ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ပခုက္ကူမြို့

ပန်းတိုင်းခြုံကနေ ခွေးကား၂စီး ခွေးအင်အားနဲ့ မြောက်အရပ်သို့ထွက်ခွာလာကြောင်းသတင်းရရှိ ။

#Threestarsmyaing
Apr 30 8:07
📮သတင်းပို့ရန်
@3starmyaingbot
👍1
ပခုက္ကူမြို့

ပန်းတိုင်းခြုံရွာကနေ တဆင့်စစ်ခွေးအင်အားအပြည့်ပါကားကြီး၂စီး နဲ့ မြောက်အရပ်သို့ထွက်ခွာလာ​ရာ ၁၂မိုင်သို့ရောက်ရှိနေပြီဖြစ်ကြောင်းထပ်မံသတင်းရရှိ ။

#7StarMyaing
Apr 30 . 8:10
📮သတင်းပို့ရန်
@3starmyaingbot
👍4
ဆိပ်ဖြူမြို့နယ်

ဆိပ်ဖြူမြို့နယ် "အခြေစိုက် ကပစ {၂၂}"ခွေးခြံသို့ ရောက်ရှိနေသော စစ်ခွေးအင်အား {၅၀၀}ခန့်ပါဝင်သော စစ်ကောင်စီယာဉ်တန်း ပထမအသုတ်သည်၊ လက်ရှိအချိန်ထိ ဆိပ်ဖြူမြို့နယ် "အခြေစိုက် ကပစ {၂၂}"ခွေးခြံထဲတွင် ရှိနေသေးကြောင်း သတင်းရရှိထားပါသည်။

#PKK_News
🗓️𝐀𝐩𝐫-30-8:20𝐏𝐌

#MRSN
𝐀𝐩𝐫-30 , 8:24PM
#7StarMyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2👍1
⚠️ပြည်သူများထံမေတ္တာရပ်ခံစာ

7StarMyaing Channalတွင်ကြည့်ရှုနေကြသော မိဘပြည်သူတော်လှန်ညီအကိုမောင်နှမများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏တပ်လှုပ်ရှားမှုနှင့် စစ်ကြောင်းသတင်းများ ၊လက်နက်ကြီးပစ်ခက်မှု၊လက်နက်ငယ်များပစ်ဖောက်မှုများနှင့် ဆက်စပ်၍ လေကြောင်း ၊ရေပြင်သတင်းများကို@myaing3starbot ထံတွင်လည်ကောင်း Admin များထံတွင်ဆက်သွယ်သတင်းပေးပို့ကြဖိုရာမေတ္တာရပ်ခံအပ်ပါသည် ။

(ပြည်သူမှပြည်သူသတင်းဖြင့်ကူ၊ တိုက်ပွဲရှိရင်အောင်ပွဲရှိမယ်)

Apr 30,8:47PM
#7StarMyaing
📫သတင်းပေးပို့ရန်@myaing3starbot
🫡3👍2
ပခုက္ကူမှထွက်လာတဲ့ ခွေးကားကြီးများဟာ ဆင်ချောင်းခွေးခြံထည်းသို့ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်ဗျ ။

#Threestarsmyaing
Apr 30 . 9:00 pm
📮သတင်းပို့ရန်
@3Starmyaingbot
2
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

စကစစစ်သားများ တာတိုင်ရွာတွင်အင်အားတချို့၊တောင်အိုရွာထဲတွင်အင်အားတချို့ ကင်းပုန်းဝပ်နေကြောင်း သတင်းရရှိ။

#WES
9:10pm,Apr 30
👍1
Forwarded from Aung Pwel Info
ဒေါ်အောင်ဆန်းစုကြည်ကို လျစ်လျူမရှုဘူးလို့ တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူဆို

