ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
639 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ဆောမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းများ စစ်ရေးလှုပ်ရှားမှု မြင့်တက်၊ ရွာအချို့ မီးရှို့ခံရပြီး စစ်ကြောင်းနှင့် ဝေးရာသို့ အမြန်ဆုံး တိမ်းရှောင်ရန် လိုအပ်နေ

မေလ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိပြီး ကျေးရွာအချို့တွင် ပြည်သူပိုင်ပစ္စည်းများ လုယက်ယူဆောင်ခြင်းနှင့် နေအိမ်များကို မီးတင်ရှို့ခြင်းများ လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ အမြန်ဆုံး ကြိုတင်တိမ်းရှောင်ကြရန် လိုအပ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကြောင်း (၁) - အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးကာ ပြည်သူပိုင်ဆိုင်ကယ်များ လုယက်ယူဆောင်

ဆောမြို့နယ် ကံချောင်းကျေးရွာတွင် ညအိပ်စခန်းချခဲ့သည့် အင်အား (၃၀၀) ဝန်းကျင်ပါရှိသော စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့က လယ်ကြီးအိုင်နဲ့ ကံချောင်းကျေးရွာကို ထိုးသည့်အချိန်တွက် ပြည်သူပိုင် ကားလေးစီးကို သိမ်းယူ အသုံးပြုနေကြပြီး ယနေ့နံနက်ပိုင်းတွင်လဲ ကျောက်စစ်ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကာ ဒေသခံပြည်သူပိုင် ဆိုင်ကယ် အစီး (၂၀) ဝန်းကျင်ကို မတရားယူဆောင်သွားခဲ့ကြောင်း သိရသည်။လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ကံချောင်းကျေးရွာတွင် အများစု ဆက်လက်တပ်စွဲထားဆဲဖြစ်ပြီး၊ ၎င်းတို့၏ ရှေ့ပြေးကင်းပုန်း (ရှေ့ပွိုင့်) များမှာ ကံချောင်းကျေးရွာနှင့် ခူးချောင်းကျေးရွာများအနီးသို့ ရောက်ရှိ ဖြန့်ကျက်နေပြီဖြစ်ကြောင်း သိရပါသည်။

စစ်ကြောင်း (၂) - ကျောက်ထု အမတ (၃၆၈) မှ ထွက်လာသည့် စစ်ကြောင်း ကြက်ဥတင်နှင့် ထင်ချောင်းရွာကို မီးရှို့ဖျက်ဆီး

အလားတူ မေလ (၂၉) ရက်နေ့က ကျောက်ထုအခြေစိုက် အမြောက်တပ်ဖွဲ့ အမတ (၃၆၈) ထဲမှ ထွက်ခွာလာသည့် အခြားစစ်ကောင်စီစစ်ကြောင်းတစ်ခုသည်လည်း မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာလမ်းခွဲအနီး၊ ထင်ချောင်းကျေးရွာနှင့် ကြက်ဥတင်ကျေးရွာများအတွင်းသို့ ရောက်ရှိနေကြောင်း သိရသည်။

ထင်ချောင်းကျေးရွာအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများသည် လက်ရှိတွင် ထင်ချောင်းကျေးရွာနှင့် ကြက်ဥတင်ကျေးရွာများကို မီးတင်ရှို့ဖျက်ဆီးလျက်ရှိသည်။ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံအရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကိုမူ ဆက်လက်စုံစမ်း အတည်ပြုဆဲ ဖြစ်သည်။

** ချင်းပြည်နယ်တက်မည့် စစ်ကြောင်းကို ကူညီရန် အမတ (၃၆၈) က အင်အားဖြန့်ကျက်ထား

ထို့အပြင် ကျောက်ထု အမတ (၃၆၈) တပ်ထဲမှ ထွက်ခွာလာသည့် စစ်ကောင်စီအင်အားအချို့သည် တောင့်ထက်ကျေးရွာ မြောက်ဘက် တောအုပ်ထဲနှင့် ကံကြီးကျေးရွာတစ်လျှောက်တွင်လည်း အင်အားအလုံးအရင်းဖြင့် ဖြန့်ကြက်နေရာယူထားကြောင်း သိရသည်။
ယခုကဲ့သို့ အင်အားဖြန့်ကြက်ထားခြင်းမှာ ချင်းပြည်နယ်ဘက်သို့ စစ်ကြောင်းထိုး တက်ရောက်မည့် စစ်ကောင်စီစစ်ကြောင်းကို ပစ်ကူပေးရန်နှင့် လိုအပ်ပါက စစ်ကူအင်အား ဖြည့်တင်းကူညီနိုင်ရန်အတွက် အသင့်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းမြစ်များက သုံးသပ်ထားကြသည်။

