ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
🔴 ပေါက် -မကွေးတိုင်း
  
12:04pm (4 Jun)

တံတားဦး လေတပ်တက် စစ်ထောက်ပို့တိုက်ခိုက် Y-12 (1)စီး ပေါက်နယ်ပေါ် ပျံဝဲနေ။(3 ကြိမ်မြောက်)

#WES သတင်းပို့ရန် @SCOUT_WES
3
Forwarded from EAR, Org.
⚠️မကွေး

မကွေးလေတပ်မှ CH-3 UAV Drone (1) စီး အနောက်မြောက်အရပ်သို့ ပျံတက်။

14:35, Mar 14
#EAR #SCIN
👍3
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
◼️မကွေးတိုင်းမှာ တလကျော်တိုက်ပွဲ ၄၃ ကြိမ်အတွင်း စကစ ၃၁ ဦးသေဆုံးပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါ ၁၈ ဦးအရှင်မိ

၃ ဇွန် | နွေဦးအသံ |

PDF မကွေးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေတွေမှာ တလကျော်အတွင်း အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ သေဆုံးပြီး ဗိုလ်မှူး တဦးနဲ့ ဗိုလ်ကြီး တဦးအပါအဝင် ၁၈ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ ဇွန် ၄ ရက်ထုတ်ပြန်ချက်အရသိရပါတယ်။

မကွေးဒေသမှာ စစ်ကောင်စီတပ်ကို မေလနဲ့ ဇွန်လ ပထမပတ်အတွင်း တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲပေါင်း ၄၃ ကြိမ် ဖြစ်ပွားခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံး၊ ၅၂ ဦးဒဏ်ရာရတဲ့အပြင် ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သုံးပန်း ၁၈ ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

မိတ္ထီလာ တပ်မ ၉၉ မှ ချောက်မြို့သို့ ထွက်ခွာလာတဲ့ စကစယာဉ်တန်း ၅ စီးကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေက မေ ၂၂ ရက်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ချောက်မြို့ ခလရ ၁၃ မှထွက်ခွာလာတဲ့ ခဲယမ်းတင်ယာဉ် ၂ စီးကိုလည်း မေ ၂၆ ရက်မှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဆိပ်ဖြူမြို့မှတဆင့် ကပစ ၂၁ သို့ အင်အားဖြည့်တင်းဖို့ ဦးတည်ထွက်ခွာလာတဲ့ စစ်တပ်ယာဉ်တန်းကိုလည်း မေ ၂၆ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၂ စီး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် သရက်ခရိုင်တပ်ရင်း ၃ က မေလစတုတ္ထပတ်မှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ခမရ ၅၉၉ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီး ဗိုလ်မှူးအောင်ဖြိုးဝေနဲ့ ဗိုလ်ကြီး ပြည့်စုံအောင် အပါအဝင် သုံ့ပန်းအချို့ ဖမ်းမိပြီး ပစ္စတို ၁၉ လက်၊ ကျည်ဘောက် ၃၈ ခု၊ ဖုန်း ၃ လုံးသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

နတ်မောက် ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် ရန်နိုင်ကိုလည်း မေ ၂၉ ရက်မှာ၊ စစ်ဆင်ရေးနယ်မြေတနေရာမှာ အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး မေလစတုတ္ထပတ်အတွင်း ပုံတောင် တောင်ကြောမှတဆင့် ဂန့်ဂေါခရိုင်အတွင်း ဝင်ရောက်လာတဲ့ အင်အား ၁၀၀၀ ခန့် စကစစစ်ကြောင်းနဲ့ ယာယီအထိုင်စခန်းတွေကိုလည်း ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မင်းတုန်းမြို့နယ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ သရက်ခရိုင်တပ်ရင်း (၄) တို့ ဇွန် ၃ ရက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်သုံ့ပန်း ၁၅ ဦးအရှင်ဖမ်းမိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့ အကြမ်းဖက်စစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်လျက်ရှိရာ ပြည်သူတွေအနေနဲ့လည်း တတ်စွမ်းသရွေ့ကူညီဖေးမပေးကြဖို့ မေတ္တာရပ်ခံကြောင်း အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
5
Forwarded from EAR, Org.
⚠️မကွေး

မကွေးလေတပ်မှ ဒုတိယ CH-3 UAV Drone (1) စီး မြောက်အရပ်သို့ ပျံတက်။

14:58, Mar 14
#EAR #SCIN
👍2
Breaking News:

ပေါက်+မြိုင်တို့ရဲ့ညီညွတ်မှု၊
ရှေ့တန်းက ပြည်သူ့သား‌ကောင်းတွေရဲ့ စွန့်လွှတ်စွန့်စားမှု၊ နောက်တန်းက ပြည်သူ့ ရဲဘော်တွေရဲ့ အားစိုက်ထုတ်မှု၊ တာ၀န်ကျေပွန်မှုတွေကြောင့် ဒေသတွင်း အင်အားကောင်းပြီး ပေါက်မြို့နယ်အတွက် အဓိကကျလို့ ပေါက်ကိုယ်တော်ကိုယ်တိုင် အကြမ်းဖက် ခရိုင်၊တိုင်း၊ပြည်နယ်၊ ပြည်ထောင်စုအဆင့်ဆင့်ထိ တင်ပြခုခံခဲ့ရတဲ့ ကုက္ကိုစုပသစရွာကို ယနေ့ ၀၄/၀၆/၂၀၂၆ ရက် မွန်းလွဲပိုင်းအချိန်မှာ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ် လိုက်နိုင်ပြီလို့ ကနဦး သတင်းရရှိပါတယ်ခင်ဗျား။