ဧပြီလ ၃၀ ရက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ရဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး သူမရဲ့အခြေအနေကို လျစ်လျူရှုမထားဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဒီနေ့ ဧပြီ ၃၀ရက် သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းဌာနက နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ နေပြည်တော်ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်း
ဆီးထိန်းသိမ်းထားတဲ့အခြေအနေကို ထည့်သွင်းဆွေးနွေးခဲ့တယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဘာများပြောနိုင်မလဲလို့ မေးမြန်းခဲ့မှုကို ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က အခုလို ဖြေကြားခဲ့တာပါ။

“နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ မြန်မာပြည်ခရီးစဥ်နဲ့စပ်ဆိုင်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ရဲ့ မိတ်ဆွေဟောင်းတစ်ဦးပါ။ သူမရဲ့အခြေအနေနဲ့ပတ်သက်လို့ အမြဲပဲ ကျွန်တော်တို့ စိတ်ထဲရှိပါတယ်။ တရုတ်နဲ့ မြန်မာက ရင်းနှီးတဲ့ အိမ်နီးချင်းတွေပါ”လို့ တ
ရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူက​ပြောပါတယ်။

ဒါ​ပေမယ့် ပြည်သူ​တွေစိုးရိမ်​နေတဲ့ ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ကျန်းမာ​ရေး ၊သက်ရှိထင်ရှားရှိ၊မရှိ
၊​တွေ့ခွင့်ရခဲ့ခြင်း ​တွေ့ခွင့်​တောင်းခဲ့ခြင်းရှိ၊မရှိ စတဲ့ အ​ခြေအ​နေ​တွေကို တိတိကျကျ​​ပြောကြားခဲ့တာ
မရှိပါဘူး။ စစ်တပ်လွှတ်​တော်​က​နေ အာဏာသိမ်း​ခေါင်း​ဆောင်ကို သမ္မတအဖြစ်​ကြေညာပြီး​​နောက်ပိုင်း ထိုင်းနဲ့ တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ၂​ဦးလာခဲ့တာမှာ ခရီးစဥ်အပြီးသတင်းဌာန​တွေရဲ့​မေးမြန်းမှုကို​ဖြေကြားတဲ့အခါ​ဒေါ်​အောင်ဆန်းစုကြည်အ​ကြောင်းထည့်သွင်း​ပြောကြားခဲ့ကြ​ပေ
မယ့် တိတိကျကျ မ​ပြောကြတာ​တွေ့ရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က
အာဆီယံနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်နေကြတဲ့အကြောင်း  အာဏာသိမ်းစစ်ခေါင်းဆောင် ကို ပြောတဲ့အခါ အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ထားကြောင်းနဲ့ ကောင်းမွန်တဲ့အခြေအနေတစ်ခုဖြစ်လာဖို့ ချင့်ချိန်စဥ်းစားနေကြောင်း မင်းအောင်လှိုင်ကပြောဆိုခဲ့တယ်လို့ ဆိုခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဧပြီ ၂၅-၂၆ နှစ်ရက်ကြာခရီးစဥ်အဖြစ် နေပြည်တော်ကို လာရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့
ဆုံခဲ့ပါတယ်။ အဲဒီခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ကရော၊ တရုတ်ဘက်ကပါ သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ ဒါပေမဲ့ ခရီးစဥ်အပြီး ၅ ရက်အကြာမှာ တရုတ်နိုင်ငံခြားရေးဝန်
ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ အထက်ပါအတိုင်း ဖြေကြားလာတာ ဖြစ်ပါတယ်။

