ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
639 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
🔴 မြိုင်-မကွေးတိုင်း 

11:51pm (26Jul)

တံတားဦး လေတပ်တက် စစ်ထောက်ပို့တိုက်ခိုက် Y-12  (1)စီး မြိုင်နယ်ပေါ်ပျံဝဲနေ။(7 ကြိမ်မြောက်)

#WES သတင်းပို့ရန် @SCOUT_WES
ရေစကြို-မကွေးတိုင်း 

12:03am (27Jul)

မြိုင်နယ်မှပြန်လာသော တံတားဦး လေတပ်တက် စစ်ထောက်ပို့တိုက်ခိုက် Y-12  (1)စီး ရေစကြိုနယ်ဖြတ်တောင်ဘက်သို့ပျံသန်း။

#WES သတင်းပို့ရန် @SCOUT_WES
ယနေ့ခေတ်ရဲ့ပုံရိပ်

ဘယ်ဆီသွားသွားဆရာတွေ

သူတို့ပြောရင်အတက်ကြီးတွေနဲ့တခါတလေပါဝါပြချင်နေကြတယ်။

ငါသိငါတက်တဲ့လူတွေက တော်လှန်ရေးကဘာတုန်းမေးရင် လက်နက်ကိုင်ပဲသိတဲ့လူတချို့ရယ်။

လက်နက်ကိုင်နဲပေါင်းပြီးပါဝါပြနေသောတချို့လူတွေရယ်။

ကျုပ်တို့ပြည်သူတွေ
ပုဂံသွားပြီး ဘုရားဖူးထွတ်နေရသလိုပဲဗျာ၊ အာနန္ဒာလဲတန်ခိုးကြီး၊ ဘူးဘုရားလဲတန်ခိုးကြီး၊ရွှေစည်းခုံလည်းတန်ခိုးကြီး ၊ဓမ္မရံစေတီကြီးကသမိုင်းဝင်တော့ ဘယ်ဘုရားကများပိုပြီးတော့တန်ခိုးကြီးမလဲတော့မသိဘူး ထိုင်တော့ရှစ်ခိုးနေတာပဲ။

ဘယ်ဘုရားတွေက တန်ခိုးကြီးနေတာလဲတော့မသိဘူး ဆွမ်းများများပိုကပ်ရမှာပဲဗျို့.....။
6
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «ယနေ့ခေတ်ရဲ့ပုံရိပ် ဘယ်ဆီသွားသွားဆရာတွေ သူတို့ပြောရင်အတက်ကြီးတွေနဲ့တခါတလေပါဝါပြချင်နေကြတယ်။ ငါသိငါတက်တဲ့လူတွေက တော်လှန်ရေးကဘာတုန်းမေးရင် လက်နက်ကိုင်ပဲသိတဲ့လူတချို့ရယ်။ လက်နက်ကိုင်နဲပေါင်းပြီးပါဝါပြနေသောတချို့လူတွေရယ်။ ကျုပ်တို့ပြည်သူတွေ ပုဂံသွားပြီး…»
ဧရာဝတီမြစ်ကြောင်း⛴️⛴️⛴️

ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ ခွေးသင်္ဘောများမှာ မြောင်နယ်ဘက်သို့ရောက်ရှိလို့လာပြီး ရမ်းသမ်းပစ်ခက်ကိုက်နေကြောင်း သတင်းရရှိထားပါတယ် မြေပြင်မှရဲဘော်များတော်လှန်ပြည်သူများ ခွေးရန်ဘေးရန်အထူးသတိထားကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည် ။

#Threestarsmyaing
Jul 27. 8:45
📮သတင်းပေးပို့ရန်
@3starmyaingbot
1
"ဂျပန်" ဆိုတဲ့ အသံကြားတာနဲ့ စအိုကြောရှုံ့ တရုတ်၊ အဖေကြီး ပူတင်ဆီ အပူကပ်ပြီး လက်အငှားရိုက်ခိုင်းပြန်ပြီ

