ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
​မြစ်ခြေမြို့နယ်

မြစ်ခြေမြို့ပေါ်သို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ခွေးစစ်ကြောင်းသည်၊ မြစ်ခြေ အိုင်ရှည်ရွာအရှေ့ဘက်ကတ္တရာလမ်း​မများပေါာ်တွင်တပ်ဖြန့်နေရာယူထားကြောင်း သတင်းရရှိထားပါသည်။

#PKK_News
🗓️𝐌𝐚𝐲-29-12:30PM

#MRSN
𝐌𝐚𝐲-29- 1:18PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
Forwarded from ပုလဲမြေ (ဆက်သွယ်ရေး နှင့် သတင်းပြန်ကြားရေးဌာန) (-⚔️,𝐃𝐞𝐞_𝟗𝟎,(ဒီး-နိုင်တီး∆ပုလဲ))
သတင်းထုတ်ပြန်ချက်

ရန်သူ့ထောက်ပို့စစ်ကားကို မင်းဘူး ပကဖနှင့် ပူးပေါင်း တပ်ဖွဲ့ မိုင်းဆွဲ၊ ရန်သူ (၆) ဦး သေဆုံး၊ (၃) ဦး ဖမ်းမိ

၂၀၂၆ ခုနစ်၊ မေလ (၂၉) ရက်နေ့

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းပေါ်တွင် ရန်သူ့ ထောက်ပို့ကား တစီးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းဘူး မြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ် တပ်မတော်တို့က မေလ (၂၈) ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ရာ ရန်သူ (၆) ဦး သေဆုံး၊ (၃) ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါသည်။

မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် ထိတွေ့ပစ်ခတ်မှု မိနစ် (၂၀) ကြာ ဖြစ်ပွားခဲ့ပြီး ရန်သူ့ ထံမှ အူဇီ (၃) လက်၊ MA-1 (၂) လက်၊ MA-2 (၁) လက်၊ ၅.၅၆ ကျည် လက်ဆွဲဘောက် (၁) လုံး၊ ၁၂၂ မမ MLRS ရော့ကတ် ပို့ယမ်း သေတ္တာ (၆) လုံးနှင့် ၁၂၂ မမ MLRS ရော့ကတ် (၂၈) လုံး သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ရန်သူ့ စိုးမိုးနယ်မြေအတွင်း ရန်သူ့တပ်အနီးတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ရေး စွမ်းရည်ကို ပြသနိုင်ခဲ့ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
2
သတင်း🌂

မနက်ဖြန် မေ၃၀ ရက်နေ့တွက် မိုးလေဝသခန့်မှန်းချက်ထုတ်ပြန် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်အားလုံး မိုးရွာမည်


ဘဂ်လားပင်လယ်အနောက်တောင်ပိုင်းနှင့်ကပ္ပလီပင်လယ်ပြင်တွင် မေ ၃၀ ရက်နေ့ အနောက်တောင်မုတ်သုံအားအသင့်တင့်ကောင်းမည် မြန်မာမြေပြင်လေပြင်ဟာ ၁နာရီ ၂ မိုင် ၁၄ မိုင်ခန့် မြန်မာနိုင်ငံတောင်ပိုင်းကုန်းတွင်းပိုင်း လေဖိအားဖြစ်ပေါ်ပြီ လေပြင်းတိုက်ခတ်ကာ ရန်ကုန်တိုင်း တနသ်ာရီတိုင်း ဧရာဝတီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် ကယားပြည်နယ် ပဲခူးတိုင်း ရှမ်းပြည်နယ် ပဲခူးတိုင်း နေပြည်တော် ရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း ကချင်ပြည်နယ် စစ်ကိုင်းတိုင်း ချင်းပြည်နယ် မနက်ပိုင်းစကာ ၂၄နာရီအတွင်း လေပြင်းတိုက် လျှပ်စီးလက် မိုးခြိမ်း မိုးကြိုးပစ် ကွက်ကျားမိုးကျဲကျဲမှနေရာကွက်မိုးကြီးမည်။

မြန်မာ့ကပ္ပလီပင်လယ်ပြင်နှင့်မြန်မာကမ်းရိုးတန်းပင်လယ်ပြင်တွင် မနက်ဖြန် လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်ရွာမည်

ဘဂ်လားပင်လယ်အော် အနောက်တောင်မုတ်သုံလေ ရေပြင်လေပြင်ဟာ ၁နာရီ ၅ မိုင်မှ ၂၅ မိုင် ခန့် လေပြင်းတိုက်ခတ်ကာ မိုးကြီးမည်။
🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊

ကပ္ပလီပင်လယ်ပြင် ရေပြင်လေပြင်ဟာ ၁နာရီ ၇ မိုင် မှ ၂၄ မိုင်ခန့် လေတိုက်ပြီ မိုးခြိမ်း မိုးကြီးမည်။
🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊

မြန်မာကန်းရိုးတန်းပင်လယ်ပြင် ရေပြင်လေပြင်ဟာ ၁နာရီ ၃ မိုင်မှ ၂၀ မိုင် ခန့် လေတိုက်ခတ် မိုးကြီးမည်။
🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊

