Forwarded from 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖤𝖭𝖤𝖬𝖸 𝖠𝖨𝖱 𝖲𝖢𝖮𝖴𝖳
ပေါက် - မကွေးတိုင်း⚠️
9:12pm (29 Jun )
စကစ Drone (1) စီး ပေါက်တောင်ခြမ်းဖြတ် အရှေ့ဘက်သို့ ပျံသန်း။
#WES သတင်းပို့ရန် @SCOUT_WES

Forwarded from ပခုက္ကူခရိုင်{သတင်းများ} (🥷ဒေါင်းလေး⚔️🚩)
♦ကမ္မမြို့နယ်♦️
ကမ္မမြို့နယ် ရဲခွေးခြံမှ ဂျိုကြွနေသောရဲခွေးများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။
#PKK_News
🗓️𝐉𝐮𝐧-29-⏰9:39𝐏𝐌
📨သတင်းများပေးပို့ရန်@daunglayio
# ပခုက္ကူခရိုင် {သတင်းများ}
သတင်းချန်နယ်ကြည့်ရှုရန် https://t.me/autagbii

Telegram
ပခုက္ကူခရိုင်{သတင်းများ}
ပခုက္ကူခရိုင် အတွင်းရှိ သတင်းများအား အချိန်နှင့် တပြေးညီ ကြိုးစား၍ တင်ပေးနေပါသည်။
#Link - https://t.me/autagbii
📩 @PKKNewsBot
#Link - https://t.me/autagbii
📩 @PKKNewsBot
♦ပခုက္ကူမြို့နယ်♦️
ပခုက္ကူမြို့နယ်၊ သံဘိုရွာ၏ အရှေ့ဘက် ကြက်စူကန်နားတွင် စစ်ကြောင်း (၁) ကြောင်း၊ သစ်ပုလွေကုန်းရွာတွင် စစ်ကြောင်း (၁) ကြောင်း၊ ဇော်ဂျီတောင် တောရကျောင်းတွင် စစ်ကြောင်း (၁) ကြောင်း ရှိပြီး၊ စုစုပေါင်း စစ်ကြောင်း (၃) ကြောင်း ခွဲ၍ စစ်ရှောင်တဲများအား ဝင်ရောက်ရှာဖွေကာ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိထားပါသည်။
သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
#PKK_News
🗓️𝐉𝐮𝐧-29-⏰5:14𝐏𝐌
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot

