ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
မြိုင်

မြိုင်နယ်ဖြတ်၍ ဒရုန်း ၁စီး
အနောက် မြောက် အရပ်သို့ ပျံသန်း။

#WaiHin
Jul 25, 7:58 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
Forwarded from Magway Scout Network
မြစ်ခြေမြို့နယ်


မြစ်ခြေမြို့နယ် အောင်သာပျူရွာသို့ ရောက်ရှိနေသော စစ်ခွေးကား (၂)စီးသည်၊ မန်ကျည်းကန်ပျူရွာဘက်တွင် စစ်ခွေးအင်အားများချထားခဲ့ပြီး၊ ကား(၂)စီးမှာ မြို့ခင်းသာပျူရွာ ဖြတ်၍ ပခုက္ကူမြို့ဘက်သို့ပြန်လည် မောင်းနှင်သွားကြောင်း သိရ။

#MRSN
#PKK_News
𝐉𝐮𝐥-25, 8:09𝐏𝐌
📬သတင်းပို့ရန်@MagwayScoutBot
ရေစကြို - မကွေးတိုင်း⚠️
  
8:10pm (25 Jul)

စကစ Drone (1)စီးရေစကြို အနောက်ခြမ်းဖြတ် အရှေ့တောင်ဘက်သို့ ပျံသန်း။

#WES သတင်းပို့ရန် @SCOUT_WES
Forwarded from Wai Hin (ဝေဟင်) (SaiLaumgKhum💞)
မြိုင်/ရေစကြို ⚠️

မြိုင်/ရေစကြိုနယ် အစပ် တစ်နေရာတွင် ကင်းထောက်ဒရုန်း (Scout Drone) ၁စီး ပျံဝဲနေ။

#WaiHin
Jul 25, 08:11 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
ရေစကြို - မကွေးတိုင်း⚠️
  
8:20pm (25 Jul)

စကစ Drone (2)စီးရေစကြို အနောက်ခြမ်း‌ပေါ် ပျံဝဲနေ။

#WES သတင်းပို့ရန် @SCOUT_WES
တံတားဦး - မန္တလေးတိုင်း

8:33pm(25 Jul )

တံတားဦး လေတပ်မှ Jet Fighter (1) စီး အနောက်ဘက်သို့ ပျံတက်။

 မန်း စစ်ကိုင်း မကွေး ချင်း သတိပြု

#WES သတင်းပို့ရန် @SCOUT_WES
ရေစကြို - မန္တလေးတိုင်း

8:40pm(25 Jul )

တံတားဦး လေတပ်တက်  Jet Fighter (1) စီး ရေစကြိုနယ်ဖြတ် အနောက်တောင်ဘက်သို့ ပျံသန်း။

မကွေး ချင်း ရခိုင် သတိပြု

#WES သတင်းပို့ရန် @SCOUT_WES
ပခုက္ကူ- မန္တလေးတိုင်း

8:40pm(25 Jul )

တံတားဦး လေတပ်တက်  Jet Fighter (1) စီး ပခုက္ကူနယ်ဖြတ် အနောက်တောင်ဘက်သို့ ပျံသန်း။

မကွေး ချင်း ရခိုင် သတိပြု

#WES သတင်းပို့ရန် @SCOUT_WES
2
ပခုက္ကူ⚠️

ပခုက္ကူနယ် အလယ်ကြော ဖြတ်၍ တံတားဦး လေတပ်မှ ဂျက်ဖိုက်တာ ၁ စီး အနောက်တောင်အရပ်သို့ ပျံသန်း။

#SAS
Jul 25, 8:42  PM
📬သတင်းပို့ရန် @SpringAeroScout_Bot
2
ဘုရားပေါ်ပြီးတော့တရားမပေါ်တဲ့နိူင်ငံ

