ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
Deleted Account
Photo
စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ဆေးရုံ၊ ရပ်ကွက်များကို စစ်တပ်က ၃ ရက်ဆက်တိုက် ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးမှု လူငယ် ၆၀ ကျော် ဖမ်းဆီးခံရ၊ ငွေကြေးပေးနိုင်သည့် လူငယ် ၆ ဦးကို ငွေကျပ် ၁၆၅ သိန်းဖြင့် ပြန်လွှတ်ပေး



ရန်ကုန်၊ ဇန်နဝါရီ ၁၆

မကွေးတိုင်း၊ စလင်းမြို့မြို့နှင့် ဆင်ဖြူကျွန်း မြို့ပေါ်ရှိ ဆေးရုံ၊ ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက်တိုက် ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၆၀ ကျော် ဖမ်းဆီးခံရပြီး ငွေကြေးပေးနိုင်သည့် လူငယ် ၆ ဦးကို ငွေကျပ် ၁၆၅ သိန်းဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ဆေးရုံ နှင့် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီူ လူငယ် ၆၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၇ နှစ်အရွယ် နှင့် အသက် ၄၀နှစ်အရွယ်များ ပါဝင်ကြောင်း၊ လက်ရှိချိန်တွင် ပေါ်တာဆွဲ ဖမ်းဆီးထားသူများကို စလင်းမြို့ပေါ်ရှိ ထွေ/အုပ်ရုံးအချုပ်နဲ့ စလင်းရဲစခန်းထဲ၌ ချုပ်နှောင်ထားကြောင်း သိရှိရသည်။

ထိုသို့ ဖမ်းဆီးခံရသူများထဲမှ ငွေကြေးဖြင့် ပြန်လည် ရွေးထုတ်နိုင်သော လူငယ် ၆ ဦးကို တစ်ဦးလျှင် ငွေကျပ် ၁၆၅ သိန်းဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျန်ရှိသူများမှာ ငွေကြေးပေးနိုင်ခြင်းမရှိသောကြောင့် ဆက်လက် ဖမ်းဆီးထားကာ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

"စလင်းနှင့် ဆင်ဖြူကျွန်းမြို့ ပေါ် မှာရှိတဲ့ ဆေးရုံနဲ့ ရပ်ကွက်တွေကို စစ်ခွေးတွေက ဝင်ရောက်စီးနင်းပြီး ပေါ်တာ ဆွဲတာ လူငယ် ၆၀ ပေါ်တာဆွဲခံရပြီး ၆၀ ထဲက ၆ ဦးပဲ ပိုက်ဆံနဲ့ ရွေးလို့ ပြန်လွတ်လာတယ်။ ၁၃ ရက်နေ့က စပါးလာတိုက်တဲ့ကားပေါ်ကနေ လူငယ် ၃ ဦးရယ်။ စိုက်ပျိုးရေးဆေးဆိုင်ကလူငယ် ၁ ဦးရယ်။ အလုပ်ပြန်လူငယ် ၃ ဦးရယ်။ တောစိမ့်ကျေးရွာကလူငယ် ၁ ဦးကို ဖမ်းလာပြီး ရဲစခန်းကနေ ထွေအုပ်ရုံးထဲခေါ်သွားတာ တစ်ယောက်ကို ၁၆၅ သိန်း တောင်းတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့မှာတော့ ကန်တိုင်ကွေ့ရွာဘက်မှာ စစ်ကြောင်းဝင်ရင်းနဲ့ လူငယ် ၂ ယောက်ကို စလင်းတောင်အထွက်မှာ ပေါ်တာဆွဲတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့မှာတော့ စလင်းမြို့ပေါ်က စစ်ခွေးတွေက ဧည့်စာရင်း လူငယ် ၁၆ ဦးကို ပေါ်တာဆွဲသွားတာ"ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် စလင်းမြို့နှင့်ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ဆေးရုံများကိုလည်း ဝင်ရောက်စီးနင်းပြီး လူနာများနှင့် လူနာစောင့်များကို PDF များနှင့် အဆက်သွယ်ရှိသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ စလင်းမြို့နယ်ရှိ ကူတိုကျေးရွာ၊လက်ပံကန်ကျေးရွာနှင့် တောစိမ့်ကျေးရွာဘက်များတွင်လည်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