** ပြည်သူများ ကြိုတင်တိမ်းရှောင်ရန်နှင့် အထူးသတိပြုရန် နှိုးဆော်ချက်

စစ်ကောင်စီတပ်များ ဆောမြို့နယ်အတွင်းသို့ ဘက်ပေါင်းစုံမှ စစ်ကြောင်းထိုး ဝင်ရောက်လာနေပြီး အနီးဝန်းကျင်ကျေးရွာများနှင့် တောအုပ်များအထိ အင်အားဖြန့်ကြက်လာနေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိ အပြည့်ရှိနေကြဖို့ လိုအပ်ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ကြောင်းထိုးစဉ် လမ်းကြောင်းတစ်လျှောက် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လေ့ရှိသဖြင့် စစ်ကြောင်းနှင့် နီးစပ်သည့်နေရာများတွင် ခိုလှုံခြင်းမပြုဘဲ လုံခြုံစိတ်ချရသည့် အကွာအဝေးထိ ရှောင်တိမ်းကြရန် လိုအပ်ပါသည်။ ထို့အပြင် စစ်ရေးအခြေအနေ တင်းမာနေစဉ်အတွင်း လေကြောင်းရန်အန္တရာယ်ကိုလည်း အထူးဂရုပြု စောင့်ကြည့်ကြရန် ဒေသခံများအချင်းချင်း သတိပေးနှိုးဆော်ထားကြသည်။

Aung Gyi
ယောအလင်းတန်း
#MRSN
May 30 , 11:59PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
မင်္ဂလာနံနက်ခင်းပါ....
ကျန်းမာရွှင်လန်းကြပါစေ....
ပူပင်သောကတွေ ကင်းဝေးပီး
ပျော်ရွှင်ချမ်းမြေ့သော
နေ့ရက်လေး ဖြစ်ပါစေ....
စိတ်ဆင်းရဲခြင်း
ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးပီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့်
မိမိတို၏ ခန္ဓာ့ဝန်ကို လွယ်ကူစွာ
ရွက်ဆောင်နိုင်ကြပါစေ....
ဘေးရန် ရောဂါ ကင်းစင်ကွာ၍
လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ..Three Star Myaing -အဖွဲသားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏🙏🙏
2👍1
🐈‍⬛ စ.ခ.လှုပ်ရှားမှုသတင်း 🐈‍⬛

31-5-2026-5:50 AM

🚩 မြိုင်မြို့နယ်
ဥယျာဥ်ရွာတွင် လေးကြောင်းထောက် ဝပ်ကျင်းချခဲ့သော စ.ခများသည် မင်းရိုးကန်ရွာသို့ မြောက်ဘက်မှ ပတ်၍ ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star

သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
4
ကံမ္မ ⚠️

ကံမ္မ နယ်ဖြတ်၍ မကွေးလေတပ်တက် L410 E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး အနောက်မြောက်အရပ်သို့ ပျံသန်း။

#WaiHin
May 31, 09:24 AM
👍21
မြိုင် ⚠️

မြိုင်နယ် အနောက်ခြမ်း ဖြတ်၍ မကွေးလေတပ်တက် L410 E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး အနောက်မြောက်အရပ်သို့ ပျံသန်း။