​ကလေးတွေ ရန်ဖြစ်ရင် ကိုယ်မနိုင်တဲ့သူကိုတွေ့တာနဲ့ "အဖေ... သူ့ကိုရိုက်၊ သူ့ကိုရိုက်" ဆိုပြီး အဖေ့လက်ကိုဆွဲ၊ ငိုယိုပြီး တိုင်တတ်တဲ့ အကျင့်လေးတွေကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အခုလည်း နိုင်ငံတကာ ဇာတ်ခုံပေါ်မှာ အဲဒီလို ကလေးဆန်ဆန် အဖြစ်အပျက်မျိုးကို မြင်တွေ့နေရပါတယ်။

ဇာတ်လိုက်ကျော်ကြီး တရုတ်ကတော့ "ဂျပန်" ဆိုတဲ့ နာမည်ကြားတာနဲ့တင် စအိုကြောတွေ စိမ့်သွားအောင် ဖျားချင်နေပုံပါပဲ။

​ပြီးခဲ့တဲ့ ဇူလိုင် (၂၄) ရက်နေ့က ကာဂျစ်စတန်မှာလုပ်တဲ့ SCO အစည်းအဝေး ပြင်ပမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရော့ဗ်ကို သွားပြီး ပူဆာပါတော့တယ်။ ဘာတွေများ ပူဆာသလဲဆိုရင် "အစ်ကိုကြီးရယ်... ဂျပန်ကို စစ်ရေးအင်အား ပြန်လည်တည်ဆောက်ခွင့် ဘယ်တော့မှ မပေးပါနဲ့" ဆိုပြီး တတွတ်တွတ် သွားတိုင်ပြောတာပါ။

​တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ အဲဒီလို တိုင်ပြောပြီး မကြာခင် သောကြာနေ့မှာပဲ ရုရှားဘက်ကလည်း သားလေး တရုတ်စိတ်ချမ်းသာအောင် ဂျပန်ပိုင်နက် ဝေဟင်ထဲကို IL-20 ကင်းထောက်လေယာဉ်ကြီး တစ်စီးလွှတ်ပြီး အပျော်တမ်း ကျူးကျော်ဝင်ရောက်ပြလိုက်ပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ "လာပြန်ပြီ တစ်ကောင်" ဆိုတဲ့ ပုံစံနဲ့ တရားဝင် သတင်းထုတ်ပြန်ထားရုံပါ။

​အရင်ကလည်း တရုတ်နဲ့ ဝက်ဝံကြီးတို့ ပေါင်းပြီး ဂျပန်အနီးနားမှာ ကျည်အစစ်တွေနဲ့ ပစ်ဖောက်ပြ၊ အထာပေး ခြောက်လှန့်ပြလုပ်ခဲ့ကြသေးတာပဲလေ။ အခုလည်း ဂျပန်က နျူကလီးယားတွေများ ပိုင်ဆိုင်အောင် ကြိုးပမ်းနေပြီလား၊ စစ်ဝါဒသစ်တွေများ ပြန်အသက်သွင်းနေပြီလားဆိုပြီး တရုတ်ဘက်က ကမ္ဘာကြီးကို လှည့်ပတ်အော်နေပါတယ်။

တရုတ်ရဲ့ နှုတ်ခမ်းဖျားမှာ "စစ်ရေးအင်အား ပြန်လည်တည်ဆောက်မှု" တို့၊ "စစ်ဝါဒသစ်" တို့ဆိုတာ ရေပန်းအစားဆုံး ဝေါဟာရတွေ ဖြစ်နေပါတယ်။ လာဗ်ရော့ဗ်ကလည်း "အေးပါကွာ.. ငါတို့လည်း ဂျပန်ကို အထူးသတိထား စောင့်ကြည့်နေပါတယ်" ဆိုပြီး ပြန်နှစ်သိမ့်ထားရတာပေါ့။