အလားတူ ၂၀၂၅ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ စလင်းမြို့ပေါ် ကျောင်းကြားရပ်ကွက်တွင် အိမ်ငှားနေသည့် လူငယ် ၂ ဦးက စလင်းဈေးတွင် ဈေးဝယ်ထွက်လာစဉ် လမ်းပေါ်တွင်ပင် စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့ ကလည်း စလင်းမြို့ မြို့မစျေးအနောက်ပိုင်းတွင် မုန့်ပို့လာသည့် ကားတွင် လိုက်ပါလာသော လူငယ် ၁ ဦးကိုလည်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

#khitthitmedia
#7starmyaing
1🤬1
သင့်သတင်းဖြင့် ပြည်သူများနဲ့ရဲဘော်များကိုဘေးကင်းနိုင်ပါစေ

https://t.me/https7starmyaing

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြေပြင်သတင်းများကို admin များထံသို့ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါတယ်..🫡🫡🫡

@Myaing3star/@bnue_1234/@myintmyat2234/@tntp3star/
@ranma3123/@Henrypku2004/@myaing3starbot
3👍2
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «သင့်သတင်းဖြင့် ပြည်သူများနဲ့ရဲဘော်များကိုဘေးကင်းနိုင်ပါစေ https://t.me/https7starmyaing မကွေးတိုင်းဒေသကြီးအတွင်းရှိ မြေပြင်သတင်းများကို admin များထံသို့ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါတယ်..🫡🫡🫡 @Myaing3star/@bnue_1234/@myintmyat2234/@tntp3star/ @ranma3…»
မြစ်ခြေမြို့နယ်

မြစ်ခြေမြို့နယ် အောင်သာပျူခွေးခြံမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-16-8:00𝐏𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@myaing3starbot
Deleted Account
Photo
ပေါက်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရ၊ နဘူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်များပျက်စီး


ဇန်နဝါရီလ ၁၆ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပေါက်မြို့နယ် တောင်ပိုင်းရှိ တပ်ကုန်းပျူစောထီးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၁ ခုမှ ပြည်သူ ၄၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ဇင်ရွေးဂုံရွာ ၊ တဲတောယာတောင်ရွာ ၊ တဲတော်ယာ မြောက်ရွာ ၊ ပြစ်ထဲရွာ ၊ ကိုင်းလယ်ရွာ ၊ ချောင်းနားရွာ ၊ စမ်းရေခုံရွာ ၊ ဖားအရွာ ၊ ကမ္ဘားနီရွာ ၊ ချက်ကန်ရွာနှင့် ထန်းတောလယ်ရွာတို့မှ ပြည်သူ ၄၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

"စစ်ခွေးစစ်ကြောင်းက တပ်ကုန်းပျူစောထီးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာလို့ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ပြည်သူတွေ ဖမ်းဆီးခံရတဲ့ သတင်းတော့ မကြားမိသေးဘူး။ လက်ရှိချိန်ထိတော့ အကုန်လုံး တိမ်းရှောင်နေရကြတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ နဘူးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် သေ့ကာ‌လော်တော် (ဗျူဟာကုန်း) အခြေစိုက် အကြမ်းဖက် စစ်တပ်က နဘူးမြို့နယ်၊ ထီးဖိုးကျောကျေးရွာအုပ်စုများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ နေအိမ် ၂ လုံးနှင့် ဆိုင်ကယ် ၃ စီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

#KTM
#7starmyaimg
1🤬1
အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးပြီး ရွာကိုမီးရှို့ဖျက်ဆီးမှု သတင်း။

၁၆ ၊ ၁ ၊ ၂၀၂၆ 

အကြမ်းဖက် စစ်‌ကော်မရှင်တပ်က ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ အချိန်ခန့်က မြိုင်မြို့နယ် အရှေ့ပိုင်းနှောပင်ရွာကို ပစ်ခတ်၀င်ရောက်ကာ ထိုနေ့နှင့် ယနေ့ ၁၆ ရက်နေ့ နှစ်ရက်ဆက်တိုက် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ပြီး နေအိမ်အလုံး (၄၀) ကျော်ပျက်စီး ခဲ့ရပါသည်။

