ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
17.01.2026
08:50 am
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ တပ်ထဲမှ စခအင်အား (၂၀၀)ခန့်ဟာ ယောမြို့ကျေးရွာ အရှေ့ဘက် ယောဘုရားကြီးမှတဆင့် တောင်ဘက်ဒေသအခေါ် ကြခတ်ချောင်းလမ်းအတိုင်း တက်သွားတယ်လို့သိရပါတယ်ခင်ဗျာ။ စခတွေဟာ ခမ်းတိုကျောအတိုင်းတက်လာနိုင်သလို့ တောင်ဘက်ဒေသအခေါ် ရေဝေဘက်သို့လည်းဆက်လက်ထွက်ခွာလာနိုင်ပါတယ်ခင်ဗျာ။ လယ်ကြီးအိုင်၊ချောင်းခွ၊ကံချောင်း၊ ပေါက်တောကျေးရွာဘက် မိဘပြည်သူများအ နေဖြင့် စခသတင်းတွေကိုမပြတ်နားစွင့်ထားကြပါရန်နှင့် မိမိတို့လုံခြုံရေး၊ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

-------------------------- Aung Gyi ---------------------------

ယောအလင်းတန်း
#MRSN
Jan-17 ,  9:00AM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
1
ရေစကြို -မကွေးတိုင်း🟡

ရေစကြိုမြို့နယ် ရွာသစ်ရွာထဲသို့ရောက်ရှိနေသော စစ်ခွေးများသည် ပြည်သူ့ပိုင် ပစ္စည်းများ အိမ်ထောင်ပရိဘောဂများပါ မကျန် ခိုးယူပြီး ရေစကြိုမြို့ပေါ်သို့ ၁ဝဘီးကား ၁၂ဘီးကားများဖြင့်လာရောက်သယ်ယူ​နေကြောင်းသတင်းရရှိပါသည်။

#Threestarmyaing
Jan-17(9:40AM)
📬သတင်းပေးပို့ရန်
@myaing3starbot
1
17.01.2026
10:15 am
ကျောက်ထုသတင်း

ကျောက်ထုအမတ ၃၆၈ တပ်ထဲမှ လက်နက်ကြီးတွေရမ်းသန်းပစ်ခတ်နေတယ်လို့သိရပါတယ်ခင်ဗျာ။ ယောမြို့ကျေးရွာတောင်ဘက်သို့ ထွက်သွားတဲ့ စစ်ကြောင်းဟာ ဒေသအခေါ် ကြို့ပ်နားတစ်ဝိုက်မှာ လက်နက်ကြီးငယ်တွေပစ်ဖောက်နေတယ်လို့သိရပါတယ်။အနီးအနားကျေးရွာမိဘပြည်သူများအနေဖြင့်အစစအရာရာအထူးဂရုစိုက်ကြပါဗျ။ချောင်းခွ၊လယ်ကြီးအိုင်ကျေးရွာဘက်မိဘပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းမပြတ်နားစွင့်ထားကြပါရန်နှင့် အစစအရာရာအထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------------ Aung Gyi ----------------------------

ယောအလင်းတန်း
#MRSN
Jan-17 ,  10:15 AM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
1
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ရေစကြိုမြို့နယ် ရွာသစ်ရွာသို့ စကစစစ်သားများရောက်ရှိ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူလုယက်နေကြောင်း သတင်းရရှိ။

#WES
9:34am,Jan 17
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
1
ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ် ရွာသစ်ရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ခွေးများသည်၊ ရွာသစ်ရွာထဲ၌ ပြည်သူ့ပိုင် ပစ္စည်းများ အိမ်ထောင်ပရိဘောဂများပါ မကျန် ခိုးယူပြီး ရေစကြိုမြို့ပေါ်သို့ (၁ဝ)ဘီးကား (၁၂)ဘီးကားများဖြင့် လာရောက်သယ်ယူနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-17-9:40𝐀𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍1
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် (န)ဘုန်းကန်ပျူရွာသို့ရောက်ရှိနေသော စခစစ်ကြောင်းမှာ ဘုန်းကန်ပျူရွာမှာဘဲရှိနေသေးကြောင်းသိရ...(ပြည်သူ့ရှေ့မှာ အချိန့်ပြေ့ရှိတယ်)

🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰@Daungmin
#MRSN
Jan-17 ,  11:14 AM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
1
🔴 ပေါက်🔴

ပေါက်မြို့နယ်တနေရာသို့ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁စီးဖြင့် (12:22)PM ခန့်အချိန် တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း သိရပါသည်။

#WaiHin #AS2026
Jan 17, 12:50 PM
📫သတင်းပို့ရန်
@WaiHinScout_Bot
👍1
ရေစကြို - မကွေးတိုင်း⚠️

ရေစကြိုမြို့ပေါ်မှ မအလ စခ၊ ပခများ လူငယ်များကို ပေါ်တာဆွဲနေကြောင်း၊ ယနေ့နံနက်ပိုင်း ရေစကြိုမြို့ပေါ် ရွှေတန်ဆာဈေးကို စခ၊ ပခများရောက်ရှိလာပြီး လူငယ် ၁၀ ဦးဝန်းကျင် ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ယခင်ရက်ကလည်း တမာတန်းလမ်းဆုံတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်ပြီး မအလ စခ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

မင်းအောင်လှိုင်၏ ကျွန်ရူး၊ ခွေးရူးများ ယုတ်မာရမ်းကားနေသည့်အတွက်ကြောင့် နယ်မှဈေးဝယ်လာသူများ အထူးဂရုစိုက် သွားလာကြပါရန် သတိပေးအပ်ပါသည်။

#Threestarmyaing
Jan-17, 2026
Crd
#InfoCommitteeYesagyo
📬သတင်းပေးပို့ရန်
@myaing3starbot
4
Deleted Account
Photo
ပေါက်မြို့နယ်အနောက်ခြမ်းက ဆေးပေးခန်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်


ဇန်နဝါရီ ၁၇

မကွေးတိုင်း ပေါက်မြို့နယ်အနောက်ခြမ်း တောင်ကံပိုင်ကျေးရွာ ဆေးပေးခန်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇန်နဝါရီလ ၁၇ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ တောင်ကံပိုင်ကျေးရွာဆေးပေးခန်းကို ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှု မရှိပေမယ့် ကျေးရွာဆေးပေးခန်း ၁ ခုနဲ့ လူနေအိမ် ၅ လုံး ပျက်စီးသွားခဲ့ပြီး လက်ရှိမှာ ကျေးရွာနေပြည်သူလူထုက စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု နောက်ထပ်လုပ်ဆောင်လာမှာကို စိုးရိမ်တာကြောင့် စစ်ဘေးရှောင်နေကြတယ်လို့လည်း သိရပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းမှာလည်း စစ်ကော်မရှင်တပ်က တပ်ကုန်းပျူရွာမှာ အထိုင်ချထားပြီး အနီးဝန်းကျင်ရွာတွေကို မြေပြင်စစ်ကြောင်းထိုးနေတာကြောင့် ဇင်ရွေးဂုံ၊ တဲတောယာတောင်ရွာ၊ တဲတောယာမြောက်ရွာ၊ ပြစ်ထဲ၊ ကိုင်းလယ်၊ ချောင်းနား၊ စမ်းရေခုံ၊ ဖားအ၊ ကမ္ဘားနီ၊ ချက်ကန်၊ ထန်းတောလယ် အစရှိတဲ့ ကျေးရွာတွေက ပြည်သူလူထု ၄ ထောင်ကျော်ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့ကစတင်ကာ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရှိရပါတယ်။

မြို့တော် News Channel


#myotawnpt
#3starmyaing
1
Deleted Account
Photo
မကွေးမြို့  ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာနမှ ဒုဦးစီးမှူး လှမျိုးအောင်(ခ) ဗိုလ်ပေါက်ကို PDF က ဖမ်းဆီးသွားမှု နေပြည်တော်သို့ မတင်ပြဘဲ ဖုံးဖိထား


