ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
Forwarded from ပခုက္ကူခရိုင်{သတင်းများ} (🥷🏻Wäî Ÿäñ🥷🏻🚩)
ဧရာဝတီမြစ်ရေပြင်

ဘူဘုရားမှ ထွက်လာသော စစ်ခွေးစက်လှေ ၃စီးသည် ငွေသောင်းချမ်းသာကြီး စိတ်သို့ ကပ်နေပီး အအ များပြားကြောင့် သတင်းရရှိထားပါသည်။ အသေးစိတ် စစဆ

#PKK News
🗓️𝐌𝐚𝐫-317:44A𝐌            
📨သတင်းများပေးပို့ရန်@daunglayio

# ပခုက္ကူခရိုင် {သတင်းများ}

သတင်းချန်နယ်ကြည့်ရှုရန် https://t.me/autagbii
👍1
​​​​ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ပုဂံဗူးဘုရားဘက်မှ ထွက်လာသော အင်အား{၇၀}ခန့်ပါ စစ်ခွေးစစ်ကြောင်းသည်၊ ကျွန်းချောင်းနယ်၊ ချမ်းသာကြီးရွာသို့ ရောက်ရှိပြီး၊ ချမ်းသာကြီးရွာရှိ ပြည်သူပိုင်နေအိမ်များအား မီးရှို့နေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐌𝐚𝐫-31 10:00𝐀𝐌

#MRSN
Mar 31 , 11:07AM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
3🔥1
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်

ပေါက်မြို့ပေါ်မှစတင်ထွက်ခွာလာကာပေါက်မြို့နယ်တောင်ပိုင်း၌ဝင်ရောက်နေသောစခစစ်ကြောင်းနှင့်ယာဉ်တန်းမှရှေ့ပြေးခြေလျင်စစ်ကြောင်းသည်ယနေ့မနက်တွင်သီးချောက်ရွာမှတဆင့်ပင်တောင်ပျူရွာဘက်သို့ထွက်ခွာလာကာ၊ပေါက်မြို့ပေါ်မှမနေ့မနက်ကထပ်မံထွက်ခွာလာသောစခကား၁၀စီးအအတရာငါးဆယ်ခန့်သည်လည်းလယ်လမ်း-သရဖီရွာများသို့ရောက်ရှိနေကြောင်းသိရပါတယ်။

#MDN
Mar-31/2:30PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
4🔥1
ဂန့်ဂေါမြို့နယ် အနောက်ဘက်ကျေးရွာများကို စစ်ကောင်စီ UAV ဒရုန်းဖြင့် ကင်းထောက်ပျံသန်းမှုများ ပြုလုပ်နေ
ပြည်သူများ လေကြောင်းအန္တရာယ် အထူးသတိပြုရန်လိုအပ်

မတ် ၃၁၊ ၂၀၂၆ | ဂန့်ဂေါ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြစ်သာမြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများအနီးတွင် စစ်ကောင်စီတပ်က UAV ကင်းထောက်ဒရုန်းများဖြင့် ယနေ့ (မတ် ၃၁) နံနက် ၁၁ နာရီခွဲခန့်မှ စတင်ကာ ကင်းထောက်ပျံသန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီသည် ဂန့်ဂေါမြို့နယ်အတွင်း UAV ဒရုန်းအသုံးပြုကာ ကင်းထောက်ပျံသန်းမှုများကို မကြာသေးမီက ဆက်တိုက်ပြုလုပ်လာနေပြီး ယနေ့တွင်လည်း မြစ်သာမြစ်အနောက်ဘက်ရှိ ကျေးရွာများအနီးတွင် ပျံသန်းကင်းထောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ မနက်ပိုင်း ၁၁ နာရီခွဲလောက်ကစပြီး UAV ဒရုန်း ပျံသန်းကင်းထောက်နေတာကို မြင်ခဲ့ရပါတယ်။ ဂန့်ဂေါမြို့အနီး မြစ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေ အများစုအပေါ်မှာ ကင်းထောက်ပျံသန်းခဲ့ပါတယ်။ လေကြောင်းကနေ ဒရုန်းနဲ့ ကင်းထောက်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားနေထိုင်ကြဖို့ လိုပါတယ်” ဟု ဂန့်ဂေါမြို့နယ်အတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက သတိပေးပြောကြားသည်။