#နေပြည်တော် နေပြည်တော် လယ်ဝေး တပ်ကုန်း ပျဥ်းမနား ညောင်လွန့် ရေဇင်း ဧလာ ညနေ၂နာရီနောက်ပိုင်း မိုးကြီးမည်

#မကွေးတိုင်း မကွေး ပေါက် မြိုင် ရေစကြို ချောက် ဆင်ဖြူကျွန်း ဆင်ပေါင်ဝဲ တောင်တွင်းကြီး ရေနံချောင်း နတ်မောက် ပွင့်ဖြူ စလင်း ဂန့်ဂေါ ဆော ကျောက်ထု ကံထူးမ ကံမ သရက် အောင်လံ မင်းတုန်း မင်းလှ မကွေး မင်းဘူး ငဖဲ စေတုတ္ထရာ ထီးလင်း ဆိတ်ဖြူ ပခုက္ကူ နေ့လယ်၁၂ နာရီနောက်ပိုင်း နေရာကွက်ကျားမိုးကျဲကျဲမှမိုးကြီးမည်

#ပဲခူးတိုင်း ပဲခူး ပြည် ပေါက်ခေါင်း ပေါင်းတည် ပေါင်းတလည် ရွေတောင် ပန်းတောင်း ဥသျှစ်ပင် ကြို့ပင်ကောက် မိုးညို လက်ပံတန်း မင်းလှ သာယာဝတီ သုံးဆယ် စစ်ကွင်း သဲကုန်း ဇီးကုန်း အုတ်ဖို အင်းတကော် တောင်ငူ ဆွာ ရေနီ သနပ္ပင် ညောင်လေးပင် ဝေါ ရွေကျင် ဒိုက်ဦး ကျောက်တံခါး ကဝ သက်ကလ အုတ်တွင်း ကျောက်တံခါး မုန်း ပံနွယ်ကုန်း ပိန်းဇလုပ် ရေတာရှည် မနက် ၈ နာရီနောက်ပိုင်း လေတိုက် မိုးခြိမ်း လျှပ်စီးလက် ကွက်ကျားမိုးကျဲကျဲမှမိုးကြီးမည်

#ဧရာဝတီတိုင်း ပုသိမ် ငွေဆောင် ချောင်းသား ကန့်ကြီးထောင့် မိန်းမလှကျွန်း အိမ်မဲ ငသိုင်းချောင်း သာပေါင်း ကွင်းကောက် ထူးကြီး မြန်အောင် ကြံခင်း ဟသ်ာတ ဇလွန် ဓနုဖြူ ရေကြည် ကျောင်းကုန်း အသုတ် ကျူံပျော် လပွတ္တာ ငပုတော ညောင်တုန်း ရွေလောင်း ပန်းတနော် ဘိုကလေး ဖျာပုံ ကျိုက်လတ် ဒေးဒရဲ ဟိုင်းကြီးကျွန်း ဝါးခယ်မ မိန်းမလှကျွန်း မော်ကျွန်း မနက် ၅ နာရီနောက်ပိုင်း နေရာကွက်ကျားမိုးကျဲကျဲမှမိုးကြီးမည်

#ရန်ကုန်တိုင်း ရန်ကုန်မြို့တွင်း တိုက်ကြီး မှော်ဘီ ထန်းတပင် အဖျောက် ဖောင်ကြီး တွံ့တေး လှည်းကူး ထောက်ကြန့် သန်လျင် ကျောက်တန်း သုံးခွ ခရမ်း မနက် ၃ နာရီနောက်ပိုင်း မိုးကြီးမည်

#မန္တလေးတိုင်း မန္တလေး ပုသိမ်ကြီး ကျောက်ဆည် မြစ်သား ဝမ်းတွင်း စဥ့်ကိုင် တံတားဦး မလိူင် တောင်သာ ဆီမီးခုံ မိုးကုတ် တကောင်း မတ္တရာ စဥ့်ကူး ပြင်ဦးလွင် ထီးလိူင် သာစည် ရမည်းသင်း ပျော်ဘွယ် ထီးလိူင် မိတ္ထီလာ ကျောက်ပန်းတောင်း ပုဂံ တောင်သာ မလိူင် ဝဲလောင် နွားထိုးကြီး ကူမဲ ပြင်စီ ငါ့သာရောက် မြင်းခြံ မနက် ၃ နာရီနောက်ပိုင်း မိုးရွာမည်

#ကရင်ပြည်နယ် ဘားအံ လိူင်းဘွဲ့ ရှမ်းရွာသစ် ကမမောင်း ဖာပွန် မြိုင်ကြီးငူ မြိုင်ကလေး ထီလုံ ဝေါလေ စုကလိ ကြိုက်ဒုံ ကျူံဒိုး ကော့ကရိတ် မြဝတီ ဖာပွန် သံတောင်ကြီး ဘောဂလိ လိပ်သို မနက် ၂ နာရီနောက်ပိုင်း လေတိုက် မိုးခြိမ်းလျှပ်စီးလက် ကွက်ကျားမိုးကြီးမည်

