ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပျူရွာမှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ တဲကုန်းရွာအနီးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ကြောင်းသတိဖြင့် သွားလာနေထိုင်ကြပါရန်...အသိပေးအပ်ပါတယ်ဗျ။

#PKK News
🗓️𝐉𝐚𝐧-18-9:06𝐀𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍1
ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ် ကျီးကန်ရွာတွင် ညအိပ်ဝပ်ကျင်းချခဲ့သော စစ်ခွေးများသည်၊ ခလရ {256/257/258} ခွေးတပ်များ အတွင်းသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-18-9:15𝐀𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍1
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပျူရွာမှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ တဲကုန်းရွာထဲသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

🚨 မိဘပြည်သူများ စစ်ကြောင်း၊လေကြောင်း အထူးဂရုစိုက်ကြပါဗျ။

#PKK News
🗓️𝐉𝐚𝐧-18-9:30𝐀𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
🥰1
ရေစကြို

ရေစကြိုနယ် ဖြတ်၍ မိတ္ထီလာလေတပ် မှ Y-8 စစ်ထောက်ပို့လေယာဉ် ၁ စီး အနောက်မြောက်အရပ်သို့ ပျံသန်း။

#WaiHin
Jan 18, 09:38 AM
📫သတင်းပို့ရန် @WaiHinScout_Bot
18.01.2026
09:35 am
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ တပ်ထဲမှ စုပေါင်းစပ်ပေါင်း စခအင်အား (၂၀၀)ခန့်ဟာ မနေ့ည (၀၇:၀၀)နာရီကျော်ကျော်ခန့်မှာ ကျောက်ထု အမှတ် (၄)ဘက်ကနေ ခိုးကြောင်ခိုးဝှက် စစ်ကြောင်းထွက်သွားတယ်လို့သိရပါတယ်ခင်ဗျာ။ စခတွေ လျှပ်စစ်မီးပိတ်ပီး တိတ်တဆိတ်စစ်ကြောင်းထွက်လာတာဖြစ်ပါတယ်။လက်ရှိအချိန်ထိတော့ စစ်ကြောင်းဟာ ပျောက်နေဆဲဖြစ်ပီးတော့ ဘယ်ကိုဦးတည်လာမယ်မသိ‌ရသေးပါဘူး။ တေး၊စံကျေးရွာနှင့် အညာငါးရွာဘက် မိဘပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းနားစွင့်ကာအစစအရာရာအထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------------- Aung Gyi --------------------------

ယောအလင်းတန်း
1
ပေါက်မြို့နယ်

ပေါက်မြို့နယ်တောင်ပိုင်း သစ်ချိုကုန်းပျုရွာမှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ ယနေ့ (8:20)AM အချိန်က ပေါက်မြို့နယ်တောင်ပိုင်း သီးခြောက်ကျေးရွာ အနောက်တောင်ဘက်ရှိ ဒေသခေါ်  [နတ်တောင်]အနီးသို့ ရောက်ရှိနေပြီး တပ်ဖြန့်ထားကြောင်း သတင်းရရှိထားပါသည်။

မိဘပြည်သူများ စစ်ရေးအသိ စစ်ရေးသတိဖြင့်သွားလာနေထိုင်ကြပါရန်.....

#PKK News
🗓️𝐉𝐚𝐧-18-9:59𝐀𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပျူရွာမှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ သဲကုန်းရွာ စာသင်ကျောင်းထဲတွင် (၁)ဖွဲ့ရှိပြီး၊ ငဖောင်ကန်ရွာ၏ အနောက်တောင်ဘက်ရှိ ကြက်ခြံထဲသို့ (၁)ဖွဲ့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ကြောင်းသတိဖြင့် သွားလာနေထိုင်ကြပါရန်...အသိပေးအပ်ပါတယ်ဗျ။