ဝမ်ယိခရီးစဥ်မတိုင်ခင်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို တစ်ညအိပ်သွားရောက်ခဲ့ပြီး အဲဒီတုန်းက အာဆီယံနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ကျန်းမာရေးအခြေအနေကို စိုးရိမ်နေတဲ့အကြောင်း ထည့်သွင်းမေးမြန်းဆွေး
နွေးခဲ့တယ်လို့ ဆိုပါတယ်။အာဏာသိမ်းစစ်ခေါင်း
ဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို ကောင်း
ကောင်းမွန်မွန်ထားရှိကြောင်းနဲ့ ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ ချင့်ချိန်စဥ်းစားနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတော်အ
တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားရှိသလဲဆိုတာ ဘယ်သူ့ကိုမှ အသိမပေးသလို သူမရဲ့ ရှေ့နေအဖွဲ့၊ NLD ထိပ်ပိုင်းခေါင်း
ဆောင်တွေအပါအဝင် သူမရဲ့ သားဖြစ်သူနဲ့လည်း ပေးတွေ့တာ မရှိပါဘူး။ ကုလသမဂ္ဂအထူးကိုယ်
စားလှယ်၊ အာဆီယံအထူးကိုယ်စားလှယ်တို့အပါ
အဝင် မကြာသေးမီက လာရောက်ခဲ့ကြတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပေးမတွေ့ခဲ့ပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က သူရဲ့မိခင် သက်
ရှိထင်ရှားရှိသေးကြောင်း သက်သေပြဖို့ Proof of Life ကမ်ပိန်းကို လုပ်ဆောင်နေပြီး ပြည်တွင်း၊ ပြည်ပက မြန်မာတွေလည်း အဲဒီကမ်ပိန်းမှာ ပါဝင်ဆင်နွှဲနေကြပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂကလည်းဒီမိုကရေစီနည်း
ကျ မြန်မာပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါ
အဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဏာသိမ်းစစ်အုပ်စုကို တောင်းဆိုထားကြပါတယ်။

(တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်
ရှိသူ လင်းကျန့်။ဓါတ်ပုံ-MOFAPC)
#LNO
#Aungpwel
3
⚠️ရေစကြို

ရေစကြိုမြို့နယ် တောင်အိုရွာတွင်အကြမ်းဖက်စစ်ခွေးများမှပြည်သူပိုင်နေအိမ်များကိုမီးများစတင်ရှို့နေကြောင်းသိရ။

#7starmyaing
May 1,7:35AM
📮သတင်းပို့ရန်
@Henrypku2004
😢4
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ငဖောင်ကန်ရွာမှထွက်ခွာလာသော စခစစ်ကြောင်းသည် (န)ဘုန်းကံပျူရွာဘုန်းကြီကျောင်းထဲသို့ရောက်ရှိနေကြောင်းသိရ။

May 1, 7:46AM
#7starmyaing
📢သတင်းပေးပို့ရန်
@bnue_1234
👍3
အမေစုကို နေအိမ်အကျယ်ချုပ် ပြောင်းထားပေးတယ်လို့ ကြေညာတယ်။ ဘယ်နေအိမ်ဆိုတာ မပါဘူး။

အမေ အရင်ထက်ပိုပြီး သက်သောင့်သက်သာ ဖြစ်မယ်ဆိုရင်ကိုပဲ ဝမ်းသာရပါတယ်။ ဒါဟာ ချွေးသိပ်မှုသက်သက် ဖြစ်မှာကိုတော့ ပြန်စိတ်ပူမိတယ်။ ကျန်းမာစွာရှိနေကြောင်း အခုထက်ပိုခိုင်မာတဲ့ ရုပ်သံနဲ့စကားပြောတာမျိုး ဖြစ်စေချင်တယ်။

ဒီလောက် ယုတ်ကန်းကြသူတွေကို ဒီလောက်သံသယကတော့ ရှိနေကြမှ ဖြစ်မယ်။

🦅မပန်....🌹

May 1, 9:25AM

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
1👍1
အမေ သက်ရှိထင်ရှား ရှိနေကြောင်း၊ ကျန်းမာစွာ ရှိနေကြောင်း အခုလို ခပ်ဝါးဝါးပုံ တစ်ပုံလောက်ထက် ပိုခိုင်မာတဲ့ သက်သေလိုတယ်။

