ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
639 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
မြိုင်⚠️

မြိုင်နယ် အနောက်ခြမ်း တစ်နေရာတွင် မကွေး လေတပ်တက် Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး ပျံဝဲနေ။

#SAS
Jul 27, 05:41 PM
🙏5
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
မြိုင်တွင် စစ်တပ် ရောက်ရှိနေသော သင်းမရွာနှင့် ဂျုတ်ကုန်းရွာ ပတ်ဝန်းကျင်ကို ၂ ရက်ဆက် လေကြောင်းဖြင့် ဗုံးကျဲနေ၊ ကန့်ဘလူတွင်လည်း ယမန်နေ့ ညပိုင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

ဇူလိုင်လ ၂၇ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရောက်ရှိနေသော သင်းမရွာနှင့် ဂျုတ်ကုန်းရွာအနီးတစ်ဝိုက်သို့ စစ်တပ်က ၂ ရက်ဆက် လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်း ပြုလုပ်ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့ ည ၁၁ နာရီခွဲမှ သန်းခေါင်ယံ ၁၂ နာရီခန့်အထိ မြိုင်မြို့နယ်၊ သင်းမရွာနှင့် ဂျုတ်ကုန်းရွာ အနီးတစ်ဝိုက်သို့ တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ်ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈ နာရီမှ ၉ နာရီဝန်းကျင်အတွင်း တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက ၉ ကြိမ်ထက်မနည်း ဗုံးကျဲခဲ့ကြောင်း၊ နံနက် ၉ နာရီ မိနစ် ၄၀ ဝန်းကျင်တွင်လည်း ညောင်ဦးလေဆိပ်မှ တက်လာသော Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးကလည်း ၅ ကြိမ် ထက်မနည်း လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို စစ်ကြောင်းသည် လက်ရှိအချိန်အထိ သင်းမရွာနှင့် ဂျုတ်ကုန်းရွာ အတွင်း၌ ဆက်လက်တပ်စွဲထားဆဲဖြစ်ပြီး နှစ်ရက်ဆက်တိုက် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်မှု အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ၊ ယင်းစစ်ကြောင်းသည် အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများပါ လုပ်ဆောင်နေကြောင်း သိရှိရသည်။

"အခုက စစ်ခွေးစစ်ကြောင်းရှိနေတဲ့ ရွာပတ်ဝန်းကျင်ကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ ပြည်သူတွေလည်း အကုန်တိမ်းရှောင်နေရတုန်းပဲ စစ်ခွေးစစ်ကြောင်းက ဘယ်ကို ဆက်ထိုးမလဲဆိုတာတော့ မသိရသေးဘူး။ အခုထိ ငြိမ်နေသေးတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုစစ်ကြောင်းသည် ဇွန်လ ၂၃ ရက်နေ့မှစတင်၍ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးစဉ် သာစည်၊ နှမ်းဆီကန်၊ မိတ္ထီလာ၊ ဝက်ပုတ်၊ ကုန်းရွာ၊ ထောက်ရှာပင်၊ ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမ၊ ဝါးရင်းချိုင်၊ ကွန်လပ်၊ ဘောတုံနှင့် သံချောင်းကျေးရွာများတွင် အရပ်သားပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၎င်းတို့ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံသော ပြည်သူအားလုံးကို သတ်ဖြတ်နေခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း သင်းမကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဝက်ဖိုးကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အနောက်တောင်ခြမ်းရှိ ကျေးရွာများကိုလည်း စစ်တပ်က ယမန်နေ့ ဇူလိုင်လ ၂၆ ရက်နေ့ ည ၇ နာရီ ၁၂ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကျေးရွာတချို့မှ ပြည်သူများ လေကြောင်း ထပ်မံ တိုက်ခိုက်မှုကို စိုးရိမ်သောကြောင့် တိမ်းရှောင်နေသူများရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကောလင်းမြို့နယ်၊ ဒိုးပင်ရွာကို ၂၀၂၅ ခုနျစ် ဇူလိုင် ၁၄ ရက် ညနေပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့်  ဆီသယ်ယာဉ်များ မီးလောင်ပျက်စီးနေစဉ်။
#KTM
5
မြိုင်နယ်ထဲ ရွာစဥ်ပတ် လူသတ်၊ ပစ္စည်းခိုး၊ မီးရှို့နေသည့် စစ်ခွေး ၂ ကောငအား စစ်ကြောင်းနဲ့ ကွဲကျန်ရစ်ကာ မျက်စိလည်ပြီး အစာငတ်ပြတ်၊ ဖျားနာနေချိန် လက်နက်တွေနဲ့တကွ အရှင်ဖမ်းမိ
 