#PKK News
🗓️𝐉𝐚𝐧-18-10:40𝐀𝐌

#MRSN
Jan 18, 10:45 AM
#7starmyaing
📫သတင်းပေပို့ရန်
@myaing3starbot
1
ပခုက္ကူမြို့နယ်⚠️

ပခုက္ကူမြို့နယ် ကျွဲတဲကမ်းနားကျေးရွာ တာဇုံရှိပြည်သူ ၁ဦးအား အကြမ်းဖက်စခများမှအတင်းကျပ်ဖမ်းဆီးသွားကြောင်းသိရ။

#MRSN
#7starmyaing
Jan-18 , 11:49AM
📬သတင်းပေးပို့ရန်
@myaing3starbot
2
Deleted Account
Photo
စလင်းနှင့် ပေါက်မြို့နယ်တို့တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ ဖျက်ဆီးနေသဖြင့် ပြည်သူများ ထွက်ပြေးနေရ


ဇန်နဝါရီလ ၁၈ ရက်

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ် တိုက်ခိုက်နေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် အင်အား ၈၀ ခန့်ပါသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် စလင်းမြို့နယ်၊ ပန်းတိမ်ကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ရာ နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်တပ် စစ်ကြောင်းသည် ပန်းတိမ်ကုန်းကျေးရွာမှ လက်ကြီး၊ လက်နက်ငယ်များဖြင့် ကညှပ်ကျေးရွာနှင့် နောင်တော်လေးကျေးရွာများကို ပစ်ခတ်ခဲ့ကာ ဒရုန်း ၂ စီး ဖြင့်လည်း ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ကျောက်ခဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းပေါ်သို့ ဒရုန်းဖြင့် ဗုံးများ ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုများ အတွင်း ကျောက်ခဲကုန်း ဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင် ပြည်သူတချို့နှင့် ကျေးရွာနေ ပြည်သူတချို့ ထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေးတွေက စလင်းချောင်း တောင်ဘက်ကို နယ်မြေရှင်းလင်းရေးဆိုပြီး စစ်ကြောင်းထိုး ရွာတွေကို မီးရှို့နေတာ ပြီးတော့ ခွေးတွေက စစ်ရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာအတွင်းကိုလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိပါတယ်။ စစ်ခွေးတွေကြောင့် ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်" ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေပြီး စလင်းချောင်းတောင်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်၍ နယ်မြေများကို အပြီးသတ်သိမ်းယူမည်ဟု သတင်းထွက်ပေါ်နေကာ သမြင်ကင်း ၊ ပန်းတိမ်ကုန်း ၊ကညှပ် ၊ နောင်တော်လေး၊ နောင်တော်ကြီးကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်၍ ပြည်သူများကို ပစ်မှတ်ကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ၂ ရက်ဆက် ဗုံးကျဲပြီး မြေပြင် စစ်ကြောင်းကလည်း ကျေးရွာများကို ဝင်ရောက် စီးနင်းနေ၍ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် ပေါက်မြို့နယ် အနောက်မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာများဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများ ယာယီနေထိုင်လျက်ရှိသော တဲများ၊ လူနေအိမ်များနှင့် ကျေးရွာ ဆေးပေးခန်းတို့ ထိမှန် ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် သီးချောက်ရွာအနီး ရောက်ရှိလာသော ကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုအကြမ်းဖက် စစ်တပ်စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ဇင်ရွေးဂုံရွာ ၊ တဲတောယာတောင်ရွာ ၊ တဲတော်ယာ မြောက်ရွာ ၊ ပြစ်ထဲရွာ ၊ ကိုင်းလယ်ရွာ ၊ ချောင်းနားရွာ ၊ စမ်းရေခုံရွာ ၊ ဖားအရွာ ၊ ကမ္ဘားနီရွာ ၊ ချက်ကန်ရွာနှင့် ထန်းတောလယ်ရွာများအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၁ သောင်းကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ရွှေဘိုမြို့နယ်၊ နှောပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။
#KTM
#7starmyaing
👍21
⚠️မြေပြင်

