ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
April 11
10:55AM

ဧပြီလ ၉ရက်နေ့ သံဘို(ရ)ကျေးရွာအား ပန်းပေါင်းဂိတ်မှ ထွက်လာသော စခများများမှ မီးရှို့မူ

ဓာတ်ပုံ
#crd
😢2
ပေါက်မြို့နယ်

ပေါက်မြို့နယ်အရှေ့တောင်ပိုင်း ယာကြီးပြင်{ပျူ}ရွာသို့ ရောက်ရှိနေသော ခွေးယာဥ်တန်းသည်၊လက်ရှိအချိန်ထိယာကြီးပြင်{ပျူ}ရွာမှပဲရှိနေသေးပြီး၊ရှေ့ပြေးစစ်ခွေးများမှ တယ်ပင်ကန်ရွာမြောက်ဘက်ရောက်ရှိပြီးလမ်းများပြင်နေကြကြောင်း သတင်းရရှိထားပါသည်။

#PKK News
#MRSN
Apr-11 , 10:50AM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍2
ပေါက်မြို့နယ်

ပေါက်မြို့နယ်အရှေ့ပိုင်းဘုရားတောင်ဘုန်းကြီးကျောင်းထဲရောက်ရှိနေတဲ့ စခအင်အား{၂၀}ခန့် သည်၊ ဘုရားတောင်ကုန်းထိပ်သို့ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐀𝐩𝐫-11 11:30A𝐌

#MRSN
Apr-11 , 12:12PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍1🫡1
ဂန့်ဂေါတွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံအလင်းဝင်၊ စစ်ကောင်စီ Mi-17 ဖြင့် တပ်အင်အား ထပ်မံဖြည့်တင်း

ဧပြီ ၁၁၊ ၂၀၂၆ | ဂန့်ဂေါ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ တပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ တပ်သားမှာ ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) တပ်ရင်း မှဖြစ်ပြီး အောင်မြင် (ရှောက်ပင်) ကျေးရွာအနီးတွင် အထိုင်ချထားသည့် ကာကင်းစခန်းတွင် တာဝန်ကျနေသူဖြစ်ကြောင်း သိရသည်။

ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ အလင်းဝင်ရောက်လာသူမှာ `ဒုတပ်ကြပ်အဆင့်ရှိသူ ဖြစ်ပြီး ၎င်းနှင့်အတူ MA-3 လက်နက်တစ်လက်၊ MA ကျည်အတောင့် ၁၈၀ ကျော်နှင့် လက်ပစ်ဗုံး ၄ လုံး´´´ကို ယူဆောင်လာခဲ့ကြောင်း သိရသည်။ အဆိုပါ တပ်သားသည် အောင်မြင် (ရှောက်ပင်) ကာကင်းစခန်းတွင် တာဝန်ကျနေစဉ် စစ်ကောင်စီလက်အောက်တွင် ဆက်လက်မနေလိုတော့၍ ယမန်နေ့ ဧပြီ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များထံ ထွက်ပြေးအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အလင်းဝင်ရောက်လာသူမှာ မကြာသေးမီက ခလရ (၅၀) တပ်သို့ ရောက်ရှိလာသည့် တပ်မ (၉၉) လက်အောက်ခံ စစ်ကြောင်းမှုးနဲ့အဖွဲ့မှ တပ်သားတစ်ဦးဖြစ်ကြောင်း သိရပြီး ကျန်ရှိသည့် အချက်အလက်များကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုထားသည်။

စစ်ကောင်စီသည် အောင်မြင် (ရှောက်ပင်) ကျေးရွာ ကာကင်းစခန်းကို ၂၀၂၅ ခုနှစ် မတ်လအတွင်း စတင်တပ်စွဲထားခြင်း ဖြစ်ပြီး အဆိုပါစခန်းတွင် ခလရ (၅၀) တပ်မှ စစ်ကောင်စီတပ်သားများကို တပ်စွဲထားကာ တစ်လတစ်ကြိမ် အလှည့်ကျ တပ်ချိန်းပြောင်း လုပ်ဆောင်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အခြားတစ်ဖက်တွင် ဂန့်ဂေါမြို့အခြေစိုက် အမတ (၃၇၁) တပ်ရင်း သို့ ဧပြီ ၉ ရက်နေ့ နေ့ခင်းပိုင်းက Mi-17 ရဟတ်ယာဉ်တစ်စီး ဆင်းသက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး ပါဝင်လာကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တပ်သားများမှာ စစ်ကောင်စီ၏ အဆင့်မြင့် ဒရုန်းသင်တန်း တက်ရောက်ပြီးသူများဖြစ်ကြပြီး ၎င်းတို့ကို ခလရ (၅၀) တပ်သို့ အင်အားဖြည့်တင်းရန် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