ကိုယ့်ခံစားသိစိတ်အရတော့ ဒါဟာ AI ပုံမဟုတ်တောင် အခုလတ်တလော ချက်ချင်းရိုက်ထားတဲ့ဓါတ်ပုံမဟုတ်ဘူးလို့ ထင်နေတယ်။Proof of Life Campaign နဲ့ နိုင်ငံတကာဖိအားကို လျှော့ချဖို့ ဓါတ်ပုံတစ်ပုံနဲ့ Play နေတယ်လို့ ခံစားနေရတယ်။

လူလုံးထွက်ပြခွင့် မပေးနိုင်ဘူးဆိုရင်တောင် အမေ့သား ကိုထိန်လင်းနဲ့ဖြစ်စေ၊ လူထုယုံကြည်လောက်တဲ့ ဂုဏ်သိက္ခာရှိ နိုင်ငံတစ်ခုရဲ့ သံတမန်နဲ့ဖြစ်စေ တွေ့တုံခွင့်ပေးတာမျိုး၊ အနည်းဆုံး Zoom နဲ့ တွေ့ခွင့်ပေးတာမျိုး ဖြစ်သင့်တယ်။

အမေစု လွတ်ပြီဆိုပြီး လူထုကို တစ်ထစ်စိတ်လျော့သွားတာမျိုး သူတို့ဖြစ်စေချင်နေကြမို့ အမေနဲ့ ပတ်သက်ပြီး Attention အပြည့်ထားထားကြဖို့ လိုတယ်။

ပြည်သူသာလျင် အဓိကပါ။

💠..မမပန်....🌹

May 1, 9:26AM

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
👍2
သက်ရှိထင်ရှား ကျန်းမာစွာ ရှိနေတယ်ဆိုရင် သက်ရှိထင်ရှား ကျန်းမာစွာ ရှိနေကြောင်း သက်သေပြဖို့ ဘာမှခက်မနေဘူး။

ဒါကိုအခုလို နေအိမ်ဆိုပြီး ဘယ်နေအိမ်ဆိုတာ မပြောဘဲ လျှို့ဝှက်ပြီး အယောင်ပြတာ၊ ယုံကြည်ဖွယ်မရှိတဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုပြီး ယုံစေချင်တာ စတဲ့ Tricky တွေက  သက်ရှိထင်ရှား ကျန်းမာစွာ ရှိနေပါတယ်ဆိုတာကို ပိုမိုသံသယဖြစ်စေတယ်။

လူထုက သူမကို သက်ရှိထင်ရှား ကျန်းမာစွာ သက်သောင့်သက်သာ ရှိနေစေချင်ရုံပါ။

ဒါကို သက်သေပြပေးနိုင်ဖို့ပဲ လိုအပ်တာ။

💠..မမပန်....🌹

May 1, 9:27AM

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
👍1
ဒေါ်အောင်ဆန်းစုကြည်ဟာ အပန်းဖြေခရီး ထွက်နေတာ မဟုတ်ပါ။ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးမှုကို ခံထားရတာပါ။

လူတိုင်းနဲ့ အဆက်အသွယ်ဖြတ်တောက်ခံထားရတာ နှစ်ကာလချီနေပါပြီ။ သူမရဲ့ ကျန်းမာရေး၊ အသက်အန္တရာယ် ကင်းမကင်းဆိုတာ ကြောင့်ကျဖွယ်ရာ အနေအထားပါ။

လူကြိုက်များမယ့် လူတိုင်းဖြစ်စေချင်တဲ့ “အမေစု ကျန်းမာနေပါတယ်၊ ဘယ်နေရာမှာ ရှိနေပါတယ်” ဆိုတဲ့ သတင်းမျိုးကို Like ရချင်ရုံသက်သက် အခြေအမြစ်မရှိ လျှောက်ရေး လျှောက်တင် အတန်းရှင်း ရှာတာမျိုး ရပ်တန်းကရပ်စေချင်ပါတယ်။