#မွန်ပြည်နယ် မော်လမြိုင် တောင်စွန်း မုပ္ပလင် စစ်တောင်း ကျိုက်ထို ကျိုက်ထီးရိုး ဘီးလင်း ပေါင် မုတ္တမ ချောင်းဆုံ မော်လမြိုင် မုဒုံ ရေး လမိုင်း ကျိုက္ခမီ ကျိုက်မရော မနက်စောပိုင်းတချိန်နှင့် မနက် ၁ နာရီနောက်ပိုင်း လေပြင်းတိုက် မိုးခြိမ်းလျှပ်စီးလက် ကွက်ကျားမိုးကြီးမည်

#စစ်ကိုင်းတိုင်း စစ်ကိုင်း ရွေဘို ဝက်လတ် ဆားလင်းကြီး ဘုတလင်း ကန့်ဘလူ အရာတော် ကလေးဝ မင်းကင်း မော်လိုက် တမူး ဖောင်ပြင်း မြို့သစ် ဟုမ္မလင်း ပင်လည်ဘူး ခန္တီး ကသာ ထီးချိုင့် ရေဦး ကျွန်းလှ ခင်ဦး ကနီ မင်းကင်း ပုလဲ မုံရွာ ဒီပဲယင်း ကောလင်း အင်းတော် မော်လူး နန်စီးအောင် မြောင် မြင်းမူ ယင်းမပင် ဝန်းသို မနက်၂နာရီနောက်ပိုင်း မိုးရွာမည်

#ချင်းပြည်နယ် ဟားခါး ကန်ပက်လက် မင်းတပ် ပလက်ဝ ထန်တလန် တီးတိန့် ဖလမ်း ၂၄နာရီအတွင်း မိုးရွာမည်

#ရခိုင်ပြည်နယ် စစ်တွေ ကျော်တော် မြောက်ဦး ကျောက်ဖြူ အမ်း မအီ တောင်ကုတ် ပုဏ္ဏားကျွန်း မင်းပြား မြေငူကျွန်း သံတွဲ ဂွ မနက်၆ နာရီနောက်ပိုင်း နေရာကွက်ကျားမိုးကျဲကျဲမှမိုးကြီးမည်
3
#ရှမ်းပြည်နယ်  ကလော အောင်ပန်း ကျောက်မဲ နောင်ချို မိုးမိတ် မဘိမ်း မိုးနဲ ပင်လုံ မူဆယ် လားရိူး မုံးကိုး လောက်ကိုင် တာချီလိတ် တာလေ မိုင်းယောင်း ကျိုင်းတုံ မိုးဖြတ် မိုင်ခတ် လင်းခေ  ပင်တယ ညောင်ရွေ တောင်ကြီး အင်းလေး ဖယ်ခုံ မိုးဗြဲ ရပ်စောက် ရွာငံ ကွမ်းလုံ ကုန်ကြမ်း မနက် ၈ နာရီနောက်ပိုင်း  လေတိုက် မိုးခြိမ်းလျှပ်စီးလက် ကွက်ကျားမိုးကျဲကျဲမှမိုးကြီးမည်

#တနသ်ာရီတိုင်း  ထားဝယ် မေတ္တာ ရေဖြူ သရက်ချောင်း  မြိတ် ပလောက် ပုလော ကျွန်းစုမြို့ ကော့သောင်း ခမောက်ကြီး တနသ်ာရှီ မော်တောင်  မနက် ၂ နာရီနောက်ပိုင်း လေပြင်းတိုက် ကွက်ကျားမိုးကြီးရေလျှံရွာမည်

#ကယားပြည်နယ်  လွိုင်ကော် ဖရူဆို  မယ့်စဲ မော်ချီး ရှားတော ဖားဆောင်း မနက် ၉ နာရီအတွင်း မိုးခြိမ်း လျှပ်စီးလက် ကွက်ကျားမိုးကျဲကျဲရွာမည်

#ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော် ဟိုပင် မိုးညှင်း ဖားကန့် တနိုင်း  ဗန်းမော် ရွေကူး မံစီ လိူင်ဇာ ချီဗွေ တာလောကြီး ပန်းဝါ ဆွမ်ဘရာဘွမ်း မချမ်းဘော ပူတာအို  မနက်၁ နာရီနောက်ပိုင်း မိုးရွာမည်

၂၉.၅.၂၀၂၆
#မြန်မာတောင်ပိုင်းမိုးလေဝသSMW
https://www.facebook.com/share/14htoYV2fE6/

ဂရုစိုက်ကြပါ ။ 🙏🌻🕊️

#MRSN
May 29  ,  5:05PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
ယောနယ်တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း အင်အားအလုံးအရင်းဖြင့် လှုပ်ရှားနေ၊ ကံချောင်းရွာသို့ ရောက်ရှိပြီး မော်တော်ယာဉ်များ ချောဆွဲခံရ

မေ ၂၉၊ ယောဒေသ

မကွေးတိုင်း၊ ယောနယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေပြီး၊ ယမန်နေ့က ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိတွင် ကံချောင်းကျေးရွာသို့ ရောက်ရှိနေရာယူထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ကံကြီးကျေးရွာဘက်မှ စတင်ထွက်ခွာလာသည့် အင်အား ၃၀၀ ဝန်းကျင်ပါဝင်သော အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လမ်းခရီးတွင် တစ်ညအိပ် ကြာ ပြီးနောက်၊ ယနေ့ (မေလ ၂၉ ရက်) တွင် ကံချောင်းကျေးရွာအတွင်းသို့ ဝင်ရောက်ရောက်ရှိနေပြီ ဖြစ်သည်။

