ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
◼️မလှိုင်မှာ ရဲမှူးကြီးဦးစီး စစ်တပ်စစ်ကြောင်းကို PDF ပကဖ များတိုက်ခိုက်ရာ စကစ ၂ ဦးသေဆုံး၊ ၁၀ ဦးအရှင်မိ

၃ ဇူလိုင် | နွေဦးအသံ |

မန္တလေးဒေသ၊ မလှိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်ရင်း ၈ မှ ဒုတိယရဲမှူးကြီးဦးစီး စစ်ကြောင်းကို PDF ၊ ပကဖ ပူးပေါင်းတပ်တွေက ဇူလိုင် ၂ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁၀ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ သိရပါတယ်။

အိမ်ကြီးတောရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲတပ်ရင်း ၈ မှ ဒုတိယရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီး အင်အား ၁၁၀ ခန့်ပါ စစ်ကြောင်းကို မနက် ၁၁ နာရီ ၂၀ မိနစ်မှ နေ့လယ် ၂ နာရီခွဲအထိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁၀ ဦးလက်နက်ချအညံ့ခံခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီစစ်ကြောင်းထံမှ လက်နက်၊ စိန်းပြောင်းမျိုးစုံ ၂၀ လက်၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းများ၊ ခဲယမ်းမျိုးစုံကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က နွားထိုးကြီးမြို့နယ်၊ အိုးပုံတောရွာနဲ့ အနီးပတ်ဝန်းကျင်ကို ညနေ ၅ နာရီ ၅၀ မိနစ်မှာ Gyrocopter ၂ စီးနဲ့ ၂ ကြိမ်၊ ည ၆ နာရီ ၄၉ မိနစ်မှာ Jet fighter ၁ စီးနဲ့ ၂ ကြိမ်၊ ည ၁၀ နာရီ ၁၆ မိနစ်မှာ Jet fighter ၂ စီးနဲ့ ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောင်သာမြို့နယ်၊ လှည်းကူးမရွာကိုလည်း စစ်ကောင်စီတပ်က ည ၁၀ နာရီခွဲခန့်မှာ နေပြည်တော်လေတပ်မှ တက်လာတဲ့ Jet Fighter ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ စစ်ဆင်ရေးကို စစ်တပ်ရဲ့ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး အနီးကပ်ပစ်ကူပေးခဲ့တဲ့ကြားက မန္တလေးတိုင်းစစ်ဌာန၊ မြင်းခြံခရိုင်စစ်ဌာန ကွပ်ကဲမှုနဲ့ မြင်းခြံခရိုင်စစ်ဌာန တပ်ရင်းများ၊ မိတ္ထီလာခရိုင် တပ်ရင်း ၂၊ မြင်းခြံခရိုင် ပကဖ ၊

နွားထိုးကြီးမြို့နယ် ပကဖ၊ မလှိုင်မြို့နယ် (ပကဖ/ TTA ပြောက်ကျားတပ်ဖွဲ့)တို့က ရဲရင့်ပြတ်သားစွာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း NUG အစိုးရ၊ ကာကွယ်‌ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

©The Voice of Spring
6
ရေစကြို⚠️

ရေစကြိုမြို့နယ် ဖူလုံ ဇရပ်မှ ရေစကြိုမြို့ဘက်ဆီ သွားတဲ့လမ်းများတွင် စခ ကင်းများနှင့်ဖူလုံဇရပ်ရှိ စခများဟာယခုညနေတွင် လမ်းသွားလမ်းလမ်းများအားဖမ်းဆီးခြင်း၊ရိုက်နှက်ခြင်းများပြုလုပ်နေကြောင်းသတင်းရရှိထားပါတယ်။ အနီးအနားရှိပြည်သူများလဲ သတိထားသွားလာကြပါရန်နှင့်စစ်ခွေးအန္တရာယ်ကိုသတိထားကြပါခင်ဗျာ။ စစ်ခွေးများဟာနေရာအနှံ့အပြားနေရာယူထားသောကြောင့်အချိန်မရွေး နေရာမရွေး ဆွဲကိုက်ခံရနိုင်ပါတယ်ခင်ဗျာ။