လက်ရှိတွင် ဂန့်ဂေါမြို့ရှိ ခလရ (၅၀) တပ် အတွင်း စစ်ကောင်စီတပ်သားများအား ဖုန်းအသုံးပြုခွင့် ပိတ်ပင်ထားပြီး တာဝန်မှအပ တပ်ပြင်ထွက်ခွင့်ကိုလည်း ကန့်သတ်ထားကြောင်း သိရသည်။ အဆိုပါတပ်ကို ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်၊ တပ်မ (၉၉) စစ်ကြောင်းမှူး နှင့် ဗိုလ်ကြီး သက်ပိုင်စိုး (မုတ်ဆိတ်) တို့က တာဝန်ယူကွပ်ကဲနေကြောင်း စုံစမ်းသိရှိရသည်။

ထို့အပြင် ဂန့်ဂေါမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များသည် မကြာခဏ ဂန့်ဂေါမြို့နယ် တောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများကို UAV ဒရုန်းများဖြင့် ကင်းထောက်ပျံသန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ မတ်လ ၃၁ ရက်နေ့တွင်လည်း ဂန့်ဂေါမြို့နယ် အနောက်တောင်ပိုင်းဒေသများကို UAV ဒရုန်းဖြင့် ကင်းထောက်ပျံသန်းပြီးနောက် စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်များကို အထူးဂရုပြုနေထိုင်ကြရန် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက သတိပေးပြောကြားထားသည်။

ယောအလင်းတန်း
#MRSN
Apr-11 , 2:28PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
1
ပခုက္ကူမြို့နယ်⚠️


ပခုက္ကူမြို့နယ် ဇေယျသုခဘုန်းကြီးကျောင်းအနီးရှပြည်သူနေအိမ် ၁အိမ်အား အကြမ်းဖက်စခများမှဝင်ရောက်မွှေနှောက်ပြီး အိမ်အတွင်းရှိပစ္စည်းများအားခိုးယူသွားကြောင်းသိရ။

#MRSN
Apr 11 , 6:19PM


⚠️ပခုက္ကူ

     ပခုက္ကူမြို့ မှ ထွက်ခွာလာသော စခကား(2)စီးမှာ ငဖောင်ကန်ရွာအရှေ့ဘက်သို့ရောက်ရှိတယ် လို့သိရ..

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
Apr 11 , 6:31PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
1
ပေါက်မြို့နယ်

ပေါက်မြို့ပေါ်မှ ပခုက္ကူ တပ်မ {၁၀၁}သို့ အပြန်ထွက်ခွာလာသော ရိက္ခာယာဥ်တန်း{၁၀၀}ကျော်မှရှေ့ပြေးကားများသည်၊ပေါက်မြို့နယ်အရှေ့တောင်ပိုင်းတယ်ပင်ကန်ရွာနားသို့ရောက်ရှိနေပြီး၊ ယာဥ်တန်းပါ ရှေ့ပြေးစစ်ခွေးများသည် ၀န်လဲအထက်စု လမ်းခွဲနားသို့ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

ပုသိမ်+ မုံရွာ ၊ပေါက်+ဆိပ်ဖြူ လမ်းဘေးရှိ မိဘပြည်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို ရွှေ့ပြောင်းထားကြပါရန် ကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျာ။

#PKK News
#MRSN
Apr 11 , 7:00PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
1
ကျွန်မတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုက ပါးစပ်ဖျားမှာပဲရှိတယ်။ တကယ်မရှိဘူး။