မြေပြင်သတင်းအချက်အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကံချောင်းကျေးရွာအတွင်း၌ ရောက်ရှိနေပြီး ဒေသခံပြည်သူပိုင် အရပ်သားမော်တော်ယာဉ်ငယ် ၂ စီးနှင့် ဖောကား ၂ စီးတို့ကိုလည်း အဓမ္မချောဆွဲ (သိမ်းဆည်း) အသုံးပြုထားကြကြောင်း သိရသည်။ အဆိုပါ စစ်ကြောင်းသည် ကံချောင်းရွာတွင် ယနေ့ည ဆက်လက်စခန်းချခြင်း ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်လျက် ရှိပါသည်။

ယောနယ်တောင်ပိုင်းတွင် နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေသည့်အပြင် စစ်ကောင်စီစစ်ကြောင်း ကျေးရွာများအတွင်း ရောက်ရှိနေခြင်းကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာနေပြည်သူများအနေဖြင့် လေကြောင်းရန်၊ လက်နက်ကြီးအန္တရာယ်နှင့် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံနိုင်သည့် အန္တရာယ်များကို အထူးဂရုပြု သတိထားကြရန် နှိုးဆော်ထားသည်။

ထို့အပြင် မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးကို ရှေးရှု၍ စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားရာလမ်းကြောင်းများနှင့် ဝေးရာနေရာများတွင်သာ ရှောင်တိမ်းနေထိုင်ကြပါရန် မြေပြင်သတင်းရင်းမြစ်များက တိုက်တွန်းနှိုးဆော်ထားပါသည်။

Aung Gyi
ယောအလင်းတန်း
#MRSN
May 29  ,  7:16PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍3
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «သတင်း🌂 မနက်ဖြန် မေ၃၀ ရက်နေ့တွက် မိုးလေဝသခန့်မှန်းချက်ထုတ်ပြန် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်အားလုံး မိုးရွာမည် ဘဂ်လားပင်လယ်အနောက်တောင်ပိုင်းနှင့်ကပ္ပလီပင်လယ်ပြင်တွင် မေ ၃၀ ရက်နေ့ အနောက်တောင်မုတ်သုံအားအသင့်တင့်ကောင်းမည် မြန်မာမြေပြင်လေပြင်ဟာ…»
ဆိပ်ဖြူမြို့နယ်

ဆိပ်ဖြူအခြေစိုက် ကပစ{၂၂}ခွေးခြံသို့ ရောက်ရှိနေသော စစ်ခွေးကားတန်း{၂၆}စီးနှင့် ခွေးအင်အား{၇၀၀}ကျော်ပါရှိသော စစ်ကြောင်းသည်၊ လက်ရှိအချိန်ထိ ၎င်းနေရာအနီး၀န်းကျင်၌ ဆက်လက်တည်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
🗓️𝐌𝐚𝐲-29-7:00P𝐌

ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူရွာမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ 

#PKK_News
🗓️𝐌𝐚𝐲-29-8:36𝐏𝐌
#7starmyaing
📨သတင်းပေးပို့ရန်
@myaing3starbot
3
ကျောက်ထုမြို့အခြေစိုက် အမတ (၃၆၈) တပ်မှ စစ်ကြောင်းနှစ်ကြောင်း ထွက်ခွာလာဟု သတင်းရရှိ၊ ဒေသခံများ စစ်ရေးသတိဖြင့် နေထိုင်ကြရန် နှိုးဆော်

မေ ၂၉ ရက်၊ ၂၀၂၆

ကျောက်ထုမြို့အခြေစိုက် အမတ (၃၆၈) တပ်မှ ယနေ့ညပိုင်းတွင် စစ်ကြောင်းနှစ်ကြောင်း ထွက်ခွာလာကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

အင်အား ၈၀ ဝန်းကျင်ပါ စစ်ကြောင်းတစ်ကြောင်းမှာ သန်းဦးချောက်ဘက်သို့ ဝင်ရောက်သွားကြောင်း သိရပြီး သန်းဦးချောက်အတွင်း၌သာ ဆက်လက်တပ်စွဲနေမည်လား၊ သို့မဟုတ် အခြားဒေသများသို့ ဆက်လက်ရွေ့လျားလာမည်လားကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ကြောင့် တေးကျေးရွာ၊ စံကျေးရွာနှင့် ပန်းဆန်ကျေးရွာအနီးဝန်းကျင်ရှိ ပြည်သူများအနေဖြင့် စစ်ရေးအခြေအနေကို အနီးကပ်စောင့်ကြည့်ကာ လိုအပ်သည့် ဘေးကင်းရေးပြင်ဆင်မှုများ ပြုလုပ်ထားပြီး စစ်ရေးသတိအပြည့်ဖြင့် နေထိုင်ကြရန် နှိုးဆော်ထားသည်။