#WaiHin
May 31, 09:25 AM
👍4
#မြိုင်မြို့နယ်စစ်ကြောင်းသတင်း
31.5.2026

ရေစကြိုမြို့နယ် 256/257 တပ်တွေကနေ
ထွက်လာပြီး မြိုင်မြို့နယ်အရှေ့မြောက်ပိုင်း
လင်းကတောစခန်းကို အခြေပြုကာ
အနီးအနားရွာတွေကို စစ်ကြောင်းထိုးပြီး
ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ ဖျက်ဆီး နေတဲ့
စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက် 5:30 ဝန်းကျင်က
ဥယျဉ်ရွာကနေတစ်ဆင့် မရိုးကန်ရွာကို
ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ မရိုးကန်ရွာမှာ
ရှိနေတယ်လို့ သိရပါတယ်။

မရိုးကန်ရွာမှာ ပြည်သူတချို့
ဖမ်းဆီးခံထားရတယ်လို့ သိရပြီး
ဥယျဉ်ရွာမှာလည်း စစ်ကောင်စီတပ်သားတချို့ ကျန်နေသေးတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း

#MRSM
May 31 , 11:20AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3👍2
အမှန်တရားဟာ...အင်အားပါ။
ရိုင်းစိုင်းတဲ့ လူရိုင်းများဟာ
အင်အားကို အမှန်တရားလို့ ထင်ကြတယ်။
အင်းအားကို အမှန်တရားလို့ ထင်ရင်းထင်ရင်းနဲ့
အမှန်တရားဆိုတာ
ဘာမှန်းတောင် သိတော့မှာ မဟုတ်ဘူး။


ဒေါ်အောင်ဆန်းစုကြည်
   မှတ်မှတ်သားသား အမေ့စကား


#AdminTeam
#TTN news
3
စစ်ရေးအခြေအနေနှင့် ခရီးသွားလာမှု အထူးသတိပေးချက် ထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်

ယောဒေသနှင့် မင်းတပ်နယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီစစ်ကြောင်းများ လှုပ်ရှားနေပြီး စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အောက်ဖော်ပြပါ လမ်းပိုင်းများနှင့် နယ်မြေများသို့ သွားလာခြင်း မပြုကြရန် အထူးသတိပေး နှိုးဆော်အပ်ပါသည်။

ဆော-ကျောက်ထု လမ်းပိုင်း အခြေအနေ

မေလ ၂၈ ရက်နေ့တွင် ကျောက်ထုမြို့အခြေစိုက် အမတ (၃၆၈) တပ်မှ ကံကြီးကျေးရွာဘက်အတိုင်း ဆောမြို့သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် လယ်ကြီးအိုင်၊ ကျောက်ဆစ်၊ ကံချောင်းနှင့် ခူးချောင်းကျေးရွာများတစ်လျှောက်ရှိ ကားလမ်းမပေါ်တွင် နေရာယူလှုပ်ရှားနေကြောင်း သိရသည်။

စစ်ကြောင်း၏ ရှေ့ပွိုင့်တပ်ဖွဲ့သည် လက်ရှိတွင် အညာကတင်းကျေးရွာအနီးသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ကနဦးသတင်းများတွင် အင်အား ၃၀၀ ဝန်းကျင်ဟု ဖော်ပြခဲ့သော်လည်း နောက်ဆုံးရရှိထားသော အတည်ပြုချက်များအရ အင်အား ၅၀၀ ဝန်းကျင်အထိ ရှိနိုင်ကြောင်း သိရှိရသည်။

အဆိုပါစစ်ကြောင်းသည် ဆောမြို့ဘက်သို့ ဦးတည်နိုင်သကဲ့သို့ ကန်ပက်လက်မြို့ဘက်သို့လည်း ဆက်လက်လှုပ်ရှားနိုင်သည့် အခြေအနေရှိနေသဖြင့် အခြေအနေများကို ဆက်လက်စောင့်ကြည့်လျက်ရှိသည်။

အထူးသတိပေးချက်

စစ်ကောင်စီစစ်ကြောင်းများသည် ဆော-ကျောက်ထု လမ်းပိုင်းတစ်လျှောက် နေရာယူလှုပ်ရှားနေသဖြင့် မိဘပြည်သူများအနေဖြင့် အဆိုပါ လမ်းပိုင်းပေါ်သို့ လုံးဝဖြတ်သန်းသွားလာခြင်း မပြုကြရန် အလေးအနက် သတိပေးအပ်ပါသည်။