အသေးစိတ်ကို သက်ဆိုင်ရာ စစ်ဆင်ရေးကော်မတီမှ ထုတ်ပြန်လာတဲ့အခါ ထပ်မံဖော်ပြပေးပါမယ်။

- မြိုင်မြို့နယ် စစ်ကြောင်းသတင်းများ

Jun  4 , 3:58PM
👍51
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
ပေါက်မြို့နယ်က ရေပြာရွာ နဲ့ ကုက္ကိုလ်စုရွာက အကြမ်းဖက်စစ်တပ်စစ်စခန်းတွေ သိမ်းပိုက်

ဇွန်လ ၄ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရွာ နဲ့ ကုက္ကိုလ်စုရွာက အကြမ်းဖက်စစ်တပ်စစ်စခန်းတွေကို သိမ်းပိုက်ရရှိပြီးပြီလို့ ဒေသခံသတင်းရင်းမြစ်နှစ်ခုက Red Peacock သတင်းမီဒီယာကို ဒီညနေပိုင်းမှာ ပြောပါတယ်။

ဒေသခံသတင်းရင်းမြစ်တစ်ဦးက “ ကျွန်တော်တို့ပြည်သူတွေ ဝမ်းသာရအောင် ပြောပြတာ။ ကုက္ကိုလ်စုက ရပြီ၊ ရေပြာလည်း ရပြီးပြီ” လို့ ပြောပါတယ်။

တစ်ခြားဒေသခံသတင်းရင်းမြစ်ကတော့ ပုသိမ် - မုံရွာလမ်း နဲ့ မင်းတပ် - ပခုက္ကူလမ်းဆုံက ရေပြာရွာကို ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့မှာ သိမ်းပိုက်ခဲတာ့ ဖြစ်ပြီး ပုသိမ် - မုံရွာလမ်း နဲ့ Gapyo - Tamadau  လမ်းဘေးက ကုက္ကိုလ်စုရွာကို ဒီညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ကို ထောက်ခံတဲ့ပေါက်ကိုယ်တော်က ရေပြာရွာ နဲ့ ကုက္ကိုလ်စုရွာကို တော်လှန်ရေးတပ်တွေ က တိုက်ခိုက်နေတယ်ဆိုတာ ပြောဆိုထားပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်က အိန္ဒိယနိုင်ငံကို ရောက်ရှိချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF တွေကို လုံခြုံရေး နဲ့ ငြိမ်းချမ်းရေးအတွက် ရှင်းလင်းမယ်လို့ ပြောခဲ့ပါတယ်။

Photo: Googlemap
#RP
10👍2
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
ပုဂံမြို့အနီး မြစ်ခြေမြို့နယ်တွင် စစ်ခွေးတပ် သတ်ဖြတ်ထားခဲ့သည့် ပုပ်ပွနေတဲ့ အလောင်း ၂၄ လောင်း ထပ်တွေ့၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အလောင်း ၄၀ တွေ့ထားပြီး ပျောက်နေသူတွေလည်း ရှိ၊ မြစ်ခြေစျေး အပါအဝင် အိမ်ခြေ (၁၀၀၀) နီးပါးလည်း မီး‌ရှို့ဖျက်ဆီး၊

မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုဂံ-ညောင်ဦးမြို့ မြစ်တစ်ဖက်ကမ်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့မှာ စစ်ခွေးတပ်က သတ်ဖြတ်စွန့်ပစ်ထားတဲ့ ဒေသခံပြည်သူအလောင်း ၂၄ လောင်းကို ပုပ်ပွနေတဲ့ အနေအထားနဲ့ တွေ့ရှိရပြီး ပျောက်ဆုံးနေသူတွေလည်းရှိကာ အနည်းဆုံး ပြည်သူ အယောက် ၄၀ ထက်မနည်း သတ်ဖြတ်ခံထားရကြောင်း သိရှိရသည်။

မေလ ၁၀ ရက်က စပြီး ပုဂံ-ညောင်ဦးတစ်ဖက်ကမ်း၊ ပခုက္ကူနယ်၊ မြစ်ခြေဒေသကို စစ်ခွေးတပ်က စစ်ခွေး အင်အား အကောင် ၅၀၀ ခန့်နဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ ပစ္စည်းခိုး လုယက်၊ မီးရှို့ခဲ့ခြင်းဖြစ်သည်။

မြစ်ခြေမြို့ကို တစ်လနီးပါးကြာ စီးနင်းကာ ဒေသခံများကို နှိပ်စက် သတ်ဖြတ်ခဲ့ပြီး၊ ပြည်သူပိူင်ပစ္စည်းများကို စိတ်ကြိတ်ခိုးထုတ်ကာ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်သည်။

#ko thinn
😢64🤬1
Forwarded from Wai Hin (ဝေဟင်) (🌊 လၢႆးလွင်းၶမ်း 🌊)
ရေစကြို ⚠️

ရေစကြိုနယ် အနောက်မြောက်ခြမ်းဖြတ်၍ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁စီး အနောက်အရပ်သို့ ပျံသန်း။

#WaiHin
Jun 04, 06:06 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
1