#Threestarsmyaing
#MRSN
Jul 3 , 07:53PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
📬ယနေ့ကြေးနန်း📬
🕗၃.၇.၂၀၂၆🕗

💯သမိုင်း ဟာ ဖျောက်တိုင်း မပျောက်💯
-ရန်ကုန်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများကို မအလမှ ညချင်းဖြိုချဖျက်ဆီးခဲ့။
(၁)တောင်ဥက္ကလာနယ်၊ပဒေသာဈေးဘက်မှ ရုပ်တု၊(၂)သုမင်္ဂလပန်းခြံထဲမှ ရုပ်တု၊
(၃)သာကေတနယ်၊မြကန်သာပန်းခြံမှ ရုပ်တု များဖျက်ဆီးခံခဲ့ရ။

🐎မြင်းခြံခရိုင်🐎
-နွားထိုးကြီးမြို့မှာ မအလအဖွဲ့တွေနဲ့ပေါင်း စီးပွားရေးသမားအချင်းချင်းချောက်ချ၊ပြည်သူကို ဒုက္ခပေးနေတဲ့ ကိုယ်ကျိုးရှာစီးပွားရေးသမားတွေကို အရေးယူမယ်လို့ နွားထိုးကြီးPDFခေါင်းဆောင် စိုးအောင် ပြော။
-မနေ့က ညနေပိုင်း နွားထိုးကြီးနယ်၊အိုးပုံတောရွာ စက်တပ်လေထီးဖြင့် ဗုံးကျဲချ။‌ကျောင်းသူတစ်ဦးအပါအဝင် ပြည်သူ(၄)ဦးသေ။၅ဦး ထိခိုက်၊နေအိမ်(၁၂)အိမ် ပျက်စီး။ညပိုင်း ဂျပ်ဖိုက်တာဖြင့် ထပ်ကျဲချခဲ့။
-မလှိုင်နယ် စစ်ကြောင်းထိုးတပ်မအလတပ် ဦးကျိုးနောက်ပြန်ခေါက်ပြီး ကျွဲခြံရွာရှိ နေအိမ်များမှ ပစ္စည်းများ ဖောက်ယူနေ။

🪾အညာ စစ်ရေး🪾
-မလှိုင်နယ်၊အိမ်ကြီးတောရွာဘက် စစ်ကြောင်းထိုးလာတဲ့ ရဲတပ်ရင်းစစ်ကြောင်း မြင်းခြံခရိုင်ကွပ်ကဲမှု‌
အောက်တပ်ရင်းများနှင့်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့။
မျက်မြင်(၂)ကောင် ဂိန်၊(၁၀)ကောင် အညံ့ခံ။လက်နက်မျိုးစုံ(၂၀)၊ဒရုန်း၊ခဲယမ်းတွေရခဲ့သည်ဟု မြင်းခြံခရိုင်စစ်ဒေသ ထုတ်ပြန်။
-မင်းဘူးနယ်၊စကုမြို့၊ဥယျာဉ်တံတားထိပ်က မအလဂိတ်ကို ဝင်စီး မီးရှို့ခဲ့သည်ဟု မင်းဘူး-စကု ပကဖ ထုတ်ပြန်။

🕳️သာရေး🕳️
-သရက်ခရိုင်၊မအလ ဒုရဲမှူးပါတဲ့ကားတိုက်ခိုက်ခံရ မြို့နယ်ဦးစီးမှုး(၁)၊ရဲတကောင် လစ်။
-မေ၁၆ရက်ကစ မင်းတပ်၊ကန်ပက်လက်ဘက် စစ်ကြောင်းထိုးခဲ့တဲ့ မအလတပ် ရာနဲ့ချီသေခဲ့။လက်နက် အများအပြားရခဲ့ပြီး စစ်ရေးအသာစီးရခဲ့ဟု ချင်းပြည်သူ့တပ်မတော်(CPA)ထုတ်ပြန်။

👹မ အ လ-မအလ👹
‌-မောင်းတောနယ်၊ကြိမ်ချောင်းဒေသ စစ်သုံ့ပန်းထောင် မအလတပ် ဗုံးကြဲ။ဗက အဆင့် သုံ့ပန်းအပါ (၄)ဦး သေ။
-ဘူးသီးတောင်နယ်၊ဝါချီးလာရွာ ကို မအလတပ် လေယာဉ်ဗုံးကျဲ။(၁၁)နှစ်အရွယ်ကလေးတစ်ဦး
ဘယ်ဘက်ပေါင်ကျိုး ပြင်းထန်ဒဏ်ရာရ။