ဇန်နဝါရီလ ၁၇ ရက်

မကွေးတိုင်း၊ မကွေးမြို့၊ စက်မှုတိုင်း ၃ ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာနမှ ဒုဦးစီးမှူး လှမျိုးအောင်(ခ) ဗိုလ်ပေါက်ကို PDF က ဖမ်းဆီးသွားမှုကို နေပြည်တော်သို့ မတင်ပြဘဲ ဖုံးဖိထားကြောင်း အဆိုပါဌာနတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ မကွေးမြို့မှ မြင်းခြံသို့ အသွားလမ်းတွင်  စက်မှုတိုင်း ၃ ၊ ဆည် မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာနမှ ဒုဦးစီးမှူး လှမျိုးအောင်(ခ) ဗိုလ်ပေါက်ကို PDF တပ်ဖွဲ့များက Non-CDM ဝန်ထမ်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဇန်နဝါရီလ ၅ ရက်နေ့မှာ ညွှန်ကြားရေးမှူး၊ဦးအောင်ကျော်ထွန်း စက်မှုတိုင်း(၃)၊ဆည်မြောင်းနဲ့ ရေ အသုံးချမှု ဦးစီးဌာန မကွေးမြို့နဲ့  ဦးကျော်မင်းဆွေ ဒု-ညွှန်မှူးတို့က ခွင့်ပေးတဲ့အတွက်  ဒုဦးစီးမှူး ဦးလှမျိုးအောင်(ခ)ဗိုလ်ပေါက် ခေါ် ကိုပေါက်က မကွေးကနေ မြင်းခြံကိုပြန်တယ်။ အဲဒါလမ်းမှာ PDF တွေက Non-CDM အရာရှိမှန်း စစ်ဆေးသိရှိသွားပြီးတော့ ဖမ်းသွားတယ်။  အဲဒါကိုလည်း PDF တွေက သက်ဆိုင်သူတွေကို လှမ်းအသိပေးတယ်"ဟု ဌာနတွင်းသတင်းရင်းမြစ်ကရှင်းပြသည်။

ထိုသို့ ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာနမှ ဒုဦးစီးမှူး လှမျိုးအောင်(ခ) ဗိုလ်ပေါက်ကို PDF ကဖမ်းဆီးသွားခြင်းကို ညွှန်ကြားရေးမှူး အောင်ကျော်ထွန်းနှင့် ဒုညွှန်ကြားရေးမှူး ကျော်မင်းဆွေတို့က နေပြည်တော်သို့ မတင်ပြတော့ဘဲ ခွင့်မဲ့ပျက်ကွက်ပုံစံဖြင့် ဖုံးဖိထားကြောင်း သိရှိရသည်။

"PDF ဖမ်းသွားတာ သိပေမယ့် အထက်လူကြီးနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအကြီးအကဲတွေကို အသိမပေးဘဲ ဖုံးဖိထားတယ်။ အဓိက ခွင့်မဲ့ ပျက်ကွက်ပုံစံလို ထားထားတာ။ အခုအချိန်အထိလည်း သေသလားရှင်သလား မသိရပါဘူး။ မကွေးက ညွှန်မှူးရော ဒုညွှန်မှူးကရော သူတို့ ခွင့်ပေးလို့ ပြန်တာမို့ သူတို့ကို ထိခိုက်မှာစိုးလို့  နေပြည်တော်ကို အသိပေးပြောကြားခြင်း မရှိဘဲ လွတ်လာဖို့ စောင့်နေကြတာ။ တကယ်လို့ လွတ်လာရင်တော့ ခွင့်မတင်ဘဲ အိမ်ပြန်သွားတယ်ဆိုပြီး အမှုဖျောက်ဖို့ ပြင်တာပေါ့။ အခုကတော့ မလွတ်တော့ ခက်နေတာ" ဟု ဌာနတွင်း သတင်းရင်းမြစ်က ဆိုသည်။