❤1
ဂန့်ဂေါ ခလရ (၅၀) တပ်ရင်းမှူးအသစ် Mi-17 ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာ၊ တပ်အင်အားဖြည့်တင်းမှုများ ဆက်လက်ရှိနေဟု သတင်းရ
ဇွန် ၂၉၊ ၂၀၂၆ | ဂန့်ဂေါ
မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) တပ်ရင်းတွင် နှစ်နှစ်ကျော် လစ်လပ်နေသည့် တပ်ရင်းမှူးနေရာအတွက် တပ်ရင်းမှူးအသစ်အား Mi-17 ရဟတ်ယာဉ်ဖြင့် လာရောက်ပို့ဆောင်ခဲ့ကြောင်း တပ်နှင့်နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အဆိုပါ တပ်ရင်းမှူးအသစ်သည် ဇွန်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ဂန့်ဂေါမြို့ရှိ အမတ (၃၇၁) တပ်ရင်းသို့ ဆင်းသက်ခဲ့သည့် Mi-17 ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခလရ (၅၀) တပ်ရင်းတွင် တပ်ရင်းမှူးနေရာ လစ်လပ်နေသည်မှာ တစ်နှစ်ခွဲကျော်ရှိခဲ့ပြီး ထိုကာလအတွင်း ဒုတိယတပ်ရင်းမှူးက ယာယီဦးစီးကွပ်ကဲခဲ့ကြောင်း သိရသည်။ သို့သော် ယာယီတာဝန်ယူထားသည့် ဒုတိယတပ်ရင်းမှူးမှာ ၂၀၂၆ ခုနှစ် မေလအတွင်း တပ်အပြောင်းအရွှေ့ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီးနောက် ယခုအချိန်တွင် တပ်ရင်းမှူးအသစ်အား အစားထိုးခန့်အပ်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဇွန်လ ၂၈ ရက်နေ့က အမတ (၃၇၁) တပ်ရင်းသို့ ဆင်းသက်ခဲ့သည့် Mi-17 ရဟတ်ယာဉ်တွင် ခလရ (၅၀) တပ်ရင်းမှူးအသစ်နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၊ ဒရုန်းအကြီး ၂ စီးနှင့် စစ်ရေးဆိုင်ရာပစ္စည်းအချို့ ပါရှိလာကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါ Mi-17 ရဟတ်ယာဉ်သည် အပြန်တွင် ဂန့်ဂေါမြို့၊ အောင်မြင် (ရှောက်ပင်) ကာကင်းစခန်းမှ တပ်ဖွဲ့ဝင်အချို့နှင့် ဂန့်ဂေါမြို့မှ နယ်ပြောင်းတာဝန်ကျသည့် ဝန်ထမ်းအချို့ကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ အောင်မြင်ကျေးရွာ ကာကင်းစခန်းတွင် ယခင်တာဝန်ကျနေသည့် တပ်ဖွဲ့ဝင်အများစုမှာ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းများမှ ဖြစ်ကြောင်းနှင့် စစ်မှုထမ်းသင်တန်းဆင်း တပ်ဖွဲ့ဝင်အချို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန်လ ၂၉ ရက်နေ့တွင်လည်း ဂန့်ဂေါမြို့ရှိ အမတ (၃၇၁) တပ်ရင်းသို့ Mi-17 ရဟတ်ယာဉ် ဆင်းသက်မှု ၂ ကြိမ် ထပ်မံရှိခဲ့ပြီး ခလရ (၅၀) တပ်ရင်းအတွက် အင်အားဖြည့်တင်းရန် တပ်ဖွဲ့ဝင်များနှင့် စစ်ရေးပစ္စည်းအချို့ ပို့ဆောင်လာကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဆင်းသက်ခဲ့သည့် Mi-17 ရဟတ်ယာဉ်သည် ကလေးမြို့အခြေစိုက် ခလရ၂၂၈တပ်ရင်းတမှ ထွက်ခွာလာခြင်းဖြစ်ပြီး နေ့လယ်ပိုင်းတွင် ထပ်မံဆင်းသက်ခဲ့သည့် ရဟတ်ယာဉ်မှာလည်း ကလေးမြို့အခြေစိုက်ထောက်ပို့တပ်မှ လာရောက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ဂန့်ဂေါမြို့အတွင်းရှိ တပ်ရင်းများအတွက် အင်အားဖြည့်တင်းခြင်းနှင့် တပ်အပြောင်းအရွှေ့များ ဆက်တိုက်ပြုလုပ်နေပြီး နှစ်ရက်အတွင်း Mi-17 ရဟတ်ယာဉ် ၃ ကြိမ်ခန့် လာရောက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ တပ်အင်အားဖြည့်တင်းမှုများ ဆက်တိုက်ရှိလာသဖြင့် ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာများနှင့် အနီးဝန်းကျင်ရှိ ပြည်သူများအနေဖြင့် လုံခြုံရေးအခြေအနေများကို သတိပြုနေထိုင်ကြရန် ဒေသတွင်းသတင်းရင်းမြစ်များက အသိပေးထားသည်။
အဆိုပါ တပ်အင်အားဖြည့်တင်းမှုများနှင့် တပ်အပြောင်းအရွှေ့ဆိုင်ရာ အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
သတင်း၊ စာတည်း - မောင်ဇီးကွက်
ယောအလင်းတန်း
#MRSN
𝐉𝐮𝐧-29- 10:04𝐏𝐌