သြကာသဆိုပြီးသြဝါဒမပြနိူင်တဲ့လူတွေကြားထဲ

လူငယ်တွေလူကောင်းမဖြစ်တာ ..မဆန်းပါဘူး။။

//ArrDanYso
5
မြစ်ခြေမြို့နယ်

မြစ်ခြေမြို့နယ် မန်ကျည်းကန်ပျူရွာ ရောက်ရှိနေသော စစ်ခွေးများသည်၊ ရှင်မကန်ပျူရွာသို့ ရောက်ရှိကြောင်း သတင်းရရှိထားပါသည်။ 

အတိအကျကို ဆက်လက်ဆုံစမ်းဆဲဖြစ်သည်။

#PKK_News
𝐉𝐮𝐥-25, 10:00𝐏𝐌
#MRSN
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
25.7.2026

မြိုင်မြို့နယ် အနောက်ပိုင်း
သင်းမရွာနဲ့ ဂျုတ်ကုန်းရွာမှာ ရောက်နေတဲ့
စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ
သင်းမရွာနဲ့ ဂျုတ်ကုန်းရွာမှာပဲ ရှိနေတယ်လို့
သိရပါတယ်။

စစ်ကြောင်းရောက်ရှိနေရာ ဂျုတ်ကုန်းရွာနဲ့
အနီးတဝိုက်ကို
ယနေ့နေ့လည် 1:45 ဝန်းကျင်နဲ့
ယနေ့ညနေ 5:00 ဝန်းကျင်တို့မှာ
ညောင်ဦးလေဆိပ်မှ ဂျိုင်ရိုကော်ပတာသုံးစီးဖြင့်
လေကြောင်းတိုက်ခိုက်မှုတွေ
(6) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့
သိရပြီး
ယနေ့ညဦးပိုင်းမှာလည်း
သင်းမရွာက စစ်ကောင်စီတပ်တွေဟာ
အနီးတဝိုက် ရွာတွေဘက်ကို
120 မမ လက်နက်ကြီးများဖြင့်
ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

နောက်ရက်တွေမှာ ဘယ်ကိုဆက်ပြီး
စစ်ကြောင်းထိုးမလဲ မသိရတာကြောင့်
စစ်ကြောင်းရောက်ရှိနေတာ ကျေးရွာများနဲ့
အနီးတဝိုက်ကျေးရွာများမှ
မိဘပြည်သူများအားလုံး
လက်နက်ကြီးအန္တရာယ်
လေကြောင်းအန္တရာယ်
မြေပြင်စစ်ကြောင်းအန္တရာယ်
အထူးဂရုစိုက်ကြဖို့ အသိပေးအပ်ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်များရဲ့ အန္တရာယ်ကြောင့်
မြိုင်မြို့နယ် အနောက်ပိုင်းနဲ့
မြိုင်မြို့နယ် အနောက်မြောက်ပိုင်းမှ
ဒေသခံပြည်သူအများအပြား
နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jul 26 ,  3:33AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
စစ်အုပ်စုက ကျောက်ထုအမြောက်တပ်သို့ တပ်သားအင်အား၊လက်နက်ခဲယမ်းများ ထပ်မံဖြည့်တင်းပြီး ကျဆုံးအရာရှိအလောင်းနှင့် ထိခိုက်ဒဏ်ရာရ တပ်သားများကို ရဟတ်ယာဥ်များဖြင့်ပြန်သယ်

ဇူလိုင် ၂၅၊၂၀၂၆ ၊ ကျောက်ထု

လတ်တလောစစ်ရေးတင်းမာနေသည့် ယောဒေသ ဆောမြီု့နယ်၊ ကျောက်ထုမြို့ ၃၆၈ တပ်တွင်းကို ယနေ့နေ့လည် ၂ နာရီ ၃၀ မိနစ်အချိန်က MI 17 စစ်ထောက်ပို့ ရဟတ်ယာဥ် ၂ စီးသည် ၅ မိနစ်ခန့် စက်မရပ်ဘဲ ဆင်းဆက်ခဲ့ကြောင်းသိရပါသည်။