⚔️စစ်ရေး⚔️
-ဒီ‌မော့ဆိုနယ်၊နန်းမယ်ခုံမြို့ကို မအလတပ် လူလှိုင်းသုံး ထိုးစစ်ဆင်။
-ရေတာရှည်နယ်မှာ မအလတပ် တင့်ကားသုံး ထိုးစစ်ဆင်။
-အင်းတော်နယ်က မအလတပ် မဲဇာတောင်ခြေရောက် ကောလင်း-ဝန်းသိုဘက်က မအလတပ် မဲဇာတောင်ခြေထိ သွားပြီး နှစ်ဖက်ညှပ်ဖို့ပြင်နေ။
-နေပြည်တော် PDF(၈၀၃)တပ်ရင်း စစ်တောင်းမြစ်အရှေ့ခြမ်းက တိုက်ပွဲတွေမှာ ပါဝင်တိုက်နေ။

💥အဝေမတည့် ဖြစ်ကုန်P💥
စလင်းနယ်၊ဆင်ဖြူကျွန်းအနီး တံတားစောင့် မအလတပ် အချင်းချင်းမူးချကြ တစ်ကောင်ဓားထိုးခံရသေ။
မိတ္ထီလာမှာ ပေါ်တာဆွဲ၊ငွေညှစ်နေတဲ့ မအလ ပျူ အချင်းချင်း အဝေမတည့်ပြီး ၄ကောင်အဖမ်းခံရ။

🕸️အထွေထွေ🕸️
-မင်းပြား၊ပေါက်တောမြို့များကို အမည်သစ်ပြောင်းရန် AAစီစဉ်နေ။
-မအလ လက်နက်ပွဲ ခရိုနီကျော်သောင်း မိသားစုပိုင် ကုမ္ပဏီတွေ အရေးယူပိတ်ဆို့ဖို့ Justice for Myanmarအဖွဲ့ တိုက်တွန်း။
-စစ်အာဏာရှင်တွေကို အခါပေးခဲ့တဲ့ ဒေါက်တာဖေဉာဏ် ဘုန်းကြီးဝတ်နဲ့ အသတ်ခံရ။
-ဖားကန့်နယ် မြေစာပုံပြို ၇ဦးထက်မနည်း သေ။

# မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
# ကြေးနန်းသတင်း
#TauntharNews
4👍2🫡1
ရေစကြို⚠️

ရေစကြို ခလရ၂၅၆ ၂၅၇ ၂၅၈မှ ထွက်လာသော စခ ပခများသည် ရေစကြိုနယ် ပေကုန်းရွာနှင့်ဇီးကျွန်းရွာများတွင် တပ်ဖြန့်ထားကြောင်း သတင်းရရှိပါသည်။


မိဘပြည်သူ တော်လှန်ရေးညီအကို မောင်နှမများ စစ်ရေးသတိ စစ်ရေးအသိရှိကြပါရန် နိုးဆော်တိုက်တွန်းပါသည်။

#Threestarsmyaing
#MRSN
Jul 3 , 8:22PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍6
ရေစကြိုမြို့နယ်

ပခုက္ကူလေယာဥ်ကွင်းမှထွက်လာသော အကြမ်းဖက်စစ်ခွေးစစ်ကြောင်းသည်ရေစကြိုမြို့နယ် ကြည့်ကန်တောင်ရွာ ဘုန်းတော်ကြီးကြောင်းတွင်ရောက်ရှိ နေကြောင်းသိရ။


📡ရဲရင့်ဌာနေ...🦚မိုးကြိုးအင်အားစု🌿...ပြည်သူ့အကျိုးပြု လေကြောင်းကင်းထောက်/သတင်းမှန်ပြန်ကြားရေးအဖွဲ့ (မြိုင်)...။