စုံစမ်းသိရှိရသည့်အချက်အလက်များအရ ယင်း UAV ကင်းထောက်ဒရုန်းသည် ဂန့်ဂေါမြို့အရှေ့တောင်ဘက်ရှိ အမတ (၃၇၁) တပ် မှ ပျံတက်လာခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ဒရုန်းသည် မြစ်သာမြစ်အနောက်ဘက်ခြမ်းရှိ အနောက်ဂန့်ဂေါ၊ ရှုံးရှီ၊ အုတ်လှ၊ ပိတောက်ကုန်း၊ တောင်ပြင်၊ လုံဟော၊ ဇဟောနှင့် စိုင်ဒူးကျေးရွာများ အနီးပတ်ဝန်းကျင်တွင် ပျံသန်းကင်းထောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“နေ့ခင်း ၁၂ နာရီနီးပါးလောက်မှာ ဒရုန်းပျံသန်းသွားတာကို မြင်ရပါတယ်။ ဒရုန်းက အရှေ့ဘက်ကနေ အနောက်တောင်ဘက်ကို ဦးတည်ပျံသန်းသွားတာပါ” ဟု မြစ်သာမြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ဒေသတွင်း သတင်းရင်းမြစ်များအရ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ဂန့်ဂေါမြို့တောင်ဘက်ရှိ မြို့အဝင် စစ်ဆေးရေးဂိတ်သို့ လမ်းမှားဝင်ရောက်လာရာမှ တော်လှန်ရေးရဲဘော်၂ဦးအနက် ၁ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးထားပြီး ကျန်၁ဦးက ထွက်ပြေးလွတ်​မြောက်ခဲ့ကြောင်းသိရသည်။ထိုဖြစ်စဥ်ကြောင့် မြို့တောင်ဘက် WE LOVEအနီး မြို့အဝင်ဂိတ်စစ်ဆေးဂိတ်ကစစ်ကောင်စီတပ်ဖွဲ့၀င်များကို စစ်ကောင်စီကအပြစ်ပေးအရေးယူခြင်းများရှိကြောင်းလည်း သိရှိရပါသည်။
ဖမ်းဆီးခံထားရသည့် တော်လှန်ရေးရဲဘော်ကို ဂန့်ဂေါမြို့ရှိ ခလရ (၅၀) တပ် အတွင်းသို့ ခေါ်ဆောင်ထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ယခင် မတ်လ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က ဂန့်ဂေါမြို့အရှေ့ဘက်ခြမ်းနေရာများကို UAV ဒရုန်းများအသုံးပြုကာ ကင်းထောက်ပျံသန်းမှုများ ပြုလုပ်ခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများအဆိုအရ စစ်ကောင်စီ၏ ဒရုန်းပျံသန်းကင်းထောက်မှုများသည် တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။

ထို့ကြောင့် ယခုရက်ပိုင်းအတွင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကြောင်းလှုပ်ရှားမှုများနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကို အထူးသတိပြု စောင့်ကြည့်နေထိုင်ကြရန် လိုအပ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက သတိပေးထားသည်။

ယောအလင်းတန်း
#MRSN
Mar 31 , 3:20PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍3🔥1
​​​​ကျွန်းချောင်းနယ်

ကျွန်းချောင်းနယ် ချမ်းသာကြီးရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ခွေးအင်အား{၇၀}ခန့်ပါ စစ်ခွေးစစ်ကြောင်းသည်၊ ငွေသောင်ရွာနှင့် ချမ်းသာကြီးရွာတို့၌ လက်ရှိအချိန်ထိ ပြည်သူပိုင်ပစ္စည်းများကို ခိုယူ၍ ချက်ပြုတ်စားသောက်နေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐌𝐚𝐫-31 4:55𝐏𝐌

#MRSN
Mar 31 , 5:45PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
4🔥1
ရေစကြို - မကွေးတိုင်း⚠️

ရေစကြို ခလရ၂၅၆ ၂၅၇ ၂၅၈ မှ စခများသည် ရေစကြိုမြို့နယ် သပြေပင်ရွာတွင် ညအိပ်ခဲ့ပြီး ရေစကြိုမြို့နယ် ကံသစ်ရွာတွင် ယခု ည ညအိပ်ဝပ်ကျင်ချနေကြောင်းသတင်းရရှိပါသည်။

Mar-31, 8:46PM
#Threestarsmyaing
ဂန့်ဂေါမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၁ ဦး ဒဏ်ရာရ

