ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
16.1.2026
ပခုက္ကူခရိုင်မြိုင်မြို့နယ် နှောပင်ရွာပြည်သူနေအိမ်(၅၀)ထက်မနဲမီးရှို့ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ခရိုင်၊မြိုင်မြို့နယ် နှောပင်ရွာကို ကော်မရှင်တပ်က15.1.2026 ရက်နှင့်16.1.2026တွင် နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့တာကြောင့် အိမ်ခြေ(၅၀)ထက်မနဲမီးရိူ့ခံရ...

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ နှောပင်ရွာ ကို အင်အား ၂၅၀ကျော်ပါ စစ်ကော်စီစစ်ကြောင်းမှာ ညနေ၅: နာရီ၅၀မီးနှစ်အချိန်တွင် ပြည်သူနေအိမ်(၅၀)ထက်မနဲ မီးရိူ့သွာခဲကြောင်းသိရ.....

#မြိုင်ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
#မြိုင်မြို့နယ်#စစ်ကြောင်းထိုး #မီးရှို့

#3starmyaing
📫သတင်းပေးပို့ရန်@Myaing3star>@myaing3starbot
😢4
16.1.2026🚨မြိုင်မြို့နယ်🚨
မြိုင်မြို့နယ် နှောပင်ရွာမှ ထွက်ခွာလာသော စခစစ်ကြောင်း (န)ဘုန်းကန်ပျူရွာ သို့ဝင်ရောက်သွားကြောင်းသိရ.
🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰10:38AM
📬သတင်းပို့ရန်@Daungmin

#7starmyaing
📫သတင်းပေးပို့ရန်@Myaing3star>@myaing3starbot
👍2
Deleted Account
Photo
မင်းဘူးမြို့က စစ်ကော်မရှင်ရဲ့ နယ်မြေခံရဲစခန်း ဝင်ရောက်စီးနင်းခံရပြီး စခန်းမှူးနဲ့ ရဲတပ်သားတွေ ဖမ်းဆီးခံရ


ဇန်နဝါရီ ၁၆

မကွေးတိုင်း၊ မင်းဘူးမြို့နယ် မုန်တောင်ရွာရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက် ဒီကနေ့ မနက် ၃ နာရီခန့်က မင်းဘူးမြို့နယ် အနောက်ဘက်က မုန်တောင်ရွာရှိ နယ်မြေခံရဲစခန်းကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းခဲ့တယ်လို့ သိရပြီး စခန်းမှူးနဲ့ ရဲတပ်သားတွေ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

"စခန်းမှူး၊ နယ်ထိန်းနဲ့ ရဲတပ်သားတွေ အဖမ်းခံလိုက်ရတယ်။ ရဲတွေ အိပ်နေတုန်း ဝင်တီးကြတာ။ ရဲမိသားစုဝင်တွေလည်း အဖမ်းခံရတယ် ကြားတယ်။ တိုက်ပွဲက မကြာလိုက်ပါဘူး" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

မုန်တောင်ရဲစခန်းက စခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံရပြီးနောက် စခန်းတခုလုံးကို တော်လှန်ရေးတပ်တွေက မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

"စခန်းတခုလုံး ပြာကျသွားပြီ။ မင်းဘူး ကနေ စစ်ကူတွေ လာတယ် ပြောတယ်။ ဒေသခံ ရွာသားတွေကတော့ စစ်ရှောင်ဖို့ လုပ်နေကြတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မုန်တောင်ရွာဟာ မင်းဘူးမြို့နယ်အတွင်းက ဆားပွက်ချောင်းဘေးမှာရှိတဲ့ ကျေးရွာကြီး ဖြစ်ပြီး နယ်မြေခံရဲစခန်း ဝင်ရောက်စီးနင်းခံရတာကြောင့် စစ်ကူ အဖြစ် မင်ဘူးမြို့ကနေ စစ်ကား ၁၀ စီးခန့် ကနဦး လွှတ်ထားတယ်လို့ သိရကာ ကျေးရွာအနီးတဝိုက်က ဒေသခံတွေ စစ်ကော်မရှင်တပ်ရဲ့ ရန်ကို ကြောက်နေရတာကြောင့် စစ်ရှောင် နေကြရတယ်လို့ သိရပါတယ်။

မြို့တော် News Channel
6
မစကားမစပ်...လူသတ် မီးရှို့ မုဒိန်းကျင့်ရာမှာ
နာမည်ကြီးတဲ့ ရေစကြိုမြို့နယ် ဆင်ချောင်း[ပျူ] ခေါင်းဆောင် ငလင်း ဆိုသူ မလင်း နိုင်ရှာတော့ဘူး............အဝီစိ ဆင်းရှာပီလို့ ကနဦးသိရှိထားရ။