တကယ် ရှိနေတာတစ်ခုက ရာထူးကြီးတဲ့သူတွေ စိုးမိုးနေတာပါ။

အဲ့ဒီစနစ်ကို ကျွန်မတို့ ဝိုင်းဝန်းပြုပြင်ရမယ်။

         ဒေါ်အောင်ဆန်းစုကြည်

#HlaingInfo
#TTN News
5
ပခုက္ကူခရိုင်{သတင်းများ}:
ရေစကြို⚠️

​ရေစကြိုနယ် ဖြတ်၍ တံတားဦးလေတပ် မှ ၂စီးမြောက် ဂျက်ဖိုက်တာ ၁ စီး အနောက်အရပ်သို့ ပျံသန်း။

#WaiHin
Apr 11, 9:54  PM

လေကြောင်းအထူးဂရုစိုက်ကြပါဗျ
👍1
မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း မြိုင်နဲ့ပေါက်မြို့နယ်အတွင်းမှာ စက်သုံးဆီစျေး ၃ ဆနီးပါး မြင့်တက်လာတာကြောင့် စိုက်ပျိုးရေးလုပ်ဖို့ အခက်တွေ့နေကြတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ယခင် စက်သုံးဆီ ၁ လီတာ ၄,၅၀၀ ကျပ်ခန့်သာစျေးရှိခဲ့ရာကနေ ဧပြီလပထမအပတ်အတွင်းမှာ ၁ လီတာ ၁၇,၀၀၀ ကျပ်ထိစျေးနှုန်းမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

"အခုက နွေခေါင်ခေါင်ဖြစ်နေလို့ စိုက်ဖို့မရသေးပေမယ့် မိုးကျခါမှ ဆီစျေးတွေလျော့သွားရင်တော့ စိုက်ကောင်းစိုက်လိမ့်မယ်။ ဒီစျေးအတိုင်းဆို မစိုက်နိုင်ကြတော့ဘူး။ စိုက်ဖြစ်ရင်တောင် ဝမ်းစာလောက်ပဲ စိုက်ဖြစ်မှာ။ အခုက လူမှုဘဝအရမ်းခက်ခဲနေကြပြီ။ "

Apr 11, 9:54  PM

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/
@myaing3starbot
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7star
2
ပေါက်မြို့နယ်

ပေါက်မြို့ပေါ်မှ ပခုက္ကူ တပ်မ {၁၀၁}သို့ အပြန်ထွက်ခွာလာသော ရိက္ခာယာဥ်တန်း{၁၀၀}ကျော်သည်၊ ပေါက်မြို့နယ်အရှေ့တောင်ပိုင်း တယ်ပင်ကန်ရွာအနီးတ္င်ညအိပ်စခန်းချနားနေပြီးရှေ့ပြေးစစ်ခွေးများသည် ၀န်လဲအထက်စု လမ်းခွဲနားသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

ပုသိမ်+ မုံရွာ ၊ပေါက်+ဆိပ်ဖြူ လမ်းဘေးရှိ မိဘပြည်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို ရွှေ့ပြောင်းထားကြပါရန် ကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျာ။

#@Khinsoeio556

🗓️𝐀𝐩𝐫-11 9:45𝐏𝐌

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/
@myaing3starbot
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
1👍1
🔴မင်းတပ်-ချင်းပြည်နယ်

10:05pm (11 Apr)

တံတားဦး လေတပ်တက် ပထမJet Fighter (1)စီး မင်းတပ်နယ်ပေါ် ပျံဝဲနေ။(2 ကြိမ်မြောက်)

#WES
သတင်းပို့ရန်
@SCOUT_WES
@WES_ScoutInfobot
🔴 မင်းတပ်-ချင်းပြည်နယ်

10:12pm (11 Apr)

မကွေး လေတပ်တက် Jet Fighter (1)စီး မင်းတပ်နယ်ပေါ် ပျံဝဲနေ။

#WES
သတင်းပို့ရန်
@SCOUT_WES
@WES_ScoutInfobot
Forwarded from EAR, Org.
မြိုင်

မြိုင်နယ်အရှေ့တောင်ခြမ်းဖြတ်၍ တံတားဦးလေတပ်တက် Yak-130 Jet Fighter (1)စီး အရှေ့အရပ်သို့ ပျံသန်း။