မတ် ၃၁၊ ၂၀၂၆ | ဂန့်ဂေါ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အနောက်တောင်ပိုင်းရှိ နေရာတစ်ခုကို ယနေ့ (မတ် ၃၁) ညနေ ၅ နာရီခွဲခန့်တွင် စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာလေယာဉ် ၂ စီးအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီလေတပ်မှ တံတားဦးလေတပ်စခန်းမှ ထွက်ခွာလာသည့် ဂျက်ဖိုက်တာ ၂ စီးသည် ဂန့်ဂေါမြို့နယ် အနောက်တောင်ပိုင်းရှိ ဇီးပြားကျေးရွာအနီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ဂျက်ဖိုက်တာ ၂ စီး လာတိုက်ခိုက်သွားတာပါ။ ပထမတစ်စီးက ဗုံး ၁ ကြိမ်ပဲချသွားပြီး နောက်ထပ်တစ်စီးက ၂ ကြိမ်ဗုံးချတိုက်ခိုက်သွားပါတယ်။ ဂျက်ဖိုက်တာကို ၁ စီးပဲ သေချာမြင်လိုက်ရပါတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘဲ လေကြောင်းကနေ ဗုံးကြဲသွားတာပါ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသွားလာနေသည့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) အနည်းငယ် ရရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် ယနေ့နံနက်ပိုင်း ၁၁ နာရီခွဲခန့်မှစ၍ စစ်ကောင်စီတပ်က ဂန့်ဂေါမြို့နယ် မြစ်သာမြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများအနီးတွင် UAV ကင်းထောက်ဒရုန်းများဖြင့် အချိန်အတော်ကြာ ကင်းထောက်ပျံသန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

“လေကြောင်းကနေ ဗုံးကြဲသွားတာကို မြို့ပေါ်ကနေ အသံအကျယ်ကြီး ကြားလိုက်ရပါတယ်။ အစောပိုင်းမှာ လက်နက်ကြီးပစ်တာလို့ ထင်နေခဲ့တာပါ။ နောက်မှ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားတာလို့ သိရပါတယ်” ဟု ဂန့်ဂေါမြို့ခံ ပြည်သူတစ်ဦးက ပြောဆိုထားသည်။

ဒေသတွင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ယနေ့ UAV ဒရုန်းများဖြင့် ကင်းထောက်ပျံသန်းခဲ့သည့် မြစ်သာမြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြရန် လိုအပ်ကြောင်း သတိပေးထားသည်။

စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုထားသည်။

သတင်း – CJ
စာတည်း – မောင်ဇီးကွက်
ယောအလင်းတန်း

Mar 31, 9:01PM
#7starmyaing
📫သတင်းတင်းပေးပို့န်
@myaing3starbot
3👍1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃၁

မြန်မာနိုင်ငံတစ်ဝန်း မတ်လ ၃၁ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
5
🙏🌹 မင်္ဂလာ ညချမ်းလေးပါ🙏🦅🌹

စစ်ခွေး အန္တရယ် နှင့် စစ်ခွေး လေကြောင်း အန္တရယ်
အပေါင်းမှ ကင်းဝေးကြပါစေ.....ဆုတောင်း မေတ္တာ ပို့သ အပ်ပါသည်🙏🌹🙏

စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည့်စုံကြပါစေ......🙏🙏🙏


𝐌𝐚𝐫-30. 10:32𝐏𝐌    
     
7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star/
@myaing3starbot
သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
2🙏2
Deleted Account
Photo
မကွေးဒေသ(ပခုက္ကူခရိုင်)အတွင်း ဖြစ်ပွားနေသော သဘာဝသယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ ဒေသတွင်းပဋိပက္ခနှင့်ပတ်သက်၍ ပူးတွဲထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။၂၀၂၆ခုနှစ် ၊ မတ်လ (၃၁) ရက်

၁။ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ‌ဖြစ်ပေါ်လာသော နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်သည် အာဏာရှင်စနစ်ချုပ်ငြိမ်း‌ရေးနှင့်အတူ ဖယ်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စု တည်‌ဆောက်ရန်ဖြစ်ပြီး တော်လှန်ရေးမျိုးဆက်အသီးအသီးကလည်း ဖက်ဒရယ်ဒီမိုကရေစီရရှိရန် ဟူသည့်ယုံကြည်ချက်ဖြင့် လက်နက်ကိုင်လမ်းစဥ်နှင့်အတူ တော်လှန်ရေးနည်းနာအသီးသီးကို ကိုင်စွဲကာ အသက်ပေးတိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ နွေဦးတော်လှန်ရေး(၅)နှစ်တာ ကာလကြာမြင့်ခဲ့ပြီးနောက် "ပြည်နယ်များအားကောင်းရေးမှသည် တစ်ပြည်လုံးအားကောင်းရေး" ဆိုသည့် ဖက်ဒရယ်မူဖြင့် မ‌န္တလေးဒေသ၊ စစ်ကိုင်းဒေသ နှင့် မကွေးဒေသတို့တွင် ဖက်ဒရယ်စနစ်၏ မျိုးစေ့ဖြစ်သော ဒေသအလိုက် ဖက်ဒရယ်ယူနစ်အစိုးရများ အသီးသီးဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါသည်။

