ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
684 photos
64 videos
517 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
Forwarded from Spring CrowdFund (SCF)
"စစ်ကိုင်းရေဘေး ဖေးမစာနာကူညီပေး" ကမ်ပိန်းအတွက် SCF တွင် လှူဒါန်းထောက်ပံ့နည်းလမ်းညွှန်

https://app.springcrowdfund.org//c/i1Y1jk

#SpringCrowdFund #SCF
3
ကြီး စစ်ကြောင်းမှ ဒဏ်ရာရ စစ်အုပ်စုတပ်သားများကို ကျောက်ထုသို့ ပို့ဆောင်ပြီး တပြင်းစစ်ကြောင်းတပ်သားများဖြင့် ထပ်မံအင်အားဖြည့်

သြဂုတ် ၁၂၊၂၀၂၆၊ ကျောက်ထု

ယောဒေသ ဆောမြို့နယ်၊ကျောက်ထုမြို့နယ် ကြီးရွာတွင် ရောက်ရှိနေသည့် ဗိုလ်ကြီးဇော်သူရ စစ်ကြောင်းမှ ဒဏ်ရာရတပ်သားများကို ယနေ့ နေ့လည်ပိုင်းမှာ ကျောက်ထုမြို့ဖက်သို့ ပိုဆောင်ခဲ့ကြောင်း သိရသည်။ထို့အစားနှင့် ပြုန်းတီးအင်အားများအတွက် ယမန်နေ့ညက မိအယ်ရွာတွင်ညအိပ်ခဲ့သည့် တပြင်းစစ်ကြောင်းမှ တပ်သားများဖြင့် ထပ်မံအစားထိုးဖြည့်တင်းပေးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

" မိအယ်မြောက်ဖက်က နှော်ချောင်းတံတားမှာ အချိန်းပြောင်း လုပ်ကြတာပါ၊ ကြီးဖက်က အထမ်း ၉ ထမ်းနဲ့ တပ်သား ၅ ဦးရောက်လာပြီး မိအယ် (ပန်းဆန်-ကျောက်ထု)ဖက်ကလာတာက စစ်သား ၆၅ ဦးပါတယ်၊နောက်ပြီး ၃ ဘီးဆိုင်ကယ်တစီး၊နွားလှည်းတစီး၊ဆိုင်ကယ်တစီးနဲ့ လာကြိုတာပါ" ဟု အနီးကပ်သောင့်ကြည့်နေသည့် ဒေသတွင်းစစ်သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောသည်။

ကြီးစစ်ကြောင်းမှ ဒဏ်ရာရစစ်သည်များကို ယနေ့နေ့လည်ပိုင်းမီာ မိအယ်ရွာမြောက်ဖက် ဒေသအခေါ် နှော်ချောင်းတံတားမှာ ယမန်နေ့ညက မိအယ်ရွာတွင် ညအိပ်ခဲ့သည့် တပြင်းစစ်ကြောင်းမှ စစ်သည် ၆၅ ဦးဖြင့် ထပ်မံအစားထိုးအင်အားဖြည့်တင်းပေးခဲ့တာဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရစစ်သည်များကို အထမ်း ၉ ထမ်းဖြင့် နှော်တံတားအထိ ပို့ဆောင်ပေးတာဖြစ်ပြီး ပန်းဆန်ရွာဖက်မှချောဆွဲခေါ်ယူလာသည့် ၃ ဘီးဆိုင်ကယ်တစ်စီး၊နွားလှည်းတစ်စီးတို့ဖြင့် ပြန်လည်တင်ဆောင်မောင်းနှင်သွားခဲ့ကြရာ ယခုအခါ ပန်းဆန်ရွာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ ယနေ့နံနက်ပိုင်းက ငလွန်းရွာမှတဆင့် နသိုးရွာဖက်ကိုထွက်လာကြိုသည့် အင်အား ၆၀ ပါစစ်ကြောင်းသည်လည်း ပန်းဆန်ရွာတွင်ရောက်ရှိနေကြပြီး ဖြစ်ကြောင်းနှင့် ကျောက်ထုမြို့ဖက်သို့ မည်သည့်လမ်းမှ ပြန်လည်ဝင်ရောက်မည်ကို မသိရသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့်ရက်အနည်းငယ်က ယောချောင်းရေမြင့်တက်တိုက်စားမှုကြောင့် ပန်းဆန်-ဂုံဖိုကြားရှိ ပန်းဆန်တံတားသည် ရေစီးဖြင့်မျောပါထားခဲ့သည်ကြောင့် ကျောက်ထုမြို့ကို ယခုလာကြိုရာလမ်း နသိုး၊ငလွန်းဖက်အတိုင်း ပြန်ဝင်ရမည်ဖြစ်သကဲ့သို့ ယောချောင်းကို လက်ပသ်ကူးကာ ဂုံဖိုရွာဖက်မှလည်း ပြန်လည်ဝင်ရောက်နိုင်ကြောင်း သိရသည်။