​တကယ်တော့ တရုတ်ဆိုတာ ဂျပန်လို့ ပြောလိုက်တာနဲ့ သမိုင်းကြောင်းအရရော၊ လက်ရှိ မျက်မှောက်ခေတ်မှာပါ ကျောချမ်းနေရတဲ့သူပါ။ ကိုယ်တိုင် မျက်နှာချင်းဆိုင် သွားမရှင်းရဲတော့ ရုရှားရဲ့ လက်ကိုငှားပြီး အငှားအရိုက်ခိုင်းနေရတဲ့ အဖြစ်က သနားစရာကောင်းသလို၊ ရယ်စရာလည်း ကောင်းလှပါတယ်။

​ကဲ...  သူများလက်ငှားပြီး အငှားရိုက်ခိုင်းနေရတာ မြင်ရတဲ့ ပရိသတ်တွေဘက်က ရှက်သဗျို့
#KyawSw

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
1
⚠️မြိုင်-ဝယ်တောင်လမ်းခွဲ

မြိုင်မြို့နယ်အတွင်း ‌စစ်ရေးအ‌ခြေအနေအရ ဗဟင်းရွာရဲ့ အနောက်ဘက် ဆယ်ကုန်းအနီး ဝယ်တောင်ရွာလမ်းခွဲမှ အရှေ့အရပ့်သို့ သွားလာခြင်းလုံးဝမပြုလုပ့်ကျရန် မြိုင်သတင်းချန်နယ် မှ အသိပေး အကြောင်းကြားအပ်ပါသည်။

#MyaingNewsChannel......🦅

Jul 27. 9:45AM

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
1👍1
ဆောမြို့ပေါ်မှ စကစ စစ်ကြောင်း တောင်ဘက်သို့ ထွက်လာနေ။
၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်

ဆောမြို့ ဦးဖိုးလှိုင်ခန်းမမှာ ရှိနေတဲ့ တပ်မ ၉၉ လက်အောက်ခံ စခအင်အား (၇၀)ခန့်ဟာ ဆောမြို့မှတောင်ဘက်သို့ထွက်ခွာလာနေတယ်လို့သိရပါတယ်။ ရှေ့ပွိုင် စခတစ်ချို့နှင့်  Light Truck ကား (၁)စီးတို့ဟာ ရင်းခေါ်ဘုန်းကြီးကျောင်းနားရောက်ရှိနေတယ်လို့သိရပါတယ်။ကားပေါ်မှာလဲ ဒရုန်းနှင်ဆက်စပ်ပစ္စည်းတွေပါ၀င်လာတယ်လို့ သိရှိရပါတယ်။ စခအင်အား (၁၅) ကောင်ခန့်ဟာလည်း ဆောအရှေ့ဘက် ဝိမုတ္တိဘုရားကုန်းပေါ်သို့တက်ရောက်သွားတယ်လို့သိရှိရပါတယ်။

စခတွေဟာ မင်းလယ် ၊ သီးကုန်း ကျေးရွာဘက်တွေရောက်ရှိလာနိုင်တာမလို့  အနီးအနားနေ မိဘပြည်သူ များအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိ အထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်။

Aung Gyi
ယောအလင်း တန်း
#MRSN
Jul 27 , 10:06AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
မြိုင်မြို့နယ်လေကြောင်းတိုက်ခိုက်မှု
27.7.2026

မြိုင်မြို့နယ်အနောက်ပိုင်း
စစ်ကြောင်းရောက်ရှိနေရာ သင်းမရွာအနီးတဝိုက်ကို

ယနေ့မနက် 8:00 / 9:00 ဝန်းကျင်က
တံတားဦးလေတပ်မှ Y 12 စစ်ထောက်ပို့
လေယာဉ်တစ်စီးဖြင့် (9) ကြိမ်

ယနေ့မနက် 9:40 ဝန်းကျင်က
ညောင်ဦးလေဆိပ်မှ Mi 35 တိုက်ခိုက်ရေး
ရဟတ်ယာဉ်တစ်စီးဖြင့် (5) ကြိမ်

စုစုပေါင်း (14) ကြိမ်ခန့် လေကြောင်းတိုက်ခိုက်မှု
ပြုလုပ်သွားတယ်လို့ ကနဦးသတင်းသိရပါတယ်။

