ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
639 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «သတင်း🌂 မိုးလေဝသအခြေနေ🌧️🌦️ ၂၀၂၆ မေလ ၉ ရက်မှ ၁၃ ရက်အတွင်း မြန်မာတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတို့တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ အနောက်တောင်မုတ်သုံလေ အားအသင့်တင့်ဝင်ရောက်လာမည်ဖြစ်ပြီး၊ လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့်ပေါင်းစပ်ကာ မိုးရွာသွန်းမှုမ…»
⚠️ရေစကြို

ဆင်ချောင်းရွာမှထွက်လာဂျိုကြွ ဇောင်းထ ၊အိမ်မရှိ ၊ယာမရှိ လူစိတ်မရှိ သောစစ်ခွေးစစ်ကြောင်းသည် ဒေသအခေါ် (ဆားတောင်)စည်သာရွာမှတဆင့်တောင်အရပ်သို့ထွက်ခွာနေကြောင်းသတင်းရရှိ။

May 4, 4:42AM
#7StarMyaing
သတင်းပေးပို့ရန်@ArrDan Yso2234
3🫡1
ပခုက္ကူ- မကွေးတိုင်း

5:03am(4May)

ပခုက္ကူတပ်မ (၁၀၁)မှ Paramotor (2) စီးပျံတက်။

⚠️ပေါက် ကမ္မ ရေစကြို  မြိုင် မြစ်ခြေ /ဆားလင်းကြီး /ကျောက်ပန်းတောင်း ပုဂံ ညောင်ဦး မြင်းခြံ တောင်သာ သတိပြု

#WES
သတင်းပို့ရန်
@SCOUT_WES
@WES_ScoutInfobot
1
🔴 ပခုက္ကူ- မကွေးတိုင်း

5:17am(4May)

ပခုက္ကူတပ်မ (၁၀၁)တက်  Paramotor (2) စီး  ပခုက္ကူနယ်ပေါ်ပျံဝဲနေ။(2 ကြိမ်မြောက်)

#WES
သတင်းပို့ရန်
@SCOUT_WES
@WES_ScoutInfobot
1
ပခုက္ကူ- မကွေးတိုင်း

5:21am(4May)

ပခုက္ကူတပ်မ (၁၀၁)တက်  Paramotor (2) စီး  ပခုက္ကူနယ်တောင်ဘက်သို့ ပျံသန်း။

#WES
သတင်းပို့ရန်
@SCOUT_WES
@WES_ScoutInfobot
1
ပခုက္ကူ- မကွေးတိုင်း

5:58am(4May)

ပခုက္ကူတပ်မ (၁၀၁)မှ Paramotor (2) စီးပျံတက်။

⚠️ပခုက္ကူ ပေါက် ကမ္မ ရေစကြို  မြိုင် မြစ်ခြေ သတိပြု

#WES
သတင်းပို့ရန်
@SCOUT_WES
@WES_ScoutInfobot
👍2
ပခုက္ကူ- မကွေးတိုင်း

6:04am(4May)

ပခုက္ကူတပ်မ (၁၀၁)တက် Paramotor (2) စီး ပခုက္ကူမြို့ပေါ် ပျံဝဲနေ။

#WES
သတင်းပို့ရန်
@SCOUT_WES
@WES_ScoutInfobot
1
ပခုက္ကူ- မကွေးတိုင်း

6:22am(4May)

ပခုက္ကူတပ်မ (၁၀၁)တက် Paramotor (2) စီး ပခုက္ကူကားကြီးဝန်းဖြတ် မြောက်ဘက်သို့ ပျံသန်း။

⚠️ပခုက္ကူ ပေါက် ကမ္မ ရေစကြို  မြိုင် မြစ်ခြေ သတိပြု

#WES
သတင်းပို့ရန်
@SCOUT_WES
@WES_ScoutInfobot
1👍1
⚠️မြေပြင်

ပခုက္ကူ-မကွေးတိုင်း

ပခုက္ကူမြို့ ကားကြီးကွင်းအနောက်ဘက် ဧရာဝတီတံတားနှင့် မြို့ရှောင်လမ်း မီးပွိုင့်လမ်းဆုံတွင် စကစစစ်သား အင်အားအများအပြားရောက်ရှိနေကြောင်း သတင်းရရှိ။

