ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ပခုက္ကူ⚠️

တပ်မ ၁၀၁မှ Paramotor အင်ဂျင်တပ်လေထီး(1)စီး ပျံတက်။

အနောက်အရပ်သို့ပြန်သန်း။

#NAS
Jul 5, 10:29AM
📡သတင်းပို့ရန် @infonas
အိုရင်း ရွာသစ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု
ပြည်သူတစ်ဦးသေဆုံးပြီး မြင်းနှင့်ဆိတ်များလည်း သေဆုံး
We Love Myaing. 5/7/2025

မြိုင်မြို့နယ်တောင်ပိုင်း အိုရင်း ရွာသစ်ရွာ
အနောက်မြောက်ပိုင်းအား
ယနေ့နေ့လည် 11:17 အချိန်ခန့်က
အကြမ်းဖက်စစ်ကောင်စီတပ် ပခုက္ကူ တပ်မ 101 မှ
စက်တပ်လေထီးနှစ်စီးနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ
120 MM ဗုံးသီးသုံးလုံးကြဲချကာ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့
သိရပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်
ရွာသစ်ရွာနဲ့ အိုရင်းရွာအကြားမှာ ပုန်းခိုနေတဲ့
အိုရင်းရွာမှ အသက်လေးဆယ်အရွယ်ခန့်ရှိ
အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး
ရွာသစ်ရွာမှ နေအိမ်တစ်လုံး ပျက်စီးကာ
ဆိတ်နှစ်ကောင် ၊ မြင်းသုံးကောင် သေဆုံးပြီး
နွားနှစ်ကောင်လည်း ထိမှန်ဒဏ်ရာရခဲ့တယ်လို့
သိရပါတယ်။

We Love Myaing .

https://t.me/https7starmyaing
ပွဲသတင်းထုတ်ပြန်ချက်

၆-ဇူလိုင်လ-ပခုက္ကူမြို့နယ်

စကစ အခြေချနေထိုင်ရာ ဂိတ်စခန်းများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း။

ဖြစ်စဉ်မှာ

စကစ အခြေစိုက်ရာ ပခုက္ကူ လေယာဉ်ကွင်း နှင့် မြောက်လူးကန်ရွာ ဘုန်းကြီးကျောင်း သို့ ၅.၇.၂၀၂၅ ရက်နေ့ မနက်ခင်း ၈:၅၀ မိနစ် အချိန်မှာ rocket , 60 mm motor တို့ဖြင့် ပစ်ခတ်ခဲ့ပါသည်။

ပခုက္ကူလေယာဉ်ကွင်း ပြုပြင်ပြီးစီး၍ ပြန်လည် ပစ္စည်းသယ်ယူရေး လုပ်ငန်းစဉ်အတွင်း စကစခွေးများစွာ အလုပ်ရူပ်နေသည်ကို သတင်းရရှိခဲ့ပါသည်။

လေယာဉ်ကွင်းသို့ rocket များနှင့် ပစ်ခတ်ခဲ့ပါသည်။
လေယာဉ်ကွင်း အနီး အနောက်ဘတ်ရှိ မြောက်လူးကန် ဘုန်းကြီးကျောင်းတွင် အခြေကျနေထိုင်သော စခ များကိုလဲ 60mm motor ဖြင့် ပစ်ခတ်ခဲ့ပါသည်။

ဖြစ်စဉ်အတွင်း

မြောက်လူးကန်ရွာ မှ

စခ၊ရခ၊ပခ
၄ ကောင် ငရဲပြည်အလည်သွားပြီး
၃ ကောင် ထိခိုက်ဒဏ်ရာပြင်းထန်
၈ ကောင် အသေးစား ဒဏ်ရာရရှိ။

နေ့လည် ၁ နာရီ နီးပါးအချိန်တွင်
မြောက်လူးကန်ရှိ ခွေးအလောင်း
ခွေးဒဏ်ရာရများကို လေယာဉ်ကွင်းတစ်ဆင့် သယ်ဆောင်ပြီး ပခုက္ကူ ဆေးရုံ သို့ ပို့ဆောင်သည်ဟု သိရရှိရပါသည်။


#Southern Local PDF တပ်ပေါင်းစု

#Southern YSO PDF
#ဒေါင်းညီနောင်
#Yesagyo Revolution Group (YRG)
#ပြည်သူ့အားမာန် PDF
#King Cobra    
#ဒေါင်းစစ်သည် နှင့်
#ပခုက္ကူမြို့နယ်ပကဖလက်နက်ကြီးတပ်ဖွဲ့(cobra one)
#ပခုက္ကူမြို့နယ် တပ်ရင်း(၁)ပကဖ
#Coloum One ပြည်ကာကွယ်ရေးတပ်ဖွဲ့
#BA NYEIN GUERRILLA FORCE
#ဧရာဒေါင်းနှင့်ဧရာဒေါင်းတပ်စိတ် PLO YOUNG FORCE

တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပါသည်။
ပခုက္ကူမြို့နယ် ⚠️

ရေပြင်

ပခုက္ကူမြို့နယ် ရွှေတန်းတစ်ရွာသို့ စစ်ခွေး သင်္ဘော ၅ စီးရောက်ရှိနေကြောင်း သိရပါသည်။

#3SM
Jul -6 , 7:05PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
ပခုက္ကူမြို့နယ် ⚠️ ရေပြင် ပခုက္ကူမြို့နယ် ရွှေတန်းတစ်ရွာသို့ စစ်ခွေး သင်္ဘော ၅ စီးရောက်ရှိနေကြောင်း သိရပါသည်။ #3SM Jul -6 , 7:05PM 📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ်ရွှေတန်းတစ် ရွာ သို့ ရပ်နားခဲ့ သော စစ်ခွေး သင်္ဘော ၅ စီးမှာ အောင်သာ ဖြစ်၍ အထက်သို့ဆန်နေကြောင်း သိရပါသည်။

#3SM
Jul -6 , 7:23PM
📬 သတင်းပေးပို့ရန်@myaing3starbot
Forwarded from YayPyin (ရေပြင်) (Henry)
ချင်းတွင်း ရေပြင်

ရွှေတန့်တစ်ရေလယ်တွင် ရပ်နားခဲ့သော စခသင်္ဘော (၅)စီး သည်အထက်ဘက်သို့ဆန်တက်နေပြီဖြစ်ကြောင်းသိရ။

#Yaypyin
Jul 6, 7:43PM
📫သတင်းပို့ရန် @Yaypyin0bot
Forwarded from YayPyin (ရေပြင်) (Henry)
ချင်းတွင်း ရေပြင်

အောက်ဘက်မှဆန်တက်လာသော စခသင်္ဘော(၄)စီး တွဲတွန်း (၁)စီးနှင့် သံခွန် (၅)စီးအနက် ရှေ့ (၈)စီးသည် မြင်းခြံနယ် ဆိပ်ညံရေတင်ရုံးခွေးဂိတ်သို့ကမ်းကပ်သွားကြောင်းသိရ။

#Yaypyin
Jul 6, 7:57PM
📫သတင်းပို့ရန် @Yaypyin0bot
ပေါက်မြို့နယ် 🔴

ပေါက်မြို့နယ် နတ်ဦးယာဥ် ရွာ ဝန်းကျင်တွင် ပခုက္ကူ တပ်မ ၁၀၁ မှတပ်လာသော စက်တပ်လေထီး (paramotor) ၂ စီးဖြင့် (1:50PM, 2:00PM) အချိန်တို့က လေကြောင်း တိုက်ခိုက်သွားကြောင်း သိရပါသည်။

#3SM
Jul -6 , 8:45PM
📬 သတင်းပေးပို့ရန်@myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် ကမ္မ ပေါ်ရှိ စစ်ခွေး များမှ လက်နက်ကြီး များဖြင့် အရှေ့ မြောက် အရပ်သို့ရမ်းသန်းပစ်ခတ်နေကြောင်း သိရပါသည်။

#3SM
Jul - 6 , 9:28PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူ မြို့နယ် အောင်သာ ပျူရွာမှ စစ်ခွေးများမှ လက်နက်ကြီးများဖြင့် ရမ်း သန်းပစ် ခတ်နေကြောင်း သိရပါသည်။

#3SM
Jul -6 , 9:42PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူကနေ ပေါက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက တိုက်ခိုက်လို့ တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံး၊ လက်နက်တွေ ဆုံးရှုံး၊

ဇူလိုင်လ ၆ ရက်

မကွေးတိုင်း ပခုက္ကူမြို့ကနေ
ပေါက်မြို့နယ်ကို ရိက္ခာပို့၊ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက အလစ်အငိုက်ချောင်း စီးနင်းတိုက်ခိုက်လို့ တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးကာ လက်နက်တွေ ဆုံးရှုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ဇူလိုင်လ ၆ ရက် မနက် ၅ နာရီခန့်က ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနောက်ဘက် ပေါက်မြို့နယ်အစပ်က သာကြီးတောင်ရေနံမြေ အနီးမှာ စစ်အုပ်စုရိက္ခာပို့စစ်ကြောင်းရဲ့ အင်အား ၁၅၀ ခန့်ပါ ရှေ့ပြေးစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“အလွတ်ထိတွေ့ဖြစ်တာ၊ခွေးတွေ တတ်လာတာ မသိတာလို့ ပြောတယ်၊လေးဆယ့်ငါးမိနစ်လောက်ကြာချိန်ရှိတယ်၊ရန်သူဘက်ထိခိုက်တော့ မသိရသေးဘူးဗျ”

