ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
မြိုင်မြို့နယ်

မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူခွေးခြံမှ လက်နက်ကြီးဖြင့် တောင်ရပ်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐌𝐚𝐫-18-4:10𝐏𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
🫡1
​​​​ပခုက္ကူမြို့နယ်

ပခုက္ကူတပ်မ {၁၀၁}ခွေးတပ်မှ စစ်ခွေးအင်အားအပြည့်ပါ စစ်ခွေးကားကြီး {၂}စီးသည်၊ အနောက်ဘက်သို့ ဦးတည်၍ ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐌𝐚𝐫-18-5:05𝐏𝐌

#MRSN
Mar 18 , 5:17PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
5👍1
ပခုက္ကူမြို့နယ်⚠️

  
ပခုက္ကူမြို့ထဲတွင်အကြမ်းဖက်စခကားများပတ်နေကြောင်းသိရပြီး လူငယ် ၃ဦးအားအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရ။


#MRSN
#7starmyaing

Mar 18 , 8:03PM
📬 သတင်းပေးပို့ရန် @myaing3starbot
5
19.3.2026 🚨 ပခုက္ကူမြို့နယ်🚨
ပခုက္ကူမြို့နယ် ကန်တော်ရွာစခဂိတ်မှထွက်ခွာလာသောစခစစ်ကြောင်း ငဖောင်ကန်ရွာအနောက်ဘက် ဘုရားကုန်းသို့ရောက်ရှိနေကြောင်းသိရ..
🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰7:19AM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍5
ပခုက္ကူမြို့နယ်

ပခုက္ကူမြိုနယ် ရှင်မကန်ပျူရွာမှ ထွက်လာသော စစ်ခွေးစစ်ကြောင်းသည် ရှင်မကန်မှ တဆင့် အောင်သာသို ရောက်ရှိပီး လမ်းမ အတိုင်း အနောက်အရပ်သို ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐌𝐚𝐫-19-8:40𝐀𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
3
Forwarded from Magway Scout Network
ပခုက္ကူမြို့နယ်⚠️

  
ပခုက္ကူမြို့နယ် ရွှေတန့်တစ်ကျေးရွာတွင်အကြမ်းဖက် စခ အင်အားပါကား ၂စီးရောက်ရှိနေပြီး စခများခြေရှုတ်နေကြောင်းသိရ။


#MRSN
Mar 19 , 10:28AM
📬 သတင်းပေးပို့ရန် @MagwayScoutBot
3
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် အောင်သာပျူရွာမှ အနောက်ရပ်သို့ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ အောင်သာပျူရွာ၏ အနောက်တောင်ဘက်ရှိ တောထဲတွင် ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐌𝐚𝐫-19-10:32𝐀𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
5
Forwarded from Hlaing Info
“PDF တံဆိပ် အတုတွေနဲ့ ပေါ်ပေါ်ထင်ထင် အိုးနင်းခွက်နင်း ဝါဒဖြန်နေ့ရတဲ့ စစ်တပ် အလိမ်အညာဖြန့်ချိရေး ယန္တရား”

By မင်းခေါင်-MK

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးယန္တရားဟာ ဒီဘက်ခေတ်မှာတော့ ဟာသတစ်ခုလို ဖြစ်လာခဲ့ပါပြီ။ အထူးသဖြင့် PDF တွေ "အလင်းဝင်" တယ်ဆိုတဲ့ လုပ်ဇာတ်ကို ကပြရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ တပ်ဖွဲ့တံဆိပ် (Badge) တွေကိုတောင် တူအောင် မတုပနိုင်ဘဲ အရောင်လွဲ၊ စာလုံးလွဲတွေနဲ့ ထုတ်ပြနေတာဟာ သူတို့ရဲ့ ညံ့ဖျင်းမှုကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။

တောထဲတောင်ထဲမှာ တကယ်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေရဲ့ ဝတ်စုံတွေဟာ ရာသီဥတုနဲ့ ပတ် ဝန်းကျင်ဒဏ်ကြောင့် အရောင်လွင့်တာ၊ နွမ်းဖတ်တာတွေ ရှိစမြဲပါ။ သူတို့ဖော်ပြလာတဲ့ပုံထဲက ခုမှဝယ်လာသလို အသစ်စက်စက် ဝတ်စုံတွေဟာ ဝါဒဖြန့်ဖို့အတွက် စီစဉ်ထားတဲ့ အထောက်အထားပဲ ဖြစ်ပါတယ်။

