Forwarded from စစ်ခွေးသင်္ချိုင်း
ဆောမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းရရှိ
မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေး ဝင်ရောက်ရာတွင် စစ်ခွေးတပ်ထံမှ MA-1 သေနတ် ၅ လက်၊ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၂ လက်၊ RPG-7 စိန်ပြောင်း ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက် ၊ 5.56 ကျည် ၁၃၉ တောင့် နှင့် G3 ကျည် ၁၀၉ တောင့် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ခွေးတပ်သည် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ အရပ်သား ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လုယက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ မပြုလုပ်နိုင်ရန်အတွက် PDF ခရိုင်စစ်ဌာနများနှင့် တပ်ရင်းတပ်ဖွဲ့များက ဆောမြို့နယ်အတွင်း ကာလရှည် ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
ထို့အပြင် ဆောမြို့နယ် တိုက်ပွဲများအတွင်း စစ်ခွေးဘက်မှ အဓမ္မ ပေါ်တာဆွဲခံရပြီး ပါလာသည့် တပ်သားများအနေဖြင့် မိသားစုနှင့် ပြန်လည်ဆုံတွေ့လိုပါက အမြန်ဆုံး အလင်းဝင်ရောက်ကြရန် မကွေးတိုင်းစစ်ဌာနက သတိပေးထားသည်။ အလင်းမဝင်ဘဲ တိုက်ပွဲအတွင်း ရင်ဆိုင်တွေ့ရှိပါက ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

❤4
Forwarded from 🌈ရောင်နီဦး🌈 (အလင်္ကာ)
“မလုပ်ပါနဲ့ သားရယ်…”
=================================
ကြောက်ရွံ့တုန်လှုပ်နေသော အဒေါ်ကြီးသည် လက်နောက်ပြန်ချည်နှောင်ခံထားရသည့်အကြားမှ မျက်ရည်များဝဲလျက် လူဆိုးများကို တိုးလျှိုးတောင်းပန်နေရှာသည်။
“မလုပ်ပါနဲ့ သားရယ်…၊
ငါ့သားမေးတာ အန်တီ အကုန်ဖြေပါ့မယ်...။”
သူမ၏အသံထဲတွင် အသက်ရှင်လိုသည့် မျှော်လင့်ချက်၊ သားသမီးများကို ပြန်တွေ့လိုသည့် ဆန္ဒနှင့် မိသားစုအပေါ်ထားသည့် မေတ္တာတို့ ရောနှောနေခဲ့သည်။ သို့သော် ထိုတောင်းပန်သံသည် ကြမ်းတမ်းသောနှလုံးသားများရှေ့တွင် မည်မျှပင် နူးညံ့ပါစေ အဖြေမရခဲ့ပေ။
တစ်ချိန်က မိသားစုအတွက် အားထားရာဖြစ်ခဲ့သူတစ်ဦး၏ နောက်ဆုံးအချိန်သည် ထိုသို့သော ကြောက်ရွံ့ဝမ်းနည်းမှုများကြားတွင် ဖြတ်သန်းသွားခဲ့ရရှာသည်။
“မလုပ်ပါနဲ့ သားရယ်…” ဟူသော နောက်ဆုံးတောင်းပန်သံသည်ပင် သူမ၏ မပြောဖြစ်တော့သော စကားများအားလုံးကို ကိုယ်စားပြုနေသကဲ့သို့ ဖြစ်နေသည်။
ဤမှတ်တမ်းသည် လူ့အသက်၏တန်ဖိုး၊ အကြမ်းဖက်မှု၏ နာကျင်ဖွယ်အကျိုးဆက်နှင့် အပြစ်မဲ့သူတစ်ဦး၏ နောက်ဆုံးကြောက်ရွံ့မှုကို မမေ့ပျောက်စေရန် ဝမ်းနည်းကြေကွဲစွာ မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။
ငြိမ်းချမ်းရေးနှင့် သစ္စာတရား တောင်းဆုပြုလွှာ
--------------------------------------------------------------
"ဤကမ္ဘာမြေပြင်ပေါ်တွင် အကြမ်းဖက်မှုဟူသမျှ လုံးဝချုပ်ငြိမ်းကြပါစေ။
လူသားချင်း စာနာထောက်ထားမှု၊ မေတ္တာတရားနှင့် သည်းခံခြင်းတို့ဖြင့် သာယာဝပြောသော လူ့ဘောင်အသိုက်အဝန်းကို တည်ဆောက်နိုင်ကြပါစေ။"
"မျက်စိဒဏ်ရာ၊ ရင်နာစရာဖြစ်စေမည့် မည်သည့်အနိဋ္ဌာရုံဆိုးများကိုမျှ မမြင်ရ၊ မတွေ့ကြရဘဲ၊ အမြဲတမ်း ဘေးဥပဒ်ကင်းရှင်း၍ ငြိမ်းချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။"
"ပြည်သူအပေါင်းတို့၏ စိတ်နှလုံးသည် ငြိမ်းချမ်းခြင်း၊ လုံခြုံခြင်းတို့ဖြင့် အစဉ်ပြည့်ဝလျက် ကောင်းမွန်သောအနာဂတ်ကို လျှောက်လှမ်းနိုင်ကြပါစေခဗျာ...။"
ဝမ်းနည်းခြင်းများစွာဖြင့် - သျှင်ပျို(ဉာဏပဒေသာ)
#အသိပညာရေးဆိုင်ရာပရဟိတဖောင်ဒေးရှင်း
#သျှင်ပျို_ဉာဏပဒေသာ #ဉာဏပဒေသာ