အခြားစစ်ကြောင်းတစ်ကြောင်းမှာ ယောနယ်နှင့် မင်းတပ်နယ်အစပ်ရှိ ဒေသခံများက "နယ်ခြား" ဟု ခေါ်ဆိုသည့် နေရာအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ သို့သော် အဆိုပါစစ်ကြောင်း၏ အင်အားနှင့် အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယင်းကြောင့် အညာ (၅) ရွာအုပ်စုအတွင်းရှိ ပြည်သူများနှင့် မင်းတပ်နယ်ဘက်ရှိ ဒေသခံများအနေဖြင့်လည်း လုံခြုံရေးသတိကို မြှင့်တင်ထားကြရန်နှင့် မိမိတို့၏ အခြေအနေအရ ဘေးကင်းရေးအစီအမံများကို ကြိုတင်ပြင်ဆင်ထားကြရန် ဒေသတွင်း သတင်းရင်းမြစ်များက အသိပေးထားသည်။

သတိပြုရန် စစ်ကြောင်းများ၏ လှုပ်ရှားမှုအခြေအနေများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သဖြင့် သတင်းအချက်အလက်များကို ဆက်လက်စောင့်ကြည့်ကြရန် လိုအပ်ပါသည်။

Aung Gyi
ယောအလင်းတန်း
#MRSN
May 29  ,  10:11PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
Forwarded from Wai Hin (ဝေဟင်) (Ngai gaw Singkaw n Tu ai U ri)
မြိုင် ⚠️

မြိုင်နယ် အလယ်ကြောဖြတ်၍ တပ်မ ၁၀၁ တက် စက်တပ်လေထီး (Paramotor) ၂စီး အနောက်မြောက်အရပ်သို့ ပျံသန်း။

#WaiHin
May 30, 07:01 AM
📬သတင်းပို့ရန် @WaiHinAirScout_Bot
1
ကန်နီ ⚠️

ကန်နီနယ် ပျူရွာပေါ် တွင် တပ်မ ၁၀၁ တက် စက်တပ်လေထီး (Paramotor) ၂ စီး ပျံဝဲနေ။

#WaiHin
May 30, 07:05 AM
📬သတင်းပို့ရန် @WaiHinAirScout_Bot
3
Forwarded from Wai Hin (ဝေဟင်) (Ngai gaw Singkaw n Tu ai U ri)
ပခုက္ကူ ⚠️

ပခုက္ကူနယ် အလယ်ကြောဖြတ်၍ တပ်မ ၁၀၁ တက် စက်တပ်လေထီး (Paramotor) ၁စီး မြောက်အရပ်သို့ ပျံသန်း။

#WaiHin
May 30, 07:27 AM
📬သတင်းပို့ရန် @WaiHinAirScout_Bot
1
⚠️မြေပြင်

ပခုက္ကူ- မကွေးတိုင်း

ပခုက္ကူတပ်မ ၁၀၁မ ထွက်စခ ကား၂ စီး ချောက်ကန်ရွာ အရှေ့ဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိ။

#WES 7:52am,May 30
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
Forwarded from Wai Hin (ဝေဟင်) (Ngai gaw Singkaw n Tu ai U ri)
ပခုက္ကူ

ပခုက္ကူ တပ်မ ၁၀၁ သို့ ကန်နီပျူရွာခွေးစာချခဲ့သော စက်တပ်လေထီး (Paramotor) ၂စီး မြောက်အရပ်မှ ဆင်းသက်။

#WaiHin
May 30, 08:02 AM
📬သတင်းပို့ရန် @WaiHinAirScout_Bot
👍2
မိဘပြည်သူများကို အသိပေးအပ်ပါတယ်
=========================

အထူးအသိပေးအပ်ပါတယ်ခမျာ့
အကြမ်းဖက်မင်းအောင်လှိုင်၏
မယားပါသားများ ရောက်ရှိခဲ့ရာ
ကျေးရွာများ အနီးဝန်းကျင်တွင်🚷
နေထိုင်သွားလာခြင်း မလုပ်ကြပါရန်နှင့်
စစ်ကြောင်းရောက်ရှိပီး ပြန်လည်ထွက်ခွါ
သွားရာ ကျေးရွာများအတွင်းသို့
သက်ဆိုင်ရာအဖွဲ့အစည်းများက
ပြန်လည် ဝင်ရောက်ခွင့်ပြုမှသာလျှင်
ပြန်လည်ဝင်ရောက် နေထိုင်ကြပါရန်
အသိပေးအပ်ပါသည်။
(စစ်ခွေးမိစ္ဆာကောင်များက အချိန်မရွေး
ပြန်လည်ဝင်ရောက်လာနိုင်သည်က
တစ်ကြောင်း၊ မပေါက်ကွဲသေးသည့်
မြေမြှုပ်မိုင်းများ နှင့် အခြားသော
စစ်ဘက်ဆိုင်ရာ ပေါက်ကွဲနိုင်သည့်
ဆက်စပ်ပစ္စည်းများ ရှိနေနိုင်ခြင်းက
တစ်ကြောင်း သို့ဖြစ်ပါသဖြင့်
တာဝန်ရှိသူများက ရှင်းလင်းပီးမှသာ
ပြန်လည်ဝင်ရောက်ကြပါရန် ကျတော်တို့
သတင်းအဖွဲ့သားများမှ အသိပေး
နှိုးဆော် တိုက်တွန်းလိုက်ရပါသည်ခမျာ့။)