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်ထဲတွင် ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ ပစ္စည်းခိုး၊ မီးရှို့နေသည့် အာဏာသိမ်း စစ်ခွေးတပ်စစ်ကြောင်းကနေ လူစုကွဲကာ ကျန်ရစ်ခဲ့သည့် စစ်ခွေး ၂ ကောင်ကို လက်နက်တွေနဲ့ တကွ အရှင်ဖမ်းမိခဲ့ကြောင်း မြိုင်နယ် အခြေပြု ဂဠုန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
 
ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေ ထွက်လာပြီး ပေါက်နဲ့မြိုင်နယ်အစပ် ထောက်ရှာပင်ကျေးရွာထဲ စီးနင်းလုယက်ကာ လူသတ်၊ မီးရှို့ပြီး ပြန်ထွက်ချိန် လူစုကွဲကာ ကျန်ရစ်နေခဲ့သည့် စစ်ခွေးတပ်က စစ်ခွေး နှစ်ကောင်ကို အရှင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
 
10
ရေစကြို⚠️

ရေစကြိုနယ် ဖြတ်၍ မိတ္ထီလာ လေတပ်မှ Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁ စီး အနောက်မြောက်အရပ်သို့ ပျံသန်း။

#SAS
Jul 27, 08:09 PM
4
🥷"Dae" (အငယ်ကောင်)🚩⚔️
ရေစကြို⚠️ ရေစကြိုနယ် ဖြတ်၍ မိတ္ထီလာ လေတပ်မှ Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁ စီး အနောက်မြောက်အရပ်သို့ ပျံသန်း။ #SAS Jul 27, 08:09 PM
ပခုက္ကူ⚠️

ပခုက္ကူနယ်ဖြတ်၍ မိတ္ထီလာလေတပ်တက် Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး အနောက်မြောက်အရပ်သို့ ပျံသန်း။

#WaiHin
Jul 27, 08:11 PM
3
မြိုင်⚠️

မြိုင်နယ် အရှေ့တောင်ခြမ်း ဖြတ်၍ မိတ္ထီလာလေတပ်တက် Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး အနောက်မြောက်အရပ်သို့ ပျံသန်း။

#WaiHin
Jul 27, 08:17;PM

သတိပြု မြိုင်
3
မြိုင်⚠️

မြိုင်နယ် အနောက်ခြမ်း တစ်နေရာတွင် မိတ္ထီလာ လေတပ်တက် Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး ပျံဝဲနေ။