#WES
6:42am,May 4
1
⚠️မြေပြင်

ပခုက္ကူ-မကွေးတိုင်း

ကျောက်လှေကားဂိတ်မှ စကစစစ်သားများ ပခုက္ကူGTCဘက်သို့ ဦးတည်ထွက်ခွါနေကြောင်း သတင်းရရှိ။

#WES
7:30am,May 4
1
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ရေစကြိုမြို့နယ် ကံသစ်ရွာတွင် စကစစစ်ကြောင်း ဝင်ရောက်နေကြောင်း သတင်းရရှိ။

#WES
7:30am,May 4
1
Forwarded from Magway Division News
ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ်ကံသစ်ရွာသို့မြောက်အရပ်မှလာသောစခစစ်ကြောင်းဝင်ရောက်နေကြောင်းသိရပါတယ်။

#MDN
May-4/7:30AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
2
⚠️ရေစကြို

ရေစကြိုနယ် အတွင်းစစ်ခွေးစစ်ကြောင်းအထူးဂရုစိုက်ကြပါ။ ရေစကြိုနယ်စခများခြေရှုပ်နေပါတယ် ။ နယ်မြေခံသတင်းချန်နယ်များတွင်ကြည့်ရှု့ကြပါရန် ။

May 4,7:54AM

#7StarMyaing
📫သတင်းပေးပို့ရန်@ArrDanYso2234
👍42
⚠️ပခုက္ကူခရိုင်၊ပေါက်-ဆိပ်ဖြူမြို့နယ်

ဆိပ်ဖြူမြို့နယ်အခြေစိုက်ကပစ(၂၂)မှစတင်ထွက်ခွာလာကာသပြေရေရွာမှတဆင့်မြောက်အရပ်နှင့်အရှေ့အရပ်သို့နှစ်ကြောင်းခွဲထွက်လာသောစခအအ၄၀၀ခန့်ပါစစ်ကြောင်းမှမြောက်အရပ်သို့ထွက်ခွာလာသောစစ်ကြောင်းသည်ချက်ကန်ရွာဧရိယာအနားသို့ရောက်နေပြီးအရှေ့အရပ်သို့ထွက်ခွာလာစစ်ကြောင်းသည်ဒေသအခေါ်ငှက်ကြီးသေရွာအနီးသို့ရောက်ရှိနေကြောင်းသိရပါတယ်။

#MDN
May-4/8:30AM
#7StarMyaing
📫သတင်းပေးပို့ရန်@ArrDanYso2234
2👍2
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်

ပေါက်မြို့နယ်တောင်ပိုင်းသပြေရေရွာမှမြောက်အရပ်သို့ထွက်ခွာလာသောစခစစ်ကြောင်းသည်ချက်ကန်ရွာတောင်ပိုင်းရှိကားဝပ်ရှော့သို့ရောက်ရှိနေကြောင်းသိရပါတယ်။

#MDN
May-4/9:14AM
#7StarMyaing
📫သတင်းပေးပို့ရန်@ArrDanYso2234
2
ရေစကြိုမြို့နယ်

ပခုက္ကူဘက်မှထွက်လာတဲ့ စကစများဟာပခုက္ကူဘက်မှ ရေစကြိုဘက်သို့ ကားကြီး၂စီးနှင့်ကတ္တယာအတိုင်းဦးတည်မောင်းနှင်လာကြောင်းသတင်းရရှိပါတယ်ဗျ ။
#Threestarsmyaing
May-4,9:53Am
📮သတင်းပို့ရန်
@3Starmyaingbot
Forwarded from Magway Scout Network
ရေစကြိုမြို့နယ်

ပခုက္ကူမြို့ပေါ်မှထွက်ခွာလာသောစခများသည် ရေစကြိုဘက်သို့ ကားကြီး(၂)စီးဖြင့်ကတ္တယာအတိုင်းဦးတည်မောင်းနှင်လာကြောင်းသိရ။

#MRSN
#Threestarsmyaing
May-4,9:53AM
📬 သတင်းပေးပို့ရန် @MagwayScoutBot
👍3
ရစက ခွေးခြံမှာ ဟှောက်ဝှစ်ဇာလက်နက်ကြီးရမ်းသမ်းပစ်ခက်နေပါတယ်ဗျ ။
#Threestarsmyaing
May-4,10:28
📮သတင်းပို့ရန်
@3starmyaingbot
⚠️မြေပြင်