🥷🏼⃕⃝𝐂𝐫𝐨𝐬𝐬◉အညာမြေ。²⁰²⁶゚𒆜🚩

သတင်းပေးပို့ရန်=@Myaing3Star

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star

သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
2
ဆိပ်ဖြူ ⚠️

ဆိပ်ဖြူနယ်တစ်နေရာတွင် Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီး ပျံဝဲနေ။

#WaiHin
May 30, 01:28 PM
👍2
စစ်တပ်က ဇာတ်ပွဲများ ထည့်သွင်းခိုင်းပြီး ပခုက္ကူ သီဟိုဠ်ရှင်ဘုရားပွဲ ကျင်းပနေချိန်၊ တစ်မြို့နယ်တွင်းက မြစ်ခြေမြို့ကိုမူ မြို့လုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး

မေ ၃၀၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ သီဟိုဠ်ရှင်ဘုရားပွဲကို အကြမ်းဖက်စစ်တပ်က ဇာတ်ပွဲတွေထည့်သွင်းပြီး ပွဲလမ်းသဘင်အခမ်းအနားနဲ့ ခြိမ့်ခြိမ့်သဲ ကျင်းပနေချိန်မှာပဲ၊ ပခုက္ကူနဲ့အနည်းငယ်သာကွာဝေးတဲ့ မြစ်ခြေမြို့ကိုတော့ မီးရှို့ဖျက်ဆီးမှုတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေအရ ပခုက္ကူခရိုင်အတွင်းက မြို့နယ်တွေကို အကြမ်းဖက်စစ်တပ်က ကပစ စက်ရုံတွေမှာ အင်အားစုပြီး အင်အားထောင်ချီတဲ့ စစ်ကြောင်းတွေနဲ့ ထိုးနှက်တိုက်ခိုက်နေတာဖြစ်ပြီး၊ ပခုက္ကူမြို့အနောက်တောင်ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်မှာရှိတဲ့ မြစ်ခြေမြို့ကိုလည်း စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုတွေဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

မြစ်ခြေမြို့ကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့မေလလယ်လောက်က စတင်စစ်ကြောင်းထိုးမီးရှို့ခဲ့ရာမှာ လက်ရှိချိန်မှာ‌တော့ တစ်မြို့လုံးနီးပါးက နေအိမ်ပေါင်းထောင်ချီ မီးလောင်ပျက်စီးသွားခဲ့ပြီလို့ သိရပါတယ်။

မြို့တွင်း အရပ်သားတွေကို မီးငြှိမ်းသတ်ခွင့် မပေးကြောင်းနဲ့ စစ်ကြောင်းဝင်ရောက်လာချိန် သတ်ဖြတ်ခံရသူ ၁၀ ဦး ထက်မနည်းရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းရဲ့ မီးရှို့မှုကြောင့် မီးလောင်ကျွမ်းနေတဲ့ မြစ်ခြေမြို့ကို ဧရာဝတီမြစ်တစ်ဖက်ကမ်း ပုဂံဘက်ကပင်မြင်ရကြောင်း သိရပြီး လက်ရှိမှာ ဒေသခံ နှစ်သောင်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။

တစ်ဖက်မှာလည်း အကြမ်းဖက်စစ်တပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ ပခုက္ကူမြို့ပေါ်မှာ ဘုရားပွဲအကြောင်းပြကာ နာမည်ရဇာတ်သဘင်တွေကို ထည့်သွင်းပေးရင်း ပြည်သူတွေအပေါ် သူတို့ရဲ့ရက်စက်မှုကို ဟန်ပြဖုန်းကွယ်ဖို့ ကြိုးစားနေပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အကြမ်းဖက်စစ်တပ်လုပ်တဲ့ ဟန်ပြပွဲလမ်းသဘင်တွေကို ပြည်သူတွေ မသွားလာကြဖို့ တိုက်တွန်းထားကြပါတယ်။

"ဇာတ်ပွဲထည့်တော့ သူတို့(စစ်တပ်)အသိုင်းအဝိုင်းမှ မဟုတ်ဘူး။ အခြားပြည်သူတွေလည်းကြည့်ချင်ကြမှာပဲ။ အပြစ်ပြောလို့မရပါဘူး။ ဘယ်လောက်ပဲမြို့ပြမှာနေနေ သူတို့လည်း စစ်တပ်ရဲ့ဖိအားဒဏ်တွေကို ခံကြရမှာပါပဲ။ မြို့ပြမှာက ပေါ်တာဆွဲတာ၊ အနိုင်ကျင့်တာတွေ သူတို့လည်းကြုံနေကြရမှာပါပဲ။ တစ်ဖက်မှာလည်း အခုလိုယုတ်မာနေတဲ့ စစ်ကောင်စီလုပ်တဲ့ ပွဲလမ်းသဘင်တွေကို မသွားလာပဲ နေလိုက်ခြင်းအားဖြင့် တော်လှန်ရေးကို ကူညီတာမဟုတ်ရင်တောင် စစ်တပ်ကို မုန်းတီးတယ်ဆိုတာကို ပြလို့ရပါတယ်။ စစ်တပ်ကတော့ သူတို့စနစ်အောက်မှာ ကျွန်တွေလိုပဲ ပျော်ခိုင်းမှာပါပဲ" လို့ ပခုက္ကူခရိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မောင်းကိုပြောပါတယ်။