မင်းတပ်နယ်ဘက်သို့ စစ်ကြောင်းထိုးမှု အခြေအနေ

ကျောက်ထုမြို့အခြေစိုက် အမတ (၃၆၈) တပ်မှ မင်းတပ်နယ်ဘက်သို့ အင်အား ၆၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရသည်။

အင်အား ၂၀၀ ဝန်းကျင်ပါဝင်သော ရှေ့ပွိုင့်စစ်ကြောင်းသည် ထင်ချောင်းကျေးရွာနှင့် လမ်းခွဲအနီးတွင် နေရာယူထားပြီး၊ ယခု ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ မှထွက်လာသော ကား ၆ စီးဟာ တောင့်ထက်ကျေးရွာ သင်းချိုင်းဇရပ်ကို ကျော်သွားပြီး လမ်းတစ်လျှောက်မှာလဲ အင်အားအလုံးအရင်းနဲ့ တက်လာနေတယ်လို့ သိရပါတယ်။ တောင့်ထက်ကျေးရွာနှင့် ရေရှင်ကျေးရွာအနီးရှိ တောအုပ်များအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့များ ဖြန့်ကြက်နေရာယူထားကြပြီး မင်းတပ်ဘက်ကို အင်အား ၆၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးမည်ဟု သတင်းရရှိထားသည်။

ပြည်သူလူထုထံ မေတ္တာရပ်ခံချက်

မိဘပြည်သူများအနေဖြင့် ဆောကံကြီးကျောက်ထု လမ်းပိုင်း နှင့် မင်းတပ်ကံကြီးကျောက်ထု လမ်းပိုင်း များပေါ်သို့ သွားလာခြင်းမပြုကြရန်၊ စစ်ကြောင်းများနှင့် ဝေးကွာသော ဘေးကင်းလုံခြုံသည့် နေရာများတွင်သာ ယာယီနေထိုင်ကြရန်နှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကို အထူးသတိပြု စောင့်ကြည့်နေထိုင်ကြရန် တိုက်တွန်းအပ်ပါသည်။

Aung Gyi
ယောအလင်းတန်း
#MRSM
May 31 , 12:57PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
@3starmyaing A-3
🐈‍⬛ စ.ခ.လှုပ်ရှားမှုသတင်း 🐈‍⬛ 31-5-2026-5:50 AM 🚩 မြိုင်မြို့နယ် ဥယျာဥ်ရွာတွင် လေးကြောင်းထောက် ဝပ်ကျင်းချခဲ့သော စ.ခများသည် မင်းရိုးကန်ရွာသို့ မြောက်ဘက်မှ ပတ်၍ ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။ 7StarMyaing ThreeStarMyaing သတင်းပေးရန်>@Myaing3Star…
🐈‍⬛ စ.ခ.လှုပ်ရှားမှုသတင်း 🐈‍⬛

31/5/26-9:03AM

🚩မြိုင်မြို့နယ်

မရိုးကန်ရွာ
စခ စစ်ကြောင်း
ဘုန်းကြီးကျောင်း နှင့် ဘုရားထဲ နှစ်ကြောင်းခွဲထားလို့သိရ။

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star

သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
1
@3starmyaing A-3
🐈‍⬛ စ.ခ.လှုပ်ရှားမှုသတင်း 🐈‍⬛ 31-5-2026-5:50 AM 🚩 မြိုင်မြို့နယ် ဥယျာဥ်ရွာတွင် လေးကြောင်းထောက် ဝပ်ကျင်းချခဲ့သော စ.ခများသည် မင်းရိုးကန်ရွာသို့ မြောက်ဘက်မှ ပတ်၍ ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။ 7StarMyaing ThreeStarMyaing သတင်းပေးရန်>@Myaing3Star…
🐈‍⬛ စ.ခ.လှုပ်ရှားမှုသတင်း 🐈‍⬛

31-5-2026.12:10 PM

မြိုင်မြို့နယ် 🚩

မင်းရိုးကန်ကျေးရွာ ရောက် စ.ခ.များသည် ပြည်သူပိုင်နေအိမ်များကို မီးရှို့နေပြီး ရွာ၏အရှေ့မြောက်ဘက်ရှိ တောတိုက်ကို မွှေနှောက်နေကြောင်း သတင်းရရှိထားပါတယ်ဗျ။