အခြေအနေအသေးစိတ် မသိရသေးပါ။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#လေကြောင်းတိုက်ခိုက်မှု
#MRSN
Jul 27 ,  10:43AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3🫡1
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
◼️မကွေးတိုင်း ပကဖ Rocket Fighter စစ်ကြောင်းက 'အတွဲလိုက်ပစ် ရှော့တိုက်ဒုံး' စမ်းသပ်ထုတ်လုပ်အောင်မြင်

၂၇ ဇူလိုင် | နွေဦးအသံ |‌

မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းဒေသအတွင်းရှိ မြို့နယ်တွေမှာ ဒေသတော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်ရေးလှုပ်ရှားနေတဲ့ မကွေးတိုင်း ပကဖ လက်ရုံးတပ် Rocket Fighter စစ်ကြောင်းက အတွဲလိုက်ပစ်ခတ်နိုင်တဲ့ ရှော့တိုက်ဒုံး စမ်းသပ်ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် ကိုယ်တိုင်စမ်းသပ်တီထွင်ခဲ့တဲ့ အတွဲလိုက်ပစ် ရှော့တိုက်ဒုံးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး စမ်းသပ်ပစ်ခတ်ပြထားတဲ့ ရုပ်သံမှတ်တမ်းနဲ့အတူ Rocket Fighter စစ်ကြောင်းက ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ထားတာပါ။

မကွေးတိုင်း ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ပကဖ လက်ရုံးတပ် Rocket Fighter စစ်ကြောင်းဟာ ထုတ်လုပ်မှုပိုင်းမှာလည်း လုပ်‌ဆောင်နေသလို မင်းဘူး၊ ညောင်ဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ပခုက္ကူ၊ မြစ်ခြေ၊ ကျောက်ပန်းတောင်းနဲ့ ပေါက် စတဲ့မြို့နယ်တွေအတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo |‌ Rocket Fighter

©The Voice of Spring
4
မြိုင်⚠️

မြိုင်နယ်တနေရာပေါ်တွင် တံတားဦးလေတပ်တက် Y-12စစ်ထောက်ပို့ ဗုံးကျဲ လေယာဥ် ၁စီး ပျံဝဲနေ။

#WaiHin
Jul 27, 11:59 AM
3
ဟိတ်.....တွေ့ကရနေရာ လေယာဥ်နဲ့ ဗုံးလိုက်ကြဲပြီး စစ်နိုင်တယ်လို့ပြောထွက်တာ ဘယ် ဖာတန်းကလဲ။ 🥴
1
မကွေးဖက်မှ ၁၄ စီးပါစစ်ကားတန်း စလင်းမြို့ဖက်ကိုလာနေ

ဇူလိုင် ၂၇၊ ၂၀၂၆၊မကွေး

မကွေးမြို့ဖက်ကနေ ၁၄ စီးပါစစ်ကားတန်းသည် ဧရာဝတီမြစ်အနောက်ဖက်ရှိ စလင်းမြို့ဖက်ကို ဦးတည်မောင်းနှင်လာနေကြောင်း သိရသည်။

"စကု ကနေ ပွင့်ဖြူကိုဖြတ်ပြီး စလင်းဖက်ကို မောင်းသွားပါတယ်၊ ရိက္ခာကား ၂ စီး ကျန်တဲ့ ၁၂ စီူက စစ်သားတွေအပြည့်တင်ထားပါတယ်၊ ရခိုင်ဖက်ကပြန်လာတဲ့ဟာတွေကို ပြန်ခေါ်လာတာလို့သိရတယ် " ဟု ဒေသတွင်းစစ်သတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောသည်။

မကွေးမြို့ဖက်မှာလာတာဖြစ်ပြီး စကူမြို့ကနေ ပွင့်ဖြူမြို့ကို  ယနေ့နံနက် ၁၁ နာရီ ၃၆ မိနစ်ခန်က ဖြတ်သွားကာ စလင်းမြို့ဖက်သို့ ဦးတည်မောင်းနှင်သွားကြပြီး ကားတန်းပါ စစ်အုပ်စုတပ်သားများသည် ရခိုင်ပြည်နယ်မှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာခဲ့ကြသည့်တပ်သားများဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