ပခုက္ကူ-မကွေးတိုင်း

ရေစကြိုနယ် ဆင်ချောင်း(ပျူ)ရွာတွင် ညအိပ်ခဲ့သော စခ စစ်ကြောင်းသည်  ​ပခုက္ကူမြို့နယ် ပေါင်လောင်ကန်ရွာထဲသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#WES
10:39am,May 4
2
ပေါက်မြို့နယ်

ဆိပ်ဖြူမြို့နယ် ကပစ (၂၂)မှထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ပေါက်မြို့နယ်တောင်ပိုင်း သပြေရေရွာမှတဆင့် ချက်ကန်ရွာသို့ရောက်ရှိနေကြောင်း သိရ။

#MRSN
𝐌𝐚𝐲-4,11:20A𝐌
#Threestarsmyaing
📮သတင်းပေးရန်
@3Starmyaingbot
1👍1
ကျောက်ထု အမတ (၃၆၈) စစ်ကြောင်း ကံကြီးရွာတွင် အခြေပြုပြီး ကတုတ်ကျင်းများတူးကာ ပြင်ဆင်နေ၊ ဒေသခံများ စစ်ဘေးရှောင်နေရ

ကျောက်ထု၊ မေ ၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊
ကျောက်ထုမြို့အခြေစိုက် အမတ (၃၆၈) တပ်ရင်းမှ အင်အား ၂၀၀ ဝန်းကျင်ပါဝင်သည့် စစ်-ကြောင်းသည် တပ်နှင့် တစ်မိုင်ကျော်ခန့်သာ ဝေးကွာသော ကံကြီးကျေးရွာ လမ်းဆုံသို့ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ကတည်းက ရောက်ရှိပြီး တပ်ချထားတာ ၉ ရက်ရှိလာပြီဖြစ်ပါတယ်။

အဆိုပါ စ-က-စ စစ်-ကြောင်းသည် ကံကြီးကျေးရွာ စာသင်ကျောင်းနဲ့ ကျောင်းအနောက်ဘက်ကုန်းတွေပေါ်မှာ ကတုတ်ကျင်းများတူးကာ အခိုင်အမာ ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေပါတယ်။ ထို့ပြင် အဆိုပါ တပ်စခန်းချနေကြသော စ-က-စတပ်သားတွေဟာ ကံကြီးကျေးရွာ တံတားထိပ်နားတွေနှင့် ပြင်လယ်ကျေးရွာအနီးတစ်ဝိုက်အထိ ကင်းပုန်းဝပ်ခြင်း၊ ကင်းလှည့်ခြင်းများကိုလည်း လုပ်ဆောင်နေပါတယ်။

လက်ရှိတွင် ကားလမ်းမကြီးတစ်လျှောက်ရှိ ပြည်သူပိုင်နေအိမ်များပေါ်တွင် စ-က-စ အဖွဲ့များ နေရာယူထားခြင်းကြောင့် အနီးအနားကျေးရွာများမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အခက်အခဲရှိနေကြတယ်လို့သိရပါတယ်။

ယမန်နေ့ညပိုင်းကလည်း ကင်းထောက်ဒရုန်းတစ်စင်းသည် တစ်နာရီဝန်းကျင်ခန့် ဝဲပျံကာ လှုပ်ရှားနေခဲ့ခြင်းကြောင့် အနီးအနားကျေးရွာများအနေဖြင့် လေကြောင်းရန်ကို အထူးသတိထားနေထိုင်ကြပါခင်ဗျာ။

Aung Gyi
ယောအလင်းတန်း


ဟံသာဝတီစစ်တပ်စခန်းကို ကလေးမြို့ကနေ Mi 17 ရဟတ်ယာဥ်တစ်စီးဆင်းသက်၊ အင်အားဖြည့်တင်းတာဖြစ်နိုင်

မေ ၄၊၂၀၂၆၊ ဂန့်ဂေါ

မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဟံသာဝတီကျေးရွာရှိ စစ်တပ်ကာကင်းစခန်းကို ယနေ့နေ့လည် ၁၁ နာရီ ၅၁ မိနစ်ခန့်က စစ်ထောက်ပို့ရဟတ်ယာဥ် Mi 17 တစ်စီးဆင်းသက်ခဲ့တယ်လို့သိရပါတယ်။