တပြင်းရွာမှ ယမန်နေ့ကထွက်ခွာလာသည့် ဗိုလ်ကြီးသီဟအောင်၏အင်အား ၁၃၀ ကျော်ပါစစ်ကြောင်းသည် အထက်ဖော်ပြပါ အခြေအနေများအရ ကြီးရွာသို့ ၆၅ ဦးစေလွတ်အင်အားဖြည့်ပေးခဲ့ပြီးဖြစ်ကာ ကျန်အင်အားကို ကျောက်ထုမြို့ ၃၆၈ တပ်သို့သွားရောက်ပူးပေါင်းရမည်ဖြစ်ကြောင်း သိရသည်။

မေလ ၁၅ ရက်ကတည်းက အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေခဲ့ကြရသည့် တပြင်းရွာပြည်သူများအနေဖြင့်လည်း မိမိတို့ရွာအတွင်းသို့ အစောတလျင်ဝင်ရောက်ခြင်းမပြုလုပ်ကြရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ခွင့်ပြုချက်ရရှိမှာသာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ကြပါရန် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံသတိပေးထားကြောင်း သိရသည်။

#ဒဏ်ရာ
#စွန့်ခွာထွက်ပြေး
#ခွင့်ပြုချက်
#တော်လှန်ရေးတပ်ဖွံ

ပုံ-ယခုနှစ် ရေစီးဖြင့်မျောပါသွားသည့်ပန်းဆန်တံတား

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Aug 12 , 4:43PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
စ-စ်-ရေး သတင်းထုတ်ပြန်ချက်..
၈ရက်၈လ၂၀၂၆ ခုနှစ်
ကျောက်ပန်းတောင်း နယ်အနောက်ခြမ်း ရှိကျေးရွားများအား မီးရှို့ဖျက်ဆီး၍ ပြည်သူပိုင်ဆိုင်ကယ်များကို အတင်းအဓမ္မ သိမ်းယူသွားသော စခ စစ်ကြောင်းသည် ကျောက်ပန်းတောင်းနယ် အနောက်ခြမ်း ကျားနေရိုင်းကျေးရွာသို့ အထိုင်ချရပ်နားချိန်တွင် T.T.A PDF Drone Team နှင့်
Ahnyar Myay Wings Drone တက်ဖွဲ့တို့ပူပေါင်း၍ ညနေ၃နာရီဝန်းကျင်တွင်Drop Boom
၈လုံးကျဲချတိုက်ခိုက်ခဲ့ပါသည် အဆိူပါတိုက်ခိုက်မှုတွင် စခ များ ထိခိုက်သေဆုံးမှုများရှိသဖြင့် တပ်ကူ ကား၉စီးဖြင့်လုံခြုံရေးယူ၍ ထုတ်ခေါ်သွားကြောင်းသိရပါသည်။
#T.T.A PDF Drone Team
#TaungtharNews
2
မြိုင်မြို့နယ်

မြိုင်မြို့နယ် အနောက်ခြမ်း ယာကြီးပြင်ကျေးရွာ အတွင်းသို့ ရောက်ရှိနေ‌သော အကြမ်းဖက် စစ်ခွေး/ပျုခွေး များသည် တောင်ဇုံ‌ကျေးရွာဘက်သို့ ဦးတည်ထွက်ခွာနေပြီး မှန်ရင်းကျေးရွာအတွင်းသို့ ရောက် ရှိနေသော ခွေးစစ်ကြောင်းမှာလဲ အနောက်တောင်ဘက်သို့ စတင်အထွက်ပြနေကြောင်းသိရ။