သင့်သတင်းဖြင့် ပြည်သူများနဲ့ရဲဘော်များကိုဘေးကင်းနိုင်ပါစေ
https://t.me/https7starmyaing
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြေပြင်သတင်းများကို admin များထံသို့ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါတယ်..🫡🫡🫡
@Myaing3star/@bnue_1234/
@ranma3123/@Henrypku2004/@myaing3starbot/@ArrDanYso2234/@MgMinKhant2006

#မြိုင်_ကမ္မ_စစ်ကြောင်းသတင်း
29.6.2026
ယနေ့မနက်ပိုင်းက ပခုက္ကူမြို့နယ် ကမ္မဒေသသစ်ပုလွေးကုန်းရွာကနေထွက်ပြီး သံဘို၊ သစ်ပုလွေကုန်း ၊ အင်းဘတ်ရွာအကြား တောထဲမှာ တပ်ဖြန့်ထားတဲ့
စစ်ကောင်စီတပ်တွေဟာယနေ့ ညနေပိုင်းအချိန်ထိ အဲ့ဒီအနီးနားတွေမှာပဲ
ရှိနေတယ်လို့ သိရပြီးမြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူစခန်းကနေ
မြောက်ဘက်ကို ထွက်တဲ့ စစ်ကောင်စီတပ်တွေကယနေ့ညဦးပိုင်းအချိန်ထိ
တွင်းမရွာနဲ့ အနီးတဝိုက်တွေမှာပဲ
တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။
မနက်ဖြန် ဘယ်ကိုဆက်ပြီးစစ်ကြောင်းထိုးမလဲမသိရတာကြောင့် မြိုင်မြို့နယ်တောင်ပိုင်းနဲ့ ကမ္မဒေသက မိဘပြည်သူများအားလုံး သတိဝရိယနဲ့နေထိုင်ကြဖို့ အသိပေးအပ်ပါတယ်။
#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
𝐉𝐮𝐧-29- 10:23𝐏𝐌

Forwarded from သတင်းမှန် ဖိုးစီ
🔺ပုလဲမောင် လုပ်ကြံခံရမှု ခရိုင်ကွပ်ကဲရေးမှူး စွမ်းသူမောင်အား ဖမ်းဆီး စစ်ဆေးနေ🔺
ယင်းမာပင်ခရိုင်၊ တပ်ရင်း (၆) တပ်ရင်းမှူး ပုလဲမောင် ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် အပါအဝင် ခရိုင်တာဝန်ရှိသူ အချို့အား ဖမ်းဆီးစစ်ဆေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။
လတ်တလောတွင် လုံခြုံရေးအရ ဖမ်းဆီးစစ်ဆေးနေသည့် အခြေအနေ အသေးစိတ်ကို မပြောနိုင်သေးကြောင်းနှင့် မကြာမီ တရားဝင် သတင်းထုတ်ပြန်ရန်ရှိကြောင်း ၎င်းက ဆိုပါတယ်။
ဗိုလ်ပုလဲမောင် (ခ) ပီတာဟာ ဇွန်လ ၂၆ ရက်နေ့က ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် ဦးဆောင်ပြုလုပ်သည့် အစည်းအဝေးတွင် ဗိုလ်စွမ်းသူမောင်ရဲ့ တပည့်ဖြစ်သူ ရဲဘော်ငဖြိုးရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။
ဗိုလ်ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အခြားသော ခရိုင်တပ်ရင်းတွေကလဲ အမှုမှန်ပေါ်ပေါက်ရေးနှင့် လုပ်ကြံသတ်ဖြတ်သူ၊ ပူးပေါင်းပါဝင်သူ၊ နောက်ကွယ်မှ ကြိုးကိုင် စေခိုင်းသူတွေကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုထားပါတယ်။
တော်လှန်ရေး ရဲဘော်အချင်းချင်း လက်နက်သုံးပြီး ဖြေရှင်းတဲ့ ရဲဘော်ငဖြိုး အပါအဝင် နောက်ကွယ်မှ ကြိုးကိုင် စေခိုင်းသူတွေ အားလုံးကို စစ်ဆေးမှုပြီးတာနဲ့ သေဒဏ်ချမှတ်ပြီး ချက်ချင်း စီရင်ဖို့ 4C ချန်နယ်က တိုက်တွန်း တောင်းဆိုပါတယ်။
#4C_TruthNews