မြင်းခြံ-မန္တလေးတိုင်း

မြင်းခြံဘက်မှ စကစစစ်ကြောင်းဝင်ရောက်လာ၍ လေးဖျက်ခုံ၊ပြည်တော်သာ၊ဓားကျွန်း၊တန်ဆောင်း၊နတ်ညွှန်း ကျေးရွာများမှ ပြည်သူများ ထွက်ပြေးနေရပြီး ယနေ့ညနေပိုင်းတွင် နတ်ညွှန်းကျေးရွာကို အကြမ်းဖက်စစ်သားများ စတင်မီးရှို့ဖျက်စီးနေကြောင်း သတင်းရရှိ။

#WES
5:34pm,Jan 18
#TTN News

https://t.me/TaungTharNews
👍42
Deleted Account
Photo
မင်းဘူးတွင် မုန်းတောင်ရဲစခန်း မီးရှို့ခံရပြီးနောက် စစ်အုပ်စုက ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေ


ဇန်နဝါရီလ ၁၈ ရက်

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ မုန်းတောင် ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်မီးရှို့  ပြီးတဲ့နောက် စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတယ်လို့  စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ရက် မနက်အစောပိုင်းက မင်းဘူးမြို့နယ်၊ မုန်းတောင်ရွာရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ရင်း စခန်းကိုပါ မီးရှို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီတိုက်ခိုက်မှုအတွင်း မုန်းတောင် စခန်းမှူးနဲ့ အမျိုးသမီးဖြစ်သူ အပါအဝင် ရဲတွေ ထိခိုက်ဒဏ်ရာရပြီးထွက်ပြေး သွားတယ်လို့ မင်းဘူးခရိုင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

" စခန်းမှူးအဖမ်းခံရတာ မဟုတ်ပါဘူး။ စခန်းမှူးနဲ့ သူ့မိန်းမ ဒဏ်ရာရတာ။  စပြီးဝင်ပစ်ကတည်း ကထွက်ပြေးကြတာ" လို့   မင်းဘူးခရိုင် စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေက ရဲစခန်းကို သိမ်းပိုက်ရှင်းလင်းရင်းနဲ့ တခါတည်း မီးရှို့ဖျက်ဆီးခဲ့ရာမှာ အချုပ်ခန်းတစ်ခုပဲ ကျန်တဲ့အထိ မီးလောင်ပြာကျ သွားတယ်လို့ သိရပါတယ်။

ရဲစခန်း သိမ်းပိုက်မီးရှို့ခံရပြီး တဲ့နောက် အကြမ်းဖက်စစ်တပ်က မုန်းတောင်ရွာကို ဝင်ရောက်စီးနင်းတာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကြောင်းဟာ မင်းဘူးမြို့မြောက်ဘက်ခြမ်း ကိုဝင်ရောက်နေပြီး ပင်းတလဲရွာကိုပါ ဝင်ရောက် မီးရှို့ခဲ့သေး တယ်လို့ သိရပါတယ်။

ပုံစာ - အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲများ အားတွေ့ရစဥ် (ပုံဟောင်း)
#မောင်း
#7starmyaing
4🔥3👍1
ပေါက်မြို့နယ်

ပေါက်မြို့နယ်သစ်ချိုကုန်းပျူရွာမှထွက်လာကာသီးချောက်ရွာဘက်မှတဆင့်နေ့လည်ကသစ်ချိုကုန်းပျူရွာသို့ပြန်ဝင်သွားသောစခစစ်ကြောင်းသည်သစ်ချိုကုန်းပျူရွာ၌ညအိပ်စခန်းချနေထိုင်ကြကြောင်းသိရပါတယ်။

#pdn
Jan-18/8:00PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်အနောက်ဘုန်းကံပျူရွာမှထွက်ခွာလာကာတဲကုန်းရွာရောက်နေသောစခစစ်ကြောင်းသည်တဲကုန်းရွာ၌ညအိပ်စခန်းချနေထိုင်ကြကြောင်းသိရပါတယ်။