#SAS
Jul 27, 08:23 PM
3🙏1
ယောနယ်ကို စစ်ကောင်စီစစ်ကြောင်းတွေဟာ ၂၀၂၆ ခုနှစ် မေလ ဆန်းပိုင်းကတည်းကနေ အလုံးအရင်းနဲ့ ဝင်ရောက်ပြီး ချင်းပြည်နယ်တောင်ပိုင်း ပြန်လည်ရရှိရေးကြိုးစားနေတာဆိုရင် ခုဆို ၃ကြိမ်မြောက်အထိ စစ်ကြောင်း‌တွေ ရောက်ရှိခဲ့ပါပြီဖြစ်ပါတယ်။ ခုဆိုရင် ၃လနီးပါး ရှေ့တန်းမှာ ယောဒေသအတွက် တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေကို ရိက္ခာထောက်ပံ့ပေးကြရအောင်ပါဗျ။ ကျနော်တို့ ရဲဘော်တွေ ရိက္ခာနဲ့ပတ်သက်ရင် ပူပန်မှုမရှိကြရလေအောင် အဝေးရောက်ယောသူယောသားများအနေနဲ့ ဆန်တစ်တင်းလျှင် ၆သောင်းကျပ်နှုန်းနဲ့ တတ်အားသရွေ့ပါဝင်ပေးကြပါအုံးဗျ။ အသက်တွေ ပေးပြီး တာဝန်တွေထမ်းဆောင်နေကြတဲ့ရဲဘော်အတွက် မိမိတို့ရဲ့ ပါဝင်အားဖြည့်မှုဟာ အားဆေးတစ်ခွက်ဖြစ်စေမှာပါဗျ။ အောင်မြင်မှုတွေရရှိဖို့ဆိုရင် ထောက်ပံ့မှု ကောင်းကောင်းလဲ လိုအပ်ပါတယ်။ ဒါကြောင့် လိုအပ်နေချိန်မှာလဲ အတူတူရုန်းပြီး အောင်ပွဲရချိန်မှာလဲ အတူတူပြုံးကြရအောင်ပါ။

လက်ရှိတော့ ကျနော့်ဆီမှာ ၄သိန်း၃သောင်းရရှိနေပြီဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ဆန်တစ်တင်းကို ၆သောင်းနှုန်းနဲ့ ၅ တင်းဖိုးပါဝင်ပါ့မယ်ဗျ။ ကျန်ရှိနေသေးတဲ့ ၇လပိုင်းထဲက ၅ ရက်အတွင်း ဆန်အတင်း တစ်ရာ ရရှိအောင် အတူတူ ရုန်းကြရအောင်ပါဗျ။

ကို ဘကောင်း
27-7-2026
#7starmyaing
📪သတင်းပေးပို့ရန်
@Taungtharnews12/@Myaing3star
6
🛩 မကွေးတိုင်း မြိုင်မြို့နယ်🚁

မြိုင်မြို့နယ် အနောက်ခြမ်း သင်းမကျေးရွာအနီးသို့ တံတားဦးလေတပ်မှ 7:24AM အချိန်တွင် အနောက်မြောက်အရပ်သို့ ပျံတက်လာသော Y-12 Military Transport Aircraft (1)စီးသည် 7:57AMအချိန်မှစ၍ 9:09AM အချိန်ထိ လေကြောင်းတိုက်ခိုက်မူပြုလုပ်ခဲ့ပြီး တံတားဦးလေတပ်သို့ 12:29AM အချိန်တွင် အနောက်အရပ်မှပြန်လည်ဆင်းသက်သွားပြီး တံတားဦး လေတပ်မှ11:30AM (၂) ကြိမ်မြောက် ပျံတက်ခဲ့သော အချိန်တွင် Y-12 Military Transport Aircraft (1) စီး သည် မြိုင်နယ် အနောက်ခြမ်းတွင် 12:01PM အချိန်မှစ၍ 12:41PM အချိန်ထိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်၍ 1:20PM အချိန်တွင် တံတားဦး လေတပ်သို့ အနောက်အရပ်မှဆင်းသက်သွားခဲ့ပြီး တံတားဦး လေတပ်မှ (2:59PM)အချိန်တွင် (၃) ကြိမ်မြောက် ပျံတက်သော Y-12 Military Transport Aircraft (1)စီး သည် မြိုင်မြို့နယ်အနောက်ခြမ်းတွင် 3:33PM အချိန်မှ စ၍ 4:42PM အချိန်ထိ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး 5:20PM အချိန်တွင် တံတားဦး လေတပ်သို့ အနောက်အရပ်မှ ပြန်လည် ဆင်းသက်သွားကြောင်း သိရ....။

📡ရဲရင့်ဌာနေ...🦚မိုးကြိုးအင်အားစု🌿...ပြည်သူ့အကျိုးပြု လေကြောင်းကင်းထောက်/သတင်းမှန်ပြန်ကြားရေးအဖွဲ့ (မြိုင်)...။