တိုက်ပွဲကြာချိန် တစ်နာရီခန့်အတွင်းမှာ တော်လှန်ရေးရဲဘော်သုံးဦးကျဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေဖြစ်တဲ့ သေနတ်လေးလက်နဲ့ကျည်တွေ လည်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ တော်လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးရဲဘော်သုံးဦးရဲ့ဓာတ်ပုံ‌နဲ့လက်နက်ခဲယမ်းပုံတွေ ဖြန့်ထားပြီး  စစ်အုပ်စု တစ်‌ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။

မေလကုန်ပိုင်းကတည်းက ပခုက္ကူမြို့ တပ်မ ၁၀၁ က ထွက်လာပြီး
ပေါက်မြို့နယ်ကို ဦးတည်နေတဲ့ ကားအစီးရေ ရနဲ့ချီ၊ အင်အား ရာနဲ့ချီပါတဲ့ စစ်အုပ်စု စစ်ကြောင်းကဟာ ကမ္မမြို့မှာ တစ်လခန့်ကြာအောင် နေခဲ့ပြီး ဇွန်လ ၂၅ ရက်က ပေါက်မြို့နယ်ဘက်ကို စတင်ထွက်ခွာတာဖြစ်ပြီး ပခုက္ကူနယ်နဲ့ပေါက်မြို့နယ် အစပ်က သာကြီးတောင် ရေနံမြေ‌ စခန်းအနီးကို  ရောက်ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု စစ်ကြောင်းကြောင့် ပခုက္ကူနယ် အနောက်ခြမ်း ကမ္မမြို့နဲ့ ပေါက်မြို့နယ် ရေပြာကျေးရွာ လမ်းတလျောက် ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရတာ တစ်လကျော်လာခဲ့ပြီး စားဝတ်နေရေးတွေ အခက်အခဲရှိနေကြပါတယ်။

မနေ့က မြိုင်နယ်နဲ့ပခုက္ကူနယ် အစပ်က အိုရင်းကျေးရွာကိုလည်း ပခုက္ကူတပ်မ ၁၀၁ က တက်လာတဲ့ စစ်အုပ်စု စက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့ပါတယ်။

ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနောက်ဘက် ပေါက်မြို့နယ်အစပ်က သာကြီးတောင်ရေနံမြေ အနီးမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်ခံရပြီး ဆုံးရှုံးသွားတဲ့ လက်နက်တွေ/Photo - စစ်အုပ်စု
#MFP
#HlaingInfo
#3SM
Jul -6 , 9:52PM
📬 သတင်းပေးပို့ရန် @myaing3starbot
Forwarded from YayPyin (ရေပြင်) (Ngai gaw Singkaw n Tu ai U ri)
ချင်းတွင်း ရေပြင်

မုံရွာ၊ အုန်းပင်ဆိပ်မှစုန်လာသော စစ်သင်္ဘော(၂)စီး နှင့် တွဲတွန်း(၂)စီးတို့သည် ပေါင်းဝအနီးသို့​ ရောက်ရှိကာ အောက်ဘက်သို့ ဆက်လက် စုန်ဆင်းနေကြောင်းသိရ။

#Yaypyin
Jul 7, 7:38AM
📫သတင်းပို့ရန် @Yaypyin0bot
Forwarded from YayPyin (ရေပြင်) (Henry)
ချင်းတွင်း ရေပြင်

မုံရွာ၊ အုန်းပင်ဆိပ်မှစုန်လာသော စစ်သင်္ဘော(၂)စီး နှင့် တွဲတွန်း(၂)စီးတို့သည် ကျွန်းကြီးသို့​ ရောက်ရှိကာ အောက်ဘက်သို့ ဆက်လက် စုန်ဆင်းနေကြောင်းသိရ။

#Yaypyin
Jul 7, 7:44AM
📫သတင်းပို့ရန် @Yaypyin0bot
Forwarded from YayPyin (ရေပြင်) (Henry)
ချင်းတွင်း ရေပြင်