22:19, Apr 11
#EAR #SCIN
🙏🌹 မင်္ဂလာနံနက်ခင်းလေးပါ🙏

စစ်ခွေး အန္တရယ် နှင့် စစ်ခွေး လေကြောင်း အန္တရယ်
အပေါင်းမှ ကင်းဝေးကြပါစေ.....ဆုတောင်း မေတ္တာ ပို့သ အပ်ပါသည်🙏🌹🙏

စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည့်စုံကြပါစေ......🙏🙏🙏   
     
7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/
@myaing3starbot
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
🙏5
ပေါက်မြို့နယ်

ပေါက်မြို့နယ်အရှေ့တောင်ပိုင်းတယ်ပင်ကန်ရွာတောင်ဘက်နှင့် သုံးနယ်စုံသို့ ရောက်ရှိနေသော ရိက္ခာကားတန်းနှင့်စစ်ခွေးစစ်ကြောင်းသည်၊ အချိန်မရွေး ထွက်ခွာလာနိုင်သည့်အတွက် ပုသိမ်-မုံရွာ ၊ပေါက်-ဆိပ်ဖြူလမ်းအနီးတဝိုက်ရှိ မိဘပြည်သူများနှင့် တလရရဲဘော်များအနေဖြင့် စစ်ကြောင်းအသိ၊ စစ်ကြောင်းသတိရှိရှိနေကြဖို့ တိုက်တွန်းအပ်ပါတယ်ဗျ။

#PKK News
🗓️Apr-128:00A𝐌
#7starmyaing
📫သတင်းများပေးပို့ရန်
@myaing3starbot
4
12:45 PM , Apr 12
ယမန်နေ့ည ၁၀ နာရီဝန်းကျင်ခန့်က
မင်းတပ်မြို့ပေါ် နေရာများကို တံတားဦးတက်
ဂျက်ဖိုက်တာ ၂ စီးနှင့် မကွေးလေတပ်တက်
ဂျက်ဖိုက်တာ ၁ စီးတို့မှ မီးလောင်ဗုံးများအပါ
ဗုံးအကြီး များဖြင့် ၈ ကြိမ်ခန့် အကြောင်းမဲ့
လေကြောင်းတိုက်ခိုက်သွားကြောင်း
ကြားသိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားနေအိမ်
အဆောက်အဦး၂၀ ကျော်ခန့် ထိခိုက်ပျက်စီး
သွားပြီး အိမ်စီးကား ၄ စီးထိခိုက်ပျက်စီးသွား
တယ်လို့သိရပါတယ်။
ထိခိုက်သေဆုံးမှုလည်း ရှိတယ်လို့ ကနဦး
ကြားသိရပါတယ်။
ယခုရက်ပိုင်း စကမ အုပ်စုမှ လေကြောင်း
ခတ်စိပ်စိပ် တိုက်ခိုက်နေသောကြောင့်အမျိုးများ
အနေဖြင့် အစစအရာရာ ဂရုစိုက်ကြပါဗျ။

Hkl
#MRSN
Apr 12 , 1:09PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
1
`သင်္ကြန်ကာလအတွင်း ဂန့်ဂေါမြို့နယ်ရှိ ပြည်သူလူထုများသတိပြုနေထိုင်နိုင်ရန် ကြိုတင်အသိပေးခြင်း´´´´

ဧပြီ ၁၊ ၂၀၂၆၊ဂန့်ဂေါ

*မကြာခင်ကျရောက်တော့မည့် သင်္ကြန်ကာလအတွင်း လူစုလူဝေးများပြုလုပ်၍ ပျော်ပွဲရွှင်ပွဲများပြုလုပ်ခြင်း၊ရေဆော့ကစားခြင်းများကို အတတ်နိုင်ဆုံးမပြုလုပ်ကြပါရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်။စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်များမဟုတ်သည့် ကျေးရွာနေပြည်သူလူထုအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာနေတာကို ပြည်သူလူထုများသတိပြုသင့်ပါသည်။