📡ရဲရင့်ဌာနေ...🦚မိုးကြိုးအင်အားစု🌿...ပြည်သူ့အကျိုးပြု လေကြောင်းကင်းထောက်/သတင်းမှန်ပြန်ကြားရေးအဖွဲ့ (မြိုင်)...။

#MRSN
Aug 12 ,5:25PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
ကိုယ် လျှောက်တဲ့လမ်းက
မှန်ကန်နေရင်
ကျန်ခဲ့တဲ့ခြေရာတောင်
သိက္ခာရှိတယ်...။

Aug 12,5:28PM
#7starmyaing
📭သတင်းပေးပို့ရန်@myaing3starbot//@ArrDanYso2234
1
မြိုင် ⚠️

မြိုင်နယ်တောင် ခြမ်း ဖြတ်၍ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁စီး မြောက်အရပ်သို့ ပျံသန်း။

#WaiHin
Aug 12, 05:41 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
👍4
လမ်းပိုင်းထုတ်ပြန်ချက်🌈

မြိုင်မြို့နယ် ဘောင်းဘင်ကျေးရွာလမ်းပိုင်း နှင့် သင်းမကျေးရွာလမ်းပိုင်း​ တဲကြီး နသက်လမ်း ဘောဓုံလမ်းပိုင်းနှင့် ခွေးမွေးလမ်းပိုင်းတို့ကို လမ်းပိုင်းများကို လတ်တလောဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေများကြောင့် ဖြတ်သန်းသွားလာခွင့် ပိတ်သိမ်ထားပါသဖြင့် သွားလာခြင်းမပြုလုပ်ကြဖို့နှင့်အရေးကြီးဖြတ်သန်းသွားလာလိုပါက သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများထံသို့ အသိပေး‌အ‌ကြောင်းကြားပီးမှသာ ဖြတ်သန်းသွားလာကြပါရန် အသိပေးနှိုးဆော်အကြောင်းကြားအပ်ပါသည်ခင်များ..

KG.....🦅

𝐀𝐮𝐠/12~6:19𝐏𝐌

ThreeStarMyaing

7StarMyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
1
မိဘပြည်သူများ အားလုံးအား အသိပေးနှိးဇော်ခြင်း 🌈
🙏🙏🙏

စစ်ကြောင်း မြိုင်မြို့နယ်
ယာကြီးပြင်ကျေးရွာ မှ
ထွက်ခွာလာပါသဖြင့် မြိုင်နယ်- ပေါက်နယ်-  အစရှိသည့် ကျေးရွာနေပြည်သူများ အား ကြိုင်တင် အသိပေးအပ်ပါသည်။
မိမိ ရိက္ခာ ခွေးရိက္ခာ မဖြစ်စေရန်နှင့် မိမိအသက် အန္တယ်ရယ် ကြိုတင်ကာကွာသောအားဖြင့် စစ်ခွေးအပေါင်းအပါများနှင့် စစ်ခွေးများနှင့်လွတ်ကင်းရာသို့ ရှောင်ရှားသွားလာကြပါရန် အသိပေးနှိးဇော်အပ်ပါသည်။

A~3......🦅

𝐀𝐮𝐠/12~6:20𝐏𝐌

ThreeStarMyaing

7StarMyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
3👍1
မြိုင်မြို့နယ်

မြိုင်မြို့နယ် အနောက်ခြမ်း ယာကြီးပြင်ကျေးရွာ အတွင်းသို့ ရောက်ရှိနေ‌သော အကြမ်းဖက် စစ်ခွေး/ပျုခွေး များသည် တောင်ဇုံ‌ကျေးရွာဘက်သို့ ဦးတည်ထွက်ခွာနေပြီး မှန်ရင်းကျေးရွာအတွင်းသို့ ရောက် ရှိနေသော ခွေးစစ်ကြောင်းမှာလဲ အနောက်တောင်ဘက်သို့ စတင်အထွက်ပြနေကြောင်းသိရ။