#pdn
Jan-18/8:00PM
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
2
ရေစကြို⚠️

စကစ Drone (1) စီး ရေစကြို‌အရှေ့တောင် ခြမ်း ပေါ်ပျံဝဲနေ။

#WES
#3starmyaing
Jan-18 , 9:03PM
📬 သတင်းပေးပို့ရန် @myaing3starbot
👍2
Deleted Account
Photo
18.01.2026
09:30 pm
ကျောက်ထုသတင်း


ကျောက်ထု အမတ ၃၆၈ တပ်မှ စုပေါင်းစပ်ပေါင်းစခ(အင်အားမသိရသေး) တွေဟာ ယောမြို့ကျေးရွာဘက်ရောက်ရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ ခမ်းတိုကျောဘက်မှာလဲ ယမန်နေ့ကထွက်ခွာသွားတဲ့စစ်ကြောင်းတစ်ကြောင်းပျောက်နေတယ်လို့သိရပါတယ်။ ယောမြို့၊ချောင်းကူး ကျေး ရွာအပါအ၀င် ကွမ်းခင်း၊ကံအိုး၊ပဆုပ်၊ငှက်ချောင်၊ပေါက်တော၊လယ်ကြီးအိုင်၊ချောင်းခွ၊ကြန်တော ကျေးရွာဘက် မိဘပြည်သူများ အနေဖြင့် ယနေ့ည စစ်ကြောင်းအန္တရာယ် အထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ စစ်ကြောင်းသတင်းကိုမပြတ်နားစွင့်ပေးကြဖို့ အသိပေးအပ်ခြင်း သာဖြစ်ပါတယ်ခင်ဗျာ။ ကျေးရွာနေမိဘပြည်သူများအနေဖြင့် မြေပြင်သက်ဆိုင်ရာအဖွဲ့အစည်းများ၏ လမ်းညွှန်းချက်တိုင်းလုပ်ဆောင်ပေးကြပါခင်ဗျာ။ လိုအပ်ပါက အနီးအနား သက်ဆိုင်ရာအဖွဲ့အစည်းများက အသိပေးအကြောင်းကြားတာမျိုးတွေလုပ်ဆောင်ပါလိမ့်မယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------------- Aung Gyi --------------------------

ယောအလင်းတန်း
⚠️အထူးအသိပေးချက်

ရေစကြို နယ် တောင်ခြမ်းတနေရာတွင်အကြမ်းဖက်စစ်ကောင်စီမှလွတ်တင်လိုက်သောUAVscout Drone များမှာရေစကြိုနယ်တောင်ခြမ်းတွင် ကင်းထောက်ပျံသန်းများခက်စိတ်စိတ်ပြုလုပ်နေပါသောကြောင့်မိဘပြည်သူများနှင့်တော်လှန်ညီအကို/မောင်နှမများအနေဖြင့် လေကြောင်းအသိ /လက်နက်ကြီးသတိထားကြပါရန် အထူးအသိပေးအပ်ပါသည်။

#7starmyaing

Jan-18,9;45PM

📫သတင်းပေးပို့ရန်@myaing3starbot
1
19.1.2026🚨ပခုက္ကူမြို့နယ်🚨
ပခုက္ကူမြို့နယ် တဲကုန်းရွာသို့ရောက်ရှိနေသောစခစစ်ကြောင်း အနောက်တောင်ဘက်သို့ထွက်ခွာနေကြောင်းသိရ..
🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰7:28AM
📬သတင်းပို့ရန်@Daungmin
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍3
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် တဲကုန်းရွာမှထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ ထန်ပင်ကန်ရွာမှ အနောက်တောင်ဘက်သို့ ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-19-9:19A𝐌

#MRSN
Jan-19 , 9:32AM
#7starmyaing
📫သတင်းပေပို့ရန်
@myaing3starbot