ဒီလောက် ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံထားတဲ့ ဝါဒဖြန့်ယန္တရားက အခြေခံ တံဆိပ်လေးတောင် တူအောင် မလုပ်နိုင်တာဟာ သူတို့အောက်ခြေက လူတွေက သခင့်အပေါ် သစ္စာမရှိတာလား၊ ဒါမှမဟုတ် တကယ်ပဲ ဉာဏ်ရည်နိမ့်ပါးနေတာလား" ဘာပဲဖြစ်ဖြစ် တံဆိပ်အတုနဲ့ တံဆိပ်အစစ် ကွဲပြားခြားနားအောင်လုပ်ပေးတာအတွက်တော့ ကျေးဇူးတောင်တင်ရမဲ့ သဘောပဲ။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ပေါ့လျော့မှုတွေကြောင့် ပြည်သူတွေဟာ ဘယ်ဟာက သတင်းအစစ်၊ ဘယ်ဟာက ဝါဒဖြန့်သတင်းတုဆိုတာကို ခွဲခြားဖို့ ပိုလွယ်ကူသွားစေလို့ပါပဲ။ PDF တပ်ရင်းတပ်ဖွဲ့အသီးသီးမှာ သတ်မှတ်ထားတဲ့ တံဆိပ်ပုံစံ၊ အရွယ်အစားနဲ့ လက်မောင်းမှာ တပ်ဆင်တဲ့ အနေအထားတွေ ရှိပါတယ်။ စစ်ကောင်စီ ဝါဒဖြန့်ပုံတွေမှာပါတဲ့ PDF တံဆိပ်တွေဟာ အရွယ်အစား မညီမညာဖြစ်နေတာ၊ စာလုံးပုံစံ (Font) မှားယွင်းနေတာနဲ့ တပ်ဆင်တဲ့နေရာ လွဲမှားနေတာတွေကို တွေ့နိုင်ပါတယ်။

ဒီလို အမှားအယွင်းတွေဟာ စစ်ကောင်စီအတွင်းပိုင်းမှာလည်း "မင်းတို့ ဝါဒဖြန့်တာက ငါတို့ကို ပိုသိက္ခာကျစေတယ်" ဆိုတဲ့ အပြန်အလှန် အပြစ်တင်မှုတွေနဲ့ ယုံကြည်မှု ပျက်ပြားစရာ အကြောင်းရင်းတစ်ခု ဖြစ်လာနေပါပြီ။

တကယ်တမ်း အလင်းဝင်လာသူတွေဆိုရင် သူတို့ရဲ့ နောက်ခံသမိုင်း၊ ဘယ်တပ်ရင်း၊ ဘယ်ဒေသကလဲဆိုတာ တိတိကျကျ မဖော်ပြနိုင်ဘဲ ဝေဝေဝါးဝါးသာ ပြောဆိုနေတာဖြစ်ပါတယ်။ ထို့အပြင် ပုံထဲကလူတွေရဲ့ ကိုယ်နေဟန်ထားနဲ့ လှုပ်ရှားမှု၊ ဆံပင်ပုံစံနဲ့ အနေအထားတွေဟာ စစ်သားအသစ်တွေ ဒါမှမဟုတ် ပိုက်ဆံပေးငှားထားတဲ့သူတွေ ဖြစ်နေတာကို သတိထားကြည့်ရင် သိနိုင်ပါတယ်။

PDF ဆိုတာ ပြည်သူ့ရင်ခွင်က ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းဖြစ်ပြီး တကယ့်မြေပြင်က ရဲဘော်တွေရဲ့ စိတ်ဓာတ်နဲ့ ဂုဏ်သိက္ခာကို ဘယ်ကရှာထားမှန်မသိတဲ့ ဝတ်စုံအသစ်တွေ၊ တံဆိပ်အတုတွေနဲ့ အစားထိုးလို့ မရနိုင်ပါဘူး။

စစ်ကောင်စီရဲ့ ဝါဒဖြန့်အဖွဲ့က ဘယ်လောက်ပဲ ဇာတ်ညွှန်းတွေ ရေးပါစေ၊ မြေပြင်မှာ သူတို့ တကယ် တမ်း ရှုံးနိမ့်နေတယ်ဆိုတာကိုတော့ ဒီလို "တံဆိပ်အတု" လုပ်ဇာတ်တွေက ဖုံးကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ပြည်သူတွေအနေနဲ့ ဒီလိုသတင်းမှားတွေကို တွေ့ရင် Like, Share မလုပ်ဘဲ Report ထုဖို့ ဒါမှမဟုတ် သတင်းမှားမှန်း သိအောင် ပြန်ပြီး Comment ရေးဖို့ တိုက်တွန်းလိုက်ပါတယ်။

(မင်းခေါင်-MK သည် လက်ရှိနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ ပါဝင်နေသော တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်သည်။)
#KTM
#HlaingInfo
4
Forwarded from Wai Hin (ဝေဟင်) (𝑀𝒶𝓎)
ပခုက္ကူ⚠️