လူထုခေါင်းဆောင် သက်ရှိထင်ရှား ကျန်းမာစွာ ရှိစေ ဖို့ မျှော်လင့်ဆုတောင်းနေကြသလို သက်ရှိထင်ရှား ကျန်းမာစွာ ရှိနေကြောင်း ဖမ်းဆီးထားတဲ့ စစ်အုပ်စုက သက်သေပြပေးဖို့ တစိုက်မတ်မတ် တောင်းဆိုနေကြဖို့ လိုပါတယ်။

Like လိုချင်ရင် ဖျင်ပြောင်နဲ့ မြို့ပတ်ပြေးပါ။ စစ်အုပ်စု ဖြစ်စေချင်တဲ့ ဝါဒဖြန့်ချီမှု အာရုံလွှဲမှုကို Like လိုချင်ရုံနဲ့ ဝင်လုပ်ကြဖို့ မသင့်ပါ။

အမေစုရဲ့ ကျန်းမာရေး၊ အမေစုရဲ့အသက်ဟာ အပျော်အပျက်ကိစ္စ မဟုတ်ပါ။

🦅..မမပန်....🌹

May 1, 9:28AM

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
1
အမေ့သား ကိုထိန်လင်းရဲ့ အမေစုသက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life Campaign မှာ ကိုယ်မပါဝင်ဖြစ်ပါဘူး။ ပါဝင်ဖို့ ကြိုးစားပါသေးတယ်။ ပါဝင်ဖို့ စာရေးလိုက်တိုင်း ဒီမအလတွေဆီက တောင်းဆိုနေရတယ်ဆိုတဲ့ ခံပြင်းစိတ်နဲ့ ဘာမှရေးလို့မရတာမို့ပါ။

ဒါပေမယ့် ဒီCampaign ဟာ ထိရောက်မှုရှိသလို အရေးကြီးတဲ့ လူထုတိုက်ပွဲတစ်ခု ဖြစ်ပါတယ်။ စကစဟာ ဒီတောင်းဆိုမှုတွေကြောင့် အမေစုနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ ဖြေလျှော့ဟန် အယောင်ပြမှုတွေ လုပ်ပြလာရတာ မျက်မြင်ပါပဲ။

နေအိမ်အကျယ်ချုပ်ပြောင်းလဲတယ်လို့ သတင်းမှာ ကြေညာသွားပြီး ဘယ်နေအိမ် ဘာသတင်းအစအနမှာ မရှိတာ၊ ဘယ်အချိန်ကမှန်းမသိတဲ့ ဝါးတားတား ဓါတ်ပုံတစ်ပုံ ထုတ်ပြတာပြီး ချွေးသိပ်ဖို့ ကြိုးစားနေတာကို လက်မခံဘဲ အမေစုသက်ရှိထင်ရှား ကျန်းမာစွာ ရှိနေကြောင်း ခိုင်လုံတဲ့သက်သေ၊ တွေ့ဆုံခွင့် ရရှိမှုမျိုး ရရှိတဲ့အထိ ဆက်တွန်းကြဖို့ လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ကျန်းမာစွာ ရှိနေကြောင်းကို သက်သေပြဖို့ ဖမ်းဆီးထားတဲ့ စစ်အုပ်စုမှာ တာဝန်ရှိတယ်။