မုံရွာ၊ အုန်းပင်ဆိပ်မှစုန်လာသော စစ်သင်္ဘော(၂)စီး နှင့် တွဲတွန်း(၂)စီးတို့သည် ပထမဆုံး ပွိုင့်အစီးသည်ဆားခါး သို့​ ရောက်ရှိကာ အောက်ဘက်သို့ ဆက်လက် စုန်ဆင်းနေကြောင်းသိရ။

#Yaypyin
Jul 7, 7:45 AM
📫သတင်းပို့ရန် @Yaypyin0bot
Forwarded from YayPyin (ရေပြင်) (Henry)
ချင်းတွင်း ရေပြင်

မုံရွာ၊ အုန်းပင်ဆိပ်မှစုန်လာသော စစ်သင်္ဘော(၂)စီး နှင့် တွဲတွန်း(၂)စီးတို့အနက်ပထမဆုံး ပွိုင့်အစီးသည်ခွန်သာရွာဖြတ်၍ နောက်ဆုံးအစီးသည် ဆားခါး သို့​ ရောက်ရှိကာ အောက်ဘက်သို့ ဆက်လက် စုန်ဆင်းနေကြောင်းသိရ။

#Yaypyin
Jul 7, 8:04AM
📫သတင်းပို့ရန် @Yaypyin0bot
Forwarded from YayPyin (ရေပြင်) (Henry)
ချင်းတွင်း ရေပြင်


မုံရွာ၊ အုန်းပင်ဆိပ်မှစုန်လာသော စစ်သင်္ဘော(၂)စီး နှင့် တွဲတွန်း(၂)စီးတို့အနက်ပထမဆုံး ပွိုင့်အစီးသည် နှောကူးတို့ဖြတ်၍အောက်ဘက်သို့ဆက်လက်စုန်ဆင်နေကြောင်းသိရ။

#Yaypyin
Jul 7, 8:08AM
📫သတင်းပို့ရန် @Yaypyin0bot
ချင်းတွင်း ရေပြင်


မြင်းခြံနယ် ၊ ဆိပ်ညံရေတင်ရုံးခွေးဂိတ်သို့ညအိပ်ကမ်းကပ်ခဲ့သောစခသင်္ဘော(၁၈)စီးသည် ရေစကြိုမြို့နယ် နန်းဦးရွာနားသို့ရောက်ကာအထက်ဘက်သို့ဆန်တက်နေကြောင်းသိရ။

#Yaypyin
Jul 7, 8:58AM
📫သတင်းပို့ရန် @Yaypyin0bot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့ နယ် ကမ္မ စကျင်းကုန်း မှ စစ်ခွေးများမှာ ပခုက္ကူမြို့နယ် ရေလာကြီးရွာ ဝန်းကျင်တွင် ရောက်ရှိခဲ့ပြီး ပခုက္ကူမြို့နယ် ကမ္မ စကျင်းကုန်းဘက်သို့ပြန်လယ်ရောက်ရှိသွားကြောင်း သိရပါသည်။

#7SM
Jul-7 , 2:56PM
📬 သတင်းပေးပို့ရန်

https://t.me/https7starmyaing
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့နယ် အောင်သာ ပျူရွာ မှ စစ်ခွေးများမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း သိရပါသည်။

#3SM
Jul-7 , 5:26PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် အတွင်းမှာ ရိက္ခာ ရှာထွက်လာသော စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခြင်းကြောင်း ရဲ တစ်ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိ

ဇူလိုင် ၇  ၂၀၂၅

ပခုက္ကူမြို့နယ် ကမ္မ စကျင်းကုန်း မှ ပခုက္ကူမြို့နယ် ရေလာကြီးရွာ ဘက်သို့ ရိက္ခာ ရှာထွက်လာသော စစ်အုပ်စုကို  ရေလာကြီးရွာ မရောက် မှိ တော်လှန်ရေးတပ်ဖွဲ့များ မှ တိုက်ခိုက်ခြင်းကြောင့် ရဲ တစ်ဦးအပါအဝင် စစ်ကောင်စီ တပ်သား၂ ဦး ပါ ထိခိုက်ဒဏ်ရာရှိခဲ့တယ် လို့ ကမ္မ တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးမှ (3 Star Myaing သတင်း ဌာနသို့ပြောကြားပါသည်။

၎င်းတိုက်ခိုက်မှု့တွင် ကမ္မ တပ်ပေါင်းစု ၊ အညာမြေတပ်ပေါင်းစု ၊ မြိုင် ပ.က.ဖ နှင့် P.L.C ပ.က.ဖ တို့မှပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

#ကမ္မတပ်ပေါင်းစု
#3SM
#7SM
Jul-7 , 5:57PM
📬 သတင်းပေးပို့ရန် @myaing3starbot
2