ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
‌‌ပေါက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်တဲ့ စကစ ပါရာမော်တာကို တော်လှန်ရေးတပ်တွေ ပစ်ချ

၂၂ နိုဝင်ဘာ 7StarMyaing

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်နေစဉ် လာရောက်လေကြောင်းတိုက်ခိုက်တဲ့ စကစရဲ့ ပါရာမော်တာ(Paramotor) ၁ စီးကို ပစ်ချခဲ့တာကြောင့် ပျက်ကျသွားခဲ့တယ်လို့ မြိုင် ပကဖ က နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

မြိုင် ပကဖ အနေနဲ့ ပေါက် ပကဖ MGY စုပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်စဉ် ပခုက္ကူ ၁၀၁ မှ လာရောက်ပစ်ခတ်တဲ့ ပါရာမော်တာကို ဝိုင်းဝန်းပစ်ခတ်ကြရာ ပျက်ကျသွားခဲ့တယ်လို့ မြိုင် ပကဖ က ဖော်ပြထားတာ ဖြစ်ပါတယ်။

Nov.22.7:23PM

7Star Myaing

📬သတင်ပေးရန်-@Myaing3star

🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ

https://t.me/https7starmyaing
👍31
မြိုင်/ပေါက်- မကွေးတိုင်း ⚠️

7:28pm (22 Nov)

Jet Fighter (1)စီး မြိုင်/ပေါက်နယ်အစပ်‌ပေါ် ပျံဝဲနေ။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
​ပေါက် / မြိုင်⚠️

​ပေါက် / မြိုင် နယ် အစပ် တစ်နေရာသို့
Drone ၁စီးဝဲပျံနေ။

#WaiHin
Nov 22, 7:45PM
📫သတင်းပို့ရန် @WaiHinScout_Bot
👍3
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့မှထွက်လာသောစခစစ်ကြောင်းသည်ညကိုးနာရီခန့်ကကိုးပင်ရွာအနောက်ဘက်သို့ရောက်ရှိနေကြောင်းသိရပါတယ်။

#pdn
Nov-22/9:05PM
7Star Myaing

📬သတင်ပေးရန်-@Myaing3star

🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ

https://t.me/https7starmyaing
3👍2
ပေါက်မြို့နယ်

ပေါက်မြို့နယ် အခြေစိုက်ကပစ၂၄မှအနောက်မြောက်အရပ်သို့ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်နေကြောင်းသိရပါတယ်။

(၅ကြိမ်မြောက် ရှိပြီ)
Nov-23   , 7:49 AM
#MRSN
#Threestarmyaing
📬သတင်းပို့ရန်
@MagwayScoutBot
ပေါက်မြို့နယ်

မနေ့ညက မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်
ပေါက်မြို့နယ် ကမ္ဘားဖြူရွာမှာ ညအိပ်တဲ့
စစ်ကောင်စီတပ်တွေဟာ ယနေ့မနက်ပိုင်းမှာ
ကမ္ဘားဖြူရွာကနေ ထွက်ခွာသွားပြီး
9:20 ဝန်းကျင်မှာ မြိုင်မြို့နယ်အနောက်ပိုင်း
တဲကြီးရွာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

W L M..🦅
Nov-23,9:49 AM

7Star Myaing

📬သတင်ပေးရန်-@Myaing3star

🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ

https://t.me/https7starmyaing
မြိုင်-မကွေးတိုင်း⚠️

10:15am(23 Nov)

တံတားဦးလေတပ်တက် ပထမJet Fighter (1) စီး မြိုင်နယ်ဖြတ် အနောက် သို့ပျံသန်း။

⚠️မကွေး မန်း ချင်း သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
1
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
နေပြည်တော်

နေပြည်တော် လေတပ်မှ
Y-8 စစ်ထောက်ပို့ လေယာဉ် ၁စီး
မြောက် သို့ ပျံတက်  ။

#WaiHin
Nov 23, 12:32 PM
📫သတင်းပို့ရန် @WaiHinScout_Bot
မြိုင်

နမခတက် MI-17 Military Transport Helicopter (1)စီး မြိုင်နယ်အရှေ့မြောက်ခြမ်းဖြတ်၍ အနောက်တောင်အရပ်သို့ ပျံသန်း။