📡ရဲရင့်ဌာနေ.......🦅

#MRSN

𝐀𝐮𝐠/12~6:22𝐏𝐌

ThreeStarMyaing

7StarMyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
2👍1
မြိုင်မြို့နယ် စစ်ကြောင်းနဲ့ လေကြောင်းသတင်း
12.8.2026

ယနေ့ညနေ 3:00 ကျော်ခန့်က
မြိုင်မြို့မြို့နယ်အနောက်ပိုင်း မှန်ရင်းရွာနဲ့
ယာကြီးပြင်ရွာက ထွက်တဲ့
စစ်ကောင်စီ ရှေ့ပြေးတပ်တွေဟာ
ညနေ 6:00 ဝန်းကျင်မှာ
တောင်စုံရွာကို ရောက်ရှိနေပြီလို့ သိရပြီး

ယနေ့ညနေ 6:00 ဝန်းကျင်က
မြိုင်မြို့နယ် အနောက်ပိုင်း
တောင်စုံရွာနဲ့ အနီးတဝိုက်ကို
ညောင်ဦးလေဆိပ်မှ Mi 35 တိုက်ခိုက်ရေး
ရဟတ်ယာဉ်တစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (4) ကြိမ်ထက်မနည်း
ပြုလုပ်သွားတယ်လို့ ကနဦးသတင်း သိရပါတယ်။

အခြေအနေအသေးစိတ် မသိရသေးပါ။

WLM...🦅


𝐀𝐮𝐠/12~6:59𝐏𝐌

ThreeStarMyaing

7StarMyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
2
12.8.2026
မြိုင်မြို့နယ်🌈


ပေါက် ကပစ၂၄ကပြန်တတ်ခဲ့တဲ့ခွေးဒရုန်း(1)စီးမြိုင်နယ်တစ်နေရာပျံသန်းဝဲနေ

အညာမြေပြင် 🦚


𝐀𝐮𝐠/12~6:59𝐏𝐌

ThreeStarMyaing

7StarMyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
👍21
ကျောက်ထုမြို့သို့ဆက်သွယ်ထားသည့် ပန်းဆန်-ဂုံဘိုတံတား ရေကြီးရေလျှံမှုကြောင့် ရေစီးဖြင့်မျောပါသွား

သြဂုတ် ၁၂၊၂၀၂၆၊ ကျောက်ထု

ကျောက်ထုမြို့ကို အဓိဆက်သွယ်ထားသည့် ဒေသအခေါ် ပန်းဆန်-ဂုံဘိုတံတားသည် ယခုသြဂုတ်လ ၈ ရင်နေ့က ယောချောင်းရေများမြင့်တက်လာပြီး ရေတိုက်သားမှုကြောင့် ရေစီးနှင့်အတူမျောပါသွားခဲ့ကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မကွေးတိုင်းယောဒေသ ဆောမြို့နယ် ကျောက်ထုမြို့နှင့် ပန်းဆန်ကျေးရွာကြား ယောချောင်းကို ဖြတ်သန်းဆောက်လုပ်ထားသည့် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး၏အဓိကအရေးပါသော ပန်းဆံ-ဂုံဘို တံတားသည် ယခုသြဂုတ်လ ၈ ရက်နေ့မှာ ရေကြီးရေလျှံရေတိုက်စားမှုကြောင့် ရေစီးနဲ့အတူမျောပါသွားခဲ့ကြောင်းသိရသည်။

အဆိုပါတံတားရေစီးဖြင့်မျောပါသွားတာကြောင့် ကျောက်ထုနယ်အပါဝင် အခြားဒေသများအတွက်ပါ ကုန်စည်နှင့် ခရီးသွားလာရေးများ ခက်ခဲနေကြောင်းသိရသည်။

ယောအလင်းတန်း
#MRSN
Aug 12 ,8:57PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
မြိုင်မြို့နယ်

မြိုင်မြို့နယ်အနောက်ခြမ်း ယာကြီးပြင်ရွာသို့ ကျန်ရှိနေသောအကြမ်းဖက် စစ်ခွေးပျုခွေး များသည်၊ ယာကြီးပြင်ရွာရှိ ပြည်သူပိုင် နေအိမ်များအား မီးရှို့နေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
𝐀𝐮𝐠-13, 10:04𝐀𝐌