Jul 27...8:00AM
#7starmyaing
😢32
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
ကြီးရွာကအမျိုးသမီး ၂ ဦး ရွာနားတဲ ဝက်စာပြန်ကျွေးရာမှ စစ်အုပ်စုတပ်သားများက ဖမ်းဆီးသွား

ဇူလိုင် ၂၇၊၂၀၂၆၊ ကျောက်ထု

ယောဒေသ ကျောက်ထုမြို့နယ် ကြီးကျေးရွာက အမျိုးသမီး ၂ ဦးသည် စစ်ရှောင်နေကြရာမှ မိမိတို့၏ရွာနားလယ်တောတဲသို့ ဝက်စာပြန်ကျွေးစဥ် ကင်းပုန်းဝပ်နေကြသည့် စစ်အုပ်စုတပ်သားများဖြင့်တွေ့ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါသည်။

ယနေ့ နေ့လည်အစောပိုင်းက စစ်အုပ်စုစစ်ကြောင်းရန်ကြောင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းပုန်းအောင်းနေထိုင်နေကြသည့် ကြီးကျေးရွာမှ ပြည်သူအမျိုးသမီး ၂ ဦးတို့သည် ပထမအကြိမ်ရွာမှရှောင်တိမ်းစဥ် ကျေးရွာအနီးရှိ လယ်တောတဲမှာ ချန်ထားခဲ့သော အိမ်မွေး ဝက်များကို အစာကျွေးရန် ပြန်လာစဥ် ယခုလို စစ်အုပ်စုတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံရတာဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရသည့် ကြီးရွာသူ ၂ ဦးသည် အသက် ၅၀ နှစ်ကျော်အရွယ်များဖြစ်ကြပြီး ကြီးကျေးရွာအတွင်းကို ခေါ်ဆောင်သွားခဲ့ကြတာဖြစ်ကြောင်း သိရသည်။

အင်အား ၂၀၀ ကျော်ပါ ကျောက်ထုစစ်ကြောင်းသည် ကြီးကျေးရွာကို ယခုဇူလိုင်လ ၁၈ ရက်နေ့ညနေပိုင်းမှာ စတင်ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး ယခုအချိန်အထိ ဆက်လက်ရှိနေသေးတာဖြစ်ကြောင်း သိရသည်။အဆိုပါစစ်ကြောင်းသည် ရွာမြောက်ဖက် ၁၀ မိုင်ခန့်အကွာက ရွှေအောင်သာရွာသို့ သွားရောက်ရန်ဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ယနေ့နေ့လည်ပိုင်းမှာ ရွာမြောက်ဖက်အရပ်ကို ဒရုန်းများဖြင့် ကင်းထောက်ပျံသန်းမှုတွေပြုလုပ်ခဲ့ပြီး ဗုံးသီး ၂ လုံးကြဲချခဲ့ကြောင်းနှင့် ညပိုင်းအချိန်များတွင် ရွာနီးနားပတ်လည်နေရာများကို လက်နက်ကြီးများ၊သေနတ်များဖြင့် ပစ်ခတ်လေ့ရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

သို့ဖြစ်ပါ၍ ကျေးရွာတွင်း၌ စစ်အုပ်စုစစ်ကြောင်း အလုံးစုံထွက်ခွာခြင်းမရှိပါဘဲ ရွာအတွင်းဝင်ရောက်ခြင်း၊ ရွာအနီးချဥ်းကပ်ခြင်းများကို မပြုလုပ်ကြရန်၊ စစ်အုပ်စုအနီးအနား၌ နေထိုင်သွားလာခြင်းမပြုလုပ်ကြရန် လိုအပ်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။

ပုံ- ကြီးကျေးရွာ

@မင်းဒဿ
ယောအလင်းတန်း
#7starmyaing
📪သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
😢31
တောင်တွင်း-ပြည် လမ်းပိုင်းရှိ ၁၀၃ တပ်ရင်းနှင့် စစ်ဆေးရေးဂိတ်ကို ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇူလိုင် ၂၇

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်း-ပြည် လမ်းပိုင်းရှိ ၁၀၃ တပ်ရင်းနှင့် စစ်ဆေးရေးဂိတ်ကို ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း တောင်တွင်းကြီး (Rocket Fighter) အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