စစ်ကြောင်း ရုတ်တရက် ပစ်ခတ်၀င်ရောက်စတွင် ပြေးချိန်လွှားချိန်မရသော အရပ်သားများကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ကာ သေနတ်ဒင်ဖြင့် ရိုက်နှက်စစ်ဆေး‌မေးမြန်းခဲ့ကြသည်။ စစ်ကြောင်းပြန်ထွက်ချိန်တွင် ပြန်လည်လွတ်မြောက်လာကြောင်းလဲ ထပ်မံ သိရှိရပါသည်။

ယခုရက်ပိုင်း မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်က အရပ်သားများကို ပစ်မှတ်ထားကာ ကုန်းကြောင်း‌ လေကြောင်းတို့ဖြင့် အမျိုးမျိုး တိုက်ခိုက်ညှင်းပန်းနေသောကြောင့် မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြပါရန် ပန်ကြားအပ်ပါသည်  ။

မြိုင်ပကဖ

#7starmyaimg
📫သတင်းပေးပို့ရန်
@myaing3starbot
1
Deleted Account
Photo
ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာတွင် ခြင်းခတ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု မုဒိမ်းမှုများစွာ ကျူးလွန်ထားသော ပျူစောထီးခေါင်းဆောင် လင်းထင် အပါအဝင် ၁၀ ဦးသေဆုံး

ဇန်နဝါရီလ ၁၆ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာပျူစောထီးများခြင်းခတ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် ငလင်း (ခ)လင်းထင်အပါအဝင် ၁၀ ဦးသေဆုံးပြီး ပျူခေါင်းဆောင် ငလင်း(ခ) လင်း ထင် မှာ မိန်းကလေးငယ်များကို ဖမ်းဆီးပြီး အချုပ်ခန်းအတွင်း မုဒိမ်းကျင့်နေသူဖြစ် ကြောင်း ရေစ ကြိုပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ရေစကြိုမြို့နယ်၊ ရေစကြို -ပခုက္ကူကားလမ်း ဘေး ဆင်ချောင်းပျူရွာ၌ ခြင်းခတ်နေသည့် ပျူစောထီးအဖွဲ့ကို ရေစကြို ပကဖအဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆင် ချောင်းရွာ ပျူစောထီးခေါင်းဆောင် လင်းထင် (ခ) ငလင်းအပါအဝင် ၁၀ ဦး ခန့်သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ဆင်ချောင်းရွာ ပျူစောထီးခေါင်းဆောင်မှာ စစ်တပ်အငြိမ်းစား ဝန်ကြီးဟောင်း စိုး မောင်၏ တူမဖြစ်သူ ညားပြီး စိုးမောင်၏ အရှိန်အဝါဖြင့် လက်နက်ခဲယမ်းအင်အား တောင့်တင်းသော ကြောင့် ပြည်သူလူထုအပေါ် ဆက်ကြေးကောက်ခံ ခြင်း၊ မိန်းကလေးများအား ဖမ်းဆီးပြီး မုဒိမ်းကျင့် ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

