ဖြူတော်ညစာစားပွဲတွင် ပစ်ခတ်မှုဖြစ်ပွားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အရေးပေါ်ကယ်ထုတ်ခဲ့ရ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမှာ ဧပြီ ၂၅ ရက်၊ မနေ့က ကျင်းပနေတဲ့ အိမ်ဖြူတော်ညစာစားပွဲအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီ ပစ်ခတ်မှုကြောင့် သမ္မတထရန့်နဲ့ ဇနီးဖြစ်သူကို လုံခြုံရေးတာဝန်ရှိသူတွေဟာ အရေးပေါ်ကယ် ထုတ်သွားခဲ့ကြရကြောင်း သိရှိရသည်။

အခမ်းအနားကို ဝါရှင်ဒီစီမြို့ တော်ရှိ ဝါရှင်တန်ဟီတန် ဟိုတယ်မှာကျင်ပခဲ့ခြင်းဖြစ်ပြီး အိမ်ဖြူတော် သတင်းထောက်အသင်းရဲ့ ညစာစားပွဲ အခမ်းအနားအဖြစ် သမ္မတထရမ့် အပါအဝင် အမေရိကန် အစိုးရ အကြီးပိုင်းများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ပစ်ခတ်သူသေနတ်သမားကို အရှင် ဖမ်းမိထားသည်။
6