ပခုက္ကူ တပ်မ ၁၀၁မှ စက်တပ်လေထီး (Paramotor) ၂စီး ပျံတက်။

#WaiHin
Mar 19, 03:55 PM
📫သတင်းပို့ရန် @WaiHinScout_Bot
👍4
🟢 အင်အား ၃.၆ အဆင့်
📍 ပေါက်မြို့မှ ၅ မိုင်ခန့်အကွာ
🕔 ညနေ ၅နာရီ ၅၂မိနစ် ၀၄စက္ကန့်

👉 အသေးစိပ်ဖတ်ရှုရန်
🙏5
ပေါက်မြို့နယ်  🚨


ပေါက်မြို့နယ်
ဇုန်(၄) နယ်မြေအတွင်းရှိ ပေါက်ဆိတ်ဖြူ
ပုသိမ်-မုံရွာ လမ်းဆုံအရှေ့ခြမ်းနှင့်လမ်းပိုင်းအားပေါက်မြို့ကို ရောက်ရှိနေသော ခွေးရိက္ခာယာဉ်တန်းနှင့်ခွေးစစ်ကြောင်းပြန်မထွက်မခြင်း
ရက်အကန့်အသတ်မရှိ ပိတ်သိမ်းထားပါကြောင်းအသိပေးအပ်ပါသည်။

#Zone 4
#ဇုန်(၄) ပကဖ
#PanTaing
Mar 19, 5:37PM
3🫡3
Forwarded from Magway Division News
ပျူစောထီးစခန်းမှာကင်းကျတဲ့ တပ်ကြပ်အပါ ၂ ဦး လက်နက်နဲ့ဘက်ပြောင်းလာ

ပခုက္ကူ၊ မတ် ၁၉၊ ၂၀၂၆။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာပျူစောထီးစခန်းမှာ တာဝန်ကျနေတဲ့ စစ်ကော်မရှင်တပ်ကြပ်၁ ဦးနဲ့ တပ်သား ၁ ဦး လက်နက်နဲ့အတူ ဘက်ပြောင်းလာခဲ့တယ်လို့ နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

ပခုက္ကူအခြေစိုက် ခလရ ၂၅၈ တပ်ကနေ တွင်းမရွာမှာတာဝန်ကျနေတဲ့ အသက် ၂၃ အရွယ် တပ်ကြပ် ဇော်ကြီးနဲ့ အသက် ၂၀ အရွယ် တပ်သား ဇင်မင်းအောင် တို့ဟာ မတ်လ ၁၈ ရက် နေ့လယ် ၁၂ နာရီမှာ MA 1 ၁ လက်၊ MA3 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၈၀ တို့ယူပြီး ဘက်ပြောင်းလာခဲ့ကြတာလို့ ဆိုပါတယ်။

"သူတို့က မနက် ၉ နာရီလောက်ကတည်းက ကင်းတာဝန်ကျနေချိန်မှာ ထွက်ပြေးလာကြတာ။ ကျနော်တို့ချိတ်ဆက်ပြီးမှထွက်လာတော့ သွားကြိုခဲ့ရတယ်။ လက်နက်တွေလည်း ယူဆောင်လာနိုင်ခဲ့ကြသေးတယ်"လို့ နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မီးတောက်က ပြောပါတယ်။

ရန်ကုန်ဇာတိဖြစ်သူ တပ်သား ဇင်မင်းအောင်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ မူးယစ်ဆေးနဲ့ပတ်သက်တယ်ဆိုကာဖမ်းဆီးခံခဲ့ရပြီးနောက် ဂျိုးဖြူစစ်သင်တန်းကျောင်းမှာ စစ်မှုထမ်းအပတ်စဥ် ၁၀ တက်ရောက်ခဲ့ပြီးနောက် ခလရ ၂၅၈ ကိုရောက်ရှိလာသူဖြစ်ပြီး တပ်ကြပ် ဇော်ကြီး ကတော့ စစ်အာဏာမသိမ်းခင်ကတည်းက စစ်တပ်ထဲရောက်ရှိနေသူဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါဘက်ပြောင်းလာသူ ၂ ဦးစလုံးဟာ လက်နက်တွေယူလာနိုင်တာကြောင့် ၁ ဦးကိုကျပ်သိန်း ၂၀ ဆုငွေချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ ဘက်ပြောင်းလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် စုစုပေါင်း ၇ ဦးထိရှိခဲ့ပြီး ၄ ဦးကတော့ တပ်ဖွဲ့နဲ့အတူ စစ်ကော်မရှင်ကို ပြန်လည်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်ကြီး၊ စာတည်း - လင်း