❤4😢4
Forwarded from ༒︎ 𝚆𝙸𝚃𝙽𝙴𝚂𝚂 𝚂𝙲𝙾𝚄𝚃 ༒︎
⚠️မြေပြင်
မြင်းခြံ - မကွေးတိုင်း
ကနီဆိပ်ကမ်းမှချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောသုံးစီးနှင့် ကျောက်စိမ်းတင်ဖလက်ခွံ(၂၄)စီးပါ ရေယာဉ်အုပ်စု၏ရှေ့ပြေးပွိုင့်မှာ မြင်းခြံ ဆိမ့်ညံကမ်း၌ရပ်နားကြောင်း သတင်းရရှိ။
#WES 7:36pm, Aug 19

❤1
🚨ရေစကြိုမြို့နယ်
စစ်ခွေးပြီး သူခိုးသတိထားရန်
ပခန်းကြီးနယ်မြေရဲစခန်းရှိ့ပြီးပခန်းကြီးမြို့ဟောင်းအတွင်းရှိဆိုင်ကယ်သူခိုးဖုန်းသူခိုးများအိမ်အတွင်းထဲထိတအားခိုးယူသောင်းကြမ်းနေပါကြောင်းသတင်းရရှိ။
Aug 19,8:46PM
#7starmyaing
📭သတင်းပေးပို့ရန်@myaing3starbot

❤2
မြိုင် ⚠️
မြိုင်နယ် အနောက်ခြမ်းတစ်နေရာတွင် ကင်းထောက်ဒရုန်း (Scout Drone) ၁စီး ပျံဝဲနေ။
#WaiHin
Aug 19, 08:52 PM

မြိုင်မြို့နယ်စစ်ကြောင်းသတင်း
17.8.2026
မြိုင်မြို့နယ်အနောက်ပိုင်း တောင်စုံရွာမှာ
ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ တောင်စုံရွာနဲ့
အနီးတဝိုက်မှာပဲ ရှိနေပါတယ်။
ဘယ်အချိန် ဘယ်ကို ထွက်ပြီး
စစ်ကြောင်းထိုးမလဲ မသိရတာကြောင့်
စစ်ကြောင်းရောက်ရှိနေရာ
မြိုင်မြို့နယ်အနောက်ပိုင်းမှ မိဘပြည်သူများအားလုံး
သတိဝရိယနဲ့ နေထိုင်ကြဖို့ လိုပါမယ်။
#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Aug 19 , 11:32PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot

❤5
Forwarded from Myingyan Black Tiger (MBT)
Media is too big
VIEW IN TELEGRAM
သတင်းထုတ်ပြန်ချက်။ ။၂၀၂၆ ခုနှစ် ၊ ဩဂုတ်လ (၂ဝ) ရက်
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊မြင်းခြံမြို့မှ ဆီမီးခုံမြို့သို့ ဖောကား(၃)စီး အင်အား (၇၀)ခန့်ဖြင့် ဝင်ရာက်လာသော စကမ တပ်အား ၂၀၂၆၊သြဂုတ်လ (၁၀)ရက်၊နံနက် ၇နာရီ မိနစ်၃၀၌ငါးဇွန်-တံတားဦးလမ်းပိုင်း တစ်နေ့ရာတွင် မိမိတို့ Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်၉တပ်ရင်းနှင့် မဟာမိတ်များဖြစ်ကြသော မန်းလူငယ်အဖွဲ့၊ငါးဇွန် တိုက်နယ်ပကဖ၊ဧရာဝတီတပ်ပေါင်းစု စစ်ကြောင်းတို့မှ လမ်းဖြတ်တိုက်ခိုက်သည်။တိုက်ပွဲကြာမြင့်ချိန် မိနစ် (၃၀)ခန့် ရှိခဲ့ပြီး ၎င်းတိုက်ခိုက်မှုအတွင်း စကမတပ်မှ ငါးဇွန် Drone Team ခေါင်းဆောင် "ဆောင်းငြိမ်းချမ်း"အပါအဝင် (၁၄)ယောက်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။ထိုနောက် ငါးဇွန်မြို့မှ ကား (၇)စီးဖြင့် တပ်ကူလာသော စကမတပ်နှင့် မိနစ် (၃ဝ) ခန့်အကြာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။၎င်းတိုက်ခိုက်မှုများအတွင်း မိမိတို့ဘက်မှ ရဲဘော်နှစ်ဦး ဒဏ်ရာရပြီး အကျဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။တိုက်ပွဲအတွင်းသေဆုံးခဲ့သော စကမ အလောင်းများအား ဖောကားပေါ်တင်၍ မိုးကာများအုပ်ကာ ငါးဇွန်မြို့ပေါ်သို့ သယ်ဆောင်သွားကြသည်။

❤8👍3🫡1
Forwarded from ပုလဲမြေ (ဆက်သွယ်ရေး နှင့် သတင်းပြန်ကြားရေးဌာန)
မိတ္ထီလာ⚠️
နောက်ထပ် မိုးကာအုပ်အလုံပိတ် စခ Sinotruck (25) စီး လမသဖြတ်၍ မြို့ထဲဘက်သို့ အမြန်မောင်းသွား။
#RadioNAS
8:22PM, Aug 20, 2026
နောက်ထပ် မိုးကာအုပ်အလုံပိတ် စခ Sinotruck (25) စီး လမသဖြတ်၍ မြို့ထဲဘက်သို့ အမြန်မောင်းသွား။
#RadioNAS
8:22PM, Aug 20, 2026
❤1
မြိုင်မြို့နယ်စစ်ကြောင်းသတင်း
20.8.2026
မြိုင်မြို့နယ်အနောက်ပိုင်း တောင်စုံရွာမှာ
ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ တောင်စုံရွာနဲ့
အနီးတဝိုက်မှာပဲ ရှိနေပါတယ်။
#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Aug 21 , 6:30AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
20.8.2026
မြိုင်မြို့နယ်အနောက်ပိုင်း တောင်စုံရွာမှာ
ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ တောင်စုံရွာနဲ့
အနီးတဝိုက်မှာပဲ ရှိနေပါတယ်။
#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Aug 21 , 6:30AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
❤2
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
😢2

🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
Aug 21
မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ယနေ့ တော်သလင်းလဆန်း (၈)ရက်နေ့မှာ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဥပုသ်သီတင်းစောင့်နေတဲ့ ပြည်သူတွေကို ရက်ရက်စက်စက်လေယာဉ်နဲ့ ဗုံ-းကြဲတဲ့ကိစ္စ
ကြားသိရတာ ရင်နာစရာသိပ်ကောင်းပါတယ်။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်ချင်တဲ့သူက သာမန်ပြည်သူတွေကို အယုတ်မာဆုံးသ-တ်ဖြတ်ခြင်းဟာ လူမိုက်ဂိုဏ်း တစ်ခု၏ လုပ်ရက်သာဖြစ်တယ်၊ ဒါကြောင့် အကြမ်းဖက် စစ်တပ်နှင့် ထောက်ခံသူများအားလုံးအား ရှုတ်ချပါတယ်။
မင်းအောင်လှိုင်သည် ၎င်းဖြစ်ချင်သော အမြင့်ဆုံးဆန္ဒဖြစ်သည့် သမ္မတ (အတု) ဘဝ ပိုင်ဆိုင်ခဲ့ပြီးဖြစ်သလို ၊ ၎င်း ပြဌာန်းထားသော စစ်မှုထမ်းဥပဒေအရ လေးလေးစားစားလိုက်နာလိုခြင်းမရှိသော ပြည်သူ့ဆန္ဒများကို ဆန့်ကျင်ကာ နေအိမ်များအတွင်းထိ ကျူးကျူးလွန်လွန် လိုက်လံဆွဲခေါ်နေရတဲ့အထိ အဆုံးအစွန်ဘဝ ရောက်ရှိနေပြီဖြစ်သည်။
ထိုကဲ့သို့ အဆုံးအစွန်အထိလုပ်ပိုင်ခွင့်ရယူထားသော မင်းအောင်လှိုင်အဖို့ ဆက်လက်ပြီး ထပ်ရဖို့ရှိသည်မှာ ကျဆုံးမှုများသာ ဖြစ်ပေလိမ့်မည်။ ဤထက်ပို၍ မည်သည့်အရာမျှ ထပ်မံရဖွယ်မရှိတော့ပေ။
မတရားသောအမိန့်အာဏာအောက်တွင် စဉ်းစားဆင်ခြင်တုံတရား ကင်းမဲ့သော Non-CDM များသည်လည်း လောက၏ အပြစ်ပေးမှုများကိုသာထပ်မံရရှိဖွယ်ဖြစ်ပေလိမ့်မည်။
ရက်စက်ယုတ်မာသော စစ်အာဏာရှင်အကြမ်းဖက်အဖွဲ့အစည်း အမြန်ဆုံးကျရှုံးပါစေ....
လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ
#TaungtharNews

မြောင်မြို့နယ်မှာ တရားပွဲကို စစ်တပ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၅ ဦးအထိရှိလာ
TNV/ ဩဂုတ် ၂၁
သတင်း- ငြိမ်း (TNV)
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဥပုဒ်နေ့တရားပွဲကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ကနဦး ၁၀ ဦးကျော်ရှိရာကနေ အခု ၁၅ လောင်း
တွေ့ထားတယ်လို့ မြောင်မြို့နယ် သတင်းမှန်ပြန်ကြားရေး TGRက The Nation Voice ကိုပြောပါတယ်။
မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းမှာ ဥပုဒ်နေ့ သီလယူတရားနာနေချိန် ဩဂုတ် ၂၁ရက် မနက် ၉နာရီကျော်မှာ တံတားဦးကနေ တက်လာတဲ့ တိုက်လေယာဉ်နဲ့ စစ်ကော်မရှင်က နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့
စုံစမ်းသိရပါတယ်။
“ သေဆုံးတာ အလောင်းတွေ့တာ ၁၅ ယောက်ရှိပြီ။ ထိခိုက်ဒဏ်ရာရရှိ များတယ်” လို့ မြောင်မြို့နယ် သတင်းမှန်ပြန်ကြားရေး TGR က ပြောပါတယ်။
ကျောင်းဆောင်အပျက်စီးတွေအောက်ပိနေသူတွေလည်းအများအပြားရှိတယ်လို့လည်း Myaung Gz AirScout အဖွဲ့ကထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ရက် ည၇နာရီဝန်းကျင်ကလည်း မြောင်မြို့နယ် မြောင်- ပရိမ္မကားလမ်းဘေးက လှေတင်ဦးရွာကို စစ်ကော်မရှင်က တိုက်လေယာဉ် သုံးစင်းနဲ့ သုံးကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မြောင် ပညာရေးကွန်ရက် - MEN က စေတနာ့ဝန်ထမ်း ကျောင်းဆရာမတစ်ဦး အပါအဝင် နှစ်ဦး သေဆုံးပြီး ဒေသခံ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၆ခုနှစ် ဇန်နဝါရီလကနေ မတ်လအတွင်း နဘက်ရွာကို လေကြောင်းတိုက်ခိုက်မှုမှာလည်း မွေးကင်းစကလေးအပါအဝင် ရွာခံလေးဦးသေဆုံးခဲ့ပြီး မတ်လ ၂၃ရက်က နဘက်ရွာအနီးက သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်မှုမှာလည်း အမျိုးသားသုံးဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာတွေရရှိခဲ့သလို နေအိမ်အလုံး ၃၀ မီးလောင်ပြာကျခဲ့ပါသေးတယ်လို့ Myaung Gz AirScout အဖွဲ့ကထုတ်ပြန်ထားပါတယ်။