#NAS
Nov 23, 12:36PM
📡သတင်းပို့ရန် @infonas
👍2
#ထီးလင်းမြို့နယ်လေကြောင်းသတင်း

မကွေးတိုင်း၊ ထီးလင်း‌မြို့နယ် မြောက်ပိုင်း တောမကျေးရွာအနီးရှိ တောမဗောဓိကုန်း ဘုန်းကြီးကျောင်းအနီးသို့ နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၈ မိနစ်ခန့် အချိန်တွင် တံတားဦးတက် ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း
သိရပါတယ်။

ယင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုထိခိုက်မှုမရှိခဲ့သော်လည်း ဘုန်းကြီးကျောင်းအနီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ရိပ်သာဆောင်တစ်ဆောင်ထိခိုက်ပျက်စီးခဲ့ပြီး
ဘုရားတစ်ဆူလဲ အနည်းငယ်ထိခိုက်ကာ နွားတစ်ကောင်လဲ ထိခိုက်ခဲ့သေးကြောင်းသိရပါတယ်။

ဒေသခံတစ်ဦးပြောတာကတော့ ""ဘာမှ မရှိဘဲ အကြောင်းမဲ့ လေကြောင်းကနေ ဘုန်းကြီးကျောင်းကုန်းကိုလာကြဲသွားတာပါ။ ခုထိသိရသ‌လောက်တော့ ဘုန်းကြီးတွေရော ဆရာလေးတွေရော ထိခိုက်တာတော့မရှိပါဘူး။ ဒါပေမဲ့ ရိပ်သာဆောင်တစ်ဆောင်တော့ ပျက်စီးသွားတာရှိတယ်လို့""ယောအလင်းတန်းကို ပြောကြားခဲ့တာဘဲဖြစ်ပါတယ်။

စစ်ကောင်စီဟာ ယခုရက်ပိုင်းအတွင်း ယောနယ်ကိုပစ်မှတ်ထားတာ မကြာခဏလေကြောင်းတိုက်ခိုက်မှုများပြုလုပ်လျှပ်ရှိပြီး နိုဝင်ဘာလအတွင်းမှာပင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တောင်ခင်ရန်းရွာရှိ လူနေအိမ်များကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်သဖြင့် နေအိမ်အိမ်တချို့ ပျက်စီးကာ ပြည်သူအချို့အသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရရှိသူများလဲ အများအပြားလဲ ရှိခဲ့သေးတာဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း ယောဒေသကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိတ်စိတ် ပြုလုပ်လာသဖြင့် မလိုလားအပ်သော လူစုလူဝေးများ မပြုလုပ်ကြပါရန် အသိပေးအပ်ပါတယ်။

ကို ဘကောင်း
Nov-23   , 2:14 PM
#MRSN
#Threestarmyaing
📬သတင်းပို့ရန်
@MagwayScoutBot
1👍1
#ဂန့်ဂေါသတင်း

23.11.2025

ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ဂန့်ဂေါမြို့၊ ပြည့်ဝအမြောက်တပ် ၃၇၁ ကို ပခုက္ကူမြို့တပ်မ ၁၀၁ ကပျံတက်လာတဲ့ Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ်တစ်စီးဆင်းသက်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါ ရဟတ်ယာဥ်ဟာ ပြည့်ဝအမြောက်တပ်မှာ ခေတ္တရပ်နားခဲ့ပြီး အပြန်မှာ အမတ ၃၇၁ က စစ်အုပ်စုတပ်သား ၂၂ ဦးကို ရဟတ်ယာဥ်ဖြင့် ပခုက္ကူမြို့ တပ်မ ၁၀၁ ကို ခေါ်ဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။