ရဟတ်ယာဥ်ဟာ ကလေးမြို့ ခလရ ၂၂၈ တပ်က ပျံသန်းလာခဲ့တာဖြစ်ပြီး ဟံသာဝတီစစ်တပ်စခန်းအတွက် စစ်သည်အင်အားများ လာပို့ပေးတာဖြစ်နိုင်ကြောင်း ဒေသတွင်းစစ်ရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

" လောလောဆာ် ခုတခေါက်ဆင်းထားတာရှိတယ်၊ ခဏနေပြီး ကလေးမြို့ကိုပဲ ပြန်တက်ပျံသန်းသွားတာတွေ့ရတယ်၊ အခု နောက်ထပ် ကလေးဖက်ကနေ ဟံသာဝတီရွာဖက်ကို Mi 17 တစ်စီးထပ်လာနေတယ်၊ ဒီနေ့ပဲ ဘယ်နှခေါက်ပို့မယ်၊ဆင်းမယ်ဆိုတာ စောင့်ကြည့်နေတုန်းပဲ " လို့ အဆိုပါစစ်ရေးလေ့လာသူက ယောအလင်းတန်းကို ပြောပါတယ်။

လက်ရှိအခြေအနေ အနေအထားအရ စစ်အုပ်စုဟာ ချင်းပြည်နယ် ဖလမ်းမြို့ကိုပါ ပြန်လည်ထိန်းချုပ်ထားနိုင်တာကြောင့် ယခုလို ဟံသာဝတီကို အင်အားထပ်မံဖြည့်တင်းပေးပြီး ဒေသခံ ပျူစောထီးများဖြင့်အင်အားရယူကာ ဂန့်ဂေါ-ကလေး ပြည်ထောင်စုကားလမ်းမကြီးကို ပြန်လည် ထိန်းချုပ်ရယူနိုင်ရေးအတွက် မကြာမီ ထိုးစစ်စလာနိုင်တယ်လို့ သိရပါတယ်။

@မင်းဒဿ
ယောအလင်းတန်း


အညာ (၅) ရွာအုပ်စုပေါ်တွင် ကင်းထောက်ဒရုန်း ဝဲပျံနေ၍ လေကြောင်းအန္တရာယ် အထူးသတိပြုရန် နှိုးဆော်

ကျောက်ထု၊ မေ ၄

မကွေးတိုင်းဒေသကြီး၊ ကျောက်ထုမြို့နယ်အတွင်းရှိ အညာ (၅) ရွာအုပ်စု ကျေးရွာများပေါ်တွင် ယနေ့ (မေလ ၄ ရက်) မနက် ၁၁:၀၀ နာရီဝန်းကျင်မှစတင်၍ ထောက်လှမ်းရေး ဒရုန်းတစ်စင်း ပျံဝဲကင်းထောက်နေပါတယ်။

အဆိုပါ ဒရုန်းသည် ကံကြီးကျေးရွာအနီးက
ကျေးရွာများအပေါ်သာမက ရွာအနီးပတ်ဝန်းကျင်ရှိ တောအုပ်များဘက်သို့ပါ ဝဲပျံကာ စောင့်ကြည့်ထောက်လှမ်းနေသည်ဟု သိရသည်။ ကင်းထောက်ဒရုန်းဝဲပြီးလျှင် အဆိုပါနေရာများကို ဖိုက်တာရောက်လာတတ်တာကြောင့် သတိပြုသင့်ပါတယ်။

ထို့ကြောင့် အညာ (၅) ရွာအုပ်စုအတွင်းရှိ မိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးဂရုပြုနေထိုင်ကြရန်နှင့် စိုးရိမ်ဖွယ်အခြေအနေများ ဖြစ်ပေါ်လာပါက ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ခြင်း၊ လိုအပ်သည့် အကာအကွယ်များ ယူဆောင်ထားခြင်းတို့ဖြင့် သတိရှိရှိ နေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Aung Gyi
ယောအလင်းတန်း
#MRSN
𝐌𝐚𝐲-4, 12:41PM

#Threestarsmyaing
📮သတင်းပေးရန်
@3Starmyaingbot
2👍2