လက်သည်းစိပ်လို့ နာခဲ့ရတဲ့ လက်ထိပ်တွေပါ အမေ
အပျိုရည် ပျက်သွားတဲ့ စာဥ ရယ်
မီးရှို့သတ်ခံလိုက်ရတဲ့ သာဓု ရယ်
ဝလုံးလေးရေးရင်း အသက်ဆုံးခဲ့ရတဲ့
ကြာဥ တို့ညီအမ နှစ်ယောက်ရယ်
ပြာပုံဘေးနားက ရွာသူ ရွာသားတွေရဲ့မျက်ရည်တွေရယ်
ဘယ်လို အဖက်ဆည်ရမလဲ အမေ။
အမေရွတ်ဖို့ မှာတဲ့ မေတ္တာသုတ်ကို
ဒီတိရစ္ဆာန်တွေ နားလည်ပါ့မလားအမေ။
ဒီကောင်တွေ ဘုရားမှန်းသိရင်
သားတို့ ရွာဦးစေတီနဲ့
ဘုန်းကြီးကျောင်းက ပြာကျစရာမှ
မလိုပဲအမေရယ်။
_WAY GYI(နှလုံးသားဖြင့်ရင်း၍)

ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းတရားစခန်း စစ်တပ် ဗုံးကြဲမှု သေဆုံးသူ ၂၀ကျော်လာ
သြဂုတ်-၂၁၊၂၀၂၆/People's Spring
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ဆွဲလဲအိုကျေးရွာဘုန်းကြီးကျောင်းမှာ တရားစခန်းကျင်းပနေတဲ့ ဓမ္မာရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တွေအပါအဝင် သေဆုံးသူ ၂၀ကျော် ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
" ဒီနေ့ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် မြောင်မြို့နယ် ဆွဲလဲအိုကျေးရွာက ဘုန်းကျောင်းကျောင်းတကျောင်းမှာ ပြည်သူတွေ ဥပုသ်နေ့ ဥပုသ်သီလဆောက်တည်နေကြတုန်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေဗုံးကြဲတာ သံဃာတော်တွေအပါအဝင် ပြည်သူတွေ (၂၀) ဦးကျော် သေဆုံးခဲ့ပါတယ်"လို့ ဦးနေဘုန်းလတ်က သူ့ရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။
ဒီကနေ့ ဩဂုတ် ၂၁ရက်ဟာ ဝါတွင်းကာလဖြစ်တဲ့ ဝါခေါင်လဆန်း ၈ရက် ဥပုသ်နေ့ဖြစ်တာမို့ ဆွဲလဲအိုကျေးရွာဒေသခံတွေ တရားနာသီလယူနေကြစဉ်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
"ဓမ္မာရုံတည့်တည့်ကို ကြဲတာ။ ဘုရားခန်းကို ဒဲ့ ကျတာ။ဘုန်းကြီးလည်းပျံလွန်တယ်။ စုစုပေါင်း ဆယ်ဦးကျော် သေဆုံးတယ်"လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
သြဂုတ်၂၁ ရက် မနက်၉နာရီ ဝန်းကျင်က ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းဓမ္မာရုံက တရားစခန်းကိုစစ်တပ်ရဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံးကြဲခဲ့တာလို့ သတင်းရရှိပါတယ်။သံဃာတော်တွေ အပါအဝင် ဒေသခံဥပုသ်သည်တွေ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
(ဗုံးကြဲခံရပြီးနောက်မြင်ကွင်း။
ဓါတ်ပုံ-ပေးပို့ )