မြစ်ခြေမြို့နယ်

ညောင်ဦးမြို့နယ် ဗူးဖုရားရေဆိပ်မှ စက်လှေ {၅}စီး ထွက်ခွာလာပြီး၊ ရိက္ခာပါ စက်လှေ{၂}စီးတို့မှာ မြစ်ခြေ သိမ်တော်ခေါင်းရင်ကမ်းနားတွင် ရိက္ခာများချနေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
#7starmyaing
𝐀𝐮𝐠-13, 10:20𝐀𝐌
📩သတင်းပေးပို့ရန်
@Myaing3star
3
မြိုင်မြို့နယ်

မြိုင်နယ် အနောက်ခြမ်းသို့ရောက်ရှိနေသောအကြမ်း‌ဖက်စစ်ကြောင်း ရောက်ရှိနေရာများ  ယာကြီးပြင်ကျေးရွာတွင်စစ်ကြောင်းတစ်ကြောင်း/မှန်ရင်း‌ကျေးရွာတွင် စစ်ကြောင်းတစ်ကြောင်း/တောင်ဇုံ‌ကျေးရွာတွင် စစ်ကြောင်းတစ်ကြောင်း ၎င်း ရွာသုံးရွာလုံးတွင်အကြမ်းဖက်စစ်ခွေးများတပ်ဖြန့်ထားကြောင်းသိရ။

📡ရဲရင့်ဌာနေ...🦚မိုးကြိုးအင်အားစု🌿...ပြည်သူ့အကျိုးပြု လေကြောင်းကင်းထောက်/သတင်းမှန်ပြန်ကြားရေးအဖွဲ့ (မြိုင်)...။

#MRSN
Aug 13 ,10:23AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
မြစ်ခြေမြို့နယ်

ညောင်ဦးမြို့နယ် ဗူးဖုရားရေဆိပ်မှ ထွက်လာသော စစ်ခွေးအင်အားပါ စက်လှေ {၃}စီးနှင့် ရိက္ခာပါ စက်လှေ{၂}စီးတို့သည်၊ မြစ်ခြေ သိမ်တော်ခေါင်းရင်ကမ်းနားတွင် ကမ်းကပ်ထားပြီး၊ မြင်းစာရိက္ခာများ ချပေးခဲ့ပြီး၊ စက်လှေများ ပြန်လှည်ဆုတ်ခွာနေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
#MRSN
Aug 13 ,12:20PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
မြစ်ခြေမြို့နယ်

မကွေးတိုင်းဒေသကြီး၊ မြစ်ခြေမြို့ရှိ {BPI} ခွေးတပ်စခန်းအတွင်းသို့ ယနေ့ ဩဂုတ်လ {၁၃}ရက် နံနက်ပိုင်းတွင် မြင်းစားရိက္ခာအတွက် စပါးအိတ် {၄၅၀}နှင့် ဆန်အိတ် {၅၀}တို့ကို ထပ်မံပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက ပို့ဆောင်ခဲ့သည့် ဆန်အိတ် အလုံး {၅၀}မှာ မြစ်ခြေမြို့ အနောက်ရှစ်မျက်နှာဘုရားအတွင်း၌ တပ်စွဲထားသော စစ်ခွေးပျူခွေးများ စားနပ်ရိက္ခာပြတ်လပ်နေသဖြင့် ပို့ဆောင်ရန်အတွက်ဖြစ်ကြောင်း သတင်းရရှိထားပါသည်။

ထို့အပြင် မြစ်ခြေ {BPI}တပ်စခန်းအတွင်းသို့ မြင်းစားရိက္ခာစပါးအိတ်များကို {၂}ရက်ဆက်တိုက် ပို့ဆောင်ခဲ့ရာ စုစုပေါင်း စပါးအိတ် {၆၉၀}အိတ်အထိ ဝင်ရောက်ပို့ဆောင်ထားကြောင်း သတင်းရရှိထားပါသည်။

#PKK_News
#MRSN
Aug 13 , 2:00PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
6