#3starmyaing
Jul 4 , 9:35AM
📬သတင်းပို့ရန်@myaing3starbot
👍122🙏1
🔴 ပေါက် 🔴

ပေါက်နယ် အရှေ့ခြမ်းတနေရာသို့ ညောင်ဦးလေဆိပ်တက် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁စီးဖြင့် (1:27) PM ခန့်အချိန်မှ (1:39) PM ခန့်အချိန်အထိပျံဝဲပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Jul 04, 02:23 PM
😢3
🔴 ပေါက် 🔴

ပေါက်နယ် တနေရာသို့ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁စီးဖြင့် (1:55), (1:57), (2:02) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Jul 04, 02:23 PM
😢4
ချင်းတွင်း ရေပြင်

မုံရွာ၊ အလုံမင်းဒေါင့်ဆိပ်မှ စုန်ဆင်းလာသော စခသင်္ဘော (၂) စီးသည် ရေစကြိုနယ် ပရိမ္မရွာဖြတ်၍အောက်ဘက်သို့ ဆက်လက် စုန်ဆင်းနေကြောင်းသိရ။

#Yaypyin
Jul 5, 8:49AM
သတင်းပို့ရန် @Yaypyin0bot
1👍1
⚠️မြေပြင်

ရေစကြို -မကွေးတိုင်း

ခလရ (၂၅၆)(၂၅၇)(၂၅၈) မှ  စခ အင်အား(၂၀၀)ခန့် ရေစကြိုမြို့ပေါ်ရောက်ရှိ နေကြောင်း  သတင်းရရှိ။

#WES 11:35 am,Jul 5
2👍2
ရေစကြို

ချင်းတွင်းမြစ်ကြောင်းအတိုင်းစုံဆင်းလာတဲ့ စခစ သင်္ဘောများဟာ
ရေစကြိုမြို့နယ် ချင်းယားရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိ ။

#Threestarsmyaing
Jon.5 12:3
📮သတင်းပို့ရန်
@3starmyaing
👍3
ရေစကြို

ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စခစ သင်္ဘောများဟာ
ရေစကြိုမြို့နယ် နန်းဦးရွာ(ကူနီရွာ) သို့ရောက်ရှိနေကြောင်းသတင်းရရှိ ။

#Threestarsmyaing
Jon.5  12:23
📮သတင်းပို့ရန်
@3starmyaing
1
ချင်းတွင်း ရေပြင်

မုံရွာ၊ အလုံမင်းဒေါင့်ဆိပ်မှ စုန်ဆင်းလာသော စခသင်္ဘော (၂) စီးသည် ရေစကြိုနယ် နန်းဦးရွာဖြတ်၍အောက်ဘက်သို့ ဆက်လက် စုန်ဆင်းနေကြောင်းသိရ။

#Yaypyin
Jul 5, 12:29PM
သတင်းပို့ရန် @Yaypyin0bot
👍31
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်ကို စစ်တပ်က ၁၄ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရှိပြီး နေအိမ်များပျက်စီး

ဇူလိုင်လ ၅ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်ကို အကြမ်းဖက်စစ်တပ်က ၁၄ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ နေအိမ်များ ပျက်စီးခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်အဖွဲ့မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်မှစပြီး ညနေ ၅ နာရီ ၂၆ မိနစ်ခန့်အထိကို တံတားဦးလေတပ်မှ တက်လာသော Y-12 စစ်ထောက်ပို့၊ ဗုံးကျဲလေယာဉ် ၁ စီးဖြင့် ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်ကို အကြမ်းဖက်စစ်တပ်က ၁၄ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ထိုသို့အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၅၀ ကျော်အရွယ် အမျိုးသား ၂ ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

"စစ်ရှောင်တွေထိတာပါ။ စစ်ကောင်စီစစ်ကြောင်းက ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်မှာ ရှိနေလို့ လေယာဉ်ဖြင့် ဗုံးလာကျဲတာပါ။  နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်။ ဗုံးက ၁၄ ကြိမ်လောက် ချတယ်" ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်အဖွဲ့မှ ဆရာထွေးက ပြောဆိုသည်။

အလားတူ ဇွန်လ ၁၃ ရက်နေ့ကလည်း ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် နေပြည်တော်လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပြည်သူများနေထိုင်သော နေအိမ်ကျေးရွာများ ပျက်စီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM
2😢2👍1