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star

သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
2👍1
ကျောက်ထုအခြေစိုက် စစ်ကောင်စီစစ်ကြောင်း အင်အားဖြန့်ကျက်ပြီး ဆောမြို့ပေါ်သို့ စတင်ဝင်ရောက်၊ ပြည်သူများ အထူးသတိပြုရန် လိုအပ်နေ

မေ ၃၁၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းသို့ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိပြီး လမ်းပိုင်းတစ်လျှောက်တွင်လည်း အင်အားများ ဖြန့်ကျက်ချန်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်စစ်ဌာနချုပ် (အမတ - ၃၆၈) မှ ကံကြီးကျေးရွာအတိုင်း ထွက်ခွာလာသည့် အင်အား (၅၀၀) ဝန်းကျင်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းသည် ကံကြီး-ဆော လမ်းပိုင်းတစ်လျှောက်တွင် စစ်ရေးအရ အင်အားများ ဖြန့်ကျက်ချန်ထားခဲ့ကြောင်း သိရသည်။
ထိုသို့ လမ်းပိုင်းတွင် အင်အားအချို့ ချန်ထားခဲ့ပြီးနောက် အဆိုပါစစ်ကြောင်းမှ အင်အား (၂၀၀) ဝန်းကျင်ခန့်သည် ဆောမြို့ပေါ်သို့ စတင်ဝင်ရောက်လျက်ရှိကြောင်း နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များအရ သိရသည်။

စစ်ကောင်စီစစ်ကြောင်း မြို့ပေါ်သို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ဆောမြို့ပေါ်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် အထူးသတိပြု ဂရုစိုက်ပြီး နေထိုင်ကြရန် လိုအပ်နေသည်။

ထို့အပြင် စစ်ရေးအခြေအနေ ရှုပ်ထွေးနေသဖြင့် ဆောမြို့အနီးအနား ပတ်ဝန်းကျင်ကျေးရွာများမှ မိဘပြည်သူများအနေဖြင့်လည်း လက်ရှိအချိန်တွင် ဆောမြို့ပေါ်သို့ တက်ရောက်လာခြင်းမပြုဘဲ ခရီးသွားလာမှုများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် ဒေသတွင်း သတိပေးချက်များ ထွက်ပေါ်နေသည်။

Aung Gyi
ယောအလင်းတန်း
#MRSM
May 31 , 2:19 PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍2
မြစ်ခြေမြို့နယ်

မြစ်ခြေမြို့နယ် {BPI}ရဲခွေးခြံမှ သိမ်တော်ရွာထဲနှင့် ညောင်နီပင်ရွာထဲတွင် ကင်းပုန်းထွက်ဝတ်နေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
🗓️𝐌𝐚𝐲-31-3:58𝐏𝐌
#7starmyaing
📨သတင်းများပေးပို့ရန်
@myaing3starbot
2👍1
ဧရာဝတီ ရေပြင်

အောက်ဘက်မှဆန်တက်လာသော  သံခွန်သင်္ဘော (၄)စီးနှင့်တွဲတွန်း (၁)စီးတို့ သည်ပခုက္ကူမြို့နယ် ချောက်ဦးသားရွာဖြတ်၍ အထက်ဘက်သို့ဆန်တက်နေကြောင်းသိရ။


#Yaypyin
May 31, 4:03PM
📫သတင်းပို့ရန် @Yaypyin0bot
👍3
Forwarded from Than Lwin Khet News
ဖြတ်လေးဖြတ်ဒဏ်နှင့် စက်သုံးဆီဈေးကြောင့် မြိုင်အရှေ့ခြမ်းတွင် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

သံလွင်ခက်
မေ ၃၀၊ ၂၀၂၆။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီ၏ ဖြတ်လေးဖြတ်ဗျူဟာကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေခြင်းနှင့် စက်သုံးဆီဈေးနှုန်း အဆမတန် ကြီးမြင့်နေခြင်းတို့ကြောင့် ဒေသခံပြည်သူများ သောက်သုံးရေ ပြတ်လပ်သည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း မြေပြင်သတင်းအရင်းမြစ်များထံမှ သိရသည်။