“လက်ရအရှင်ဖမ်းဆီးဖို့ပဲ၊ ဒါပေမယ့် အခြေအနေက တော်တော်ကြာနေတဲ့အခြေအနေဖြစ်သွားတာ ပေါ့၊ ကျနော်တို့ ကင်းထောက်နေတာကလည်း ကြာသွားတာနဲ့ဆိုတော့ တစ်ခါတည်းပဲ အသေ ရှင်း လင်းလိုက်ရတော့တာ၊ ကင်းထောက်နေတာက ကြာပြီ။ ဒီကောင်က‌ တော်တော်ဆိုးတဲ့ကောင်၊ မုဒိမ်း မှုတွေဆိုရင် သူ့တပည့်တွေ ဖမ်းမိထားတဲ့သူတွေရဲ့ ထွက်ဆိုချက်အရကိုက လေးငါးမှုလောက်ရှိ တယ်။ သူတို့မထင်တဲ့ မိန်းကလေးတွေဆိုရင် ဖမ်းတယ်၊ ဖမ်းပြီးတော့ အချုပ်ထဲထည့်ထားတယ်၊ ထည့်ပြီးတော့ ဒီကောင်အရင် မုဒိမ်းကျင့်တယ်။ ပြီးတော့ သူ့တပည့်တွေကို တယောက်တလှည့်စီ အချုပ်ခန်းထဲဝင်ပြီး မုဒိမ်းကျင့်ခိုင်းတာရှိတယ်။ ဆိုးတာက တော်တော်ဆိုးတယ်။ ဗိုလ်တွေဘာတွေ လည်း မထင်ရင်မထင်သလို ဆဲဆိုတာတွေ လက်ပါတာတွေက အစရှိတယ်။ အဲကြောင့် ကျနော်တို့ က လိုက်နေတာ၊ ကြာပြီ၊ ဒါပေမယ့် သူတို့က ရေစကြို-ပခုက္ကလမ်းကြားထဲမှာနေတာဆိုတော့ ကျ နော် တို့က လုပ်ရကိုင်ရ ခက်ခဲလို့ အချိန်က နည်းနည်း ကြသွားတာ။ ဖမ်းတာကတော့ အရှင်ဖမ်းချင် တာ၊ ဒါပေမယ့်နောက် ဆုံး အသေပဲ တိုက်ခိုက်လိုက်ရတော့တာ” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မုဒိမ်းမှုမြောက်များစွာကျူးလွန်ထားပြီး ပြည်သူလူထုအပေါ်မိုက်ရိုင်းစော်ကားနေသောကြောင့် ငလင်း (ခ)လင်းထင်ကို အရှင်ဖမ်ဆီးနိုင်ရေးအတွက် ရေစကြိုပကဖမှ ရဲဘော်များက ကင်းထောက် နေခဲ့ရာ ၁ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရဖမ်းဆီးခြင်းထက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းက ပိုမို အခွင့်သာသောကြောင့် တိုက်ခိုက်ရှင်းလင်းလိုက်ရခြင်းဖြစ်ကြောင်း ရေစကြိုပကဖက အသိပေး ထားသည်။

“ဒရုန်းနဲ့ ဆယ့်လေးငါးလုံးလောက်ချခဲ့ရတာ၊ သူတို့ခြင်းခတ်နေတဲ့အချိန်ချခဲ့တာ၊ မနေ့က ပခုက္ကူ ကနေ သံပြားကာ ကား ၂ စီးနဲ့ အင်အားကလည်း ၂၀၀ လောက်ရှိတယ်၊ ဆင်ချောင်းဘက်ကို လာပြီး တော့ သူတို့ကို ပခုက္ကူဘက်သယ်သွားတယ်ထင်တယ်၊ မနေ့က အဲဒါတွေရှုတ်နေတယ်။ ပခုက္ကူမြို့ ပေါ်ကနေ ဟောင်ဝှစ်ဇာတွေလည်း ထုတယ်။” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိချိန်တွင် ယုတ်မာရိုင်းစိုင်းသည့် ငလင်း (ခ) လင်းထင်၏ လက်ပါးစေပျူစောထီးများ ရှက်ရမ်း ရမ်း နေသည့်အချိန်ဖြစ်သောကြောင့် ခရီးသွားပြည်သူလူထုများအနေဖြင့် အထူးသတိပြု သွားလာ ကြပါရန် ရေစကြိုမြို့နယ်(ပ.က.ဖ)က သတိပေးထားသည်။

#KTM
#7starmyaimg
8
Deleted Account
Photo
ကံမမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊

▪️စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေ၍ ရာနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ


ဇန်နဝါရီလ ၁၆ ရက်

မကွေးတိုင်း၊ ကံမမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေ၍ ရာနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကံမမြို့နယ်၊ ရေနံ့သာရဲကင်းစခန်းမ် ကား ၃ စီး အင်အား ၁၀၀ ကျော်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကံမမြိုနယ် ပုညိုကျေးရွာတွင် ကားများထားခဲ့၍ ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ယင်း စစ်ကြောင်းကို  သရက်ခရိုင်အမှတ်-၄ တပ်ရင်းက မင်းကျေးရွာအနီးအရောက်တွင် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အထိနာသွားသော စစ်တပ် စစ်ကြောင်းသည် ကံမမြို့နယ် တောမကုန်းကျေးရွာသို့ ရောက်ရှိလာကာ ပြည်သူများကို ကြိမ်းမောင်းခြိမ်းခြောက်ပြီး အဖိုးတန်ပစ္စည်းများကို ခိုးယူသွားကြောင်း၊ထို့နောက် ကျောက်စောင်းကျေးရွာအထိ စစ်ကြောင်းထိုးဝင်ရောက်ပြီး တိုက်ပွဲအတွင်း သေဆုံးသူများကို သယ်ဆောင်ကာ ရေနံ့သာရဲကင်းစခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ယင်းနေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါ  စစ်တပ် စစ်ကြောင်းရောက်ရှိနေသော ရေနံ့သာရဲကင်းစခန်းကို တော်လှန်ရေးရဲဘော်များက ၄၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုများရှိနိုင်ကြောင်း သိရှိရသည်။

ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါစစ်ကြောင်းသည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ပြီး မင်းတုန်းမြို့နယ် ကံတွင်း၊ လယ်ပြား၊ လက်ပွကျေးရွာများသို့ ဆက်လက် စစ်ကြောင်းထိုးကာ နေအိမ်များကို ဖောက်ထွင်းမွှေနှောက်နေ၍ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

"၁၅ ရက်နေ့မှာ ကံမမြို့နယ် ရေနံ့သာရဲကင်းစခန်းကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်စစ်ကြောင်းကို ကျနော်တို့ မင်းကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့တိုက်ခိုက်မှုမှာ စစ်ခွေးဘက်က ၇ ဦးသေဆုံးတယ်။ အဲ့နေညမှာပဲ အဲ့ရဲစခန်းကို ကျနော်တို့ ၄၀ မမ နဲ့သွားပစ်တာတော့ စခန်းထဲကိုကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုရှိနိုင်တယ်။ စစ်ခွေးတွေဘက်က စခန်းထဲကနေ ပြန်ပြီးပစ်တာတော့ရှိတယ်။ လက်ရှိမှာ စစ်ခွေးစစ်ကြောင်းကြောင့် သရက်မြို့နယ်မှာဆို ဆင်ကော်နဲ့ မြို့လှ၊ ကံမမြို့နယ်ထဲမှာဆို ကျောက်ပန်းတောင်း၊ မင်းတုန်းမြို့နယ်မှာ ချင်းနစ်ရွာ၊ ကံတွင်းရွာ၊ လယ်ပြားရွာနဲ့လက်ပွရွာတွေ ပြည်သူ ရာနဲ့ချီစစ်ရှောင်နေရပါတယ်။ လက်ရှိမှာ ကျနော်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရေနံသာဘက်ကလာတဲ့ စစ်ကြောင်းကတော့ ရေနံသာမှာပဲရှိနေတယ်" ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်‌။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီ ၅ ရက်နေ့မှစ၍ မင်းတုန်းမြို့နယ် သဖန်းကိုင်းကျေးရွာမှ နေအိမ် ၈ လုံးနှင့် ပုဇင်းဒါးကျေးရွာမှ နေအိမ် ၃၈ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် သရက်မြို့နယ် အောက်မမြင့်၊ အောက်မနိမ့်၊ ဆင်ကော်၊ မြို့လှ၊ ဆတ်လည်၊ ပုဏ္ဍားနှင့် ပျဉ်းအိုင်ကျေးရွာများရှိ ပြည်သူပိုင်ပစ္စည်းများ၊ ဆန်စပါးများနှင့် တန်ဖိုးကြီးအသုံးအဆောင်များကိုလည်း မတရားသိမ်းပိုက်ယူဆောင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် သရက်၊ ကံမနှင့် မင်းတုန်းမြို့နယ်အတွင်း စစ်ရေးတင်းမာနေသဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန်နှင့် လေကြောင်းရန်၊ လက်နက်ကြီးရန်များကို ကြိုတင်ကာကွယ်ထားကြရန် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက အသိပေးနှိုးဆော်ထားသည်။

#KTM
#7stamyaing
5
ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ် ကမ္ဘဲ့ရွာတွင် ညအိပ်ခဲ့သော ခလရ {256/257/258}ခွေးတပ်များ ပူးပေါင်းစစ်ကြောင်းသည်၊ ကြည်းကန်ရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-17-7:00𝐀𝐌
#7stamyaing
📫သတင်းပေးပို့ရန်@myaing3starbot
⚠️မြေပြင်