ရဟတ်ယာဥ်များသည် မန္တလေးတိုင်းညောင်ဦးလေဆိပ်မှ ပျံသန်းလာခဲ့ကြပြီး ကျောက်ထုတပ်အတွင်းမှာ ရောက်ရှိစုဆောင်းထားသည့် ထိခိုက်ဒဏ်ရာရ စစ်အုပ်စုတပ်သား ၃၀ ဦးနှင့် ရှေ့တန်းတနေရာမှ ဒဏ်ရာရရှိခဲ့ပြီး ကျောက်ထုမြို့ ၃၆၈ တပ်တွင် ယမန်နေ့ ဇူလိုင် ၂၄ ရက်နေ့ညမှာ သေဆုံးသွားခဲ့သည့် အရာရှိတစ်ဦး၏ ရုပ်အလောင်းကိုပါ ပြန်လည်သယ်ယူသွားခဲ့တာဖြစ်ကြောင်း သိရသည်။

ထိုသို့ ရဟတ်ယာဥ်များဆင်းသက်နေစဥ်အတွင်း အနီးနားဝန်းကျင်နေရာများကို Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးဖြင့်ကာဗာပေးပစ်ခတ်ခဲ့ကြောင်းသိရှိရပြီး စစ်အုပ်စုတပ်သား အင်အား ၅၀ ဦးနှင့် လက်နက်ခဲယမ်းများ ချပေးခဲ့ကြောင်း သိရသည်။

ယောအလင်းတန်း
#MRSN
Jul 26 ,  3:33AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
မြစ်ခြေမြို့နယ်

ပခုက္ကူတပ်မ ၁၀၁ မှထွက်ခွာလာသော စခအင်အားပါ ကား ၂စီးသည်မြစ်ခြေမြို့နယ် ရှင်မကန်ပျူရွာသို့ ရောက်ရှိနေကြောင်းသိရ။

#MRSN
Jul 26 ,10:04AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
❝ ကမ္ဘာ့ပထမဆုံး AI ကျင့်ဝတ်သင်တန်း ဘာကြောင့် ပေါ်လာတာလဲ ❞

ပြီးခဲ့တဲ့လက တောင်ကိုရီးယားမှာ AI ကို အလွဲသုံးစားလုပ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ပွက်လောရိုက်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်က AI ခေတ်ရဲ့ အန္တရာယ်ကို ထင်ထင်ရှားရှား ပြသသွားခဲ့တယ်။

အစိုးရရဲ့ Startup အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်နေတဲ့ AI ကုမ္ပဏီတစ်ခုက Website ရဲ့ လုံခြုံရေးအားနည်းချက်ကို အသုံးချပြီး စီးပွားရေးလုပ်ငန်းရှင် အယောက် ၅,၀၀၀ ရဲ့ Email လိပ်စာ၊ လုပ်ငန်းအကြံအစည်တွေ၊အကဲဖြတ်မှတ်ချက်တွေကို ခွင့်ပြုချက်မရှိဘဲ ရယူခဲ့တာ ဖြစ်ပါတယ်။

ဒီလိုအန္တရာယ်တွေ ရှိတယ်ဆိုလို့ AI ကို မကြောက်ပါနဲ့။ AI ကို အလွဲသုံးစားလုပ်တဲ့ လူကိုသာ သတိထားပါ။

AI က ဓားတစ်ချောင်းလိုပါပဲ။
ဆရာဝန်လက်ထဲ ရောက်ရင် အသက်ကယ်နိုင်တယ်။ ရာဇဝတ်သားလက်ထဲ ရောက်ရင် လူသတ်နိုင်တယ်။

ဓားက အပြစ်မရှိဘူး။
အသုံးပြုတဲ့ လူကသာ အရေးကြီးတာပါ။

AI လည်း အတူတူပါပဲ။ စာသင်ပေးနိုင်တယ်။ရောဂါရှာဖွေရာမှာ ကူညီနိုင်တယ်။ မသန်စွမ်းသူတွေကို အထောက်အကူပေးနိုင်တယ်။သုတေသနလုပ်ငန်းတွေကို မြန်ဆန်စေနိုင်တယ်။