သီဟိုဠ်ရှင်စေတီရဲ့ နယုန်လ ဗုဒ္ဓပူဇနိယပွဲကို နှစ်စဥ်မေလ ၂၃ရက်နေ့ကစပြီး ဇွန်လ ၁၆ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး၊ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာ ဇာတ်သဘင်ပွဲတွေ စတင်ကပြနေပြီဖြစ်ကြောင်းနဲ့ လူပြည့်လူလျှံတဲ့အထိ အားပေးကြကြောင်း စစ်တပ်ထောက်ခံသူတွေက ပြောဆိုကြပါတယ်။

တစ်ဖက်မှာလည်း ဘုရားပွဲကို လာရောက်တဲ့ လူငယ်လူရွယ်အမျိုးသားတွေကို စစ်တပ်နဲ့ စစ်တပ်လက်ပါးစေ ပျူစောထီးနဲ့ရဲတွေက ပေါ်တာဆွဲ ဖမ်းဆီးတာမျိုးတွေ လုပ်ဆောင်နေကြောင်းနဲ့ အမျိုးသမီးငယ်တွေကို ပြန်ပေးဆွဲငွေညှစ်တာမျိုးတွေလည်း ရှိကြောင်း မြို့ခံတချို့က ဆိုပါတယ်။

လက်ရှိမြေပြင်အခြေအနေမှာတော့ ပခုက္ကူခရိုင်အတွင်းက မြစ်ခြေမြို့အပါအဝင် ဆိပ်ဖြူ၊ ပေါက်၊ မြိုင်နဲ့ ရေစကြိုမြို့နယ်တွေကို အကြမ်းဖက်စစ်တပ်က ကပစ အ‌ခြေပြုတပ်တွေကတဆင့် ရိက္ခာကားတန်း၊ လူခြေလျင်တန်းတွေနဲ့ အင်အားသုံး စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ သိရပါတယ်။

#မောင်း
#MRSN
May 30 , 5:17PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
8
#မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
30.5.2026

ယနေ့မနက် 7:00 ကျော်ခန့်က
မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာပျူစခန်းကို
ပခုက္ကူတပ်မ 101 မှ စက်တပ်လေထီးနှစ်စီးနဲ့
ခဲယမ်း ရိက္ခာထုပ်များ ချပေးသွားတယ်လို့
သိရပါတယ်။

မြိုင်မြို့နယ် အရှေ့မြောက်ပိုင်း
လင်းကတော စခန်းမှာ ရောက်နေပြီး
အနီးနားရွာတွေကို စစ်ကြောင်းထိုးဖျက်ဆီးကာ
ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေတဲ့
စစ်ကောင်စီတပ်တွေဟာ
28 ရက်နေ့ညကနေ ယနေ့ညအထိ
လင်းကတောစခန်းမှာပဲ ရှိနေတယ်လို့
သိရပါတယ်။

မြိုင်မြို့အနောက်တောင်ဘက်
စက်မှု (2) ထဲမှာ ရောက်နေတဲ့
စစ်ကောင်စီတပ်တွေဟာ
မနေ့ညကနေ ယနေ့ညအထိ စက်မှု (2) ထဲမှာပဲ
ရှိနေတယ်လို့ သိရပါတယ်။

နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
မြိုင်မြို့နယ်အရှေ့မြောက်ပိုင်း
လင်းကတောအနီးတဝိုက်ရှိ မိဘပြည်သူများနဲ့
မြိုင်မြို့နယ်အနောက်တောင်ပိုင်း
စက်မှု (2) အနီးတဝိုက်ရှိ မိဘပြည်သူများ အားလုံး
သတိဝရိယနဲ့ နေထိုင်ကြဖို့
အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
May 30 , 11:59PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
ဆောမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းများ စစ်ရေးလှုပ်ရှားမှု မြင့်တက်၊ ရွာအချို့ မီးရှို့ခံရပြီး စစ်ကြောင်းနှင့် ဝေးရာသို့ အမြန်ဆုံး တိမ်းရှောင်ရန် လိုအပ်နေ

မေလ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိပြီး ကျေးရွာအချို့တွင် ပြည်သူပိုင်ပစ္စည်းများ လုယက်ယူဆောင်ခြင်းနှင့် နေအိမ်များကို မီးတင်ရှို့ခြင်းများ လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ အမြန်ဆုံး ကြိုတင်တိမ်းရှောင်ကြရန် လိုအပ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကြောင်း (၁) - အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးကာ ပြည်သူပိုင်ဆိုင်ကယ်များ လုယက်ယူဆောင်