ရေစကြို၊ မကွေးတိုင်း

ရေစကြိုမြို့ပေါ်မှ ထွက်လာသော စခ စစ်ကြောင်းသည် ရေစကြိုမြို့နယ် ရွာသစ်ရွာထဲသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#WES
7:15am, Jan 17
#7stamyaing
📫သတင်းပေးပို့ရန်
@myaing3starbot
1
ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ် ကြည်းကန်ရွာတွင် ရောက်ရှိနေသော ခလရ {256/257/258}ခွေးတပ်များ ပူးပေါင်းစစ်ကြောင်းသည်၊ တောင်အို စစ်ခွေးဂိတ်အတွင်းသို့ ဝင်းရောက်သွားကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐉𝐚𝐧-17-7:25𝐀𝐌

#MRSN
Jan-17 ,  8:20AM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
1
17.01.2026
08:50 am
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ တပ်ထဲမှ စခအင်အား (၂၀၀)ခန့်ဟာ ယောမြို့ကျေးရွာ အရှေ့ဘက် ယောဘုရားကြီးမှတဆင့် တောင်ဘက်ဒေသအခေါ် ကြခတ်ချောင်းလမ်းအတိုင်း တက်သွားတယ်လို့သိရပါတယ်ခင်ဗျာ။ စခတွေဟာ ခမ်းတိုကျောအတိုင်းတက်လာနိုင်သလို့ တောင်ဘက်ဒေသအခေါ် ရေဝေဘက်သို့လည်းဆက်လက်ထွက်ခွာလာနိုင်ပါတယ်ခင်ဗျာ။ လယ်ကြီးအိုင်၊ချောင်းခွ၊ကံချောင်း၊ ပေါက်တောကျေးရွာဘက် မိဘပြည်သူများအ နေဖြင့် စခသတင်းတွေကိုမပြတ်နားစွင့်ထားကြပါရန်နှင့် မိမိတို့လုံခြုံရေး၊ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

-------------------------- Aung Gyi ---------------------------

ယောအလင်းတန်း
#MRSN
Jan-17 ,  9:00AM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
1
ရေစကြို -မကွေးတိုင်း🟡

ရေစကြိုမြို့နယ် ရွာသစ်ရွာထဲသို့ရောက်ရှိနေသော စစ်ခွေးများသည် ပြည်သူ့ပိုင် ပစ္စည်းများ အိမ်ထောင်ပရိဘောဂများပါ မကျန် ခိုးယူပြီး ရေစကြိုမြို့ပေါ်သို့ ၁ဝဘီးကား ၁၂ဘီးကားများဖြင့်လာရောက်သယ်ယူ​နေကြောင်းသတင်းရရှိပါသည်။

#Threestarmyaing
Jan-17(9:40AM)
📬သတင်းပေးပို့ရန်
@myaing3starbot
1
17.01.2026
10:15 am
ကျောက်ထုသတင်း

ကျောက်ထုအမတ ၃၆၈ တပ်ထဲမှ လက်နက်ကြီးတွေရမ်းသန်းပစ်ခတ်နေတယ်လို့သိရပါတယ်ခင်ဗျာ။ ယောမြို့ကျေးရွာတောင်ဘက်သို့ ထွက်သွားတဲ့ စစ်ကြောင်းဟာ ဒေသအခေါ် ကြို့ပ်နားတစ်ဝိုက်မှာ လက်နက်ကြီးငယ်တွေပစ်ဖောက်နေတယ်လို့သိရပါတယ်။အနီးအနားကျေးရွာမိဘပြည်သူများအနေဖြင့်အစစအရာရာအထူးဂရုစိုက်ကြပါဗျ။ချောင်းခွ၊လယ်ကြီးအိုင်ကျေးရွာဘက်မိဘပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းမပြတ်နားစွင့်ထားကြပါရန်နှင့် အစစအရာရာအထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------------ Aung Gyi ----------------------------

ယောအလင်းတန်း
#MRSN
Jan-17 ,  10:15 AM
#3starmyaing
📬 သတင်းပေးပို့ရန် @myaing3starbot
1