ဒါပေမယ့် တစ်ဖက်မှာတော့…
ဟက်ကာတိုက်ခိုက်မှုတွေကို ကူညီနိုင်တယ်။လိမ်လည်မှုတွေလည်း ကျူးလွန်နိုင်တယ်။ အခုဆို လူတစ်ယောက်ရဲ့ အသံကို အတုလုပ်ပြီး ငွေလိမ်တာ၊ မျက်နှာကို အတုလုပ်ပြီး မရှိခဲ့တဲ့ ဗီဒီယိုတွေ ဖန်တီးတဲ့ Deepfake ပြစ်မှုတွေလည်း တစ်နေ့တခြား ပိုများလာနေပါတယ်။

ဒါကြောင့် အနာဂတ်မှာ အရေးကြီးဆုံးက “AI ဘယ်လောက်တော်လဲ” ဆိုတာ မဟုတ်တော့ဘဲ “AI ကို အသုံးပြုတဲ့ လူတွေ ဘယ်လောက်တာဝန်ယူမှုရှိသလဲ” ဆိုတာ ဖြစ်လာပါလိမ့်မယ်။

အထူးသဖြင့် ဆယ်ကျော်သက် လူငယ်တွေကြားမှာ Deepfake ပြစ်မှုတွေ တိုးလာတာကြောင့် AI ကို ဘယ်လိုတာဝန်ယူပြီး အသုံးပြုရမလဲဆိုတဲ့ ပညာပေးမှုတွေ လိုအပ်လာပါတယ်။

နောက်ထပ် ပြဿနာတစ်ခုကတော့ AI ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူနဲ့ မသုံးတတ်သူကြား ကွာဟမှု ပိုကြီးလာတာပါ။

နည်းပညာက အရှိန်အဟုန်နဲ့ တိုးတက်လာသလို လူမှုအသိုင်းအဝိုင်းမှာလည်း စိန်ခေါ်မှုအသစ်တွေ ပိုများလာနေပါတယ်။

ဒီလိုအခြေအနေကြောင့် တောင်ကိုရီးယားက LG AI သုတေသနဌာန (LG AI Research) နဲ့ ယူနက်စကို (UNESCO) တို့ ပူးပေါင်းပြီး ကမ္ဘာ့ပထမဆုံး AI ကျင့်ဝတ် (AI Ethics) သင်တန်း ကို ဖန်တီးလိုက်ပါတယ်။

ဒီသင်တန်းကို ၂ နှစ်ကြာ ရေးဆွဲခဲ့ပြီး နာရီ ၁၀၀ ခန့်ရှိတဲ့ သင်ခန်းစာတွေကို ကိုရီးယားဘာသာအပါအဝင် ဘာသာစကားအမျိုးမျိုးနဲ့ ကမ္ဘာတစ်ဝန်းက လူတိုင်း အခမဲ့ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ အများပြည်သူအတွက် အွန်လိုင်းကနေ တက်ရောက်ခွင့်ပေးမယ်ဆိုရင် ကျမလည်း သင်ယူပြီး စိတ်ဝင်စားသူတွေကို ပြန်လည်မျှဝေပေးပါမယ်။

သင်တန်းထဲမှာ AI ကို လုံခြုံစိတ်ချစွာ အသုံးပြုနည်း၊ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်နည်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ စဉ်းစားသင့်တဲ့အချက်တွေကို လက်တွေ့ဥပမာတွေနဲ့ ရှင်းပြထားတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်က UNESCO ဟာ AI ကျင့်ဝတ်ဆိုင်ရာ အကြံပြုချက်ကို အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံရဲ့ သဘောတူညီမှုနဲ့ အတည်ပြုခဲ့ပေမယ့် လက်တွေ့သင်ကြားပေးမယ့် အစီအစဉ်တော့ မရှိသေးပါဘူး။