၂။ မကွေးဒေသ၊ ပခုက္ကူခရိုင်အတွင်း သဘာဝသယံဇာတရင်းမြစ်နှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများကြား ပွတ်တိုက်မှုများ ဖြစ်ပွားနေသည်ကို ဝမ်းနည်းဖွယ် သိရှိရပါသည်။ လက်ရှိဖြစ်ပွားနေသော မိတ်ဖက်ပဋိပက္ခသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ တို့အကြား အကြေအလည် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ကြရမည့်ကိစ္စဖြစ်သည်ဟု ရှုမြင်ပါသည်။ အကြေအလည် ဆွေးနွေးညှိနှိုင်းမှုများ မပြုလုပ်နိုင်ပါက အောက်ခြေတွင် ရေတိုပဋိပက္ခမကဘဲ ရေရှည်လက်နက်ကိုင်ပဋိပက္ခ အသွင်ဆောင်ရန် တာစူနိုင်ပါသဖြင့် သက်ဆိုင်ရာဦးဆောင်အဖွဲ့များအချင်းချင်း အမြော်အမြင်ရှိရှိ စကားဝိုင်း‌တွင် ဆွေးနွေးအဖြေရှာကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။

၃။ ညီညွတ်ရေးကိုရှေ့ရှုပြီး စကားဝိုင်းတွင် ဆွေးနွေးအဖြေရှာရမည့်ကိစ္စကို အောက်ခြေညီညွတ်ရေးပျက်ပြားစေနိုင်သည်ကိုပင် ဂရုမပြုဘဲ လက်နက်ဖြင့်အဖြေရှာရန် ကြိုးပမ်းသူအားလုံးကို ကန့်ကွက်ပြီး ညီညွတ်ရေးကိုရှေ့ရှုကာ ဆွေးနွေးညှိနှိုင်းအဖြေရှာရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရအား ထပ်လောင်း တိုက်တွန်းအပ်ပါသည်။

၄။ မိမိတို့တော်လှန်ရေးအင်အားစုများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ ပြည်ထောင်စုလွတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်(CRMH)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)နှင့် မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ(MFUIG) တို့ထံလည်း ယခုဖြစ်စဥ်နှင့်ပတ်သက်၍ အိတ်ပိတ်စာပေးပို့ထားရှိပြီး ဒေသတွင်းတော်လှန်ရေးအကျိုးနှင့် ညီညွတ်အားကောင်းရေးကို ရှေ့ရှု၍ လျင်မြန်စွာ ဆွေးနွေးညှိနှိုင်းအဖြေရှာကြပါရန် ကျွန်ုပ်တို့က အလေးအနက် ထပ်လောင်း တိုက်တွန်းအပ်ပါသည်။

ပူးပေါင်းထုတ်ပြန်သော အဖွဲ့အစည်းများ
- အမှတ်(၂) တပ်ရင်း၊ ပခုက္ကူခရိုင်
- အမှတ်(၆) တပ်ရင်း၊ ပခုက္ကူခရိုင်
- အမှတ်(၇) တပ်ရင်း၊ ပခုက္ကူခရိုင်
- အမှတ်(၁၄) တပ်ရင်း၊ ပခုက္ကူခရိုင်
- အမှတ်(၁၅) တပ်ရင်း၊ ပခုက္ကူခရိုင်
- အမှတ်(၁၇) တပ်ရင်း၊ ပခုက္ကူခရိုင်
- မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီ
- မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့
- ပေါက်မြို့နယ် ပညာရေးဘုတ်အဖွဲ့
- မြိုင်မြို့နယ် CDM ကျန်းမာရေးအင်အားစုများ
- ပေါက်မြို့နယ် CDM ကျန်းမာရေးအင်အားစုများ
- ရေစကြိုမြို့နယ် CDM ကျန်းမာရေးအင်အားစုများ
- ကမ္မလူငယ်အသင်း
- ပခုက္ကူကဗျာဆရာသမဂ္ဂ
- ၈၈ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(ပခုက္ကူ)
- အညာတောအိမ် (အရပ်ဖက်လူမှုကူညီရေးအဖွဲ့)
- မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
- ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
- ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ကမ္မဒေသ)
- ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု
- အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း(မြိုင်မြို့နယ်)