ဒါကို နည်းလမ်းပေါင်းစုံနဲ့ ဖိအား၊ တွန်းအား ပေးကြရပါလိမ့်မယ်။


🦅..မမပန်....🌹

May 1, 9:29AM

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
2
ဒီပုံဟာ MRTV (မြန်မာ့အသံနှင့် ရုပ်မြင်သံကြား) သတင်းဌာနကနေ ၂၀၂၄ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံသတင်းဖိုင်ထဲက ပုံရိပ်တစ်ခုဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ သံတမန်တစ်ဦးနဲ့ တွေ့ဆုံနေတဲ့ ပုံစံမျိုးနဲ့ ပြသခဲ့တာဖြစ်ပြီး၊ ဒါဟာ အာဏာပိုင်တွေဘက်က တရားဝင်ထုတ်လွှင့်ခဲ့တဲ့ ပုံရိပ်အစစ်အမှန်ဖြစ်ပါတယ်။
ဒီပုံနဲ့ပတ်သက်ပြီး သတိပြုရမယ့် အချက်အချို့ရှိပါတယ် -
* ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲ: ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံပန်းသဏ္ဌာန်ဟာ ယခင်ထက် ပိုမိုပိန်ပါးသွားတာကို တွေ့ရပါတယ်။
* သတင်းရင်းမြစ်: ပုံရဲ့ ညာဘက်အပေါ်ထောင့်မှာ "MRTV HD" လိုဂိုကို တွေ့မြင်နိုင်ပြီး ဒါဟာ နိုင်ငံပိုင်မီဒီယာကနေ တရားဝင်ပြသခဲ့တာဖြစ်ကြောင်း အတည်ပြုပေးနေပါတယ်။
* နောက်ခံအခြေအနေ: ဒီပုံဟာ သူမကို ထိန်းသိမ်းထားစဉ်အတွင်း အပြင်လူနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပေးခဲ့တဲ့ မြင်ကွင်းအဖြစ် လူသိများပါတယ်။
အနှစ်ချုပ်ရရင်တော့ ဒါဟာ AI နဲ့ ပြုပြင်ထားတဲ့ ပုံမဟုတ်ဘဲ တကယ့်ပုံအစစ်အမှန် ဖြစ်ပါတယ်။ သို့သော်လည်း ဒါဟာ ၂၀၂၄ ခုနှစ်က ထွက်ပေါ်ခဲ့တဲ့ ပုံရိပ်ဟောင်းဖြစ်ပြီး လက်ရှိကာလ (၂၀၂၆ ခုနှစ်) ရဲ့ အခြေအနေအသစ်တော့ မဟုတ်ပါဘူး။

May 1, 9:47AM

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
2
Forwarded from Magway Scout Network
ဆိပ်ဖြူမြို့နယ်

ဆိပ်ဖြူမြို့နယ်မှ ထွက်ခွာလာသော  စစ်ခွေးအင်အား {၁၈၀}ကားအစီးရေ (၂၀)ကျော်သည်၊ ဆယ်မိုင်လမ်းဆုံသို့ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#MRSN
#PKK_News
𝐌𝐚𝐲-1,10:50𝐀𝐌

သတင်းပေးပို့ရန်@MagwayScoutBot
👍1
Forwarded from Magway Scout Network
ဆိပ်ဖြူမြို့နယ်

ဆိပ်ဖြူမြို့နယ် ကပစ (၂၂)မှထွက်ခွာလာသော စစ်ခွေးအင်အား (၅၀)ခန့်ပါစစ်ခွေးစစ်ကြောင်းသည်၊ ချောင်းဆုံလမ်းခွဲအနီးတ၀ိုက်သို့ရောက်ရှိနေကြောင်းသိရ။

#MRSN
#PKK_News
𝐌𝐚𝐲-1,11:20𝐀𝐌
သတင်းပေးပို့ရန်@MagwayScoutBot
1
ဒေါ်အောင်ဆန်းစုကြည်အား နေရာရွှေ့ပြောင်းခြင်းသည် လွတ်မြောက်လာခြင်းမဟုတ်ဟု သားဖြစ်သူ ကင်မ်အဲရစ်ပြော

မေ ၁၊ ၂၀၂၆

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက မိခင်ဖြစ်သူကို အကျဉ်းထောင်ကနေ အခြားတစ်နေရာကို ရွှေ့ပြောင်းလိုက်တာဟာ အမှန်တကယ် လွတ်မြောက်လာတာ မဟုတ်ကြောင်းနဲ့ အခုလို နေရာရွှေ့ပြောင်းမှုနဲ့ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုတွေဟာ လက်ရှိရင်ဆိုင်နေရတဲ့ မြေပြင်အခြေအနေမှန်ကို ပြောင်းလဲစေတာမရှိကြောင်း ပြောကြားလိုက်ပါတယ်။