အခုတော့ အဲဒီလိုအပ်ချက်ကို တောင်ကိုရီးယားက စတင်ဖြည့်ဆည်းပေးလိုက်တာ ဖြစ်ပါတယ်။

AI ဟာ အနာဂတ်ကို ပြောင်းလဲပေးမယ့် နည်းပညာဖြစ်တာ သေချာပါတယ်။

ဒါပေမယ့် နည်းပညာတိုးတက်ရုံနဲ့တော့ မလုံလောက်ပါဘူး။ လူတွေရဲ့ စိတ်ဓာတ်နဲ့ တာဝန်ယူမှုလည်း တစ်ပြိုင်နက် တိုးတက်လာဖို့ လိုပါတယ်။

AI ကောင်းလား၊ မကောင်းလားဆိုတာ AI က ဆုံးဖြတ်တာ မဟုတ်ပါဘူး။ AI ကို ဘယ်လိုအသုံးချမလဲဆိုတာ လူက ဆုံးဖြတ်တာပါ။

ဒါကြောင့် အနာဂတ်မှာ AI ထက် ပိုအရေးကြီးတာက လူရဲ့ စိတ်ဓာတ်နဲ့ တာဝန်ယူမှု ပါပဲ။

━━━━━━━━━━━━━━

ချစ်ခြင်းမေတ္တာဖြင့်—
မရွှေမိုး- ကိုရီးယား
July 26,2026.

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
4
စီးပွားရေး ပိတ်ဆို့တာ ဒို့မမှုပါ အိမ်မြှောင်ဥတွေ ပေါတဲ့မြေ အက်လဲ့ ...😎😁
2
Forwarded from Khit Thit Media
နေပြည်တော် တပ်ကုန်းတွင် အကြားအာရုံမသန်စွမ်းသူ ကိုအောင်အောင်ကို စစ်တပ်က နေအိမ်အထိ လာရောက်ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းကျောင်းသို့ ပို့ဆောင်၊ နေအိမ်တွင် အသက် ၇ နှစ်အရွယ် သားဖြစ်သူ တစ်ဦး ကျန်ရစ်ခဲ့

ရန်ကုန်၊ ဇူလိုင် ၂၆

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ရွှေသင်ဖြူးရပ်ကွက် (ယခင် GE ကုန်း) တွင် အကြားအာရုံမသန်စွမ်းသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့က နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးကာ စစ်မှုထမ်းသင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ပြီးနောက် အသက် ၇ နှစ်အရွယ် သားတစ်ဦးသာ နေအိမ်တွင် ကျန်ရစ်ခဲ့ကြောင်း ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖမ်းဆီးခံရသူမှာ အသက် ၃၄ နှစ်အရွယ် ကိုအောင် (ခေါ်) ကိုအောင်အောင်ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှ တပ်ကုန်းမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်လာသူဖြစ်ကြောင်း သိရသည်။

ကိုအောင်အောင်သည် အကြားအာရုံမသန်စွမ်းသူ (နားမကြားသူ) တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသဖြင့် အသက် ၇ နှစ်အရွယ် သုံးတန်းကျောင်းသား သားငယ်နှင့်အတူ နှစ်ဦးတည်း နေထိုင်နေသူဖြစ်သည်။

ဇူလိုင် ၂၃ ရက် ည ၈ နာရီခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ခိုင်မြဲအောင်၏ သတင်းပေးမှုဖြင့် အရပ်ဝတ်ဝတ်ထားသည့် စစ်သားများနှင့် ပျူစောထီးအဖွဲ့ဝင်များက ဧည့်စာရင်းစစ်ဆေးမည်ဟု အကြောင်းပြကာ ကိုအောင်အောင်၏ နေအိမ်အတွင်းသို့ ဝင်ရောက်ပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးစဉ်တွင် ကိုအောင်အောင်က အသက် ၇ နှစ်အရွယ် သားငယ်ကို ဖက်ထားပြီး မလိုက်လိုကြောင်း အော်ဟစ်ငြင်းဆန်ခဲ့သော်လည်း စစ်တပ်က ကလေးငယ်ကို ဘေးအိမ်သို့ အတင်းပို့ဆောင်စေပြီး ကိုအောင်အောင်ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဆွေမျိုးတစ်ဦးက ပြောသည်။