စစ်အုပ်စုဖက်မှ ယခု ဇူလိုင်လ ၁၁ ရက်နေ့ကလည်း စလင်းမြို့မှနေ၍ ၃၃ စီူပါစစ်ကားတန်းဖြင့် ယောဒေသ လောင်းရှည်ကပစ ၂၅ ကို ရိက္ခာနှင့် တပ်သားအင်အားများ ပို့ဆောင်ပေးခဲ့ဖူးကြောင်း သိရပါသည်။ထိုအင်အားများဖြင့် ယခုအခါ လောင်းရှည်မြို့မှ ဆောမြို့ဖက်ကို ဝင်ရောက်နိုင်ရန် စစ်ကြောင်းထိုးလှုပ်ရှားနေကြတာဖြစ်ကြောင်း သိရသည်။

အဆိုပါ စလင်းမြို့ဖက်ကိုလာနေသည့် ၁၄ စီးပါစစ်ကားတန်းသည် လောင်းရှည်ကပစ ၂၅ ကိုထပ်မံဝင်ရောက်နိုင်ပါကြောင်းနှင့် စောင့်ကြကြည့်ရမည့်အနေအထားတစ်ခုဖြစ်ကြောင်း စစ်သတင်းရင်းမြစ်မှ ပြောသည်။

ပုံ- အဟောင်း

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Jul 27 ,  3:31PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
ဆောနယ်တနေရာကို စစ်အုပ်စုက လေယာဥ် ၂ စီးဖြင့် ဗုံးအလုံး ၄၀ ကျော်ကြဲချပြီး ရော့ကတ်များဖြင့်ပါပစ်ခတ်တိုက်ခိုက်

ဇူလိုင် ၂၇၊ ၂၀၂၆၊ဆော

ယောဒေသ ဂန့်ဂေါခရိုင် ဆောမြို့နယ်တနေရာကို စစ်အုပ်စုက လေယာဥ် ၂ စီးဖြင့် ဗုံးအလုံးရေ ၄၀ ကျော်ကြဲချပြီး ရော့ကတ်များဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယနေ့ဇူလိုင်လ ၂၇ ရက်နေ့နံနက် ၁၁ နာရီ ၄၄ မိနစ်ခန့်တွင် ဆောမြို့နယ် တနေရာကို မကွေးလေတပ်မှပျံသန်းလာသည့် ဂျက်ဖိုက်တာလေယာဥ်တစ်စီးမှ ရောကတ်များ၊ ပွိုင့်အိတ်စ် (0.8mm)များ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အလားတူ ယနေ့နေ့လည် ၁၂ ရီ ၄၇ မိနစ်ခန့်မှ ၁ နာရီ ၄၀ မိနစ်ခန့်အထိ ဧလာလေတပ်မှပျံသန်းလာသည့် Y 12 စစ်ထောက်ပို့ဘက်စုံသုံးဗုံးကြဲလေယာဥ်တစ်စီးသည် မိနစ် ၅၀ ခန့်ပတ်ပျံဝဲကာ ဆောမြို့နယ်တနေရာကို ဗုံးအလုံးရေ ၄၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

လတ်တလောအခြေအနေအရ လောင်းရှည်မြို့နယ်နှင့် ဆောမြို့နယ်ကြားနေရာများတွင် စစ်အုပ်စုမှ စစ်ရေးလှုပ်ရှားမှုများနေ့စဥ်ရက်ဆက်ပြုလုပ်နေပါသဖြင့် ဒေသခံပြည်သူများ သတိထားကာသွားလာနေထိုင်ပေးရန် သက်ဆိုင်ရာအဖွဲ့များမှ အသိပေးထားကြောင်း သိရသည်။

Vd- အဟောင်း
@မင်းဒဿ
ယောအလင်းတန်း
#MRSN
Jul 27 ,  3:31PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2