မိခင်ဖြစ်သူဟာ အခုလက်ရှိအချိန်အထိ ပြင်ပကမ္ဘာနဲ့ရော မိသားစုဝင်တွေနဲ့ပါ လုံးဝအဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်သလို ဓားစာခံတစ်ဦးလို ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း၊ သားတစ်ယောက်အနေနဲ့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးနဲ့လက်ရှိအခြေအနေတွေအပေါ် တစ်စုံတစ်ရာ သိရှိခွင့်မရဘဲ သတင်းအချက်အလက်တွေ လုံးဝပြတ်တောက်နေတဲ့အပေါ် စိုးရိမ်ပူပန်လျက်ရှိကြောင်းလည်း ကင်မ်အဲရစ်က ဆိုပါတယ်။

ဒါ့အပြင် သားဖြစ်သူတစ်ယောက်အနေနဲ့ မိခင်ဖြစ်သူ အသက်ရှင်နေထိုင်ဆဲ ဖြစ်တာကို အတည်ပြုနိုင်မယ့် ခိုင်လုံတဲ့ အထောက်အထားတွေ ပြသဖို့ မိခင်နဲ့ တိုက်ရိုက်ဆက်သွယ် စကားပြောဆိုခွင့်ရဖို့နဲ့ သူမ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့တို့ကို လိုလားကြောင်း ပြောဆိုထားပါတယ်။

တကယ်လို့ မိခင်ဖြစ်သူ အသက်ရှင်နေတာဟာ အမှန်ဖြစ်ရင် လူတိုင်းယုံကြည်စိတ်ချရတဲ့ ခိုင်မာသော သက်သေအထောက်အထားကို ပြသဖို့ကိုလည်း ကိုထိန်လင်းက အလေးအနက် တိုက်တွန်း ပြောကြားထားပါတယ်။

စစ်အုပ်စုဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကိုပြောင်းရွှေ့ကြောင်း ဧပြီလ ၃၀ ရက်၊ မနေ့ညပိုင်းက ကြေညာခဲ့ပြီး အဲဒီကြေညာချက်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဓာတ်ပုံဟာ လက်ရှိရိုက်ကူးထားတဲ့ ဓာတ်ပုံဟုတ်မဟုတ်ကို သက်သေပြနိုင်တာမရှိတာကြောင့် ပြည်သူတွေကြားမှာဝေဝါးနေပြီး ပိုမိုတိကျခိုင်လုံတဲ့ သက်သေတွေ ထုတ်ပြန်ဖို့အတွက် လိုလားနေကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာနဲ့ ပြစ်ဒဏ်လျှော့ပေါ့တာဆိုတဲ့ အပေါ်ယံအပြောင်းအလဲတွေဟာ သူမရဲ့လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေအတွက် အဖြေမဟုတ်ကြောင်း၊ ဒါကြောင့် အချိန်မဆွဲဘဲ ခိုင်လုံသော သက်သေပြချက်တွေနဲ့အတူ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့နဲ့ မိသားစုဝင်တစ်ဦးရဲ့ အခြေခံရပိုင်ခွင့်တွေကို အလေးထားဖို့ကိုလည်း သားဖြစ်သူ ကင်မ်အဲရစ်က အသိပေးထုတ်ပြန်ထားပါတယ်။

ပုံစာ - ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ်အား ၂၀၁၀ ခုနစ်က ရန်ကုန်လေဆပ်တွင် တွေ့ရစဉ်။

photo - CNN


7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star

သတင်းချန်နယ်ကြည့်ရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
2
ရေစကြို-မကွေးတိုင်း

1:34pm(1 May)

စစ်ထောက်ပို့ ATR-72 (1) စီး ရေစကြိုဖြတ် တောင်ဘက်သို့ ပျံသန်း။

#WES
သတင်းပို့ရန်
@SCOUT_WES
@WES_ScoutInfobot