❤2
မိဘပြည်သူများထံသို့
ယခုလတ်တလောအတွင်း ပခုက္ကူ မြို့
နှင့်ရေစကြိုမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ မတရားရေးဆွဲထားသော အဓမ္မစစ်မှုထမ်း
( ပေါ်မလာခေါ်)"+ပေါ်တာအဆွဲကြမ်းနေပါသဖြင့် မိဘပြည်သူများအနေဖြင့် အသွားအလာဆင်ခြင်ကြပါရန် မိဘပြည်သူများအားအသိပေးအပ်ပါသည်။
Jun 29,11:02PM
#7StarMyaing
📭သတင်းပေးပို့ရန်@myaing3starbot &@ArrDanYso2234

ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «မိဘပြည်သူများထံသို့ ယခုလတ်တလောအတွင်း ပခုက္ကူ မြို့ နှင့်ရေစကြိုမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ မတရားရေးဆွဲထားသော အဓမ္မစစ်မှုထမ်း ( ပေါ်မလာခေါ်)"+ပေါ်တာအဆွဲကြမ်းနေပါသဖြင့် မိဘပြည်သူများအနေဖြင့် အသွားအလာဆင်ခြင်ကြပါရန် မိဘပြည်သူများအားအသိပေးအပ်ပါသည်။ …»
Forwarded from 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖤𝖭𝖤𝖬𝖸 𝖠𝖨𝖱 𝖲𝖢𝖮𝖴𝖳
ရေစကြို - မကွေးတိုင်း⚠
6:29am( 30 Jun )
တံတားဦး လေတပ်တက် စစ်ထောက်ပို့/တိုက်ခိုက် Y-12 (1) စီး ရေစကြိုနယ်ဖြတ် အနောက်ဘက်သို့ ပျံသန်း။
⚠ မကွေး ချင်း ရခိုင်သတိပြု
#WES သတင်းပို့ရန် @SCOUT_WES
6:29am( 30 Jun )
တံတားဦး လေတပ်တက် စစ်ထောက်ပို့/တိုက်ခိုက် Y-12 (1) စီး ရေစကြိုနယ်ဖြတ် အနောက်ဘက်သို့ ပျံသန်း။
⚠ မကွေး ချင်း ရခိုင်သတိပြု
#WES သတင်းပို့ရန် @SCOUT_WES
Forwarded from 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖤𝖭𝖤𝖬𝖸 𝖠𝖨𝖱 𝖲𝖢𝖮𝖴𝖳
မြိုင် - မကွေးတိုင်း⚠
6:36am( 30 Jun )
တံတားဦး လေတပ်တက် စစ်ထောက်ပို့ တိုက်ခိုက် Y-12 (1) စီး မြိုင်နယ်ဖြတ် အနောက်ဘက်သို့ ပျံသန်း။
⚠ မကွေး ချင်း စစ်ကိုင်း သတိပြု

ပေါက် - မကွေးတိုင်း⚠
6:44am( 30 Jun )
တံတားဦး လေတပ်တက် စစ်ထောက်ပို့ တိုက်ခိုက် Y-12 (1) စီး ပေါက်နယ်ဖြတ် အနောက်ဘက်သို့ ပျံသန်း။