“အဲဒီညက လမ်းထိပ်က ဆိုင်တွေတောင် မပိတ်သေးဘူး။ စစ်သားတွေနဲ့ ပျူတွေ အရပ်ဝတ်နဲ့ ရောက်လာပြီး အိမ်ကို ဝိုင်းလိုက်တယ်။ ကလေးကလည်း နေမကောင်းဘူး၊ သူ့အဖေကို အတင်းဖက်ထားတာကို ခွဲပြီး သူ့အဖေကို ဆွဲထုတ်သွားကြတာ။ တစ်ရပ်ကွက်လုံး ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အသံတွေ ကြားနေရတယ်။ ကလေးခမျာတော့ အဲဒီညတစ်ညလုံး တစ်ယောက်တည်း ကျန်ခဲ့ရတယ်” ဟု အဆိုပါ ဒေသခံက ပြောကြားသည်။

ဖြစ်စဉ်ဖြစ်ပွားသည့်ညတွင်ပင် မိသားစုဝင်များနှင့် ဆွေမျိုးများက လိုက်လံစုံစမ်းခဲ့သော်လည်း စစ်ကောင်စီဘက်က တွေ့ဆုံခွင့်မပေးဘဲ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ရုံး၌ လက်ထိပ်ခတ်ထားကာ တစ်ညလုံး ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၄ ရက်နေ့ နံနက်ပိုင်းတွင် မိသားစုဝင်များက အဝတ်အစားများ သွားရောက်ပို့ဆောင်စဉ် စစ်ကောင်စီတာဝန်ရှိသူများက ကိုအောင်အောင်ကို နေပြည်တော်ရှိ စစ်မှုထမ်းသင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းသာ ပြောကြားခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

လက်ရှိတွင် မိဘမဲ့ကျန်ရစ်ခဲ့သည့် အသက် ၇ နှစ်အရွယ် သားငယ်ကို ဆွေမျိုးများက လာရောက်ခေါ်ဆောင် စောင့်ရှောက်ထားရပြီး ရပ်ကွက်အတွင်းရှိ လူငယ်အများစုမှာလည်း စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခံရမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။
3
သတင်းမှားဖြစ်ကြောင်းအသိပေးချက်
26.7.2026

ယနေ့နေ့လည် 12:00 ကျော်ခန့်က
မြိုင်မြို့အနောက်ဘက် ဘော်ဓုံရွာကို
စက်မှု (2) က စစ်​ကြောင်း ပစ်ခတ်ဝင်ရောက်တယ်ဆိုတာ သတင်းအမှားဖြစ်ပါတယ်။

စစ်ကြောင်းဝင်တယ်ထင်ပြီး ရုတ်တရက်
ထပြေးကြရတဲ့ အနီးတဝိုက်ရွာတွေကပြည်သူများ
စိတ်ချလက်ချ ပြန်ဝင်နိုင်ပါကြောင်း
အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#MRSN
Jul 26 ,12:54PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
ဖမ်းဆီးခံပန်းဆန်က ဓားစာခံများပါသည့် ကျောက်ထုစစ်ကြောင်း ကြီးရွာဖက်သို့ဦးတည်ရွေ့လျားနေ