#မြေလတ်အသံ
#မကွေး #မြိုင် #စစ်ကော်မရှင်တပ်သား #ဘက်ပြောင်းခိုလှုံ

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instgram၊ Twitter နဲ့ TikTok တို့မှာ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေပြီး Facebook Page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
4👍1
​​​​ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကူကျွန်းရွာသို့ ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းသည်၊ ကူကျွန်းအား မီးရှို့ခဲ့ပြီး ထောက်ရှာပင်ရွာဘက်သို့ ဦးတည်၍ ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐌𝐚𝐫-20-8:45𝐀𝐌

#MRSN
Mar 20 , 10:00AM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
3
​​​​ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကူကျွန်းရွာမှ ပြည်သူပိုင်နေအိမ်များအား မီးရှို့ခဲ့ပြီး၊ အောင်သာပျူရွာသို့ စစ်ခွေးအင်အား{၇၅}ကောင်ခန့်ဖြင့် ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

#PKK News

#MRSN
Mar 20 , 10:05AM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
Forwarded from Magway Scout Network
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ကျွဲတဲကမ်းနားကျေးရွာသို့ စခအင်အားအများပြားရောက်ရှိနေပြီးကျဲတဲကမ်းနားအရှေ့ဘက်တောတိုက်ထဲသို့ သေနတ်များရမ်းသမ်းပစ်ခတ်သောင်းကျန်းနေ​ကြောင်းသိရ။

#MRSN
Mar 20, 11:19AM
📬 သတင်းပေးပို့ရန် @MagwayScoutBot
3
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ကျွဲတဲကမ်းနားကျေးရွာသို့ ရောက်ရှိနေသောအကြမ်းဖက်စခများသည်ပခုက္ကူမြို့တွင်းသို့ပြန်လည်ဝင်ရောက်သွားကြောင်းသိရပါသည်။

#MRSN
#7starmyaing
Mar 20, 11:34AM
📬 သတင်းပေးပို့ရန် @myaing3starbot
ပုဂံညောင်ဦး ဒေသကာကွယ်ရေး တပ်ပေါင်းစုဖွဲ့စည်းကြောင်း အသိပေး

မတ်လ ၂၀ ရက်

မန္တလေးဒေသ၊ ညောင်ဦးခရိုင်အတွင်းမှာ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေကြတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ ၄ ဖွဲ့က ပုဂံညောင်ဦး LOCAL တပ်ပေါင်းစုကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

မတ်လ ၁၉ ရက်မှ စတင်ကာ 21 BAGAN PEOLPLE DEFENSE FORCE ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့ (DYT) ၊ GARUDA SECRET FORCE (ပုဂံ/ဂဠုန်တပ်) နှင့် TIGER WARRIOR FORCE တို့က ဒေသကာကွယ်ရေး တပ်ပေါင်းစုတွေအဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်တာပါ။

လက်ရှိအချိန်မှာ ပုဂံညောင်ဦး ဒေသမှာ အကြမ်းဖက်စစ်တပ်က ယင်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေအတွင်းကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ ပြည်သူပိုင် ပစ္စည်းတွေ လုယက်၊ မီးရှို့ ၊ သတ်ဖြတ်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အခုလို ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ပိုမိုတန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ပြီး၊ ယင်းတို့ရဲ့ ထိန်းချုပ်နယ်မြေတွေကိုပါ အခြေချ စိုးမိုးနိုင်ရန်အတွက် မြို့နယ် အတွင်းမှ ဒေသကာကွယ်ရေးတပ်တွေက တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်တာလို့ အသိပေးထားပါတယ်။

#PVTV
12🫡2
Forwarded from Wai Hin (ဝေဟင်) (𝑀𝒶𝓎)
ဆိပ်ဖြူ⚠️

ဆိပ်ဖြူ - ကပစ ၂၂မှ စက်တပ်လေထီး (Paramotor) ၁စီး ပျံတက်။

#WaiHin
Mar 20, 06:41 PM
📫သတင်းပို့ရန် @WaiHinScout_Bot
👍1
ပေါက်⚠️

ပေါက်နယ် အနောက်တောင်ခြမ်းဖြတ်၍ ဆိပ်ဖြူ - ကပစ ၂၂ မှ စက်တပ်လေထီး (Paramotor) ၁ စီး အနောက်အရပ်သို့ ပျံသန်း။

#WaiHin
Mar 20, 06:59 PM

ဆိပ်ဖြူ⚠️

ဆိပ်ဖြူ - ကပစ ၂၂မှ ၂စီးမြောက် စက်တပ်လေထီး (Paramotor) ၁စီး ပျံတက်။

#WaiHin
Mar 20, 07:00 PM
3