ဆောမြို့နယ် ကံချောင်းကျေးရွာတွင် ညအိပ်စခန်းချခဲ့သည့် အင်အား (၃၀၀) ဝန်းကျင်ပါရှိသော စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့က လယ်ကြီးအိုင်နဲ့ ကံချောင်းကျေးရွာကို ထိုးသည့်အချိန်တွက် ပြည်သူပိုင် ကားလေးစီးကို သိမ်းယူ အသုံးပြုနေကြပြီး ယနေ့နံနက်ပိုင်းတွင်လဲ ကျောက်စစ်ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကာ ဒေသခံပြည်သူပိုင် ဆိုင်ကယ် အစီး (၂၀) ဝန်းကျင်ကို မတရားယူဆောင်သွားခဲ့ကြောင်း သိရသည်။လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ကံချောင်းကျေးရွာတွင် အများစု ဆက်လက်တပ်စွဲထားဆဲဖြစ်ပြီး၊ ၎င်းတို့၏ ရှေ့ပြေးကင်းပုန်း (ရှေ့ပွိုင့်) များမှာ ကံချောင်းကျေးရွာနှင့် ခူးချောင်းကျေးရွာများအနီးသို့ ရောက်ရှိ ဖြန့်ကျက်နေပြီဖြစ်ကြောင်း သိရပါသည်။

စစ်ကြောင်း (၂) - ကျောက်ထု အမတ (၃၆၈) မှ ထွက်လာသည့် စစ်ကြောင်း ကြက်ဥတင်နှင့် ထင်ချောင်းရွာကို မီးရှို့ဖျက်ဆီး

အလားတူ မေလ (၂၉) ရက်နေ့က ကျောက်ထုအခြေစိုက် အမြောက်တပ်ဖွဲ့ အမတ (၃၆၈) ထဲမှ ထွက်ခွာလာသည့် အခြားစစ်ကောင်စီစစ်ကြောင်းတစ်ခုသည်လည်း မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာလမ်းခွဲအနီး၊ ထင်ချောင်းကျေးရွာနှင့် ကြက်ဥတင်ကျေးရွာများအတွင်းသို့ ရောက်ရှိနေကြောင်း သိရသည်။

ထင်ချောင်းကျေးရွာအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများသည် လက်ရှိတွင် ထင်ချောင်းကျေးရွာနှင့် ကြက်ဥတင်ကျေးရွာများကို မီးတင်ရှို့ဖျက်ဆီးလျက်ရှိသည်။ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံအရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကိုမူ ဆက်လက်စုံစမ်း အတည်ပြုဆဲ ဖြစ်သည်။

** ချင်းပြည်နယ်တက်မည့် စစ်ကြောင်းကို ကူညီရန် အမတ (၃၆၈) က အင်အားဖြန့်ကျက်ထား

ထို့အပြင် ကျောက်ထု အမတ (၃၆၈) တပ်ထဲမှ ထွက်ခွာလာသည့် စစ်ကောင်စီအင်အားအချို့သည် တောင့်ထက်ကျေးရွာ မြောက်ဘက် တောအုပ်ထဲနှင့် ကံကြီးကျေးရွာတစ်လျှောက်တွင်လည်း အင်အားအလုံးအရင်းဖြင့် ဖြန့်ကြက်နေရာယူထားကြောင်း သိရသည်။
ယခုကဲ့သို့ အင်အားဖြန့်ကြက်ထားခြင်းမှာ ချင်းပြည်နယ်ဘက်သို့ စစ်ကြောင်းထိုး တက်ရောက်မည့် စစ်ကောင်စီစစ်ကြောင်းကို ပစ်ကူပေးရန်နှင့် လိုအပ်ပါက စစ်ကူအင်အား ဖြည့်တင်းကူညီနိုင်ရန်အတွက် အသင့်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းမြစ်များက သုံးသပ်ထားကြသည်။

** ပြည်သူများ ကြိုတင်တိမ်းရှောင်ရန်နှင့် အထူးသတိပြုရန် နှိုးဆော်ချက်

စစ်ကောင်စီတပ်များ ဆောမြို့နယ်အတွင်းသို့ ဘက်ပေါင်းစုံမှ စစ်ကြောင်းထိုး ဝင်ရောက်လာနေပြီး အနီးဝန်းကျင်ကျေးရွာများနှင့် တောအုပ်များအထိ အင်အားဖြန့်ကြက်လာနေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိ အပြည့်ရှိနေကြဖို့ လိုအပ်ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ကြောင်းထိုးစဉ် လမ်းကြောင်းတစ်လျှောက် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လေ့ရှိသဖြင့် စစ်ကြောင်းနှင့် နီးစပ်သည့်နေရာများတွင် ခိုလှုံခြင်းမပြုဘဲ လုံခြုံစိတ်ချရသည့် အကွာအဝေးထိ ရှောင်တိမ်းကြရန် လိုအပ်ပါသည်။ ထို့အပြင် စစ်ရေးအခြေအနေ တင်းမာနေစဉ်အတွင်း လေကြောင်းရန်အန္တရာယ်ကိုလည်း အထူးဂရုပြု စောင့်ကြည့်ကြရန် ဒေသခံများအချင်းချင်း သတိပေးနှိုးဆော်ထားကြသည်။

Aung Gyi
ယောအလင်းတန်း
#MRSN
May 30 , 11:59PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4