*ထို့ပြင် ဂန့်ဂေါမြို့ရှိ စစ်ကောင်စီတပ်ဟာ သင်္ကြန်ကာလပြီးဆုံးပြီနောက် ဂန့်ဂေါမြို့နယ်အတွင်းကို နယ်မြေရှင်းလင်းရေးအဖြစ် စစ်ကြောင်းထိုးရန် ပြင်ဆင်ထားမှုများရှိနေပါသည်။လွန်ခဲ့သည့် ဧပြီ ၉ရက်နဲ့၁၁ရက်နေ့တို့တွင် အမတ ၃၇၁ကို Mi17 ၂ခေါက်ဆင်းသက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ထက်မနည်း အင်အားဖြည့် လာရောက်ပို့ဆောင်ထားသည်ဟု စုံစမ်းသိရှိထားရပါသည်။ထိုMi17နဲ့အတူ လက်နက်ခဲယမ်းများစွာလည်း ပါရှိလာသည်ဟုသိရှိရပါသည်။

*စစ်ကောင်စီသည် ဂန့်ဂေါမြို့ပေါ်တွင် လမ်းလျှောက်သင်္ကြန်ပြုလုပ်သွားဖို့ရှိနေပြီး မြို့နယ်အတွင်းကကျေးရွာများတွင် လူစုလူဝေးများပြုလုပ်ကာ ပွဲလမ်းသဘင်များပြုလုပ်ခြင်းများကို လေကြောင်းမှပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်ရန် ညွှန်ကြားထားသည်များရှိကြောင်း စစ်ကောင်စီနဲ့နီးစပ်သူများထံကစုံစမ်းသိရှိထားရပါသည်။

*ထို့ကြောင့် ဂန့်ဂေါမြို့နယ်အတွင်းနေထိုင်ကြသည့် ပြည်သူလူထုများအနေဖြင့် သင်္ကြန်ကာလအတွင်းနဲ့သင်္ကြန်ကာလပြီးနောက်ပိုင်းကို စစ်ကြောင်းအန္တရာယ်၊လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များကို အထူး(အထူး)သတိပြုနေထိုင်သွားလာကြပါရန် ကြိုတင်မေတ္တာရပ်ခံအသိပေးအပ်ပါသည်။

မောင် ဇီးကွက်
ယောအလင်းတန်း
#MRSN
Apr 12 , 3:40PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ပေါက်မြို့နယ်

ပေါက်မြို့ပေါ်မှ ပခုက္ကူ တပ်မ {၁၀၁}သို့ အပြန်ထွက်ခွာလာသော ရိက္ခာယာဥ်တန်း{၁၀၀}ကျော်ထဲမှ ရှေ့ပြေးကား {၆၀}ကျော်သည်၊ပေါက်မြို့နယ်အရှေ့တောင်ပိုင်း ချက်ကန်ရွာအနီးရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

ပုသိမ်+ မုံရွာ ၊ပေါက်+ဆိပ်ဖြူ လမ်းဘေးရှိ မိဘပြည်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို ရွှေ့ပြောင်းထားကြပါရန် ကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျာ။

#PKK News

#MRSN
Apr 12 , 5;00PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
1
Forwarded from MDY Revolution
💐 သင်္ကြန်ဆုတောင်း 💐

မာပါစေ၊ ​ကျန်းမာပါစေ၊
ပန်းလိုမွှေး၊ ရေလိုအေးကာ၊
ထာဝစဉ် ရွှင်လန်းကြပါစေ၊
အေး... အေး... အေးချမ်းဖို့လေ၊
ဘေးဘယာတွေ ဝေးကွာစေဖို့လေ...။




လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွန်ခဲ့တဲ့ ၂၀၂၀ခုနှစ် ​ဒီလိုနေ့မျိုးမှာ Facebook စာမျက်နှာပေါ်မှတဆင့် တစ်နိုင်ငံလုံးအတွက် သင်္ကြန်ဆုတောင်းစကားအဖြစ်ရေးသားခဲ့သော စာတိုလေးကို အမှတ်တရအဖြစ် ပြန်လည်ဖော်ပြအပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံး၊ နိုင်ငံအဝှမ်းရှိ တော်လှန်ရဲဘော်၊ တော်လှန်ပြည်သူများအားလုံး နှစ်သစ်ကူးသင်္ကြန်ကာလမှာ ဘေးကင်းကျန်းမာစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း မိမိတို့ MDY Revolution Admin များမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
7🙏3