ဇူလိုင် ၂၆၊ ၂၀၂၆ ၊ကျောက်ထု

ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ စစ်အုပ်စုတပ်သားများသည် ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ပန်းဆန်ကျေးရွာသို့ ဝင်ရောက်လာပြီး ရွာအတွင်းရှိ အရပ်သားပြည်သူ ၁၀ ဦးကျော်ကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ပန်းဆန်- ကြီး- ရွှေအောင်သာ ကားလမ်းမကြီး ဝဲယာအတိုင်း မြောက်ဖက်အရပ်ကို ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ယနေ့နေ့လည်ပိုင်းမှာ မိအယ်ကျေးရွာ၏ မြောက်ဖက် ဒေသအခေါ် ညောင်ကားယား ဖက်ကို ရောက်ရှိသွားပြီဖြစ်ကြောင်းသတင်းရင်းမြစ်အရ သိရသည်။

"အခုနေ့လည် ၁ နာရီလောက်က ညောင်ကားယားဖက်မှာ ရောက်နေကြပြီ၊ ဓားစာခံတွေလဲပါတယ်၊ စစ်ကြောင်းအင်အားကိုတော့ မခန့်မှန်းနိုင်ဘူး၊ ကြီးရွာဖက်ကို အင်အားသွာူဖြည့်ဖို့နေမယ် " ဟု ဒေသတွင်းသတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောသည်။

ဓားစာခံများဖမ်းဆီးခေါ်ဆောင်လာသည့် ကျောက်ထုစစ်ကြောင်း (အင်အား စီစစ်ဆဲ)သည် ကြီးကျေးရွာရှိ စစ်အုပ်သုစစ်ကြောင်းသို့ ထပ်မံအင်အားဖြည့်ရန် သွားရောက်နေတာဖြစ်နိုင်ကြောင်း သိရသည်။

ယခုဇူလိုင် ၂၂ ရက်နေ့က ကြီးရွာဖက်ရောက်ရှိနေသည့် စစ်အုပ်စုမှ လူနာလာပို့စဥ်အတွင်း သွားရောက်လက်ခံကြိုဆိုခဲ့သည့် အင်အား ၈၀ ပါစစ်ကြောင်းသည် ကြီးရောက်စစ်အုပ်စုအဖွဲ့ထံ အင်အားဖြည့်တင်းပေးခဲ့ခြင်းမရှိကြောင်းနှင့် ထိခိုက်ဒဏ်ရာရ စစ်ကြောင်းမှူး (ယခုဇူလိုင် ၂၄ ရက်နေ့ည ကျောက်ထုတပ်မှာ သေဆုံးပြီး၊ရုပ်အလောင်းကို ယမန်နေ့ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ ရဟတ်ယာဥ်ဖြင့် ညောင်ဦးမြို့သို့သယ်ယူ) အစား အရာရှိတစ်ဦးကိုသာ အစားထိုး ပေးခဲ့တာဖြစ်ကြောင်း ခိုင်လုံသည့် စစ်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိအနေအထားအရ ဆောမြို့နယ်နှင့် ကျောက်ထုမြို့နယ် နေရာအနှံအပြားတွင် စစ်အုပ်စုဖက်မှ စစ်ရေးလှုပ်ရှားမှုများ အပြင်းအထန်လုပ်ဆောင်နေပါသဖြင့် ဒေသခံပြည်သူများသည် ဝေဟင်၊မြေပြင် စစ်ရေးအခြေအနေများကို သတိရှိကြရန် လိုအပ်ကြောင်း ဒေသတွင်းစစ်ရေးလေ့လာသူများမှ အသိပေး ပြောကြားထားပါသည်။

ယောအလင်းတန်း
#MRSN
Jul 26 , 2:22PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ရေစကြိုနယ် ပခန်းကြီးရဲစခန်းမှ အင်အား (၁၅)ဦးခန့်ပါ ရဲကွန်မန်ဒိုအုပ်စု 5:30pmခန့်က ပခန်းကြီးစည်သူရှင်ဘုရားအရှေ့ဘက်အထိ ကင်းပတ်သွားကြောင်း သတင်းရရှိ။

#WES 6:58pm,Jul 26
7👍3