#PKK News
🗓️𝐌𝐚𝐫-31 9:52𝐏𝐌
#7starmyaing            
📫သတင်းများပေးပို့ရန်
@myaing3starbot
7
ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ် ဖူလုံ ခမရ(၂၅၆၊၂၅၇၊၂၅၈)ခွေးတပ်တို့မှ အနောက်အရပ်သို့ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ ကံသစ်ရွာတွင် ညအိပ်ခဲ့ပြီး ပညှင်းရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐀𝐩𝐫-1 7:30𝐀𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍3
ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်၊ကျွန်းချောင်းနယ်၊မြို့စိုးအုပ်စုချမ်းသာကြီး-ငွေသောင်ရွာ၌ညအိပ်စခန်းချခဲ့သောစခစစ်ကြောင်းသည်ယနေ့မနက်ရှစ်နာရီခန့်တွင်စပြီးငွေသောင်ရွာအားမီးရှို့နေကြောင်းသိရပါတယ်။

#MDN
Apr-1/8:45AM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
😢3🤬1
ပခုက္ကူမြို့နယ်၊ ငွေသောင်ရွာကို စစ်တပ်က မီးရှို့

မကွေး၊ ဧပြီ ၁

ပုဂံ - ညောင်ဦးဘက်ကနေ ဧရာဝတီမြစ်ကို ကူးပြီးလာတဲ့စစ်တပ်စစ်ကြောင်းက မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ငွေသောင်ကျေးရွာကို ဒီနေ့နေ့လယ်ပိုင်းမှာ မီးရှို့ဖျက်ဆီးနေတယ်လို့ Magway Division News တာဝန်ရှိသူက Red Peacock သတင်းမီဒီယာကို ပြောပါတယ်။

မနေ့က ဧရာဝတီမြစ်ကို ကူးလာတဲ့မြန်မာစစ်တပ်စစ်ကြောင်းက ချမ်းသာကြီးရွာကို မီးရှိ့ဖျက်ဆီးပြီး တပ်စွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီချမ်းသာကြီးရွာမှာရှိတဲ့မြန်မာစစ်တပ်က ဒီနေ့မှာတော့ ငွေသောင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်စစ်ကြောင်းကြောင့် ချမ်းသာကြီး၊ ငွေသောင်၊ ပေါက်တော၊ မြိုစိုး၊ ကျွန်းချောင်း၊ အိုင်ကြီး၊ ကံကြီးစုစတဲ့ ခြောက်ရွာထက်မနည်းက စစ်ဘေးရှောင်နေရပါတယ်။

ဒီနှစ် မတ် ၁၅ ရက်နေ့မှာ Data for Myanmar ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ စစ်အာဏာသိမ်းထားတဲ့လေးနှစ်ကျော်ကာလအတွင်းမှာ အရပ်သားပြည်သူနေအိမ်ပေါင်း ၁၂၀,၄၆၄ လုံးက မီးရှို့ ဖျက်ဆီးခံထားရပါတယ်။

Photo – Magway Division News
ရေးသားသူ - သူပုန်လက်

#မကွေး #RedPeacock #HumanRights

Apr 1, 5:56PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍4
ပေါက်မြို့နယ်

ပေါက်မြို့နယ်တောင်ပိုင်း ၀င်ရောက်နေတဲ့ စစ်ခွေးစစ်ကြောင်းသည်၊တပ်ကုန်း{ပျူ}ရွာနှင့် အနီးတ၀ိုက်ရွာတွေ၌ တပ်စွဲနေထိုင်နေကြကြောင်းသတင်းရရှိထားပါသည်။

#PKK News
🗓️?Apr-1 6:30P𝐌
#7starmyaing
📫သတင်းများပေးပို့ရန်
@myaing3starbot
4
Forwarded from Info Committee Yesagyo (YSO)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြို့နယ် NLD အလုပ်အမှုဆောင်၊ တိုင်းအမျိုးသမီးအဖွဲ့ အဖွဲ့ဝင်ဖြစ်သူ ဒေါ်ဝါဝါခိုင်သည် ယနေ့ နံနက် (၈) နာရီခန့်အချိန်တွင် ပခုက္ကူ‌အကျဥ်း‌ထောင်မှ ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှုခံယူ‌နေစဉ် ကွယ်လွန်သွားခဲ့ကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

ဒေါ်ဝါဝါခိုင် ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ရေစကြို၊ ဧပြီ ၁

#InfoCommitteeYesagyo