PDF ၏ ဖမ်းဆီးခြင်းခံထားရသော ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာနမှ ဒုဦးစီးမှူး လှမျိုးအောင်(ခ) ဗိုလ်ပေါက်၏ ဇနီးမှာလည်း ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

#KTM
#7starmyaing
2
17.1.2026🚨ပခုက္ကူမြို့နယ်🚨
ပခုက္ကူမြို့နယ် (န)ဘုန်းကန်ပျူရွာမှ မြောက်ဘက်သို့ စခစစ်ကြောင်း စတင်ထွက်ခွာနေကြောင်းသိရ..
🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰5:57PM
📬သတင်းပို့ရန်@Daungmin

#7starmyaing
Jan 17, 5:57PM
📫သတင်းပေးပို့ရန်
@myaing3starbot
👍2
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပျူရွာသို့ ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းသည်၊ အရှေ့မြောက်ဘက်သို့ ဦးတည်၍ ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။ 

#PKK News
🗓️𝐉𝐚𝐧-17-6:10𝐏𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍3
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပျူရွာမှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ ဒေသအခေါ် {ကုန်းဒက်ကံဘုရား}သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-17-7:01𝐏𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
👍21
မြစ်ခြေမြို့နယ်

မြစ်ခြေမြို့နယ် အောင်သာပျူခွေးခြံမှ လက်နက်ကြီးများဖြင့် အနောက်အရပ်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-17-7:40𝐏𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
1
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ရေစကြို ခလရ ၂၅၆/၇/၈ မှ တောင်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနေကြောင်းသတင်း ရရှိ။

Update ၂ကြိမ်မြောက်ပစ်ခတ်ထား

#WES
8:20am,Jan17
#7starmyaing
📫သတင်းပေပို့ရန်
@myaing3starbot
👍1
လူတစ်ယောက်ရဲ့ စိတ်ဓာတ်ပြည့်ဝမှုဆိုတာ

အသက်ရွယ်နဲ့လည်း မဆိုင်ဘူး.***

ကိုယ်ရဲ့အတွေ့အကြုံနဲ့

ကိုယ်ရဲ့ သင်ယူနိုင်တဲ့

အရည်အချင်းနဲ့ပဲ ဆိုင်ပါတယ်***။

ဒေါ်အောင်ဆန်းစုကြည်

https://t.me/TaungTharNews

#crd @smile_1381
3
ပေါက်မြို့နယ်

ပေါက်မြို့နယ် သစ်ချိုကုန်းပျူရွာမှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ သပြေအေးရွာသို့ နေ့လည်(၁၂)နာရီဝန်းကျင်ခန့်က ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-17-8:52𝐏𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
Daily Highlight 1
Jan 17 (10:30 PM)

      ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- စေတုတ္တရာနယ် ၁ကြိမ်
- ဖလမ်းနယ် ၂ကြိမ်
- ကသာနယ် ၆ကြိမ်
- ပေါက်နယ် ၁ကြိမ်
- နွားထိုးကြီးနယ် ၂ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။)
- ဗန်းမော်နယ် ၁ကြိမ်
- အရာတော်နယ် ၁ကြိမ်
- အရာတော်နယ် ၃ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ငဖဲနယ် ၃ကြိမ်
- ကနီနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (Source: WES)
- KNU တပ်မဟာ ၅နယ်မြေ ၂ကြိမ်ထက်မနည်း (Source: CJ)

(မိမိတို့မှ သတင်းရရှိသော လေကြောင်းတိုက်ခိုက်မှုများကိုသာဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)

#Thadinsubue
Crd to original uploader with respect
1
(ပေါက်နယ်က စစ်ဘေးရှောင်တွေကို ၂၀၂၅ ဒီဇင်ဘာလအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-ပေါက် လူသားစာနာဌာန)