🔴မင်းတပ် - ချင်းပြည်နယ်
7:02am( 30 Jun )
တံတားဦး လေတပ်တက် စစ်ထောက်ပို့ တိုက်ခိုက် Y-12 (1) စီး မင်းတပ်နယ်ပေါ် ပျံဝဲနေ။
#WES သတင်းပို့ရန် @SCOUT_WES
7:02am( 30 Jun )
တံတားဦး လေတပ်တက် စစ်ထောက်ပို့ တိုက်ခိုက် Y-12 (1) စီး မင်းတပ်နယ်ပေါ် ပျံဝဲနေ။
#WES သတင်းပို့ရန် @SCOUT_WES
Forwarded from 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖤𝖭𝖤𝖬𝖸 𝖠𝖨𝖱 𝖲𝖢𝖮𝖴𝖳
တံတားဦး - မန္တလေးတိုင်း⚠
7:00am( 30 Jun )
တံတားဦး လေတပ်မှ စစ်ထောက်ပို့တိုက်ခိုက် L-410 UVP E-20 (1) စီး မြောက်ဘက်သို့ ပျံတက်။
⚠ မန္တလေး စစ်ကိုင်း ကချင် မကွေး သတိပြု

⚠️မြိုင်
မြိုင်မြို့နယ် တွင်းမပျူရွာမှထွက်ခွာလာသော စခစစ်ကြောင်း သရက်ကန်ရွာ သို့ရောက်ရှိနေပြီး
ပခုက္ကူမြို့နယ် သစ်ပုလွေကုန်းကျေးရွာရောက်ရှိနေသော စခစစ်ကြောင်းမှာ အနောက်မြောက်ဘက်သို့ထွက်ခွာနေကြောင်းသိရပါတယ်..
🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
Jun 30, 7:37AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
မြိုင်မြို့နယ် တွင်းမပျူရွာမှထွက်ခွာလာသော စခစစ်ကြောင်း သရက်ကန်ရွာ သို့ရောက်ရှိနေပြီး
ပခုက္ကူမြို့နယ် သစ်ပုလွေကုန်းကျေးရွာရောက်ရှိနေသော စခစစ်ကြောင်းမှာ အနောက်မြောက်ဘက်သို့ထွက်ခွာနေကြောင်းသိရပါတယ်..
🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
Jun 30, 7:37AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
❤1
Forwarded from 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖤𝖭𝖤𝖬𝖸 𝖠𝖨𝖱 𝖲𝖢𝖮𝖴𝖳
နေပြည်တော် ⚠️
8:28am (30Jun)
နေပြည်တော် လေတပ်မှ Jet Fighter (1)စီး အနောက်တောင်ဘက်သို့ ပျံတက်။
⚠️ရခိုင် မကွေး ပဲခူး ကရင် မွန် သတိပြု
#WES သတင်းပို့ရန် @SCOUT_WES
8:28am (30Jun)
နေပြည်တော် လေတပ်မှ Jet Fighter (1)စီး အနောက်တောင်ဘက်သို့ ပျံတက်။
⚠️ရခိုင် မကွေး ပဲခူး ကရင် မွန် သတိပြု
#WES သတင်းပို့ရန် @SCOUT_WES
Forwarded from 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖤𝖭𝖤𝖬𝖸 𝖠𝖨𝖱 𝖲𝖢𝖮𝖴𝖳
တံတားဦး - မန္တလေးတိုင်း⚠
8:26am( 30 Jun )
တံတားဦး လေတပ်မှ Jet Fighter (1) စီး အရှေ့မြောက်ဘက်သို့ ပျံတက်။
⚠ မန္တလေး စစ်ကိုင်း ကချင် ရှမ်း သတိပြု
#WES သတင်းပို့ရန် @SCOUT_WES
8:26am( 30 Jun )
တံတားဦး လေတပ်မှ Jet Fighter (1) စီး အရှေ့မြောက်ဘက်သို့ ပျံတက်။
⚠ မန္တလေး စစ်ကိုင်း ကချင် ရှမ်း သတိပြု
#WES သတင်းပို့ရန် @SCOUT_WES
❤1
Forwarded from 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖤𝖭𝖤𝖬𝖸 𝖠𝖨𝖱 𝖲𝖢𝖮𝖴𝖳
မိထ္ထီလာ-မန္တလေးတိုင်း⚠️
8:24am (30 Jun)