လွန်ခဲ့သော ဇူလိုင်လ ၂၅ ရက်နေ့ ည ၈ နာရီခန့်တွင် တောင်တွင်း-ပြည် လမ်းမပေါ်ရှိ အဆိုပါ ၁၀၃ တပ်ရင်းနှင့် တပ်ရင်းရှေ့၌ အထိုင်ချ၍ ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည့် စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် လက်နက်ကြီးဗုံးသီးများသည် ၁၀၃ တပ်ရင်းအတွင်းရှိ အဆောက်အအုံ၊ ဘားတိုက်နှင့် စစ်ရုံးခန်းများ အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ ဒဏ်ရာရရှိသူများကို စစ်တပ်က လူနာတင်ကားများဖြင့် ညတွင်းချင်း လာရောက်တင်ဆောင်သွားခဲ့ကြောင်း သိရသည်။

"စစ်တပ်ဂိတ်နဲ့ နီးစပ်တဲ့နေရာတွေမှာ ပြည်သူတွေအနေနဲ့ မနေကြဖို့ပြောချင်ပါတယ်။ အဲ့ တိုက်ခိုက်မှုမှာ စစ်ခွေး ၅ ကောင်လောက်သေတယ်လို့ သိရပေမယ့် ကျနော်တို့ တိတိကျကျတော့ အတည်မပြုနိုင်သေးဘူး။ ထိခိုက်တာကတော့ စစ်ခွေး ၂၀ လောက်ရှိပါတယ်" ဟု တောင်တွင်းကြီး (Rocket Fighter) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ ည ၁၀ နာရီခွဲအထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသန်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြသည်။

ယင်းတိုက်ခိုက်မှုကို တောင်တွင်းကြီး (Rocket Fighter) အဖွဲ့နှင့်အတူ မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နှင့် မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
2👍2
🛩 မကွေးတိုင်း မြိုင်မြို့နယ်🚁

မြိုင်မြို့နယ်အလယ်ကြောတွင် မ
ကွေးလေတပ် ကလခ မှ 5:00PMအချိန်တွင် အနောက်မြောက်အရပ်သို့ ပျံတက်လာသော Y-12 Military Transport Aircraft (1)စီးသည် 5:42PMအချိန်မှစ၍ 7:07AM အချိန်ထိ လေကြောင်းတိုက်ခိုက်မူ့ (၁၀)ကြိမ်တိတိ လေကြောင်းတိုက်ခိုက်မူပြုလုပ်ခဲ့ပြီး တံတားဦးလေတပ်သို့ 12:AM အချိန်တွင် အနောက်အရပ်မှပြန်လည်ဆင်းသက်သွားပါသည်  ...။

📡ရဲရင့်ဌာနေ...🦚မိုးကြိုးအင်အားစု🌿...ပြည်သူ့အကျိုးပြု လေကြောင်းကင်းထောက်/သတင်းမှန်ပြန်ကြားရေးအဖွဲ့ (မြိုင်)...။

Jul 27...8:26PM
#7starmyaing
6👍5
မြိုင်⚠️

မြိုင်နယ် အလယ်ကြော ဖြတ်၍ ကင်းထောက်ဒရုန်း (UAV Scout Drone) ယူဆရ ၁ စီး အနောက်အရပ်သို့ ပျံသန်း။

#SAS
Jul 27, 09:59 PM
4
မြိုင်⚠️

မြိုင်မြို့နယ် ကန်နီ(ပျူ)စခ ခြံမှ ပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ပစ်ခတ်မှုပြုလုပ်နေပါသည်။

#Threestarsmyaing
Jul-27, 10:05pm
1
Forwarded from Wai Hin (ဝေဟင်) (May Taurus)
မြိုင်

မြိုင်နယ် ဖြတ်၍ မိတ္ထီလာလေတပ်တက် Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး အရှေ့တောင် အရပ်သို့ ပျံသန်း။

#WaiHin
Jul 27, 10:19 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
3