အတော်ဆိုးတဲ့ ပကဖ တွေနော်
လုပ်လိုက်ရင် အကြီးကြီးတွေပဲ

ငါ့ကောင်တွေ အတင်း ချစ်နေပီဟေ့။

photo/J . G

#PKK News
🗓️𝐉𝐚𝐧-16-2:58𝐏𝐌
#7starmyaing
📫သတင်းပေးပို့ရန်
@Myaing3star>@myaing3starbot
👍11
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ နှောပင်ရွာကို အကြမ်းဖက် စစ်ခွေးများက 15.1.2026 ရက်နေ့ နှင့် 16.1.2026 ရက်နေ့တွင် ၂ ရက် ဆက်တိုက် ဝင်ရောက်စီးနင်းကာ ပြည်သူပိူင်ပစ္စည်းများကို စိတ်ကြိုက်ထုတ်ယူသွားပြီး နေအိမ်များကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ အလုံး ၅၀ ထက်မနည်း မီးလောင်ပြာကျသွားခဲ့ကြောင်း သိရှိရသည်။


အိမ်ခြေ ၅၀၀ ကျော်ရှိသည့် နှောပင်ရွာကို စစ်ခွေးအင်းအား အကောင် ၂၅၀ ကျော်ပါ စစ်ခွေးကြောင်းမှ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက်ထုတ်ယူပြီး ယမန်နေ့ ညနေ ၅:၅၀ မိနစ်အချိန်တွင် စတင် မီးရှို့ခဲ့တာကြောင့် ပြည်သူနေအိမ် အလုံး ၅၀ ထက်မနည်းမီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

3starmyaing
📫သတင်းပေးပို့ရန်@Myaing3star>@myaing3starbot
4
Deleted Account
Photo
မြိုင်တွင် စစ်တပ်က အသက် ၇၀ အရွယ် အဘွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၅၀ ကျော်ကို မီးတင်ရှို့၊ မြင်းခြံတွင်လည်း စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ


ဇန်နဝါရီလ ၁၆ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက် စီးနင်းကာ အသက် ၇၀ နှစ်အရွယ် အဘွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နှင့် ဇန်နဝါရီလ ၁၆ ရက်နေ့တို့တွင် မြိုင်မြို့နယ်ရှိ နှောပင်ကျေး ရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၁၅၀ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် အသက် ၇၀နှစ်အရွယ် အဖွားအို ၁ ဦးကို မီးရှို့သတ်ပစ်ပြီး နေအိမ် အလုံး ၅၀ ကျော် မီးရှို့ခဲ့ကြောင်း၊ စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေး တိမ်ရှောင်းနေရကြောင်း သိရှိရသည်။

"ဇန်နဝါရီလ ၁၃ ရက်နေ့ အင်ပင်ကျေးရွာကနေ ထွက်လာတဲ့ စစ်ခွေး စစ် ကြောင်းက ကုန်းထက်ကန်ကျေးရွာမှာ တစ်ဆင့် ကွမ်းသီးကန်တော်တိုက်ကို မီးရှို့တယ်။ ကိုင်းရွာပြီး ကိုင်းရွာမှာလည်း အိမ်ခြေ ၃၀လုံးလောက်မီးရှို့တယ်။ အဲဒီကနေ တစ်ဆင့် နှောပင်ကျေးရွာဝင်ရောက်ပြီး နေအိမ်များကို မီးရှို့တယ်။ စစ်ခွေးတွေက ၂ ကြိမ် ရှို့တာပါ။ နှောပင်ကျေးရွာမှာ အသက် ၇၀နှစ်အရွယ်ရှိသော အဘွားအို ၁ ဦးကို မီးရှို့ပြီး သတ်ပစ်တယ်။ ရွာထဲမှာတော့ စစ် ကြောင်းက ပြည်သူတွေကို ဖမ်းဆီးတာမျိုးတွေရှိတယ်။ နှောပင်ကျတော့ ပြည်သူ ၁၈ ဦး ဖမ်းဆီးခံရတယ်။ ဒါပေမယ့် ပြန်လွှတ်ခဲ့တယ်။ လက်ရှိမှာ စစ်ခွေး စစ် ကြောင်းက အနောက်ဘုန်းကန်ရွာကို ရောက်ရှိသွားပြီ၊ စစ်ခွေး စစ် ကြောင်း ကြောင့် နှောပင်ကျေးရွာ အပါအဝင် ကျေးရွာ ၈ ရွာမှ ပြည်သူ ၈၀၀၀ လောက် ထွက်ပြေး တိမ်းရှောင်နေရတယ်။ တချို့ပြည်သူတွေကတော့ ရွာထဲကို ပြန်နေပြီ။ တချို့ကတော့ တိမ်းရှောင်နေတုန်းပါ"ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်း မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ သင်ပြွန်းရွာသို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

"ပြည်သူတွေ ထိခိုက်တာ ၊ နေအိမ်တွေပျက်စီး မရှိပါဘူး။ေ တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ" ဟု မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီ မှ တာဝန်ရှိသူက ပြော ဆိုသည်။

#KTM
#7starmyaing
2🤬2
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်ကမ္မမြို့ရဲစခန်းမှစခများသည်7:07PMခန့်ကလက်နက်ငယ်များရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။

#pdn
Jan-16/7:10PM
#7starmyaing
📫သတင်းပေးပို့ရန်@Myaing3star>@myaing3starbot
👍4