#နွေဦးရောင်နီ

ယောအလင်းတန်း
Nov-23   , 2:44PM
#MRSN
#Threestarmyaing
📬သတင်းပို့ရန်
@MagwayScoutBot
👍1
#UpdateNews
23.11.2025

ယနေ့မနက်ပိုင်းက ပေါက်မြို့နယ်အရှေ့မြောက်ပိုင်း
ကမ္ဘားဖြူရွာကနေ ထွက်ခွာပြီး
မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာကို
ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ
နေ့လည် 1:30 ဝန်းကျင်မှာ ပေါက်မြို့နယ်
နယ်သတ်ရွာ ဘုန်းကြီးကျောင်းထဲကို
ရောက်ရှိနေတယ်လို့ သိရပြီး
နယ်သတ်ရွာနဲ့ တဲကြီးရွာကြားက တောတိုက်တချို့ကို မီးရှို့သွားတယ်လို့ သိရပါတယ်။
အခြေအနေ အသေးစိတ် မသိရသေးပါ။

ယနေ့နေ့လည် 12:20 ဝန်းကျင်က
ပေါက်မြို့နယ်မြောက်ပိုင်း ကြက်ဆူအိုင့်အနီးကို
မိတ္ထိလာလေတပ်မှ ဂျက်ဖိုက်တာသုံးစီးဖြင့်
လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်သွားရာ
ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရကာ
နွားသုံးကောင် Thay ဆုံးတယ်လို့ ကနဦးသိရပြီး
အသေးစိတ်အခြေအနေကိုတော့
အတည်မပြုနိုင်သေးပါ။

မြိုင်မြို့နယ်အနောက်ပိုင်းနဲ့
ပေါက်မြို့နယ်မြောက်ပိုင်းမှ မိဘပြည်သူများ
လေကြောင်းအန္တရာယ် အထူးဂရုစိုက်ကြဖို့
ထပ်မံအသိပေးအပ်ပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

We Love Myaing .( ချစ်သော အညာမြေ )
Nov-23   , 2:56PM
#MRSN
#Threestarmyaing
📬သတင်းပို့ရန်
@MagwayScoutBot
ပေါက်မြို့နယ်

စစ်ကြောင်းဟာ နေ့ခင်း(1:30pm )ခန့်မှာတော့ ပေါက်နယ် နယ်သတ်ရွာဘုန်းကြီးကျောင်းရောက် ရှိခဲ့ပါတယ်အဲနောက် (၃:၀၀)နာရီဝန်းကျင်မှာ တော့ အနောက်မြောက်ဘက်ရှိ ရေနံမှော်‌ဆီဦးတည်နေပြီး နယ်သတ်မြောက်ဘက် ရေနံမြေ ပြည်သူလူထု ပစ္စည်းများမီးရှို့ဖြတ်ဆီးနေ ကြောင်း သိရပါတယ်။

စစ်ကြောင်းရောက်နေတဲ့ ဧရိယာတွေက်ို လေကြောင်းတိုက်ခိုက်မှုတွေလည်း တရစပ်လုပ်နေတာဖြစ်တဲ့အတွက်စစ်ကြောင်းဧရိယာနဲ့နီးတဲ့ မြိုင်နယ် ပေါက်နယ်မှပြည်သူများ စစ်ကြောင်းအသိ လေကြောင်းသတိ အမြဲ ရှိနေကြပါခင်ဗျာ။

မိုးထက်မြင့်...🦅
Nov 23, 3:05 PM
7Star Myaing

📬သတင်ပေးရန်-@Myaing3star

🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ

https://t.me/https7starmyaing
2
♦️​မြိုင်မြို့နယ်/ပေါက်မြို့နယ်♦️

ပေါက်မြို့နယ် နယ်သတ်ရွာနဲ့ ရွာရဲ့မြောက်ဘက် ကိုနေ့လည် (၃:၀၀)နာရီကျော်ခန့်က မီးရှို့ခဲ့သော စခစစ်ကြောင်းသည် ညနေ (၄:၀၀)နာရီကျော်ခန့်တွင် မြိုင်မြို့နယ် တဲကြီးရွာသို့ ပြန်ဆုတ်လာကာ တဲကြီးရွာနှင့် ဘုန်းကြီးကျောင်းဝန်းအတွင်း နေရာယူထားကြောင်း သတင်းရရှိထားပါသည်။