မိထ္ထီလာ လေတပ်မှ စစ်ထောက်ပို့ တိုက်ခိုက် L-410 UVP E-20 (1)စီး အနောက်တောင်ဘက်သို့ ပျံတက်။
⚠️ရခိုင် မန်း မကွေး သတိပြု
#WES သတင်းပို့ရန် @SCOUT_WES
8:24am (30 Jun)
မိထ္ထီလာ လေတပ်မှ စစ်ထောက်ပို့ တိုက်ခိုက် L-410 UVP E-20 (1)စီး အနောက်တောင်ဘက်သို့ ပျံတက်။
⚠️ရခိုင် မန်း မကွေး သတိပြု
#WES သတင်းပို့ရန် @SCOUT_WES
❤1
Forwarded from 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖤𝖭𝖤𝖬𝖸 𝖠𝖨𝖱 𝖲𝖢𝖮𝖴𝖳
မိတ္ထီလာ-မန္တလေးတိုင်း
8:40am (30 Jun)
မိတ္ထီလာလေတပ်မှ စစ်ထောက်ပို့ Y-8 (1) စီး အနောက်မြောက်ဘက်သို့ ပျံတက်။
#WES သတင်းပို့ရန် @SCOUT_WES
8:40am (30 Jun)
မိတ္ထီလာလေတပ်မှ စစ်ထောက်ပို့ Y-8 (1) စီး အနောက်မြောက်ဘက်သို့ ပျံတက်။
#WES သတင်းပို့ရန် @SCOUT_WES
❤1👍1
Forwarded from People's Spring
ပခုက္ကူနဲ့ မြိုင်နယ်မှာ စစ်ဘေးရှောင်များလာပြီး စားနပ်ရိက္ခာနဲ့ သောက်ရေ အရေးပေါ် လိုအပ်နေ
ဇွန်-၃၀၊ ၂၀၂၆ ဟာနာဆန်/People's Spring
မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။
လက်ရှိမှာ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူဦးရေ စုစုပေါင်း ၂ သောင်းခန့်အထိ ရှိလာနေကြောင်း သိရပါတယ်။
ပခုက္ကူမြို့နယ်မှာဆိုရင် မြစ်ခြေမြို့နဲ့ ကမ္မမြို့က တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေရပြီး မြိုင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ မြိုင်စက်မှုဇုန် (၁) အနီးဝန်းကျင်ရှိ ရွာများအားလုံးအပါအဝင် ကျေးရွာ ၁၅ ရွာခန့် တိမ်းရှောင်နေရကြောင်း ကမ်းလက်များအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
""လိုအပ်တာက စားနပ်ရိက္ခာပါပဲ။ မီးရှို့ခံရတဲ့ ပြည်သူတွေအတွက်ကတော့ လိုအပ်ချက်ကအများကြီးပဲ။ သူတို့အတွက်ဆိုရင်တော့ ဘက်စုံသုံး ငွေကြေးထောက်ပံ့ပေးနိုင်ရင်ကောင်းပါတယ်။ မြိုင်ဘက်ဆိုရင်တော့ သောက်ရေပါလိုအပ်ပါတယ်။တောတိုက်တွေထဲရှောင်ကြတာဆိုတော့။"လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။
ကမ်းလက်များအဖွဲ့အနေနဲ့ စစ်ရှောင်တွေကို လက်လှမ်းမှီသမျှ လှူဒါန်းနေပြီး မနေ့က ဇွန် ၂၉ ရက်မှာ ပခုက္ကူမြို့နယ် နယ်မြေ ၁ နဲ့ ၂ အတွင်းက စစ်ဘေးရှောင်နေရာ တစ်နေရာကို အိမ်ထောင်စု ၈၈ဦးစာအတွက် ဆန်နဲ့ဆီကို အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
မြစ်ခြေမြို့ဟာ ပြီးခဲ့တဲ့မေလကုန် ဇွန်လဆန်းမှာပဲ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး မီးရှို့လို့ အိမ်ခြေ (၁,၀၀၀) နီးပါး ပြာကျပျက်စီးခဲ့ရပြီး ပြည်သူ (၄၀) ကျော်လည်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

❤3