အပူရှိန်ပြင်းထန်လှသည့် ယခုနှစ်နွေရာသီတွင် ကျေးရွာများရှိ ရေကန်များ ခမ်းခြောက်သွားခြင်းကြောင့် သောက်သုံးရေ ပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ ယခင်နှစ်များကကဲ့သို့ တစ်လုံးထိုးအင်ဂျင်စက်များ အသုံးပြုကာ မြေအောက်ရေ တင်ယူရန်လည်း စက်သုံးဆီ ဝယ်ယူရရှိရေး ခက်ခဲမှုနှင့် ကုန်ကျစရိတ် မြင့်မားမှုတို့က အဓိက အတားအဆီး ဖြစ်နေသည်။

သတင်းအပြည့်အစုံဖတ်ရှုရန် - https://www.facebook.com/share/p/1H6au6oioj/

ပုံ - မြိုင်မြို့နယ်အတွင်း ရေကန်တစ်ခုအား ပြီးခဲ့သည့် ဧပြီလအတွင်းက တွေ့ရစဉ် (ပေးပို့)

#ThanLwinKhetNews #မြိုင်
2
Forwarded from Than Lwin Khet News
Media is too big
VIEW IN TELEGRAM
ဖြတ်လေးဖြတ်ဒဏ်နှင့် စက်သုံးဆီဈေးကြောင့် မြိုင်အရှေ့ခြမ်းတွင် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

#ထူးထူးခြားခြားတစ်နေ့တာသတင်းများ #ThanLwinKhetNews
1
မြိုင်မြို့နယ်

ရေစကြိုမြို့နယ် {256/257} ခွေးတပ်တို့မှ ထွက်လာပြီး မြိုင်မြို့နယ် အရှေ့မြောက်ပိုင်း လင်းကတောစခန်းတွင် အခြေပြုကာ အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးလျက်ရှိသော စစ်ကောင်စီ စစ်ကြောင်းသည်၊ ယနေ့နံနက် {၅:၃၀}နာရီဝန်းကျင်တွင် ဥယျဉ်ရွာမှ တစ်ဆင့် မရိုးကန်ရွာသို့ ဝင်ရောက်ခဲ့ပြီး၊လက်ရှိတွင် လင်းကတောစခန်းထဲသို့ပြန်လည်၀င်ရောက်ထားကြောင်းသတင်းရရှိထားပါသည်။

#PKK_News
🗓️𝐌𝐚𝐲-31-6:30𝐏𝐌
#7starmyaing
📨သတင်းများပေးပို့ရန်
@myaing3starbot
2👍1
Forwarded from EAR, Org.
⚠️မြိုင်

မြိုင်နယ်အရှေ့မြောက်ခြမ်းဖြတ်၍ တံတားဦးလေတပ်တက် Yak-130 Jet Fighter (1) စီး အနောက်အရပ်သို့ ပျံသန်း။

19:27, May 31
#EAR #SCIN
1
Forwarded from EAR, Org.
⚠️မြိုင်

မြိုင်နယ်မြောက်ခြမ်းဖြတ်၍ တံတားဦးလေတပ်တက် Yak-130 Jet Fighter (1) စီး အနောက်အရပ်သို့ ပျံသန်း။

19:28, May 31
#EAR #SCIN
1
မကွေး ⚠️

မကွေးလေတပ်မှ Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး အနောက်အရပ်သို့ ပျံတက်။

#WaiHin
May 31, 07:30 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
1
Forwarded from EAR, Org.
⚠️မြိုင်

မြိုင်နယ်အနောက်မြောက်ခြမ်းဖြတ်၍ တံတားဦးလေတပ်တက် Yak-130 Jet Fighter (1) စီး အနောက်အရပ်သို့ ပျံသန်း။

19:30, May 31
#EAR #SCIN
1
မင်းဘူး ⚠️

မင်းဘူးနယ်ဖြတ်၍ မကွေးလေတပ်တက် Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး အနောက်အရပ်သို့ ပျံသန်း။

#WaiHin
May 31, 07:30 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
1