🚨မိဘပြည်သူများ စစ်ကြောင်း၊လေကြောင်း အထူးဂရုစိုက်ကြပါဗျ။

#PKK News
Nov 23, 5:30PM

Nov-23   , 5:47PM
#MRSN
#Threestarmyaing
📬သတင်းပို့ရန်
@MagwayScoutBot
1
⚠️ရေစကြို

ရေစကြိုနယ်အလယ်ခြမ်းဖြတ်ပထမခွေးDrone( 1)စီးတောင်အရပ်ပျံသန်း။

ရေစကြိုနယ်အလယ်ခြမ်းဖြတ်ဒုတိယခွေးDron(1)စီးအရှေ့မြောက်အရပ်ပျံသန်း။
.🦅
Nov 23, 6:35 PM
7Star Myaing

📬သတင်ပေးရန်-@Myaing3star

🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ

https://t.me/https7starmyaing
3
🔴ပေါက်-မကွေးတိုင်း

6:38pm(23Nov)

မကွေး လေတပ်တက် စစ်ထောက်ပို့တိုက်ခိုက် Y-12 (1)စီး  ပေါက်နယ်ပေါ် ပျံဝဲနေ။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
7Star Myaing

📬သတင်ပေးရန်-@Myaing3star

🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ

https://t.me/https7starmyaing
7
ရေစကြို -မကွေးတိုင်း⚠️

ရေစကြို ခလရ ၂၅၈မှ အရှေ့တောင် အရပ်သို့ လက်နက်ကြီးများ ပစ်ခတ်မှုပြုလုပ်နေပါသည်။

Nov-24(11:45AM)
#Threestarmyaing
သတင်းပေးပို့ရန်
@Threestarmyaing
1👍1
24-11-2025
12:10နေ့လည်

ပခုက္ကူ မြို့
ဧရာဝတီတံထားထိပ်ပေါက်လမ်းမြို့ရှောင်လမ်းဆုံ
မှာ ရှေ့တန်းပြန်လာသော စစ်ခွေးများကို
ရှေ့တန်းပြန်စခကိုအစိုးရဝန်းထမ်းများစောင့်ကြိုနေကြောင်းသိရ။

Nov-24   , 12:35PM
#MRSN
#Threestarmyaing
သတင်းပေးပို့ရန်
@Threestarmyaing
👍1😁1
24.11.2025 ( 1:00 PM )
မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာရောက်နေတဲ့
စစ်ကောင်စီတပ်တွေ လက်ရှိအချိန်ထိ
အဲ့ဒီနားမှာပဲ ရှိနေပါသေးတယ်။

အချိန်မရွေးထွက်လာနိုင်တာကြောင့်
အနီးတဝိုက်ကပြည်သူများ သတိဝရိယနဲ့
နေထိုင်ကြဖို့ လိုပါမယ်။

We Love Myaing .( ချစ်သော အညာမြေ )
Nov-24   ,  1:39 PM
#MRSN

7Star Myaing

📬သတင်ပေးရန်-@Myaing3star

🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ

https://t.me/https7starmyaing
👍21
မြိုင်

မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာဘုန်းကြီးကျောင်းည အိပ်နေတဲ့ စစ်ကောင်စီတပ်တွေ လက်ရှိအချိန်ထိ တဲကြီးမှာပဲ ဆက်လက် ရှိနေပါသေးတယ်။

အချိန်မရွေးထွက်လာနိုင်တာကြောင့်
အနီးတဝိုက်ကပြည်သူများ သတိဝရိနဲ့
နေထိုင်ကြဖို့ လိုပါမယ်။

မိုးထက်မြင့်..🦅

Nov 24, 3:24PM

7Star Myaing

📬သတင်ပေးရန်-@Myaing3star

🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ

https://t.me/https7starmyaing